Sunday, February 22, 2009

အလုပ်အတွေ့အကြုံများ(၁)

စင်္ကာပူမှာ အလုပ်စ၀င်တော့ ပညာရခဲ့တဲ့ အကြောင်းလေးတွေပါ။ ကျွန်တော့်တို့ Client Site မှာက Software Engineer တွေသီးသန့်ရှိပါတယ်။ ကျွန်တော်တို့ ရေးထားတဲ့ Software ကို Testing, Deployment သူတို့ဘာသာလုပ်တာပါ။
သူတို့နဲ့ meeting လုပ်ရလို့ Software မှာ တစ်ခုခုပြင်ချင်ရင်၊ အသစ်ထပ်ထည့်ချင်ရင် ဘယ်လိုပြောလေ့ရှိလဲဆိုတော့

It is too simple. You just do like blah blah ……
ကျွန်တော်လည်း အဲဒီတော့ သူပြောတဲ့ အတိုင်းရိုးရိုလေးပဲ ပြင်ပေးလိုက်ပါတယ်။ သူက Test လုပ်ပြီး မကြိုက်တဲ့ အခါကျရင်

It is not simple like that. You don’t have enough knowledge on this project.
အစပိုင်းတော့ တင်းမိပါသေးတယ်။ နောက်တော့လည်း ကြုံပါများတော့ ရိုးသွားပါပြီ။
တစ်ခါတစ်လေကျရင် တစ်ခုခုပြင်ခိုင်းလို့ ကိုယ်က ကိုယ့်ဘက်မှာ ပြင်ပြီးနေပြီ။ သူက မလိုတော့ဘူး လုပ်ပြန်ရော။ နောက်တော့ တစ်ခုခုပြင်ခိုင်းရင် ၃၊၄ ရက်လောက်စောင့် သူ့ဆီက Email ထပ်မ၀င်မှပဲ ပြင်တော့တယ်။

8 comments:

ngapiy said...

Keep on Posting

သီဟသစ် said...

To ngapiy,
ွှThanks for visiting my blog. Now I got the energy to write the posts.

Phyo Maw said...

အလုပ်အတွေ့အကြုံတွေဆိုရင် စိတ်ဝင်စားတယ်ဗျ ၁ ဆိုတော့ နောက်ဆို ၂ ၃ ၄ လာမယ်မျှော်လင့်ပါတယ်။

သီဟသစ် said...

ဟုတ်ကဲ့ ကိုဖြိုးမော်
ဆက်ရေးမှာပါ ။ အားပေးတဲ့အတွက် ကျေးဇူးပါ။

khin oo may said...

ကောင်းပါတယ။် အတွေ့အကြုံ ဆိုတာ ကိုယ်ခံရတာတွေချည်းဘဲ။

mabaydar said...

စလုံးမှာတော့ အဲလိုချည်းပါပဲ.. ကိုယ် အမှန်လုပ်ရင် ငြိမ်နေကြတယ်..
အမှားလေးတစ်ခါလုပ်မိရင်.. "U always make mistake"...
ဥပမာ.. တစ်ခုခုလေး update လုပ်ဖို့ ၁ရက်လောက်လေးမေ့သွားရင်လဲ.. "u never update this" .. ကြည့်ရတာ သူတို့စလုံးတွေက always နဲ့ never ကို သိပ်မသုံးတတ်ကြဘူးထင်ပါတယ်.. ပြောမနေနဲ့.. စလုံးတွေက ယောကျာင်္းမိန်းမ အကုန်ဗလောင်းဗလဲဟာတွေ..

သီဟသစ် said...

ဟုတ်ပါ့ သူငယ်ချင်းတစ်ယောက် Gtalk မှာ တင်ထားသလိုမျိုးပေါ့။
If you can make thing right, no body remembers. If you make thing wrong, everybody can not forget ဆိုသလိုပဲ။

နွေးနေခြည် said...

တချို့တိကျတဲ့ client တွေလည်း ရှိပါတယ်...
တချို့ကျတော့ လိုချင်ရင် အတင်တောင်း သူတို့ acceptance sign ထိုးဖို့ဆိုရင် ဟိုရွှေ့ဒီရွှေ့ လုပ်တတ်ကြတယ်...