Tuesday, December 29, 2009

ဒီအချိန် ကျောင်းတော်ကြီး ရဲ့ အလယ်မှာ (၆)

ဒီအချိန် ကျောင်းတော်ကြီးရဲ့ အလယ်မှာ (၁)
လွမ်းရယ်မပြေ : ဒီအချိန် ကျောင်းတော်ကြီး ရဲ့ အလယ်မှာ (၂)
ဒီအချိန် ကျောင်းတော်ကြီးရဲ့ အလယ်မှာ (၃)
နှစ်ကိုယ်တူညီ ချစ်ဖူးတဲ့ တက္ကသိုလ်ဆီ : ဒီအချိန် ကျောင်းတော်ကြီး ရဲ့ အလယ်မှာ (၄)
 ဆိုခဲစေ မြဲစေ၊ ချစ်တယ် : ဒီအချိန် ကျောင်းတော်ကြီး ရဲ့ အလယ်မှာ (၅)

Christmas နေ့က University of Computer Studies, Mandalay တုန်းက သူငယ်ချင်းတွေနဲ့  Gathering မှာ ပြန်ဆုံဖြစ်တော့ ကျောင်းကိုပြန်လွမ်းသွားပါတယ်။ Singapore မှာ ကျောင်းက ရှိနေတဲ့သူတွေထဲက တစ်ဝက်လောက်ပဲ လာတာဖြစ်ပေမယ့် စည်စည်ကားကား ပျော်ပျော်ရွှင်ရွှင်ပါပဲ။ Game ဆော့ကြတော့ သီဟသစ်တို့ အဖွဲ့က တစ်ခါရှုံးတာနဲ့ တစ်ဖွဲ့လုံး  ကကြရတဲ့ အထဲမှာ သီဟသစ်ပုံက ထိပ်ဆုံးက ပါတော့ FaceBook ထဲမှာ ပုံလည်းတင်ရော ၀ိုင်းကျွေးခံရတာပေါ့လေ။ မိန်းမနဲ့ကလေးကို သတိမရဘဲ ပျော်နေတယ်ဆိုပြီး။ လူတွေကလည်း ခက်တယ်။ မိန်းမနဲ့ ကလေးကို စိတ်ထဲမှာ ချစ်နေ၊ သတိရနေဖို့ လိုတာ၊ သူတို့သိအောင် ပြနေရမှာလားမသိ၊ Mind Your Own Business လို့သာ ပြောချင်တော့တယ်။ ထားပါတော့လေ ကျောင်းတုန်းက အကြောင်းလေး ပြန်ဆက်ပါရစေ။ ဒီအကြောင်းက ၀တ္ထုပုံစံ ရေးခဲ့တာ မဟုတ်လို့ နှင်းဆီဖြူလေးနဲ့ ရည်းစားဖြစ်ခဲ့တဲ့ အခန်းနဲ့တင် မရပ်ပါရစေနဲ့။

၁၉၉၉ ခုနှစ် နိုဝင်ဘာမှာ သီဟသစ်တို့ ဒုတိယနှစ် ပြန်တက်ရပါတယ်။ သူငယ်ချင်းအိမ်က ကိုယ်တွေကို ငှားထားတဲ့ တိုက်ခန်းမှာ တစ်ဖွဲ့လုံး ပျော်ပျော်ရွှင်ရွှင်ပေါ့။ တိုက်ခန်းက ဈေးချိုဘက်မှာပေမယ့် သီဟသစ်နဲ့ နောက်သူငယ်ချင်းတစ်ယောက်ကတော့ ညနေတိုင်း မိန်းဘက်ရောက်ပါတယ်။ ၁၉၉၉ ကနေ ၂၀၀၀ ကိုကူးမယ့် New Year ချိန်မှာတော့ တိုက်ခန်းမှာ New Year Party လုပ်တာမှာ သူငယ်ချင်း ၀ကြီးက ဒံပေါက် Sponsor ပေးပါတယ်။ မန္တလေးမှာ နာမည်ကြီးတဲ့ အော်ဒါမှာရတဲ့ ကေမီမွန် ဒံပေါက်က တစ်လမ်းကျော်မှာ ရှိတာမို့ပါ။ ဒံပေါက်စားပြီး သကာလ ၁၂ ထိုးခါနီးတော့ မိန်းဘက်သွား၊ ကျုံးဘေးသွားပြီး Happy New Year အော်ကြပါတယ်။ ရန်ရှာတတ်တဲ့သူတွေ မရှိရင်တော့ New Year ကပျော်စရာကြီးပါ။ တိုက်ခန်းပြန်ရောက်တော့ သူငယ်ချင်းတွေချည်း ဖဲရိုက်နေတဲ့ဝိုင်းထဲကို ရပ်ကွက်ထဲကလူက လာပြီး မူးပြီးလာရစ်နေတာနဲ့ ပျော်စရာနည်းနည်းလျော့သွားပါတယ်။ သီဟသစ်တို့အဖွဲ့လည်း အလကားနေရင်း ရပ်ကွက်ထဲမှာ နာမည်ဆိုးထွက်တာပေါ့။ (သူငယ်ချင်းတို့အိမ်က ရောင်းမစွံတဲ့ တိုက်ခန်းကြီး ရောင်းစွံသွားတာမှာ အဲဒါတွေလည်းပါပါတယ်။ ဘာဖြစ်လို့လည်း ဆိုတော့ အိမ်နီးနားချင်းတွေက အခမဲ့ပွဲစားလုပ်ပေးလိုက်လို့ပါ။)

သီဟသစ်တို့ ဒုတိယနှစ် ၂၀၀၀ ခုနှစ် နွေရာသီ ကျောင်းပိတ်တော့ သူငယ်ချင်းတွေက မကွေးကို လိုက်လည်ကြပါတယ်။ မန်းရွှေစက်တော် ဘုရားဖူးလိုက်ကြတာပါ။ မကွေးရောက်တော့ သူငယ်ချင်းယောက်ျားလေးတွေက သီဟသစ်ရဲ့ အဖေ့ရုံးက ပုံမှန် ဘန်ဂလိုမှာတည်းပါတယ်။ မိန်းကလေးတွေက သူငယ်ချင်းကောင်မလေးတို့ အဖေရုံးက အရာရှိ ဘန်ဂလိုမှာတည်းပါတယ်၊ သူတို့အဖေက အရာရှိအကြီး မို့ပါ။ သူငယ်ချင်းတွေက ညော်ကြပါသေးတယ်၊ ကောင်မလေးတွေကျ ဘန်ဂလို အကောင်းမှာ တည်းရတယ် ဘာညာပေါ့လေ။ သီဟသစ်ကလည်း ပြန်ပြောရပါတယ်။ သူတို့အဖေက King လောက်ရှိတာကွ၊ ငါတို့အဖေက 10 တို့၊ Jack တို့လောက်ပဲရှိတာဆိုပြီးတော့ ပေါ့။ သူငယ်ချင်းအားလုံးကို အိမ်မှာ ထမင်းကျွေးကြတော့ အဖွဲ့ထဲမှာ စလို့ကောင်းတဲ့ ခင်စရာကောင်းတဲ့ သူငယ်ချင်း  ကောင်မလေးကို အမေ့ပြပြီး ဟောဒီမှာ အမေ့ချွေးမ ခေါ်လာပြီဗျ လို့ စလိုက်တာ သူက ထငိုနေလို့ အိမ်က လူကြီးတွေကပါ ချော့လိုက်ရသေးတယ်။


နောက်တစ်နေ့မနက်စောစောမှာတော့ မင်းဘူးဘက်ကမ်းကို ကူးဖို့ရာ ဇက်ဆိပ်ကိုဆင်းရပါတယ်။ အဲဒီအခါတုန်းက မကွေးတံတားတို့ ဘာတို့ဆိုတာ စီမံကိန်းတောင် မရှိသေးပါဘူး။ ဇက်နဲ့ သွားရတာလဲ တစ်မျိုး ပျော်စရာကောင်းပါတယ်။ သူငယ်ချင်းတို့အိမ်က ကားနှစ်စင်းနဲ့ လိုက်ပို့တာပါ။ ရွှေစက်တော်လမ်းမှာတော့ ထုံးစံအတိုင်း ဖုံထူထူတွေကို ဖြတ်ကျော်၊ ကားကို လှုပ်လှုပ်ခုန်ခုန်လေး စီးပြီးရင်တော့ အမောပြေစရာ မန်းချောင်းကို စတင်တွေ့ရပြီး အထက်စက်တော်ရာ၊ အောက်စက်တော်ရာ တို့ကို ဖူးမြင်နိုင်ပါပြီ။ ရောက်တာနဲ့ အထုတ်တွေ တည်းကျောင်းထဲမှာချ မန်းချောင်းထဲ ပြေးဆင်းကြတော့တာပါပဲ။ ရေထဲမှာ သူငယ်ချင်းတစ်သိုက် ဘောကွင်းတွေ စီးလိုက်၊ ဆော့လိုက် လုပ်ရတာ အင်မတန် ပျော်စရာကောင်းပါတယ်။ ပြီးတာနဲ့ ကြည်ညိုဖွယ်ရာ အောက်စက်တော်ရာ နှင့် အထက် စက်တော်ရာ တို့ကို သွားရောက် ဖူးမြော်ကြပါတယ်။


ပုံများကို မနိုင်းနိုင်း၏ ရွှေစက်တော် ပို့စ်ထဲမှ ယူထားပါသည်။ ကျေးဇူးပါ မနိုင်းနိုင်း

အဲဒီညမှာတော့ တဲကျောင်းမှာ လူတွေများနေလို့ ယောက်ျားလေးတစ်ခန်း၊ မိန်းခလေး တစ်ခန်းပဲ နေရာရပါတယ်။ သူငယ်ချင်းတွေက ခရီးပန်းပန်းနဲ့ အလျှိုအလျှိုဝင်အိပ်ကြတာ အခန်းထဲမှာ နေရာလွတ်ဆိုလို့  ဘောကွင်းပဲ ကျန်တာနဲ့ အဲဒီအပေါ်မှာပဲ သီဟသစ် တစ်ည အိပ်လိုက်ရပါတယ်။ နောက်နေ့ညရောက်တော့ ယောက်ျားလေးတွေ အတွက် အခန်း ၂ ခန်း၊ မိန်းကလေးတွေ အတွက် အခန်း ၂ ခန်း စီလည်းရရော ဘယ်သူမှမအိပ်ကြတော့ပါဘူး၊ အားလုံးစုပြီး တစ်ခန်းထဲမှာ PC ကစား(ဖဲရိုက်ကြ) တော့တာပဲ။ ဖဲရိုက်တော့လည်း သူငယ်ချင်းကောင်မလေးရဲ့ မောင်လေးနဲ့ ညီမလေး အနားလာနေလို့ ကလေးတွေ သွားဆော့ချေပြောခါမှ ဦး ဟို Spades 4 ကိုပစ်ချလိုက်၊ ဘာမှ မဆိုင်ဘဲ ကိုင်မထားနဲ့ လို့တောင် ကိုယ့်ကို ပြန်သင်သွားသေးတယ်။

ညပိုင်းရုပ်ရှင်ဖွက်တမ်းကစားလိုက်၊ PC ကစားလိုက်နဲ့ အချိန်တောင် ဘယ်လိုကုန်သွားမှန်း မသိဘူး။ ဒီကြားထဲ သူငယ်ချင်းကောင်မလေးက သူ့အဖေနဲ့ စိတ်ဆိုးပြီး ပျောက်သွားပါလေရော။ သူ့ကောင်လေးနဲ့ ကျန်တဲ့သူငယ်ချင်းတစ်ယောက်က လိုက်ရှာကြ၊ သီဟသစ်တို့ကတော့ ဟိုနားယောင်ယောင် ဒီနားယောင်ယောင် လိုက်ရှာပြီး ဆက်ကစားကြပါတယ်။ ပြီးတော့လည်း သူ့ဘာသာ ပြန်လာတာပဲကိုး။

ဒီလိုနဲ့ ရွှေစက်တော်ကပြန် မင်းဘူးကိုဝင် စက္ကိန်းတဲ ဘုရားဖူး၊ နဂါးပွက်တောင်ကိုလည်း သွားလည်ကြပါတယ်။ သူ့ဘာသာသူ ပွက်နေတဲ့ နဂါးပွက်တောင်ကို သူငယ်ချင်းတစ်ယောက်က သီဟသစ် လူပျိုကြီးဖြစ်ရင်ပွက် ဆိုပြီး ပြောတော့ သူ့အချိန်တန်ပွက်တဲ့ အခါ ၀ိုင်းစကြတာပေါ့။ တော်သေးတယ် တကယ်မဖြစ်လို့ :)   (အဲဒီအကြောင်းကို လူပျိုကြီး မဖြစ်ရခြင်း အကြောင်းရင်း ထဲမှာ တစ်ခါရေးဖူးပါတယ်)။ ဒီလိုနဲ့ သူတို့လည်း ပြန်သွား၊ နွေရာသီ ကျောင်းပိတ်ရက်များလည်း ချန်ထားချင်စရာ ကောင်းလောက်အောင် ပျင်းစရာကြီးပါ။ အိမ်မှာ စားကောင်းသောက်ကောင်းအောင် Teach Yourself C++ in 21 days စာအုပ်ထူထူကို ဖတ်သလိုလို လုပ်လိုက်၊ အပြင်ထွက်လည် လိုက် လုပ်ခြင်းများနဲ့ အချိန်ကုန်သွားပါတယ်။

အိမ်မှာပျင်းနေတုန်း ၁၀ တန်းတက္ကသိုလ်ဝင်ခွင့်နဲ့တုန်းက လျှောက်ထားတဲ့ MIT က ခေါ်စာရောက်လာပါလေရော။ ပထမနှစ်၊ ဒုတိယနှစ်ကတော့ မကွေးမှာပဲ စတက်ရမယ် ဆိုပါတယ်။ ကိုယ့်မြို့မှာကိုယ် ပြန်မတက်ချင်တာရယ်၊ အိမ်ကလည်း ကျောင်းတစ်ကျောင်းပဲရွေးလို့ ဆိုတာရယ်၊ နှင်းဆီဖြူလေးရယ် (အဲလေ ယောင်လို့) အဲဒါနဲ့ဘာမှဆက်မလုပ်တော့ဘဲ ကွန်ပျူတာ ကျောင်းပဲ ဆက်တက်ဖြစ်ပါတယ်။ အဲဒီတော့ အီလက်ထရောနစ် (သို့) ဆောက်လုပ်ရေး အန်ချင်စရာကြီး ဖြစ်မလာတော့ပဲ ဆော့ဝဲလ် အန်ချင်စရာကြီး ဖြစ်လာတာပေါ့လေ။

ကျောင်းပြန်တက်တော့ နှင်းဆီဖြူလေးကို ဇာတ်လမ်းနည်းနည်းစနေပြီမို့ ကျောင်းမှာ ရုပ်တည်ချင်ယောင်ဆောင်နေရတဲ့ နေ့ရက်တွေပေါ့။ သီဟသစ်တို့တုန်းက တတိယနှစ်မှာမှ Computer Science Major (or) Computer Technology Major အလွယ်ပြောရရင် Software, Hardware ခွဲတာမို့ ကိုယ်ဘယ်မေဂျာယူမလဲ ဆိုတာစဉ်းစားရမယ့်အချိန်ရောက်လာပါတယ်။ ကိုယ့်ကိုယ်ကို အီလက်ထရောနစ်ကို စိတ်ဝင်စားတယ်လို့ ထင်ခဲ့မိတာ ဒုတိယနှစ်မှာ Digital ဆိုတဲ့ ဘာသာသင်ရတော့ ကိုယ့်ကိုယ်ကို သိသွားပါတယ်။ ကိုယ်တကယ် စိတ်ဝင်စားတာ Programming ပဲဆိုတာကို။ သူငယ်ချင်းတွေကတော့ ဟိုဘက်လိုလို ဒီဘက်လိုလို ယောင်နေကြတုန်းပါ။

နောက်တစ်ပိုင်း ဆက်ရေးဖြစ်ရင် နှင်းဆီဖြူလေးနဲ့ ချစ်သူဖြစ်ပြီးနောက်ပိုင်း ကျောင်းတက်တဲ့ အချိန်တွေနဲ့ ပြန်ဆက်စပ်ပြီး ရေးသွားမှာပါ။ မှတ်သားစရာမပါ ၊ ရသမပါ တဲ့ စာစုလေးကို ပြီးတဲ့ အထိ ဖတ်ပေးလို့ ကျေးဇူးပါ။

ညီအစ်ကို မောင်နှမ အားလုံး ရွှင်လန်းချမ်းမြေ့ကြပါစေ

ခင်မင်စွာဖြင့်
သီဟသစ်

P.S
၁) ခုရက်ပိုင်း အပျင်းထူပြီး ဘလော့တွေလိုက်မလည်ဖြစ်၊ Cbox ကို မပြန်ဖြစ်တာ ခွင့်လွှတ်ကြပါရန်
၂) အချိန်ရတာနဲ့ ပြန်လိုက်လည်ပါတော့မည်

19 comments:

yehtutnaung said...

ဟား ဟား.. ရေးထားတာ သွက်တော့ အိပ်ချင်မူးတူးနဲ့ များ သော့ရေးတားသလား ကိုသီဟသစ်ကြီး (အသက်အရွယ် ကြီးလို့  ကြီးပါတယ်).. ဖတ်ရတာ ဂွတ်..။ ဆက်ပါဦးဗျို့ ..။

Admin said...

သီချင်းတစ်ပုဒ်ထဲက စာသားကိုတောင်သတိရမိတယ်
မိန်းမနဲ့ကလေးရှိရင် အားမပေးဘူးလား ဆိုတာလေ
ဆိုင်တော့မဆိုင်ဘူး။
မိန်းမယူတာမယူတာ မယူခင်ကဆိုတာတွေ အပထား
တာကိုးသီဟသစ် သမီးလေးမွေးမှ ထပ်လာဖတ်ရင်ကောင်းမလား
စဉ်းစားနေဒယ်

သံလွင် HeRo said...

ကျောင်းတုန်းကနေ့ရက်တွေကအမှတ်တယ
အနေနဲ့အမြဲရှိနေပြီး သတိရခြင်းတွေသယ်
ဆောင်နေမြဲပါ....
ရွှေစက်တော်ကတော့အိပ်တာသိပ်အဆင်မပြေ
ဘူးဗျ....မနက်ပိုင်းအိမ်သာတန်းစီရင်ပိုဆိုးတယ်။
ရေဗုံးလေးတွေနဲ့....

မေလေး said...

“မိန်းမနဲ့ကလေးကို သတိမရဘဲ ပျော်နေတယ်ဆိုပြီး။ လူတွေကလည်း ခက်တယ်။ မိန်းမနဲ့ ကလေးကို စိတ်ထဲမှာ ချစ်နေ၊ သတိရနေဖို့ လိုတာ၊ သူတို့သိအောင် ပြနေရမှာလားမသိ၊ Mind Your Own Business လို့သာ ပြောချင်တော့တယ်။ ”

း))))))))))))))))))))))

နွေးနေခြည် said...

MYOB software လားး)

အတော်ပျော်စရာကောင်းတာပဲ ဒါကြောင့် ကိုသီဟသစ် တသသနဲ့ လွမ်းနေတာ။
ဆက်ရန်တွေဆောင့်နေမယ်။

လူပျိုကြီး said...

ပုံတွေ တွေ့သကွယ် အပြီအပြင်ကဲနေတာ

ခရေညို said...

ဪ ဒါကြောင့် ကိုသီဟသစ် က တော်တော်ကိုလွမ်းနေတာကိုး။ စာဖတ်ရတာနဲ့တင် တော်တော်ပျော်စရာကောင်း နေပြီ။
ဆက်ရေးမဲ့ အကြောင်းအရာတွေကို စောင့်ဖတ်မယ်ဗျို့..............

ဒဏ္ဍာရီ said...

ကျောင်းတုန်းက အကြောင်းတွေ ပြန်တွေးရင် အခုထိ ပျော်ရတယ် အကိုရေ... မိန်းမနဲ့ ခလေးကို မေ့နေတာ မဟုတ်လောက်ဘူးပေါ့။း)

အင်း....... MYOB ကြောငြာဝင်သွား သလားလို့ မှတ်နေတာ..း)

အကိုရေ.. ပိုစ့်လေးဖတ်ပြီး ပြုံးသွားရပါတယ်. နောက်ဆက်တွဲလေး ဆက်ဖတ်ချင်ပါတယ်။

ကြယ်ပြာ said...

ပျော်စရာကြီးနော် ... အစ်မက အဝေးသင်ယူတော့ ဒီလောက် မပျော်ခဲ့ရဘူး ....ပြေးပြေးလွှားလွှား ပရက်တီကယ်လေးပြေးလုပ်ပြီးရင် အလုပ်ပြန်လာရတာများတယ် ....

ငချမ်းကောင် said...

ကျောင်းသားဘဝကို ပြန်လွမ်းလာသလိုပဲ။

littlebrook said...

ရသမပါဘူး မဟုတ်ပါဘူး ငါ့အကိုရာ .. ဖတ်ရတာ ပျော်စရာ ကြည်နူးစရာ .. ဒါအရသာပေါ့ဗျ ..း)

Sein Lyan Tun said...

အဲဒီတုန်းက ဦးသစ်နား ဘယ်သူရှိလဲသိချင်လိုက်တာ..

ကျနော်တို့လိုပဲ အရိုက်ခံရတဲ့သူတွေကို မြင်ယောင်သနားမိတယ်..


လွမ်းရယ်မပြေ ပေါ့...



ချစ်ခင်လေးစားစွာဖြင့်

ဖိုးစိန်

ကြည်ဖြူပိုင် said...

ကိုသီဟကျောင်းသားဘ၀ကြီးက ပျော်စရာကြီးတော့
Programming ကိုစိတ်ဝင်စားသတဲ့
ဟီးဟီး
အနော်နဲ့များကွာပါ့
အေးနော်မိန်းမနဲ့ကလေးကိုလွမ်းလွန်းတာတော့
ကိုသီဟသစ်ကိုဘူမှမှီနိုင်မယ်မထင်ပေါင်
အမြဲဒါ့ပုံတင်ထားတာ
(ရှေ့နေအလုပ်ပြောင်းလုပ်နေပြီနော်) :D

Anonymous said...

ကျောင်းသားဘ၀ပျော်စရာတွေ ပြန်လွမ်းသွားပြီးဗျာ.. အဲဒီအချိန်တုန်းက MIT တက်ရတာ ဆိုတော့ ဦးသစ်က ဆရာကြီးပဲ.. ကျနော်တို့ ခမျာ MIT , YIT တို့ မရှိတော့တာ ဆယ်တန်းအောင်တဲ့(၂၀၀၂)ပြီးမှ သိတယ် :)
အခုက ဆော့ဝဲလ် အန်ချင်စရာကြီးတဲ့.. နောက်တယ် :P

ဆက်ရေးပါအုံးဗျ.. အပိုင်း(၇)

ခင်မင်စွာနှင့်
တလနွန်

Ree Noe Mann said...

အကြီးအကျယ်အော်သွားပါသည်။

အမည်မဖော်လို သူ ဦးသီဟသစ်

ဗီလိန်

ဖိုးသင်္ကြန်

ငချမ်းကောင်

တလနွန်
ရေတမာ

တောင်ပေါ်သား(မစ်စ် အက်စ်ဂျီ)
မျိုးထက်ဇော်

သံလွင်ဟီးရိုး

မိုးကုတ်သား

ရီနိုမာန်

ဆောင်းချမ်းမိုး

ဖိုးစိန်

(ဖဲဝိုင်းမှ ထအော်ကြသည်)

Happy new year playing card game!!!!!

ကလူသစ် said...

Happy New Year !!!!!!!!!!!

ဂျစ်တူး ( မုံရွာ ) said...

နင်ကတော့အရမ်းလွမ်းအောင်လုပ်ပြန်ပြီ-ကျန်းမာကြပါစေ
နှစ်သစ်မင်္ဂလာပါခင်ဗျာ

flowerpoem said...

ကျောင်းသားဘ၀ ကပျော်စရာကြီး နော် ကိုသီဟ

jr.လွင်ဦး said...

ကိုသီဟရေ.. တွေ့တယ်နော.. ဓါတ်ပုံတွေ.. :))