Sunday, October 21, 2012

For My Information (1) : မင့်ဥစ္စာမင်းစားတာ စားသာစား


တစ်ခါက လယ်ပိုင်ရှင် တစ်ယောက် နဲ့ သူ့ဆီမှာ သူရင်းငှား လုပ်တဲ့သူ တစ်ယောက်ရှိသတဲ့။ လယ်ပိုင်ရှင်က  ထုံးစံအတိုင်း သူရင်းငှားကို အစားအစာပါ ကျွေးမွေးထောက်ပံ့ရတာပေါ့။ ထမင်းစားတဲ့ အခါတိုင်း သူရင်းငှားက တန်အောင်ဆိုပြီး ထမင်းတွေရော ဟင်းတွေရော တအားစားသတဲ့။ အဲဒီတော့ လယ်ပိုင်ရှင်က “မင့်ဥစ္စာမင်းစားတာ စားသာစား” လို့ပြောသတဲ့။ သူရင်းငှားက နားမလည်နိုင်ဘူး။ ဘယ့်နှယ် သူ့ထမင်းဟင်းတွေ ငါစားနေတာကို အဲလိုပြောရသလားပေါ့။

နောက်ပိုင်းတော့ သူရင်းငှားလည်း ကြိုးစားရင်း တဖြေးဖြေးနဲ့ လယ်ပိုင်ဖြစ်လာသတဲ့။ အဲဒီအခါကျ အစားအသောက်ကို များများစားနေကျ အကျင့်က ပါခဲ့ပြီဆိုတော့ ဖျောက်လို့မလွယ်တော့ဘူးပေါ့။ အဲဒီအခါမှ လယ်ရှင်ပြောတဲ့ စကားကို နားလည်သွားသတဲ့။

ဒီပုံပြင်လေးက သူငယ်ချင်းအိမ်သွားရင်း ဖတ်ရတဲ့ စာအုပ်လေးထဲကပါ။ ထပ်ပြီး စဉ်းစားမိတာက ကျွန်တော်အပါအဝင်ပေါ့လေ တစ်ချို့တွေက တစ်ခါတစ်ရံ အလုပ်မှာ ယောင်လည်လည် လုပ်ပြီး အချိန်ဖြုန်းမိတာတွေ ရှိပါတယ်။ အဲဒါမှ တန်တာလို့လည်း ထင်မိကြပါတယ်။

သို့ပေမယ့် ကျွန်တော်တို့ အားလုံးဟာ တစ်သက်လုံး သူများအလုပ်ကို လုပ်သွားချင်ကြတဲ့သူတွေ တစ်ယောက်မှ မပါကြပါဘူး။ ကိုယ်ပိုင်အလုပ်ကို လုပ်မယ်၊ လုပ်ချင်တယ်လို့ စိတ်ကူးနေ၊ စိတ်ကူးယဉ်ကြတဲ့သူတွေ များပါတယ်။ တကယ်လို့သာ  ယောင်လည်လည် အချိန်ဖြုန်းတဲ့  အကျင့်ကြီး ပါသွားခဲ့ရင် တိုးတက်ဖို့ရာ မလွယ်နိုင်ပါဘူး။

တကယ်တော့ ကျွန်တော်တို့တွေဟာ ကျွန်တော်တို့ရဲ့ အချိန်၊ ကျွမ်းကျင်မှုတွေကို ရောင်းချသူ၊ manager တွေ ဘော့စ်တွေက ဝယ်ယူသူတွေပါ။ ခုမှဖတ်ဖြစ်တဲ့ စာအုပ်ဟောင်း Think and Grow Rich ထဲက Self-Analysis Questionnaire for Personal Inventory ထဲက မေးခွန်းတစ်ချို့မှာ ဒီလိုပါပါတယ်။ “ငါကိုယ်တိုင် ငါရဲ့ ကျွမ်းကျင်မှုတွေကို ဝယ်ယူသူ ဖြစ်ခဲ့ရင် အဲဒီဝယ်ယူမှုနဲ့ ပတ်သက်ပြီး ကျေနပ်မလား” ၊ “ငါရဲ့ ကျွမ်းကျင်မှုတွေကို ဝယ်ယူတဲ့သူဟာ ကျေနပ်မှုရှိသလား၊ မရှိရင် ဘာကြောင့်လဲ” စတဲ့ မေးခွန်းမျိုးတွေကို ကိုယ်ကိုယ်တိုင် မေးကြည့်သင့်တယ်လို့ ဆိုပါတယ်။

စာရေးတာက ဆရာကြီးလိုလို၊ တက်ကျမ်းလိုလိုပါသွားခဲ့ရင် ခွင့်လွှတ်ပါ။ ကျွန်တော့်ကို ကျွန်တော်ဆုံးမချင်လို့ ရေးထားတာ ဖြစ်လို့ For My Information လို့ နာမည်တပ်ထားတာပါ။

ခင်မင်စွာဖြင့်

 

Bonus:

၁)    အမူးသမားများ

အမူးသမား ၃ ယောက် taxi ငှားစီးကြသည်။ ကားသမားက အမူးသမားတွေကို လွယ်လွယ်လေးလှည့်ပြီး ပိုက်ဆံရဖို့ စဉ်းစားသည်။ ကားကို စက်နှိုး၊ မောင်းချင်ယောင်ဆောင်ပြီး ချက်ချင်း စက်ပိတ်လိုက်သည်။ ပြီးနောက်ရောက်ပြီ လို့ ပြောလိုက်သည်။

ပထမအမူးသမားက ကျေးဇူးတင်စကားပြောပြီး ပိုက်ဆံပေးသည်။ တတိယ အမူးသမားက ဒေါသတကြီးနှင့် ဒရိုင်ဘာခေါင်းကို လက်သီးနဲ့ထိုးသည်။ သူလှည့်တာ သိများသိသွားပြီလား ဆိုပြီး ဘာကြောင့်လဲလို့ ဒရိုင်ဘာကမေးသည်။

ထိုအခါ အမူးသမားက အဲလောက်ကြီး မြန်မြန်မောင်းလို့ ဟု ဆိုလေသည်။

၂)    ဟိုမှာဒီမှာ

တရားသူကြီးက တရားခံကို မေးသည်။ မောင်ရင်ဘယ်မှာ နေသလဲ

တရားခံပြန်ဖြေသည်။ ဟိုနား ဒီနား

နောက်ထပ်မေးသည်။ ဘာလုပ်သလဲ

ပြန်ဖြေသည်။ ဟိုဟာ ဒီဟာ

တရားသူကြီး စိတ်မရှည်ဖြစ်ပြီး ဒီကောင့်ကို ခေါ်သွားကြစမ်းလို့ ပြောလိုက်သည်။ ထိုအခါ တရားခံက

နေပါဦး ကျွန်တော်ဘယ်တော့လွတ်မလဲ ပြန်မေးသည်။ ထိုအခါ တရားသူကြီး ပြန်ဖြေသည်။

 အနှေးနဲ့ အမြန် ပေါ့။
 

၃)    သိုးများကို ရေတွက်ခြင်း

စစ်ဆေးသူ အရာရှိက တုံးအသည်ဟု နာမည်ကြီးသူ ဂျွန်ကိုမေးသည်။

နင့်မှာ သိုးဘယ်နှစ်ကောင် ရှိလဲ။

ဂျွန်ပြန်ဖြေသည်။

“မသိဘူး။ ငါသိုးအကောင်ရေကို လိုက်ရေတိုင်း ရေတိုင်း အိပ်ပျော်သွားတာပဲ”

 

9 comments:

Anonymous said...

ဦးသီဟသစ် ဘလော့ကို
အသက် ပြန်သွင်းနေပါတယ် .. :P

ခင်မင်လျှက်
ဆောင်းနှင်းရွက်

JuneOne said...

ဒီမှာလဲ ယောင်တောင် ပေါင်တောင် ကလေးထိန်းနေတယိ။ဘာလုပ်ရမလဲ မသိသေးဘူး။သေချာတာကတော့ ...ဘာမှမရေရာသေးဘူးပဲ။

chocothazin said...

အဲ ... အလုပ်မှာ ဘလော့ခိုးဖတ်ပါတယ်ဆိုမှ ယောင်လည်လည် လုပ်ပြီး အချိန်ဖြုန်းနေသူတွေဆိုတော့ တည့်တည့်ကိုမှန်တာပဲး)
ပို့စ်အောက်က Bonus ထုံးစံလေးကို မဖျောက်ပစ်လိုက်တာ ကျေးဇူးပါး)

သီဟသစ် said...

@ဆောင်းနှင်းရွက်>> အေးအေ ဖုန်ခါ အသက်သွင်း လုပ်နေတယ်

@မJune One>> ဘာမှ မရေရာတာတော့ အမှန်ပဲ..PR မဟုတ်တဲ့ ကျွန်တော်တို့က ပို မရေရာဘူး

@သဇင်>> ငါလည်း ဒီနေ့ ယောင်လည်လည် အချိန်ဖြုန်းနေသူထဲ ပါတယ်..:P

ညီလင်းသစ် said...

“ငါကိုယ်တိုင် ငါရဲ့ ကျွမ်းကျင်မှုတွေကို ဝယ်ယူသူ ဖြစ်ခဲ့ရင် အဲဒီဝယ်ယူမှုနဲ့ ပတ်သက်ပြီး ကျေနပ်မလား”

မေးခွန်းလေး သဘောကျမိတယ် ကိုသီဟသစ်...၊ ရိုးရိုးလေးပေမယ့် ကျနော်တို့ ကိုယ့်ကိုယ်ကို ပြန်မေးဖို့ မေ့နေတတ်ကြတယ်နော်၊ တဖက်သားရဲ့ နေရာမှာနေပြီး ကိုယ့်ကိုယ်ကို ပြန်သုံးသပ်တဲ့အခါ ဟာကွက်တွေ အများကြီး မြင်မိတယ်၊ For my information တင် မဟုတ်ပါဘူးဗျာ၊ အားလုံးအတွက် လိုအပ်တဲ့ အတွေးအမြင်ပါပဲ...။

သီဟသစ် said...

@ကိုညီလင်းသစ်>> ဟုတ်တယ်ဗျ။ အဲဒီမေးခွန်းလေးက ကိုယ့်ဘာသာပြန်ပြန်မေးနေရမှာ.. စာလာဖတ်ပြီး အားပေးတာ ကျေးဇူးပါဗျာ

ခင်မင်စွာဖြင့်
သီဟသစ်

ကြည်ဖြူပိုင် said...

ကသဟရေ....မနှင်းဆီဖြူရယ်။ သားသားရယ်တို့နဲ့အတူ ပျော်ရွှင်ကြည်နူးချမ်းမြေ့ဖွယ် နှစ်သစ်မင်္ဂလာကို ပိုင်ဆိုင်နိုင်ပါစေ....

Burman Managers,Engineers and Scientists said...

ဘန်ဂါလီတချို့ ဟာ ဗမာတွေရဲ့ ဘိုးဘေး တွေ ဖြစ်ခဲ့တာကို သိလား။ စောင်းကောက်ကို ဘန်ဂါလီ ဘိုးတော် တွေ ယူခဲ့တာ သိလား။ မသိသေးရင် ဒီမှာ လာဖတ်ပါ။
http://wunzinminraja.blogspot.sg/

T Chen said...

ကိုကို ဂျိုကာ

စာတွေ ခုထိရေးနေတုံး ဘောနပ်စ်တွေ ပေးနေတုံး နော်
သဘောကျတယ်

အဆင်ပြေပါစေ

တီချမ်း