ကျွန်တော်ရဲ့ အတွေးတွေ၊ အတွေ့အကြုံတွေ ချရေးဖို့ ထားတဲ့နေရာလေးပါ။ လာရောက် လည်ပတ်ဖတ်ရှုတဲ့ အတွက် ကျေးဇူးပါ။
Saturday, March 21, 2009
Mr. Bean နှင့် အတွေးများ
Mr. Bean ဟာသလေး တစ်ခုကို လူတော်တော်များများ ဖတ်ဖူးလိမ့်မယ်ထင်ပါတယ်။ သူ့သူငယ်ချင်းက သူ့ကို ပြောတာ ငါ lift ထဲမှာ ပိတ်မိနေတာ ၃ နာရီလောက်ကြာတယ်တဲ့။ Mr Bean ကပြန်ပြောတယ်။ မင်းကတော်သေးတာပေါ့ ၊ ငါက escalator ထဲမှာ ပိတ်မိနေတာ ၃ နာရီလောက်ကြာတယ် တဲ့။
အဲဒါလေးကို ဖတ်မိပြီး ဆင့်ပွားခံစားမိတာက ကိုယ်ရောက်နေတာ ကိုယ်ပိတ်မိနေတယ်လို့ ထင်ရတာ ဘယ်နေရာလဲ။ escalator လိုနေရာမျိုးမှာ ဆိုရင်တော့ ဘယ်သူ့မှ စောင့်မနေပါနဲ့။ ကိုယ့်ဘာသာကိုယ်ရောက်အောင် သွားလိုက်ပါ။ ဓါတ်လှေခါးလို နေရာမျိုးဆိုရင်ရော ဘယ်တတ်နိုင်မလဲ။ အလျှော့ပေးဖို့ ပြောတာမဟုတ်ပါ။ ရတဲ့အခွင့်အရေးကို ရအောင်အသုံးချဖို့ ကြိုစားသင့်တယ် ဆိုတာ စဉ်းစားမိတာလေးပါ။
Labels:
အတွေးများ
Subscribe to:
Post Comments (Atom)
13 comments:
ပက်စက်တယ် တော်ချက်ကတော့အေ
Mrbean အကြောင်းလေးနဲ့ ဥပမာပေးပြီး တန်းဖိုးရှိအတွေးလေး
ရေးသွားတဲ့ အစ်ကိုသီဟသစ်...:)..အေးချမ်းပါစေ။
တိုတိုလေးနဲ့ ထိရောက်တဲ့ Post လေး။ :)
ဟာသလေးကို ဖတ်ပြီး စဉ်းစားတတ်အောင် ရေးထားတာကောင်းတယ် ကိုသီဟသစ်...
အင်းပေါ့... escalator ဆိုရင်တော့ ဘယ်အပိတ်ခံမလဲ..
တော်သေးတာပေါ့။ တခါတလေလဲ အမှန်အကန်လေးတွေ စဉ်းစားသေးလို့ :)
ငှက်ပျော်သီးကြီးနဲ့ပါလား...
စက်လှေကား နဲ့ ဓာတ်လှေကား လို့ ရေးလိုက်ရင် စာဖတ်သူတွေ မျက်စိလည်သွားနိုင်သည်။
သဘောကျ၏။
Yesssssssssss!!!!!!!!!!!!!
ဆင်ဒဏ်လား ငှက်ပျောသီးကြည့်ပြီးထအော်တာလား
တကယ်ကောင်းတဲ့ အတွေးလေးတခုပါပဲဗျာ..
တခုတော့သွား သတိရတယ်ဗျာ.. မနေ့ က မိုးမခမှာ တင်ထားတဲ့ ကဗျာဆရာ အောင်ဝေးရဲ့ စကားနဲ့ လည်း ခပ်ဆင်ဆင်လေးပဲဗျာ.. သူပြောတာကတော့
"လရောင်နည်းနည်းရှိရင် လမ်းဆက်လျှောက်လို့ ရတယ်" ဆိုတာပါပဲ.. သူက နိုင်ငံရေးသမားတွေကို ရည်ရွယ်ခဲ့တယ်လို့  ကျွန်တော် ထင်ပါတယ်..။ :)
အတွေးပွား သွားတယ်...
ဒါနဲ့ ... ကိုသစ်လက်ထဲက အိတ်ကြီးက ဘာအိတ်ကြီးလဲး) ဟီးးးးးး
မှန်၏
>>strike said...
ဆဲတာလား ချီးကျုးတာလားကွယ်
>>Khinmarlaraung
အငယ်မရေ အငယ်တွေရေးတော့ ငါက လိုက်ရေးရတာပေါ့
>>may16
ကျေးဇူးပါ။ ရှားရှားပါးပါးစိတ်ကူးပါ.
>>သဇင်ဏီ said...
right
>>ကလူသစ်
မထင်ပါနဲ့ မထင်ပါနဲ့ကွယ်
>>Phyo Maw said...
:p
မောင်ရှောက်သီးလေးပို့စ်ကိုဖတ်မိပြီး အတွေးတွေဝင်သွားလို့ပါကွယ်
>>sin dan lar
reallyyyyyyyyyyyyyyyyyyyyyyyyyyyyyyyyy?
>>strike said...
လူဆိုး
>>နေညိုရင့် said...
ဆရာ အောင်ဝေး ရဲ့စာသားလေးရေးသွားပေးတာ ကျေးဇူးပါ
>>နွေးနေခြည် said...
လက်တော့ခြေတော့ အိတ်ကြီး
>>♥ Acacia ♥ said...
right
ဂျိုကာ ရယ်
ပိုစ့်လေးကကောင်းပါတယ်
ဒါပေမယ့် တီ က ဘ၀ထဲမှာ
ပိတ်မိနေတော့ ဘယ်လိုလုပ်မလဲ
Post a Comment