ညီလေး ဆောင်းဆောင်းက ဘလော့ကနေ တဂ်၊ မမပြာပြာက Facebook ကနေ တဂ်လုပ်လို့ ရေးလိုက်တာပါ။
1. What is your name : သီဟသစ်
2. A four Letter Word : သိသလိုလို
3. A boy's Name : သန့်
4. A girl's Name : သက်မွန်မြင့်
5. An occupation : သံဗျင်ကြီး (ရှင်ကျာပူ ဘလော့ရပ်ဝန်း)
6. A color : သစ်စေးရောင်
7. Something you'll wear : သားရေဂျာကင်
8. A food : သရက်သီး
9. Something found in the bathroom : သွားပွတ်တံ
10. A place : သီရိပစ္စယာ ဟိုတယ်
11. A reason for being late : သိသာသိစေ မမြင်စေနဲ့ ဆိုတဲ့ စကားအတိုင်း ပုန်းရှိုးကွယ်ရှိုးလေး လာနေရလို့ပါ (ကိုယ်က ဆယ်လီဗြစ်တီ ဆိုတော့ သိတယ် မဟုတ်လား)
12. Something you'd shout : သွားစမ်းပါ မာယာတွေ ရိုးနေပြီကွာ
13. A movie title : သံသရာ စက်ဝန်းတစ်နေရာရာ
14. Something you drink : သစ်ခွ
15. A musical group : သဘာဝရဲ့ ရင်သွေးငယ်တွေ (The Wild Ones)
16. An animal : သိမ်းငှက်
17. A street name : သစ္စာလမ်း
18. A type of car : သန်ဒါဘတ်ဒ် ( ThunderBird from Ford )
19. The title of a song : သံယောဇဉ် (လေးဖြူ)၊ သံသရာစမ်းရေ (ဇော်ဝင်းထွဋ်)
20. A verb : သောက်(အသီးဖျော်ရည် ပါကွယ်)
ခင်မင်စွာဖြင့်
သီဟသစ်
P.S ခုရက်ပိုင်း စာရေးချင်စိတ်၊ စာဖတ်ချင်စိတ်များ PPSS ပျောက်ဆုံးနေသောကြောင့် ညီအစ်ကို မောင်နှမတွေရဲ့ ဘလော့တွေကို လိုက်မလည်စာမဖတ်ဖြစ်တာ ခွင့်လွှတ်ကြပါရန်
Bonus:
၁) အာဒံနဲ့ ဧဝ
မေးခွန်း အာဒံနဲ့ ဧဝ ကို တရုတ်လူမျိုးလို့ ဘာကြောင့်ထင်လဲ
အဖြေ စေတန်နတ်ဆိုးက မြွေယောင်ဖန်ဆင်းပြီးလာတယ်။ တားမြစ်ထားတဲ့ အသီးကို စားဖို့ ဖျားယောင်းတယ်။ ဧဝ က အာဒံကို ပြောလိုက်တယ်။ မြန်မြန်လုပ် အာဒံ၊ မြွေကိုပါဖမ်းလိုက်၊ မြွေကိုလည်း စားလို့ရတယ်လေ
မေးခွန်း အာဒံနဲ့ ဧဝ ကိုမလေးလူမျိုး လို့ ဘာကြောင့်ထင်လဲ
အဖြေ စေတန်နတ်ဆိုးက မြွေယောင်ဖန်ဆင်းပြီးလာတယ်။ တားမြစ်ထားတဲ့ အသီးကို စားဖို့ ဖျားယောင်းတယ်။ အာဒံရော ဧဝရောက ပြန်ပြောတယ် “အေးဆေးပေါ့၊ နက်ဖြန်မှ စားလည်းရတာပဲ”
မေးခွန်း အာဒံနဲ့ ဧဝ ကုအိန္ဒိယလူမျိုး လို့ ဘာကြောင့်ထင်လဲ
သူတို့က မြွေကို သစ်သီးစားအောင် လုပ်ပစ်လိုက်လို့ပေါ့
၂)တရားရုံးနဲ့ အားပန်
တရားသူကြီး : ဟေ့အားပန် မင်းခုဒီနေရာကို ရောက်တာ သုံးခေါက်ရှိပြီ။ မင်းမရှက်ဘူးလား
အားပန် : ဟုတ်၊ ဒါပေမယ့် လူကြီးမင်းကျတော့ နေ့တိုင်း ဒီကိုရောက်နေတာကော
၃) ကာရာအိုကေ သွားဆိုတဲ့ အားပန်
အားပန်နဲ့ သူငယ်ချင်းတစ်စု ကာရာအိုကေ ဆိုရန် သွားကြသည်။ အားပန်က ဒီဂျေကို Ah Cheng Buey Ro Ti (အားချွန် ပလာတာ ဝယ်သည်) သီချင်းကို ဖွင့်ပေးရန်ပြောသည်။
DJ က သူတို့ဆိုင်တွင် တရုတ်သီချင်း မရှိ၊ အင်္ဂလိပ်သီချင်းသာ ရွေးပေးရန်ပြော၏
အားပန်တစ်ယောက် ဒေါသတကြီးပေါက်ကွဲပြီး မန်နေဂျာနဲ့ သွားတိုင်သည်။ တစ်နာရီခန့် ငြင်းခုန်ပြီးခါမှ အားပန်လိုချင်သော သီချင်းကို သိရသည်။ “Unchained Melody”တဲ့။
25 comments:
အာဒံနဲ့ဧဝကို မြန်မာလူမျိုးဟု ဘာကြောင့်ထင်သနည်း
ပန်းသီးတပင်လုံး ခူးသွားသောကြောင့်ဖြစ်ပါသည်။
ဟိတ် why is ur "A girl's Name : သက်မွန်မြင်"့ become like that? ရှင်းလင်းလျောက်ထားစေ။
သစ်ခွ ဖျော်ရည် သောက်တယ်....:O
Verb က မိုက်တယ်... သောက် တဲ့...
သ နဲ့စ တဲ့ တခြား Verb တွေ ရှိတော့ဘူးလားဟင်...
“ခုရက်ပိုင်း စာရေးချင်စိတ်၊ စာဖတ်ချင်စိတ်များ PPSS ပျောက်ဆုံးနေသောကြောင့်...”
PPSS ဆိုတာကို ရှင်းပြစေလိုပါသည်...။
ဂွတ်..
နာလို ပေါရဲတဲလူကြီးပဲ
ဟိဟိ
သတိပေးလိုက်မယ်
သူလာတော့မယ်
သားသားလေးလဲပါလာမယ်တဲ့
သွေးလန့်မနေပါနဲ့အုံး
သေသေသပ်သပ်နေပါ
သိပ်မပိရိရင် အသတ်ခံရလိမ့်မယ်
သိုးသိုးသန့်သန့်သတင်းတွေကြားနေရတယ်
သူများတွေပြောတာမဟုတ်ပါစေနဲ့ ...
သီဟသစ်ကြီး သောက်နေတယ်ဆိုလားပဲ..
:P
ဒီ တခါ တော့ မြန်မာလိုလေးပါလား..း)
သူများတွေက အင်္ဂလိပ် လို ရေးနေကြတာ..း)
ဆန်းသစ်ပြီး လတ်ဆတ်တယ်..း))
အစ်ကိုရေ စာလာဖတ်သွားတယ် ဘိုးနပ်စ်တွေ ကတော့ ထုံးစံအတိုင်း .....
အဆင်ပြေပါစေ အစ်ကိုရေ
ခင်တဲ့
ရန်ကုန်သား
>>ဖိုးသင်္ကြန်
လူနောက်လေးပဲ
>>ခရောင်းလမ်း said...
သဇင်တို့ သင်ဇာဝင့်ကျော်တို့ပါ ထည့်ရေးမလို့ဟာ။ မကောင်းတတ်လို့
>>kaungkinpyar said...
တကယ်ကမကြိုက်ပါ။ သနဲ့ စတာ စဉ်းစားမရလို့
>>သက်ဝေ said...
သွား ဆိုတဲ့ Verb စဉ်းစားမိပါတယ်ခင်ဗျ။ သွားဆိုတာ အပေါ်နားမှာ သုံးပြီးသားဖြစ်နေလို့ပါ
PPSS က ပက်ပက်စက်စက် ပါခင်ဗျာ :)
>>SongChanMoe said...
ဆိန်ဆိန်ပေါင်းပေါင်း
ဆောင်းဆောင်းပိန်ပိန်
:D
>>မမသီရိ said...
ဟုတ်မမ မြန်မာဆန်ကြည့်တာပါ
>>yangonthar said...
ညီလေးရန်ကုန်သားရေ ကျေးဇူးပါ
အဟားးးးးးးးး ကိုသစ်ကြီးရဲ့ မြန်မာဆန်ဆန် သ ဖော် သီဟသစ်ကြီး ဖတ်သွားတယ်ဗျာ။
Bonus လေးလဲ အရင်လို ဂွတ်တုန်း အားပေးသွားတယ်ဗျိုးးးးးးးးးး
အေးဆေးပေါ့အကိုရေ... အိမ်လွမ်းနေတာလားးးးး
အဆင်ပြေပျော်ရွှင်ပါစေဗျာ။
၁ မရပါလား။ ဟီးးးးးးးးးး
သောက် သီဟသစ်.. (အသီးဖျော်ရည် ပါ)
းD
ဟဲးဟဲး မမီးလည်းသောက်ချင်တယ်..သစ်သီးဖျော်ရည်...
အဟားဟား...လာရီသွားတယ်
ပျော်စရာကြီးဗျိုး...
ကိုသီဟသစ် တို့ကတော့ပိုင်ပ။ သူများတွေနဲ့မတူတော့ ဖတ်ရတာ တမျိုးလေးရယ်ရတယ်။
သူ့ကိုသိသလိုလိုပဲ ဒါပေမယ့် သိသာသိစေ မမြင်စေနဲ့ ဆိုတဲ့ စကားအတိုင်း ပုန်းရှိုးကွယ်ရှိုးလေး လာနေရလို့ပါ :)
ကိုသီဟသစ်ရေ ရောက်လာပါတယ်နော်။
၎ ယောက်မြောက် တွေ့ရှိခြင်းပါ။ ဒါတွေ ခေတ်စားနေတယ်ပေါ့လေး)
သက်မွန်မြင့်က သူ့ကို သားသားနဲ့ကြိုက်နေတာ ဦးသစ်ကြီးက မသိလို့ပြောတာ သက်ညှာသောအားဖြင့် သက်စေ့နေခွင့်ပေးပါတယ်တဲ့ ။
လေးစားလျက်
တောင်ပေါ်သား
အော်... ဦးလေးကြီးက ဆယ်လီထောင်ပြီးဗြစ်တစ်တစ်တီကြီးးလား... ဟယ် တိဘူးတော့.....
ဟီးးးးးး :D
ကိုသီ ရဲ့ သfor သီဟသစ်ကို
လာဖတ်သွားတယ်ဗျာ
ခင်တဲ့ ရီနို
သယ် သီဟ သက်မွန်မြင့်နဲ့မှဖြစ်ရသလားးး
န ဆိုတဲ့ နှင်းဆီဖြူကို မေ့ပြီလားးး
ခ ဆိုတဲ့ ချန်းချင်းလေး ပါးပါးရ
မ ဆိုတဲ့ ချွေးမလေးကိုတော့ မမေ့လိုက်ပါနဲ့
း)
အစ်ကိုက သက်မွန်မြင့်နဲ့ ကျွန်တော်က မချောသုံးယောက်နဲ့ . မယုံရင် ကျွန်တော့်ဆီလာကြည့်နော်.
မေတ္တာေ၇ာင်ပြန်ရဲ့"မေဖန်ဆင်းသောပန်းတပွင့်"
ဆိုတယ့် tag post ကလုပ်ကြံဇာတ်လမ်းကြီးပါ.
အရှက်မရှိလျှောက်ေ၇းထားခြင်းဖြစ်ပါသည်.
တစ်ခါမှလည်းမတွေ့ဖူးပါ..တစ်ခါမှလည်းမဖြစ်ဖူး
ပါ..တမင်သက်သက်လုပ်ကြံေ၇းသားထားခြင်းဖြစ်ပါသည်
သ For သီဟသစ်ကို “သ”ဘောတကျ ဖတ်သွားပါတယ်း) အာဒံနဲ့ဧဝကိုဖတ်ပြီး ရယ်နေမိတယ် အစ်ကိုသီဟသစ်ရေ...
ဖတ်သွားတယ် တားကိုလဲ ဖေ့ဘွတ်မှာ တဂ်ထားတယ် မရေးရသေးး)
အခုတလော ဒီပိုစ့်လေးတွေ ဖတ်နေရတယ်နော်။ ကောင်းတာပေါ့။ ဘလောဂ့်ဂါတွေ အကြောင်း သိခွင့်ရသွားတာပေါ့။
ခင်မင်လေးစားလျှက်
Post a Comment