၁။ စိတ်ညစ်တယ် စိတ်ပျက်တယ် စသည့်အရာများကို ဘာကြောင့်ဖြစ်တယ် ဆိုတာ မဖော်ပြနိုင်ရင် လုံးဝကို Status အနေနဲ့ မရေးသင့်ပါ။ ကိုယ့်ကိုမုန်းသူများပျော်စေပြီး
ကိုယ့်ကိုခင်မင်သူများ ဘာကြောင့်ဖြစ်ရတာပါလိမ့်၊ ငါကြောင့်များလား တွေးမိပြီး စိတ်ပူလောင်စေသောကြောင့်ဖြစ်ပါသည်။လူတိုင်းကို ပျော်အောင် သင်လုပ်မပေးနိုင်ပါ။ သို့သော် လူတိုင်း ကိုယ်ကြောင့် စိတ်အနှောင့်အယှက် မဖြစ်နိုင်အောင်တော့ အတတ်နိုင်ဆုံးကြိုးစားနိုင်ပါသည်။
၂။ ပေါက်တတ်ကရပုံ အများအမြင် မတင့်တော်သောပုံများကို သူငယ်ချင်းများအား Tag မလုပ်ပါနဲ့။ သူတို့ကို လေးစားမှုမရှိရာ ရောက်သောကြောင့် ဖြစ်ပါသည်။ကိုယ့်ကို Tag အလုပ်ခံရလျှင်လည်း သူငယ်ချင်း အရင်းဖြစ်လျှင် မကြိုက်ကြောင်း သတိပေးစကား လှမ်းပို့ပါ။ အရင်းမဟုတ်ပါက ကိုယ့်ကို သေချာလည်း မသိ၊ လေးလည်း မလေးစားသူကို Unfriend လုပ်ပါ။
၃။ တစ်ခုခုကို Statusတင်/Comment/ Share မလုပ်ခင် ကိုယ့်ရဲ့ ရယ်ရွယ်ချက်ကို သေချာ စဉ်းစားပါ။THINK!T - is it True?H - is it Helpful?I - is it Inspiring?N - is it Necessary?K - is it Kind?သူငယ်ချင်းတွေကို စချင်နောက်ချင်၊ ပျော်စေချင်တယ် ဆိုလျှင် ကိစ္စမရှိသော်လည်း အားလုံးကို စိတ်အနှောင့်အယှက် ဖြစ်စေရုံသက်သက်အတွက်တော့ မလုပ်သင့်ပါ။
၎။ သူငယ်ချင်းရဲ့ အတွင်းရေး ကိုယ်ရေးကိုယ်တာ ကိစ္စများကို မေးမည်ဆိုပါက သူ့wall/timeline ပေါ်သွားမေးခြင်းထက် FaceBook Message ပို့ပြီး မေးပါ။
၅။ ကိုယ့်Friend List ထဲကတစ်ယောက်ယောက်တို့ (သို့) တစ်ဖွဲ့ဖွဲကို ဘယ်လိုမှ သဘောမကျနိုင်လို့ မဖြစ်မနေ ဆဲချင်တယ် ဆိုရင်လည်း အဲဒီလူတွေကို FaceBook List ဖွဲ့ထားပြီး
Status တင်တဲ့ အချိန်မှာ Show/Hide မှာ အဲဒီ List ရွေးလိုက်ပါ။ မဆိုင်တဲ့သူတွေ စိတ်အနှောင့်အယှက် ဖြစ်စရာ မရှိတော့သောကြောင့် ဖြစ်သည်။
၆။ ကိုယ့် wall/timeline ပေါ် ကြိုက်တာ တင်လို့ရတယ်ဆိုပြီး ရိုင်းစိုင်းတဲ့ စကားလုံးများ သုံးကာ မတင်သင့်ပါ။ အပြင်က ဥပမာအနေနဲ့ ပြောရရင် အိမ်ရှေ့ထွက်ဆဲနေသလို
ဖြစ်နေသောကြောင့်ဖြစ်ပါသည်။
၇။ FaceBook Profile တွင် အလုပ်နဲ့ ပတ်သက်တဲ့ information ဖြစ်နိုင်ရင် မထည့်သင့်ပါ။ ထည့်ချင်တယ်ဆိုရင်လည်း FBတွင် ပေါက်တတ်ကရတွေ သိပ်မလုပ်သင့်ပါ။ ကိုယ့် အဖွဲ့အစည်းကို ကိုယ်က ကိုယ်စားပြုနေသလို ဖြစ်နေသောကြောင့် ဖြစ်ပါသည်။
၈။ ကိုယ်ရောက်နေတဲ့ နိုင်ငံ/လူမျိုး (အထူး သဖြင့် စလုံး) နဲ့ ပတ်သက်ပြီး သူတို့၏ Page များတွင် Negative ဆန်သော ကောမန့်များပေးခြင်း ဆင်ခြင်ပါ။ အလုပ်တွင် ထိခိုက်မှု
ရှိနိုင်သောကြောင့်ဖြစ်ပါသည်။ e.g http://www.asiaone.com/News/Latest%2BNews/Singapore/Story/A1Story20121008-376209.html
၉။ ထို့အတူ ဘာသာရေး၊လူမျိုးရေးနဲ့ ပတ်သက်သော ကိစ္စများကို သူတို့၏ Page များတွင် Negative ဆန်သော ကောမန့်များ မပေးသင့်ပါ။ Facebook တွင် Racist comment
ကြောင့် အဖမ်းခံရသည်ဆိုသော သတင်းများကြောင့်ဖြစ်ပါသည်။ e.g http://www.channelnewsasia.com/stories/singaporelocalnews/view/1211003/1/.html
၁၀။ ကိုယ့်သူငယ်ချင်းများထဲမှ နိုင်ငံခြားသား မိတ်ဆွေများကို list သတ်သတ်ဖွဲ့ပါ။ မြန်မာလို status တင်ချင်သောအခါ ထို list ကို hide လုပ်ထားခြင်းဖြင့် သူတို့ရော ကိုယ်ရော စိတ် အနှောင့်အယှက် ဖြစ်ခြင်းမှ ကင်းဝေးစေနိုင်ပါသည်။
FaceBook မှာ ကြုံရတဲ့ ပြဿနာနဲ့ ပတ်သက်ပြီး ပြောထားတဲ့ podcast ကိုအောက်က link မှာ နားထောင်ကြည့်ပါ။
http://soundcloud.com/myanmarnetwork/facebook-issues-by-daw-haymar
FaceBook တွင်ရှိသင့်သည် ထင်သော ယဉ်ကျေးမှုများကို စိတ်ထဲ ရှိသလို ရေးထားတာပါ။ လိုအပ်တာတွေ တွေ့ရင် ဖြည့်စွက်ပြင်ဆင်ပေးကြပါ။
ခင်မင်စွာဖြင့်
သီဟသစ်
4 comments:
ဟုတ် ကျေးဇူး။လိုက်နာနိုင်အောင်ကြိုးစားပါ့မယ်။
ကျောက်ခဲပေါ်လာပြီ..
ပြောချင်တာ အရင်ပြောလိုက်ပြန်ပြီ ..။
ဟီး
ဟုတ်တယ်။ တချို့တွေကို မြင်နေရတာကို မကောင်းဘူး။
အင်း နိုင်ငံခြားသားတွေကို ဂရုဖွဲ့ဖို့လိုသွားတယ်။အနော်ကအာပေါင်ရင်းသန်သန်နဲ့မြန်မာလိုပြောရေးနေခဲ့တော့သူတို့ခမျာအတုံးတုံးတွေကြည့်ပြီးတော်တော်စိတ်ညစ်ခဲ့မှာပဲ :D
Post a Comment