Saturday, February 28, 2009

ဖြတ်သန်းခဲ့သော အချစ်သီချင်းများ

ကျွန်တော် သီချင်းတွေ စအော်ဆိုတတ်တာ ၄ တန်းလောက်ကပေါ့။ အဓိပ္ပါယ် သေချာလည်း မသိအော်ဆိုခဲ့တာက ကိုလွှမ်းမိုးရဲ့ “မှန်ရာကို သစ္စာဆိုပါမည် ဘုရားသခင်ထံ တိုင်တည်ဖူးပါသည်” ဆိုတဲ့သီချင်းပေါ့။

ဒီလိုနဲ့ ကိုးတန်းနှစ်ရောက်တော့ အတန်းထဲက ကောင်မလေးကို စာပေးပြီးပြန်လာတော့ ဆိုတာက မင်းမင်းလတ်သီချင်းကို ဇော်ဝင်းထွဋ်ပြန်ဆိုထားတဲ့ “ယုဇနပင်နဲ့ ဖဲကြိုးဝါ” သီချင်းလေ။ “ကိုပေးခဲ့သော စာရရင် ဘယ်လိုဖြေမယ် ကိုမသိဘူး” ဆိုတဲ့စာသားပါတယ်။

၁၀ တန်းရောက်တော့ အီစီကလီရိုက်နေတဲ့ကောင်မလေးက တခြားဘဲကို ရွေးသွားတော့ ရင်နာနာနဲ့ ဆိုမိတဲ့သီချင်းက ဘိုဘိုရဲ့ “နောက်ကျောကို ဓါးနဲ့ ငါမသိအောင်ထိုးသလား ဇာတ်လမ်းကိုဖြတ်ချင်ခဲ့ရင် အရှင်းဆုံးပြောပါ” ဆိုတဲ့သီချင်းပေါ့။

၁၀ တန်းအောင်ပြီးတဲ့ အချိန်မမကြီးတစ်ယောက်ကို ကြိုက်မိတော့ ထုံးစံ အတိုင်း “မ ကျွန်တော့ဘ၀လေးဟာ မလက်ထဲမှာပဲ” ဆိုတဲ့ အဲလက်စ် သီချင်းပေါ့။

ကွန်ပြူတာ တက္ကသိုလ်စတက်တော့ ပထမနှစ်မှာဆိုခဲ့ရတဲ့ သီချင်းက လေးလေးဝါးရဲ့ တိတ်တိတ်ကလေး ကြေကွဲပေါ့။

လက်တွဲဖော် ချစ်သူလေးဆီက အဖြေရလာတော့ အေးချမ်းမေရဲ့ “ပျော်ရွှင်ခြင်းနိုင်ငံ” ပေါ့။
သူနဲ့ ခနအဆင်မပြေဖြစ်တုံး ဆိုခဲ့ရတာကတော့ ကိုမျိုးကျော့ရဲ့ “မင်းအတွက် စကားလုံးလေးတွေ မင်းအကြောင်းရေးတဲ့ သီချင်းတွေ ……..” ဆိုတဲ့သီချင်းပေါ့။

သူကို ဘ၀ထဲဝင်လာဖို့ ဆိုဖြစ်ခဲ့တဲ့ သီချင်းက ကိုလေးဖြူရဲ့ “ခရီးများအဆုံးထိရှာ” ဆိုတဲ့သီချင်းပေါ့။

ခုလား ခုဘာသီချင်းတွေဆိုနေလဲဆိုတော့ ကိုညီလင်းဆက်ရဲ့ “ကျောင်းတော်သို့ အလွမ်း” သီချင်းလေးလေ။

သီချင်းလေးတွေ ပို့စ်ပေါ်တင်တာ လေ့လာနေတုန်းဖြစ်တာရယ်၊ မရှာဖြစ်တာရယ်ကြောင့် မထည့်ပေးလိုက်ပါဘူး။

ဘ၀ထဲက အားတက်စရာ သီချင်းလေးတွေ အကြောင်းလည်း ရေးပါအုံးမယ်။

3 comments:

khin oo may said...

ကောင်းပါတယ် ။ သုနှင်းဆီနဲ့မိတ်ဆက်ပေးရဦးမယ။် သိချင်းကြိုက်သူချင်း။ ဒါပေမဲ့ အခု သူနဲနဲ အလုပ်များနေတယ်။

http://thu-hninsee.blogspot.com/

Anonymous said...

ခရီးများဆုံးထိလျှောက်ပါဗျ..
အပေါ်က ဂျီးဒေါ်မေမေ ညွှန်းလို့လာကြည့်ကြည့်တာ.. သီချင်းတွေတော်တော်စုံသွားတယ်.. ဒါပေမယ့် အနော်တို့ပိစိကွေးလေးတုန်းက သီချင်းတွေဖြစ်နေတယ်.. :D

သီဟသစ် said...

ဟုတ်မှာပေါ့ ညီရ
ခေတ်က မတူတော့ဘူးလေ။ ညီလေးတို့ အတွက်တော့ Oldies ကြီးတွေဖြစ်သွားပြီပေါ့။