Wednesday, November 11, 2009

ချစ်သူသိလား ရှေးရေစက်တွေ ဘယ်သူဖျက်ဖျက် မပျက်နိုင်ပေ အပိုင်း (၁)

၁၉၉၃ ဇွန်လ
အမှတ်(၁၆) အထက်တန်းကျောင်း
၆ တန်း စာသင်ခန်း

စာသင်နှစ်အသစ်စတာ သိပ်မကြာသေးချိန်ဖြစ်သည်။ ကျောင်းတက်ခါစ ဆရာမ မလာသေးသမို့ ထုံးစံအတိုင်း အနည်းငယ် ဆူညံနေသည်။ ဂျစ်ကန်ကန်ကောင်လေး တစ်ယောက် လောလော လောလောနဲ့ ရောက်လာပြီး မျက်မှန်နဲ့ စာဂျပိုးပုံ ပေါက်သော ကောင်လေး ဘေးမှာ ဝင်ထိုင်လိုက်သည်။ ဆရာမ အတန်းထဲသို့ ဝင်လာသည်။

“မင်္ဂလာပါ ဆရာမ”
“မင်္ဂလာပါ တပည့်တို့”
“မနေ့က ကျက်ခိုင်းခဲ့တဲ့ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း အကြောင်း ဘယ်သူ ပြန်ပြောနိုင်မလဲ”

ကျောင်းသားများ တစ်ယောက်တစ်ပေါက် ဝိုင်းဖြေကြသည်။

“ကျွန်တော်ပြောမယ်”
“ကျွန်မ ပြောမယ်”
“ကဲကဲ ဘိုဘို၊ ထစမ်း၊ ဗိုလ်ချုပ်က တို့ဗမာ အစည်းအရုံးကို ဘယ်ခုနှစ်မှာ စဝင်ခဲ့သလဲ”

ဂျစ်ကန်ကန်ပုံစံနှင့် ဘိုဘိုတစ်ယောက် ထဖြေသည်။
“ဗိုလ်ချုပ်က...၊ ဗိုလ်ချုပ်က.”

ဘေးက စာဂျပိုးလေး ရဲထွဋ်ဦး မနေနိုင်တော့။ တိုးတိုးလေးထောက်ပေးသည်။
“၁၉၃၈ အောက်တိုဘာ”

ဘိုဘိုတစ်ယောက် ဆရာကြီး စတိုင်လ်ဖြင့် ဆရာမကို ပြန်ဖြေသည်။
“ဗိုလ်ချုပ်က တို့ဗမာ အစည်းအရုံးကို ၁၉၃၈ အောက်တိုဘာမှာ စဝင်ခဲ့ပါတယ် ဆရာမ”
“အမယ်၊ စာထောက်ပေးတဲ့ကောင် ရဲထွဋ်ဦး၊ ဖြေတဲ့ကောင် ဘိုဘို နှစ်ကောင်လုံး အခန်းရှေ့ထွက် ထိုင်ထလုပ်ကြစမ်း”

ထမင်းစားကျောင်းဆင်းချိန်မှာတော့ ကျောင်းသား နှစ်ယောက်သား ရင်းနှီးမှုရသွားကြသည်။
“မင်းနာမည် ဘယ်လိုခေါ်သလဲ”
“ရဲထွဋ်ဦးကွ၊ မင်းကရော”
“ဘိုဘိုလေ၊ ဒါနဲ့မင်းဘယ်ကပြောင်းလာတာလဲ”
“ရွာကပဲ မှတ်ထားလိုက်ပါကွာ၊မင်းကရော”
“ရွာသားလေးပေါ့၊ ငါက မိုးကုတ်က ပြောင်းလာတာကွ”

သူငယ်ချင်းနှစ်ယောက်က ဝါသနာလည်းတူသည်။ ကျောင်းပိတ်ရက်များတွင် စက်ဘီးကိုယ်စီဖြင့် ရေတံခွန်တောင်ဘက်သွားကြသည်။ လမ်းဘေးက လယ်ကွင်းတွေနားမှာ စွန်တွေလွှတ်ကြသည်။
.
.
.
ဒီလိုနဲ့ သူငယ်ချင်း ၂ ယောက်အတူတူ ၁၀ တန်းအောင်ပြီး မန္တလေးကွန်ပြူတာ တက္ကသိုလ်သို့ တက်ကြသည်။ ကျောင်းမှာက သူငယ်ချင်းအသစ်တွေ ထပ်ရကြသည်။ ခပ်တည်တည် မနေတတ်သော သီဟသစ်၊ ကိုကိုကြီး(ခ)ပုလုလွေးပိုးဟပ်လေး ဖိုးသင်္ကြန်တို့ ဖြစ်ကြသည်။ သူတို့ရဲ့ ကျောင်းသားဘဝလေးက ပုံမှန်အတိုင်း အေးအေးဆေးဆေးလေး ပြီးသွားမယ်လို့ ထင်ရသည်။




တစ်နေ့တော့..
အဲဒီတစ်နေ့မှာ မန္တလေးကွန်ပြူတာ တက္ကသိုလ်ကို ကျောင်းသူ အသစ်တစ်ယောက်ရောက်လာသည်။ ပုံမှန်ဆိုရင်တော့ မထူးခြားလှပေမယ့် ပြောင်းလာတာက ကော်ဖီခြံပိုင်ရှင်၊ နာမည်ကြီး Instant Coffee လုပ်ငန်းများ ပိုင်ရှင် သူဌေးကြီး၏ သမီး အလှပဂေးလေး ကောင်းကင်ပြာဖြစ်နေတာကတော့ ထူးခြားသည်ဟု ဆိုနိုင်သည်။

ကောင်းကင်ပြာ နှင့် သူငယ်ချင်းများဖြစ်ကြသော မေလေးမိုးခါးတို့ ကင်တင်းမှ ပြန်အလာ လမ်းတွင် ဗလ အားကိုးနှင့် ကျောင်းမှာမိုက်ကယ်လုပ်နေသော ဆောင်းချမ်းမိုးတို့ အဖွဲ့ တွေ့ကြသည်။
"ဟေ့ပြာ၊ တို့နာမည် ဆောင်းပါ၊ တွေ့ရတာ ဝမ်းသာပါတယ်”

ကမ်းပေးသောလက်ကို ပြန်မနှုတ်ဆက်ပဲ ပြာပြာက
“တို့လည်းတွေ့ရတာ ဝမ်းသာပါတယ်၊ ကျောင်းတက်ချိန်နီးပြီ၊ သွားတော့မယ်”

မိုက်ကယ်ဆောင်းက တဆင့်တက်ဖို့ ကြိုးစားသည်။ ပြာပြာ့မေးလေးကို မထိတစ်ထိ လှမ်းကိုင်ပြီး
“လှလိုက်တာ ပြာရယ်”

ကောင်းကင်ပြာ သည်းမခံနိုင်တော့။ မိုက်ကယ်ဆောင်းကို ပါးရိုက်လိုက်သည်။ အဲဒီမြင်ကွင်းကို မကျေမနပ် ကြည့်နေတာက ရဲထွဋ်ဦးတို့ အဖွဲ့။ မိုက်ကယ်ဆောင်းက ပြာပြာကို လက်တုံ့ပြန်သည့် အနေဖြင့် လှမ်းဆွဲဖို့ ကြိုးစားချိန်မှာတော့ ရဲထွဋ်ဦးတစ်ယောက်ဘာမှ မမြင်တော့၊ မိုက်ကယ်ဆောင်းကို လှမ်းထိုးသည်။ မိုက်ကယ်ဆောင်း၏ သူငယ်ချင်းများဖြစ်သော တောင်ကုန်းတစ်ဖြစ်လဲ လူပျိုကြီးကိုရင်ဒဘ တို့ကလည်း ပြန်ထိုးကြသည်။

အဲဒီမှာ ဘိုဘို၊ သီဟသစ်တို့ သူငယ်ချင်းများ အဖွဲ့ ဝင်လာပြီး အပြန်အလှန် ချဲကြတော့သည်။ ဗွီဒီယိုထဲမှာလို မဟုတ်တော့ ရဲထွဋ်တို့ အဖွဲ့ မှောက်ကျန်ခဲ့သည်။ ဆရာတွေ ထွက်လာခါမှ မိုက်ကယ်ဆောင်းတို့ အဖွဲ့ ထွက်ပြေးသွားတော့သည်။ ပြာပြာ စစချင်းပြေးထူတာက ဘိုဘို့ကို ဖြစ်သည်။

“ဘယ်နားထိသွားလဲ၊ နာသွားလားဟင်၊ တို့နာမည်ပြာပါ”
“နည်းနည်းပါးပါးပါ၊ တို့နာမည် ဘိုပါ”

ပြာပြာ့ကို သတိလက်လွတ်ငေးနေမိတာကတော့ ရဲထွဋ်ဖြစ်သည်။

 ရန်ပွဲက အပြန် အဆောင်ခန်းထဲတွင်မတော့ သီဟသစ်က
“ရဲထွဋ်ကွာ၊ လူနောက်ပဲ၊ သူလုပ်တာနဲ့၊ တို့တော့ အီသွားပြီ”
“ဟာ၊ ကောင်မလေးက အနှောင့်အယှက်ခံနေရတာ ကူညီမှ ရမှာပေါ့ဟ၊ ငါဘာမှားသလဲ”

“မင်းကွာ၊ မနေ့တစ်နေ့ကမှ ပြောင်းလာတဲ့ ကောင်မလေးကို၊ တော်ကြာ တို့ကို မကောင်းကြံမယ့်သူဆို ဘယ့်နှယ့်လုပ်မလဲ”
“မဖြစ်နိုင်ပါဘူးကွာ၊ ပြာ့ပုံစံက အဲလိုမဟုတ်ပါဘူးကွ”

စာသင်ခန်းထဲက မေလေးတို့တစ်တွေကရော

“ပြာ၊ နင်သိပ်လှတာပဲဟယ်၊ နင့်ကြောင့် ဟိုကောင်တွေ ရန်ဖြစ်ကုန်ကြတယ်”
“အေးဟ ငါလှတာတော့ ငါသိပါတယ်၊ ရန်ဖြစ်ကုန်ကြတာတော့ မတတ်နိုင်ဘူးဟယ်။ ငါသူ့ကို ကြုံရင် နောက်တစ်ခေါက်တွေ့ချင်သေးတယ်။ ငါ့အိပ်မက်ထဲက မင်းသားလေးကို ငါတွေ့ပြီ”

“ဘယ်သူတုန်းဟဲ့”
“ဘိုပေါ့ဟယ်”

မိုးခါးက.
“ပြာ၊ နင်သွား မလုပ်နဲ့ ၊ ဘို့မှာ ပန်းပွင့်တွေ အများကြီးဟ၊ ပြီးတော့ သူ့မှာလည်း ရည်းစားရှိတယ်၊ တခြားလူ စဉ်းစားပါဟာ”
“အို..ယူသိထားဖို့က ပြာလိုချင်ရင် ပြာရရမယ်၊ ပြာမရရင် ပြာဖြစ်သွားမယ်”

မေလေးနှင့် မိုးခါးတို့ နှစ်ယောက်သား ပခုံးတွန့်ကြရုံကလွဲပြီး ဘာမှဆက်ပြောစရာ မရှိတော့။ ပြာပြာက ကျောပိုးအိတ်ထဲမှ mp3 player လေးကိုထုတ် Recording ခလုပ်ကိုနှိပ်ပြီး

“ချစ်စရာနေ့လေးတစ်နေ့၊ ငါ့အိပ်မက်ထဲက မင်းသားလေးကို တွေ့ပြီ၊ သူ့အချစ်ကို ရဖို့ ကြိုးစားတော့မည်”

ဆက်ရန်...

ခင်မင်စွာဖြင့်
သီဟသစ်

P.S
၁)စစချင်း ကြိုးစားရေးမိသော ဇာတ်လမ်းဖြစ်ပါသည်။ ဇာတ်လမ်းရှည်ပါမည်။ လိုနေတဲ့ အချက်တွေရှိရင် အားမနာပဲ ဝေဖန်ထောက်ပြပေးကြပါရန်။

၂)ညီအစ်ကို မောင်နှမများ နာမည်ကို ခွင့်မတောင်းပဲယူသုံးထားပါသည်။ ဇာတ်ကောင်တွေ များသမို့ နောက်လူတွေလည်း ပါလာမည်။ မကျေနပ်ရင် မုန့်ကျွေးနိုင်ပါသည်။

41 comments:

ဖိုးသင်္ကြန် said...

ဟိုက်ရှားဘား...
ဇာတ်လမ်းထဲ ထည့်သပေါ့လေ။
နောက်တပိုင်းကျရင် ဆောင်းဆောင်းချိုစောင်းလေးကို ခွေးခြေနဲ့ တီးလိုက်တာ ထည့်ပေးပါလားဟင်

ပိုးဟပ်

မေဇင် said...

ပြာလိုချင်ရင် ပြာရရမယ်...မရရင် ပြာ ဖြစ်သွားမယ်... ပြာ့ နာမည်ကို ပြာ့ ဆီမှာ ခွင့်မတောင်းပဲ တ ပြာ ပြာ နဲ့ ထည့်တယ်... နောက်တစ်ခါဆိုရင် ပြာဖြစ်သွားမယ်...။း)))

နောက်တာ...ပြာ့ အစား...

kaungkinpyar said...

ဟယ် စာဖတ်ပြီး ရီနေတာနဲ့ ၁ လဲ မရ ၂ လဲ မရ.....အို..ယူသိထားဖို့က ပြာလိုချင်ရင် ပြာရရမယ်၊ ပြာမရရင် ပြာဖြစ်သွားမယ်”
သဘောပေါက်တယ် နော်....ဟိဟိဟိ

ပြာ

လူပျိုကြီး said...

ကျွန်တော့်ကို လူရိုက်တဲ့အခန်းက ထည့်ဗျာ လူရိုက်ရပြီးတာပဲ ဘာဖြစ်ဖြစ်အရေးမကြီးဘူး :P

Anonymous said...

ခွီး . . . အကောင်းမှတ်နေတာ ပြာလိုက်မှပဲ မထိန်းနိုင်အောင်ကို အောင်ရယ်မိလိုက်ပါသည်............. ခွိခွိ

---------------
ခင်မင်စွာဖြင့်
နွယ်ရိုး
Www.Blog.NweYoe.Net

Anonymous said...

ဟဟဟ လန်းတယ် ဦးသီဟ အဟက်...

ပြာမရရင် ပြာဖြစ်သွားမယ်.. ကြောက်လှပါဘိ

ခင်မင်လျှက်
အဆိပ်ခွက်

ကြည်ဖြူပိုင် said...

မင်းသားဘိုဘိုမင်းသမီးပြာပြာ
ကာရန်မိတယ်နော်
သိပ်ကောင်းတယ်
ဇာတ်လမ်းလေးချိတ်ထားတာလေးကိုစိတ်ဝင်စားတယ်
တော်တဲ့ကိုသီဟ

မနှင်းဆီဖြူကိုလည်းထည့်ဦးနော်။.ပြီးရင်စုဖတ်မှာ

Sein Lyan Tun said...

မိုက်တယ်....


ရေလည်လန်းတယ်... ကိုကိုသစ်

ဘိုပြာ ဇာတ်လမ်းလေး.....

တားတားမပါတေးဘူးနော်...

တားတားမပါလို့ကတော့ တားတားသောင်းကျန်းမှာဖဲ...

ဒါဗြဲ...

တားတားက ဘို ပြာ တို့ ရဲ့ ကလေး ဘိုပြာစိန်လေးလုပ်ပါရစေ

ဟိဟိ တားတားကို ရုပ်ချောသဘောကောင်းတဲ့နေရာမှာထားနော်..


ကြိုက်တယ် အကိုရေးး ဇာတ်လမ်းကမိုက်တယ်ဗျာ

မျှော်နေမယ်..


ချစ်ခင်လေးစားစွာဖြင့်

ဖိုးစိန်

ဆောင်းချမ်းမိုး said...

အမ်.. ခံလိုက်ရပြီဟ.. ဒီတစ်ခါတော့..
အမလေး..တော်သေးတာပေါ့.. လူကြမ်းမို့လို့..
အား... ပါးရိုက်ခံလိုက်ရသေးတယ်..
အဟေးဟေး... တီးလိုက်ရတယ်ကွ...
အို.. ဘာပဲဖြစ်ဖြစ် .. မိုက်ကယ်လုပ်လိုက်ရရင်ပဲ ကျေနပ်ပါပီ..
အင်း.. နောက်တခန်းကျရင်တော့ ခံရတော့မယ်ထင်ပါရဲ့..
ခေါ်တော့ဘူး ..တိုင်မှာပဲ..တိုင်မှာ.. မမနှင်းဆီဖြူလာရင် တိုင်မှာ..

littlebrook said...

အကိုရေ ဇာတ်ကောင်တွေ လှုပ်ရှားတာ သိပ်မြန်နေတယ်ထင်တာပဲ... ကျွန်တော့် အထင်ပါး)
အပိုင်း (၂) (၃)များ မျှော်နေပါ့မယ်။

thetpaingthu said...

ဥိးသစ်...
ဘိုဘိုက ရည်းစားတွေများတော့..
ဘိုဘိုပထမရည်းစားက ဘူလေးတုန်း..
အမှန်လေး မြရေလျဉ်လား
ဟီး ဟိ...
(မွှေသွား၏)

Libratun said...

:)
ဇာတ်ဆရာ အလိုကျပါဗျာ။

:P

ZT said...

မမပြာနှင့် ချစ်ခြင်း၏ ပေါ့ဇတစ်များလို့ နာမည်ပေးပါ့လား။ :D

. said...

၁၆ကျောင်းဆိုလို့ ...
၁၆မှာ ဒေါ်စောကြင်အုံးလက်ထက်၊ ၉၂-၉၃ မှာ ၈တန်း။

ရေတမာ said...

ဒါရိုးရိုးဇာတ်လမ်းတော့ မဖြစ်နိုင်ဘူး။ ကွန်ပူတာ ကျောင်းမှာဆိုတော့ အကိုနဲ့ အမတို့ဇာတ်လမ်းလား မသိဘူး။ "ပြာရေ ပြာတွေ မီးပုံထဲက ပြာတွေ" ပြာပြာ ပြာလိုချင်နေတာ နေ့လည်က ဆံပင်ဖြူနှုတ်ဖို့တဲ့။ အားကီးကောင်းတယ်။ ဆက်ရေး အကို

မိုးခါး said...

ဟီးဟီး
ရီနေရတယ်
မမပြာကို နောက်တယောက် ဘူဒူပိုးဦးမှာလဲ
ကိုရွာသားကို မေ့မထားနဲ့နော် .. :P

purplemay said...

အားပါး...ရေလည်မိုက်တယ်ဗျို့...ဇာတ်လမ်းကလည်း သွက်ပါ့..။
နာမည်တွေကို အခိုက်ဆုံးပဲ...ခစ်ခစ်...။
ဘာတဲ့ ....ပြာလိုချင်ရင် ပြာရရမယ်...မရရင် ပြာ ဖြစ်သွားမယ်... ကောင်းချက်...

ဒဏ္ဍာရီ said...

ဖတ်တော့သွားတယ် ကိုသီဟသစ် .. ဘယ်သူတွေလဲတော့ သိမ်မသိတော့ ဇတ်ရည်မလယ်သေးဘူး။ စလာထဲက မင်းသမီးကြောင့် ရန်ဖြစ်ကြပြီ.... ဘာတွေဆက်လာမလဲ မသိဘူး... ဆက်ရန်မျှော်နေတယ်...။

ခင်မင်လေးစားလျှက်

ဏီ(န်)ကင်း said...

“အို..ယူသိထားဖို့က ပြာလိုချင်ရင် ပြာရရမယ်၊ ပြာမရရင် ပြာဖြစ်သွားမယ်”

မိုက်တယ်ဗျ.အဲဒိအဖွဲ့လေးကိုကြိုက်တယ်...ဇာတ်ကောင်တွေအများကြီးပါမှလားဗျ။အကိုဒီလိုရေးတော့လဲသွက်သားပဲ ဗျ။ဆက်ဆောင့်...အဲလေ..ဆက်စောင့်နေမယ်ဗျာ" လူလိုရင်ပြောနော်....ဟဲဟဲ

ဏီ(န်)ကင်း

Mogok Thar said...

“ကိုဘိုကို မင်းသားလုပ်ထားတယ်။ ကျွန်တော့ဘလော့မှာ”

ဆိုလို့ ရင်တထိတ်ထိတ်နဲ့ လာ ဖတ်ရတယ်။ ဘာများ ကျီစယ်ထားလေသလဲဆို။

ဖတ်တော့မှ ကျောင်းတော်က ဇာတ်လမ်းတစ်ပုဒ်ကို ရင်ဘတ်ကြီးနဲ့ ရေးထားတာကိုး။

ဇာတ်လမ်းက ရှည်ပါမည်ဆိုတော့ ပိုဟပ်လေးလို ရေးရမှာ ပျင်းလို့ ဆိုပီး ဆန့်ငင်ဆန့်ငင်၊ တန်းလန်းကြီး မထားခဲ့နဲ့။
ကျန်တဲ့ အပိုင်း ၂၊ ၃၊ ၄၊ ၅... ရေးသမျှ အပိုင်းတွေကို ဆက်စောင့်ဖတ်နေမယ်။ ဒီ ညီအကို၊ မောင်နှမတွေ အကုန်သာ ပါအောင် ထည့်ရေးပါ။

“အို..ယူသိထားဖို့က ပြာလိုချင်ရင် ပြာရရမယ်၊ ပြာမရရင် ပြာဖြစ်သွားမယ်”
တဲ့။ အင်းး... ရဲထွဋ်ဦး တစ်ယောက် အသည်းမကွဲရပါစေနဲ့လေ။ သူက အချစ်လဲကြီး၊ သစ္စာလဲ ကြီးတယ်။

ဇာတ်ဆရာအလိုကျ ကျွန်တော်တို့ ကပြရမှာပေါ့လေ။

ချစ်ခင်လျက်

ဘိုဘို

နန်းညီ said...

လင့်ခ်တွေထည့်ပေးဗျာ

တလနွန် said...

ပြာလိုဆိုရင် ပြာရရမယ် ပြာမရရင် ပြာဖြစ်သွားမယ် :D

ရှယ်မိုက်တယ် :P

ဆက်လက်အားပေးလျက်
တလနွန်

tg.nwai said...

ကိုသီဟလက်စွမ်းတွေ ပြနေတာလား..တယ်ကောင်းတာပဲ...ဇာတ်လေးက သွက်တယ်..မသိပါဘူး..ခြောက်တန်းကတည်းက ရည်းစားထားဖို့များ ကြံစည်နေတာလားလို့..တော်သေးရဲ့...ကိုသီဟကတော့ ဇာတ်ရံပဲလား..ပြာမရရင် ပြာဖြစ်သွားမယ်တဲ့..ကြောက်စရာကြီး..မြန်မြန် ဆက်ရေးနော်...ဘိုဘို ပြာဖြစ်သွားသလားလို့...:)

နွေးနေခြည် said...

အပိုင်း ၁ ကတော့ မင်းသမီးဇာတ်ပဲ

ဗလအားကိုးတဲ့ မိုက်ကယ်ဆောင်းကိုလည်း မျက်လုံးထဲ ကွင်းကွင်းကွက်ကွက် မြင်ရောင်မိတယ်။

ပြာလိုချင်ရင် ပြာရရမယ် (စလုံးမှာ ပြာရှားနေတာနဲ့ အတော်ပဲ)

နွေးနေခြည် said...

ဒါဖတ်ရင်း နေအောင်တို့ ခင်သန်းနုတို့ကို ကျောင်းသားကျောင်းသူ အခန်းရိုက်ချင်လို့ အတင်း အဖြူအစိမ်း ၀တ်ခိုင်းထားသလို ခံစားရတယ် :P
(ဦးဘိုနဲ့ မမပြာ လက်ဖက်ရည် တိုက်မယ်နော် ချိတ်ချိုးနဲ့) ဟိ :D

Anonymous said...

ကျောင်းအုပ်ဆရာမကြီးနေရာကို ဒေါ်ခင်ဦးမေကိုပေးပါရန်။
း)
mm

ပုံ့မေ said...

အဟမ်း... ကိုဆောင်းချမ်းမိုး....ဗလအားကိုးနဲ့ တီးထဲ့လိုက်တာ တော်တော် အီသွားကြလားငှင်....

သနားပါတယ်.......

:D

ကိုဆောင်းချမ်းမိုး စိတ်ရှိုးနဲ့ ...

မမပြာ ဆက်လုပ်.... ဟီးးး ပြာဖြစ်သွားကြပစေ :P

Htoo Aung Lwin said...

လောကကြီးကို ဒွတ်က္ခလိုက်ပေးတော့မယ်ပေါ့။

ခရေညို said...

ကိုသီဟ ရေမိုက်တယ်
"အို..ယူသိထားဖို့က ပြာလိုချင်ရင် ပြာရရမယ်၊ ပြာမရရင် ပြာဖြစ်သွားမယ်”
ဒီအပိုဒ်ကို အခေါက်ခေါက်အခါခါ ပြန်ဖတ်မိတယ်

မင်္ဂလာပါ .... said...

အစ်ကို သီဟသစ်ရေ...
ရုပ်တည်ကြီးနဲ့ နောက်တက်တယ်နော်
နှင်းက တစ်ကယ်ထင်နေလို့ စိတ်ဝင်တစားဖတ်နေတာ
ပြီးတော့လဲ ဘလော့ဂါတွေနံမည်ပါလာတော့
မန္တလေး ကွန်ပြုတာတက္ကသိုလ်မှာအတူတူဆိုတော့
အံသြသွားလိုက်ရတာ ဖတ်နေရင်းနဲ့မှ သဘောပေါက်ပြီး သေအောင်ရယ်လိုက်ရတာ.... နာ့နယ်နော်
ပြာပြာရဲ့ သရုပ်ကိုပေါ်လွင်အောင်ရေးထားတာမိုက်တယ်
ဇာတ်လမ်းတွဲမျှော်နေတယ်နော် အစ်ကို သီဟးD
ညီမလေး နှင်းဟေမာ

စည်သူ said...

ဟား.ဟား.ဟား.ဟား

ထောက်ခံတယ် ကိုသီဟသစ်ရေ..
ဆက်မယ်နော်..

စိတ်ဝင်စားသွားပြီး..း)
ကိုဆောင်းက ဗလအားကိုးတာပေါ့လေ..းP

ပြာလိုချင်ရင် ပြာရမယ် ပြာမရရင် ပြာဖြစ်သွားမယ် ပြာတိပြာယာတော့ လာမလုပ်နဲ့ ပြာပြာအကြောင်း သိသွားမယ် ဘာမှတ်နေလဲ.. အဟီ..း)

ပျော်ရွှင်ပါစေ
ကိုသီဟသစ်ရေ့

မေသစ္စာမောင် said...

အပိုင်း (၂) ဖတ်ပြီးတော့မှ အပိုင်း(၁)ပြန်လာဖတ်သွားပါတယ် ကိုသီဟသစ်ရေ..။

အဲဒါ ဘယ်သူ့ဇာတ်လမ်းအမှန်တွေလည်းဟင်....:))

မိုးထက်အိမ် said...

ပြာလိုချင်ရင် ပြာရရမယ်...မရရင် ပြာ ဖြစ်သွားမယ်... :P :P :P

ကိုရင်နော်ခင်လေးငယ် said...

ဇာတ်လမ်း ကောင်းပဲဗျ...
သဘောတကျကျနဲ့ ပြုံးပြီး ဖတ်နေတာ..း)

အပိုင်း (၂) ဆက်ဖတ်ပြီဗျာ..း))

ခင်မင်လေးစားချစ်ခြင်းအားဖြင့်
ကိုရင်နော်

ဂျူနို said...

ဘုရား ဘုရား ကိုယ့်တူ အကြောင်း အရပ်က ပြောမှ သိရတယ်။

ရွာသား အဒေါ်

ဒေါ်အယ်ဇီ

Rita said...

အသစ်မရေးတာ ကြာပါပြီကောလို့ ထင်နေတာ။
ရေးမယ့်ရေးတော့လည်း အလာကြီးပါလား။
:D

Welcome said...

အပိုင်း(၂)ဖတ်ပြီးမှ (၁)ကိုဖတ်တော့ အူသွားတယ်၊ ဒါပေမယ့် (၁)ပြန်ဖတ်ပြီး (၂)ကိုဆက်တော့ ဟုတ်တယ်ဗျ

ကောင်းတယ်

Welcome said...

ဇာတ်လမ်းကောင်းလေးပါပဲ
အားပေးနေပါတယ်

မငုံ said...

တို့ မကြီးကို မင်းသမီးတင်ထားတယ်။ :)

Angel Shaper said...

ဟဟဟဟားးးးးးးးးး
တော်တော် တတ်နိုင်တဲ့ ယောက္ခမကြီးဗျာာာာာာာ
ဖတ်လို့ကောင်းလိုက်တာ။ အပိုင်း ၃ မှ ၂ မှ ၁ အဲလို လာဖတ်တာ။ တမူးထူးအောင်လို့ အဟဲ။ အပိုင်း ၄ ကစလို့ မျှော်နေပါမယ်။ မေလ်းပို့ပေးပါ။

MrDBA said...

သြော် ခုမှမြင်တယ် .. နာက မာဖီးယားကိုး