Saturday, November 21, 2009

ချစ်သူသိလား ရှေးရေစက်တွေ ဘယ်သူဖျက်ဖျက် မပျက်နိုင်ပေ - အပိုင်း (၅)

အပိုင်း ၁
အပိုင်း ၂
အပိုင်း ၃
အပိုင်း ၎

ရဲထွဋ်တစ်ယောက်ကတော့ စင်္ကာပူကို ရောက်တာ နည်းနည်းကြာလာပြီ ဖြစ်၍ နေသားကျ နေပြီဖြစ်သည်။ ကောင်းကင်ကြီးကို မော့ကြည့်မိတိုင်း ပြာပြာ့ကို သတိရသော်လည်း စိတ်နာနာနဲ့ ချစ်နေမိတယ် ဆိုတဲ့ သီချင်းလေး အတိုင်း ဖြစ်နေသည်။ “တစ်ခါ အခွန်ဆောင်ဖူး သံရုံးအကြောင်း နားလည်”၊ “ကောမန့်(သို့)စီဘောက်စ် မှန်ဖူးတဲ့ ဘလော့ဂါ” စတဲ့ စကားပုံ များလိုပဲ အချစ်ကို ကြောက်နေလေပြီ။ အလုပ်ကိစ္စဖြင့် ခရီးသွားရင်း Seattle မှာ ရောက်နေပြီ ဖြစ်သော ဘိုဘို့ ဆီ ဝင်လည်ဖြစ်တော့ ဘိုဘိုက ဒဏ်ရာဟောင်းတွေ တူးဖော်လိုက်သေးသည်။

ပြာပြာတစ်ယောက် စင်္ကာပူ သွားသောအခါ တစ်ယောက်တည်း ဖြစ်နေမှာ စိုးသဖြင့် ဦစိုင်းစိုင်း၏ တူဖြစ်သူ စင်္ကာပူကနေ ခဏပြန်လာသော  ဏီကင်း နှင့် တူတူ သွားခိုင်းလိုက်သည်။ လေယျာဉ်ပေါ်တွင် လေယျာဉ်မယ်လေးများ ဖြစ်သော ကောင်းကင်ရဲ့ သမီးပျို ဒဏ္ဍာရီနှင်းနှင့်မာယာ တို့ကို မြင်ရသော အခါ ဏီကင်းရဲ့ စိတ်တို့ လေဟုန်ကိုဆန် အဝေးဆုံးကို ပျံသွားပြီမို့ သူ့အစ်မ ပြာပြာကို ဂရုစိုက်ဖို့ သတိမရပြီ။ပြာပြာ စင်္ကာပူ စရောက်ရောက်ချင်း အိမ်ကို လွမ်းနေသော ဂျူနီယာလွင်ဦး၊ ပျော်ပျော်နေချင်တဲ့ မေခရမ်း ၊ မှားတတ်ပါတယ်လေ ဆိုတဲ့ မမီး တို့နှင့် အတူတူ နေဖြစ်သည်။

ကျောင်းမှာတုန်းက အငယ်တန်းက ကောင်မလေးဖြစ်သော နွေးနွေးသဲမွန်၏ မင်္ဂလာဆောင်တွင်ကား ကျောင်းက သူငယ်ချင်းဟောင်းတွေ တော်တော်များများ ပြန်ဆုံကြခါ Gathering ပုံစံမျိုးဖြစ်သွားလေသည်။ အငယ်တန်းက သူတွေထဲမှာ ရဲထွဋ်နှင့် တစ်ရုံးတည်းမှာ အတူတူလုပ်နေသော မြ (ခေါ်) မြရေလျဉ်၊ နောက်တီးနောက်တောက် စည်သူ၊  မွန်လေး တလနွန်၊ ကျောက်ပန်းတောင်းသားလေး ညီညီ တို့လည်း ပါလေသည်။ သူငယ်ချင်းများက ရဲထွဋ် နှင့် ပြာပြာတို့ကို စနောက်ချင် သော်လည်း သူတို့ ၂ ယောက်က ရုပ်တည်တွေ နေနေကြသဖြင့် အချင်းချင်းပဲ ကြိတ်ပြော နေကြရလေသည်။ အဲဒီမှာ သူငယ်ချင်းတွေ အားလုံး ဖုန်းနံပါတ်တွေ၊ mail address တွေ တစ်နေရာမှာ စုရေးဖြစ်သဖြင့် အားလုံးမှာ contact တွေတော့ ရသွားကြလေပြီ။

ပြာပြာက  အနည်းငယ် သွက်သည် ထင်သော မြကို သိပ်ကြည့်မရပေ။ သူ့ဘာသာသူ သွက်တာ ဆိုရင် ပြာပြာနဲ့ မဆိုင်သော်လည်း ရဲထွဋ်ဘေးမှာ သွက်နေသောကြောင့် မျက်စိထောင့်နေခြင်းဖြစ်၏။ “ပို့စ်ကမလှုပ် ကောမန့်ကလှုပ် ” ဟုထင်သည်။ မြကလည်း ရိပ်မိသည်။ တစ်နေ့ MRT ပေါ်တွင် ပြာပြာနှင့် မြ ဆုံကြသော  အခါ မြက

“ဒီမယ်၊ မမပြာ၊ နောက်ဆုတ်လိုက်ပါ”
“ဟေ့၊ နောက်မဆုတ်နိုင်ဘူး၊ ရဲထွဋ်က ငါ့အချစ်ဦး”

ပြာပြာက အနိုင်မခံချင်သော ညာဉ်ဖြင့် ပြန်ပြောလိုက်ခြင်း ဖြစ်၏။

“သမီးပြောတာ အဲဒါမဟုတ်ဘူး။ ဒီမယ် လူတွေကျပ်နေလို့ ရှေ့တို့းမရရင် တံခါးညပ်တော့မယ်။ နောက်ကို နည်းနည်းဆုတ်ခိုင်းတာ”

ပြာပြာ နည်းနည်းရှက်သွား၏။ နောက်တစ်ဘူတာအရောက် မြကို မျက်စောင်းထိုးပြီး ဆင်းသွားသည်။

မြက ရဲထွဋ်ဆီကို ဖုန်းဆက်၍ အလုပ်ကိစ္စ အကြောင်း၊ သွားစရာ နေရာတွေ အကြောင်းမေးလေ့ရှိသည်။ တစ်နေ့သောအခါ မြက ရဲထွဋ်ဆီ ဖုန်းဆက်ပြီး

“ကိုရဲ၊ သမီး တိုပါးရိုး ဘုန်းကြီးကျောင်းကို မသွားတတ်လို့ အဲဒါလိုက်ပို့ပေးအုံး”
“ဟေ၊ ထူးထူးဆန်းဆန်း၊ ဘုန်းကြီးကျောင်း ဘာသွားလုပ်မှာလဲ”

“အဲဒီမှာ ကပ္ပိယ လုပ်နေတဲ့ သမီးဘကြီး ဦးလစ်ဘရာထွန်း နဲ့ သွားတွေ့မလို့”
“အေးအေး ဒါနဲ့ Sentosa တို့၊ Palau Ubin တို့ ကိုယ့်ဘာသာကိုယ် သွားတတ်တယ်မို့လား”

“ဟုတ်၊ အဲဒါက သွားရတာ လွယ်တယ်လေ၊ လူတွေအများကြီးနောက် လိုက်သွားရုံပဲ”
“အေး အဲအတိုင်းပဲ သွားလိုက်၊ တိုးပါးရိုး ဘူတာကို သွား၊ မြန်မာစကားသံတွေ အများကြီး ကြားရတဲ့နောက်လိုက်၊ တွေ့လိမ့်မယ်၊ ငါမအားလို့ လိုက်မပို့တော့ဘူး”
“ဟွန့်”

စည်သူကလည်း ပြာပြာ့ဆီကို ဖုန်းတွေဆက်လေ့ရှိသည်။ တကယ်က စည်သူဆိုတာကလည်း ကျောင်းတုန်းက ပြာပြာကို အခါခါ ငေးခဲ့ဖူးသော သူများထဲတွင် ပါဝင်သူ တစ်ယောက် ဖြစ်သည်။ ဟေ့ ဆိုကတည်းက ရဲထွဋ်နှင့် ရည်းစားဖြစ်သွားသဖြင့် လက်လျှော့ခဲ့ခြင်း ဖြစ်သည်။

တစ်ရက်တွင်တော့ စည်သူက မွေးနေ့ အကြောင်းပြပြီး ထမင်းကျွေးဖိတ်သဖြင့် ပြာပြာနှင့် စည်သူတို့ ပင်နစူလာပလာဇာရှိ ရနံ့သစ် ထမင်းဆိုင်သို့ သွားကြသည်။ ဆိုင်ထဲ အရောက် တိုက်တိုက်ဆိုင်ဆိုင် တွေ့ရတာက ရဲထွဋ်နှင့် မြတို့ ဖြစ်နေသည်။ မြ နှင့် ပြာပြာတို့ ဟင်းသွားမှာနေခိုက် ရဲထွဋ် တစ်ယောက် စည်သူ့နားသွားပြီး

“ဟေ့ကောင် စည်သူ၊ ပြာပြာ့ကို မင်းတွဲခဲ့ဖူးတဲ့ ကောင်မလေးတွေလို သွားမလှည့်စားပါနဲ့၊ သူက အဲလိုမဟုတ်ဘူး”
“ဗျာ အဲဒါ ခင်ဗျားကိစ္စ လားဗျ”

“ပြာပြာနဲ့ ငါရဲ့ ကျောင်းတုန်းက ဇာတ်လမ်းရှိတာ မင်းမသိဘူးလား”
“တစ်ကျောင်းလုံး သိသားပဲ၊ အတိတ်က အတိတ်မှာ ကျန်ခဲ့ပြီပဲဗျ၊ စိတ်လျှော့လိုက်တော့”

ဟင်းမှာရာက ပြန်လာသော ပြာပြာ နှင့် ရဲထွဋ်တို့ မျက်လုံးချင်း ဆုံကြသော အခါ နာကြည်း ကြေကွဲသော အကြည့်များဖြင့် အပြန်အလှန်ကြည့်ကြပြီး မကြည်ပြုံးများ ပြုံးပြကြသည်။ (ဒီနေရာတွင် သူတို့မည်သို့ သရုပ်ဆောင်မည်ကို သီဟသစ် မသိချေ :P )

အိမ်ပြန်ရောက်တော့ Gtalk ပေါ်မှာ တွေ့ကြသောအခါတွင်ကား အခါတွင်ကား ပြာပြာနဲ့ ရဲထွဋ်တို့ ပေါက်ကွဲကြလေပြီ။
“ဟွန်း အလုပ်သွားတယ် ဆိုပြီး ကောင်မလေးတွေနဲ့ လျှောက်သွားနေတာ နေမှာ”
“ဟ၊ ငါတို့က Client Site ကို ကိစ္စ ရှိလို့ သွားတာ၊ အပြန် ညစာစားချိန်မို့ City Hall မှာ ထမင်းဝင်စားတာ၊ မင်းကရော ဘာကိစ္စ စည်သူနဲ့ အတူရှိနေရတာလဲ”

“သူ့မွေးနေ့ မို့လို့ ကျွေးချင်တယ် ဆိုလို့ လိုက်ကျွေးတာ၊ နေပါအုံး ကျွန်မကို ရှင်းပြနေရအောင် ရှင့်ကို ဘယ်သူမေးနေလို့လဲ”

“မင်းက ငါ့ကို မေးတာကိုး၊ မင်းကရော ဘာလို့ ရှင်းပြနေတာတုန်း”
“ရှင်ကရော ဘာလို့မေးတုန်း၊ ရှင်နဲ့ ကျွန်မ က ဘာတွေလဲ”

“ဘာမှ မဟုတ်ဘူးကွာ”
“ဟွန်း၊ ပြီးတာပဲ”

နှစ်ယောက်သား အပြိုင်အဆိုင် Invisible Mode သို့ ပြောင်းပြီး နေနေကြသည်။ တစ်ယောက်နဲ့ တစ်ယောက် ကြည့်လည်းကြည့်မရ သို့သော် တွေ့လည်းတွေ့ချင် သောကြောင့် Block လုပ်မပစ်ကြချေ။ ဒီကြားထဲ သူငယ်ချင်း သီဟသစ် ရဲ့ Gtalk Status က စာသား “The more you hate, the more you love” ကိုတွေ့ကြရသောကြောင့် မဲ့ပြုံးပြကြရသေးသည်။

နှစ်ယောက်သား ချစ်ခဲ့ဖူးကြသော်လည်း စိတ်နာနာဖြင့် ခွဲခဲ့ကြသော ချစ်သူ ၂ ယောက်အဖို့ ပြန်ပေါင်းထုပ်ရန် ကိစ္စမှာ ထင်သလောက် မလွယ်ချေ။ ရဲထွဋ်တစ်ယောက် မြရဲ့ နှောင်ဖွဲ့မှုက ရုန်းထွက် နိုင်မှာလား၊ ပြာပြာတစ်ယောက်ကရော စည်သူရဲ့ ဗျူဟာတွေထဲနေ လွတ်မြောက်နိုင်မှာလား ဆိုတာတော့ သူတို့ကိုယ်တိုင်ပဲ သိကြပါလိမ့်မည်။


ခင်မင်စွာဖြင့်
သီဟသစ်

P.S နောက်တစ်ပိုင်းဆိုရင် ဇာတ်သိမ်းမည် စိတ်ကူးထားပါသည်။ ညီအစ်ကို မောင်နှမ အားလုံးကို နာမည်တွေ သုံးခွင့်ပေးလို့ ကျေးဇူးတင်ပါသည်။

34 comments:

Ree Noe Mann said...

ကောင်းနေပြီနော်

မြရေ သွားမရှုပ်နဲ့လို့ပဲ ပြောချင်တော့တယ်။

ခင်တဲ့ ရီနို

သက်ပိုင်သူ said...

ဒီကလည်း ဇာတ်သိမ်းပိုင်းကို ထိုင်စောင့်နေတာ
နာနာကျည်းကျည်း သိမ်းနော်..း)

လူပျိုကြီး said...

အင်း.... တံခါးညပ်မယ် တံခါးညပ်မည် :D

Rita said...

စကားပုံတွေ မိုက်တယ်။
ပို့စ်ကမလှုပ် ကွန်မန့်ကလှုပ်ဆိုရင် ပိုမိုက်မလားမသိ။
ဝင်ရှည်ကြည့်တာ။
တချို့ ကွန်မန့်တွေက ပိုလှုပ်တယ်လေ။

လင်းဒီပ said...

အဆင်ပြေကြပါစေ...။:P

Mogok Thar said...

မြက ရိုးသားခင်မင်တတ်တဲ့ ချစ်ဖွယ်ရာ ကောင်မလေးပါ။

ပြာ နဲ့ ရဲထွတ်ကလဲ နှစ်ယောက်လုံး မာန ခဲတွေဆိုတော့ ပင်ပန်းနေရရှာတယ်။
“..”စီသူတစ်ယောက်လဲ ပြာ့ကို စီဖို့ လမ်းစ ရှာရပါ့မလား။

ဘိုကတော့ ဆီရေးတဲမှာ တစ်ကိုယ်တည်း လွတ်လွတ်ကျွတ်ကျွတ်... ငြိမ်းချမ်းလို့။

ဇတ်ညွှန်းရေးဆရာ တော်ပုံများ..
တပြုံးပြုံးနဲ့ ဖတ်သွားရတယ်

MrDBA said...

ငတို့က ဘယ်အခန်းက ပါရမှာလဲဝေ့

သီဟသစ် said...

>>Rita

ရီတာပြောတာ ပိုဖြစ်နိုင်လို့ စာသား change လိုက်ပြီ..

ပို့စ်ကမလှုပ် ကောမန့်ကလှုပ်

ဆိုတာ..

Thanks..

Sein Lyan Tun said...

တားတားလဲ မေ့ပြာ ဗိုက်ထဲ စောင့်ရတာမောလှပေါ့ကွယ်...


ရက်စက်ပေ့ ဦးသစ်ရယ်....


တားတားထွက်ခွင့်ပါမစ်ကို အပြီးပိတ်လိုက်တာလာဟင်...


း)))

ချစ်ခင်လေးစားစွာဖြင့်

ဖိုးစိန်

ကောင်းကင်ပြာ said...

အင်း ရုံးသွားတယ် ရုံးသွားတယ်ဆိုပြီး စပျစ်သီးလေးတွေ ချဉ်တယ် လုပ်နေတာ နေမှာ.....:P

ပြာ

ဆောင်းချမ်းမိုး said...

စကားလုံးတွေ အရမ်းပြောင်မြောက်နေတယ် .. ။
ဒါ့ကြောင်လဲ ... ရတာကိုး။

ဒီဝတ္ထုကို ၀ယ်လိုက်ပြီနော်.. ။ ဒီဘလော့ဂါတွေနဲ့ပဲ ရုပ်ရှင်ရိုက်မယ် .. ။

မသိမ်းသေးနဲ့အုံး အပိုင်း ၂၂၈၉ ထိရေးအုံးဗျ။

နှစ်ဖက်သောမိဘများအားအမှူးထား၍
သစ္စာ၊ မေတ္တာ
ဆောင်းချမ်းမိုး

ဆောင်းနှင်းရွက် said...

ကဲ
ကဲ
ဘယ်လို ဇာတ်သိမ်း မှာလဲ ..
နောက်ဆုံး မှာ မင်္ဂလာဆောင်မယ်ဆိုရင်
ပန်းကျဲ ဖို့
စင်္ကာပူ အထိ
ညီမ ဖြစ်သူက လိုက်မှာနော် ...

နှင်းနဲ့မာယာ said...

ကိုသီဟရေ
ဇာတ်သိမ်းမှာ မပေါင်းနဲ့နော်...
အဟိ
ကိုရီးယားကားတွေလို ဇာတ်နာအောင်ရေး..
မင်းသမီးကို နှပ်တွေ မျက်ရည်တွေ ထွက်တဲ့အထိ ငိုခိုင်း
မျက်လုံးက Mascara မည်းမည်းတွေ စီးကျတဲ့အထိ ငိုခိုင်း...
မင်းသားကိုလဲ နံရံကို လက်သီးနဲ့ထိုးခိုင်း
လမ်းမပေါ်က ဘီယာဘူးခွံကို ပိတ်ကန်ခိုင်း နောက်ဆုံးမှာ တံတားပေါ်က ခုန်ချခိုင်းလိုက်းးး))

နှင်း

ကိုလူထွေး said...

ကောင်းတယ်....
အပိုင်းတိုင်း ရယ်ရတယ်...
ဇာတ်ကိုဘယ်လိုသိမ်းမလဲ...

းဝ)

ကြည်ဖြူပိုင် said...

သဘောကျတယ်
ကိုသီဟရေ
သုံးသွားတဲ့စကားလုံးတိုင်းကလဲကောင်းတယ်
ဇ၀နဥာဏ်ရွှင်တယ်လို့ပဲပြောရမှာပေါ့နော်
အကြွေးထားပြီးဖတ်မယ်စိတ်ကူးပေမယ့်
အမြဲတမ်းပဲဖတ်နေမိတယ်
(မတော်လိုက်ရတဲ့ယောက္ခမကြီး စာရေးကောင်းလို့)
:D

ကြိုးမဲ့စွန် said...

ကိုသီဟရေ
ဇာတ်သိမ်းတော့မှာလားဗျ
ကျွန်တော်က အရှည်ကြီးဆက်လာမယ်မျှော်လင့်ထားတာ
တော်တယ်ဗျာ
ဘလော့ဂါတွေစုံစုံလင်လင်လဲမြင်ရတယ်
တကယ်ဝတ္ထုထုတ်သင့်တယ်ဗျ
စာသားလေးတွေကြိုက်တယ်
ကျွန်တော့ဘလော့ဂ်ကိုလာလည်တာလဲကျေးဇူးဗျ

စည်သူ said...

ဒီမှာ မမပြာ နောက်ဆုတ်လိုက်ပါ..
နောက်မဆုတ်နိုင်ဘူး ရဲထွဋ်က ငါ့အချစ်ဦး.. ခိခိခိ..

တစ်ဖက်သူက စေတနာနဲ့ ပြောတာကို.. ဖုံးဖိမရဖြစ်ရတယ်လို့.. ခွီးခွီးခွီး

မင်းသမီးတော့ နည်းနည်းနာသင့်တယ် ထင်တာပဲနော်..
အပေါ်က ပြောသွားတယ်လေ.. ကိုးရီးယား ဇာတ်လမ်းလိုမျိုးတဲ့..းP

မင်းသမီးခံစားရမှ ဖြစ်မှာလေ..
မဟုတ်ရင် မလွယ်ဘူး..းP

ခင်မင်စွာဖြင့်
စည်သူ။

MrDBA said...

ပြာပြာကွမ်းစားတာလေးပါ ထည့်ရေးတာ မဟုတ်။ ဒီလူ့နှယ်

ပုံ့မေ said...

ခြီး..... း))

ကိုရွာသားနဲ့ မမပြာတို့ နှစ်ယောက်ကတော့ ဒွတ်ခပဲ...

ဘယ်လိုဇာတ်သိမ်းမှာလဲဗျို့ .....

တတွဲစီတွဲပေးလိုက်...အေးရော =)

ဂျပန်ကောင်လေး said...

တကတည်းနော်... ဘယ့်ကိစ္စကြောင့် မြနဲ့ တီပြာ့ကို ရန်တိုက်ပေးသတုန်း...... တီပြာရေ.. မရှက်နဲ့နော်... ဟိ.. အဲဒီအခန်းကိုကြိုက်စ်စ်စ်စ်....

မေဇင် said...

ဟဟဟဟ .... မမပြာ နောက်ဆုတ်လိုက်ပါ... လူကြပ်နေလို့ ကို တော်တော်သဘောကျသွားတယ်ယ..ဟဟဟ.. ဇတ်သိမ်းပိုင်း ကို ပျော်ရွှင်စွာ သိမ်းပေးပါ ဇာတ်ဆရာရေ..........

မိုးခါး said...

အပိုင်းတိုင်းကြိုက်တယ်
ရီနေရတယ် ဟီးဟီး :D
ကိုရီးယားကားလိုဇတ်သိမ်းမယ်ဆိုရင်တော့ လွဲလွဲလွဲ လွဲပြီး နောက်ဆုံး ပြည့်တည့်မှာ မလား
တရုတ်ကားဆိုရင်တော့ အပိုင်းဆက်တော်တော်များမယ် .. မွေးလာမယ့် ကိုဖိုးစိန်တို့ ဘာတို့က ဆက်ပြီး လက်စားခြေရဦးမလား ..
ကုလားကားဆိုရင်ကော .. အဆုံးပိတ်မှာ အမျိုးတွေ ပတ်တော်နေမလား ..
မြန်မာကားလိုသိမ်းမယ်ဆိုရင်တော့ .. ပြီးပါပီပေါ့ ..
အင်ဂလိလိုဆို the end ပေါ့ ............ :D:D
စိတ်ဝင်စားစွာနဲ့ စောင့်မျှော် ဖတ်ရှုနေပါတယ် ..

Dream said...

မမပြာနော်... နောက်ဆုတ်နေ... မဟုတ်ရင် တံခါးညပ်သွားမယ်..ခစ်ခစ်...

“The more you hate, the more you love” ဦးသစ်စကားလုံးက ပြောင်မြောက်လိုက်ချည်လား... ဟဲဟဲ..

မြမြနော်.... တိုပါးရိုးကိုတော့ မသွားတတ်ဘူး ...ပိုလာအူဗင်ကိုတော့ သွားတတ်တယ်ပေါ့လေ... :P

ဖတ်ပြီးတော့ကို ရယ်နေရတယ်... ဦးသစ်နော်...
ရှိသမျှတွေ ပေါ်ကုန်တော့မယ်...ဟတ်ဟတ်....

ဇာတ်သိမ်းပိုင်း မြန်မြန်ဆက်ပါဗျိုးးးးးးးးးးးးးးးးးးးးးးးးး

မြရေလျဉ် said...

ကိုရဲထွဋ်များလိုက်ပို့လို့ကတော့လေ...
စင်ကာပူမြေပုံကြီးကို ကိုင်ပြီး တစ်နိုင်ငံလုံးကိုပတ်ပစ်လိုက် ဦး မှာ.......

ကဲ မမပြာရေ ချစ်သူတွေဝယ်တယ်..ကွမ်းယာနဲ့လဲတယ်..ဗျို့...

ကျောပိုးအိတ် said...

“ပို့စ်ကမလှုပ် ကောမန့်ကလှုပ် ”
မိုက်တယ်။ စာသားလေးတွေ။ ယောက်ခမသစ်က တော်တော်စဉ်းစားတတ်တာဘဲ။
း)

ဒဏ္ဍာရီ said...

အဲ .. ကိုသီဟသစ်ကြီးက တော်လိုက်တာနော်။ နေရင်းထိုင်ရင်း လေယဉ်မယ် ဖြစ်သွားတယ်။း)
ဘုန်းကြီးကျောင်းက ကပ်ပိရဆိုတာ ဘယ်သူလဲ မသိဘူး။ အင်းဒါဆိုရင် ပြာပြာရော ကိုရဲထဋ်ရော ချစ်သေးရဲ့သားနဲ့ ဟန်ဆောင်နေကြတာ နေမှာနော်။
ဇတ်သိမ်းခန်း မြန်မြန်ဖတ်ချင်ပြီ။ ပိုစ့်ထဲက စကားပုံတွေ အားလုံးကိုတော့ အရမ်းကြိုက်တယ်။ တွေးလည်းတွေး ရေးလည်းရေးတတ်ပါတယ်။း))

ခင်မင်လေးစားလျှက်

ဏီ(န်)ကင်း said...

ကိုကြီးသစ်ရေ...
ကျွန်တော့် Yahoo Pipe ကြောင်နေလို့..
အကို့ဇာတ်လမ်းထဲကျွန်တော်ကြီးပွားနေကြောင်းအခုမှသိရတယ်...

လေယျာဉ်ပေါ်တွင် လေယျာဉ်မယ်လေးများ ဖြစ်သော... ဏီကင်းရဲ့ စိတ်တို့ .... သတိမရပြီ။

အမလေးသေလောက်တယ်...
အမတွေကိုမမြင်ဖူးပေမယ့်....လေယျာဉ်မယ်တွေထက် ပိုချောမယ်ဆိုတာ...ခန့်မှန်းမိတယ်... ဇာတ်လမ်းကပိုသွက်လာပြီ...
ကျွန်တော်လဲခင်ရာမင်ရာတွေအများကြီးသိလာပြီ...
ဇာတ်သိမ်းတော့မလို့လားဗျာ..
အကို့ဟာကကောင်းတုန်းရှိသေးတာကြီး (ဇာတ်အိမ်ပြောပါတယ်)
ဟဲဟဲ....
စောင့်နေပါ့မယ်...
စကားမစပ်....လေယာဉ်ပျံလို့ရေးတာမဟုတ်လားဗျ.. အကိုအသစ်ထွင်ထားတာလား...ဘာပဲဖြစ်ဖြစ် ငန်းခွင့်လေးအတွက်..ကျေးဇူး....

ဏီ(န်)ကင်း

မီးငယ် said...

ဆရာရေ.. ဒီနေ့မှ ငါးပိုင်းစလုံးဖတ်သွားတယ်
စိတ်ကူးလေးကကောင်းလိုက်တာ :atb

Lucifer said...

စောင့်နေတယ် ဇာတ်သိမ်းပိုင်း
တော်တော်လည်း စာရေးတော်တဲ့ စာရေးဆရာ
တစ်နေရာမှာ တစ်ယောက်မှ မလွတ်ရလေအောင်
အကွက်ကျကျ ရေးတတ်တယ်

ခရေညို said...

ဇာတ်ကအရှိန်တက်နေပြီ

နွေးနွေးသဲမွန် said...

ဟီး...ခုမှလာဖတ်ဖြစ်တယ်...ဆက်လုပ်ပါဗျိုး...း-)

မျှော်လင့်ခြင်း said...

ဖတ်လို့ ကောင်းနေတုန်း မသိမ်းပါနဲ့ ဦး

ဘယ်လိုဇာတ်သိမ်းမလဲ စိတ်ဝင်စားလိုက်တာ

Waing said...

အပိုင်း (၁) မှ (၅) အထိ ဖတ်သွားပါတယ်း)))
သရုပ်ဆောင်တွေ အားလုံးရဲ့ပုံရိပ်အတိုင်း ပုံဖော်ပြီးကို ဖတ်သွားတာ ဇာတ်သိမ်းပိုင်းလေး စောင့်နေမယ်ဗျို့

မငုံ said...

:) မအားတာနဲ့ အခုမှလာတော့ ဇာတ်သိမ်းကို အရင်ဖတ်လိုက်တာ။