တကယ်တော့ ပြာပြာ့ကို တိတ်တခိုး စွဲလမ်းနေတာက ရဲထွဋ်ဦး ဖြစ်သည်။ သူက ကဗျာလေး စာလေးလည်း ဝါသနာ ပါသဖြင့် ကျောင်းမှာ စီနီယာတန်းက စီစဉ်ကြသော နံရံကပ်စာစောင်မှာ ပြာ့ပြာ့ကို စွဲလမ်းတဲ့ အကြောင်း ကဗျာလေး ဝင်ရေးမည် စိတ်ကူးသည်။ ကလောင်နာမည်ကတော့ သူက ရွာက လာတာဆိုတော့ ရွာသားလေး၊ ငယ်နာမည် ရဲထွန်းဦး၏ အတိုကောက် YTU - ရွာသားလေး YTU ဆိုပြီး သူ့ဘာသာသူ ဇွတ်ရွေးပစ်လိုက်၏။
ကောင်းကင်ပြာကြီးအောက်မှာ
ကျွန်တော့ချစ်သူကို စတွေ့ခဲ့
ထိုနေ့က မီးမလာပါ
ဒီဇင်ဘာ ၅ ရက်
ထိုကဗျာကို နံရံကပ်စာစောင်၏ အယ်ဒီတာ စာကြည့်တိုက်မှူး မခင်ဦးမေကို သွားပြ၏။
“ဟယ်ငါ့ကို ကိုမဆလာ ရည်းစားစာပေးတုန်းက ကဗျာလောက်တောင် မလှဘူးကွယ်၊ စာသားတွေကလဲ။ မီးမလာတာ ဘာဆန်းလို့လဲဟ ရဲထွဋ်ရ”
“အဲဒီနေ့က မီးမလာတာ ဆန်းတယ်ဗျ။ တစ်ပွင့် ၁၀၀ နဲ့ သူများမီးစက်က ယူထားတဲ့ မီးကြိုးကို ဖြုတ်ခိုးခံ လိုက်ရတယ်လေ။ အဲဒီညမှာ ကျွန်တော်ချစ်တဲ့ ကောင်မလေးကို တွေးမိတော့ အလင်းရောင်တွေ တောက်ပလာသလိုပဲဗျ။”
မာစတာတန်းမှ မမများဖြစ်သော မသက်ဝေ၊ မမိုးချိုသင်း နှင့် မသိင်္ဂီနွယ် တို့က ရဲထွဋ်ကို သနားပြီး ကူပြောပေးသဖြင့် မခင်ဦးမေ စာစောင်ထဲ ထည့်ဖို့ရာ အင်တင်တင်ဖြင့် လက်ခံထားလိုက်သည်။ ဒါတောင် ရဲထွဋ်က အထွန့်တက်သေးသည်။ သူ့ကဗျာကို ရိုမန်တစ် မဆန်မှာစိုးသဖြင့် ဟာသတွေရေးတဲ့ ကိုလူထွေး၊ တရားအကြောင်းတွေ ရေးတဲ့ ဂျူနီယာတန်းက နှင်းဟေမာတို့ စာမျက်နှာတွေနား မကပ်ပဲ အချစ်ကဗျာ လှလှရေးတဲ့ ကိုအောင်သာငယ်၊ ကိုလင်းဒီပ တို့ စာမျက်နှာ တွေနား ကပ်ထားဖို့ ပြောသေးသည်။ နံရံကပ်စာစောင် ဒီဇိုင်းလုပ်တဲ့ နီညန်း နှင့် စမ်းချောင်းလေး တို့ကိုလည်း သူ့ကဗျာ နောက်ခံမှာ ကောင်းကင်ပြာပြာကြီးကို ထည့်ဖို့ ဖားရသေးသည်။ ဟိုနှစ်ယောက်က ဝန်ရှင်တော်မင်းကြီး မျက်နှာဖြင့် လက်ခံလိုက်သည်။
စာစောင်စပြီးကပ်တော့ ရဲထွဋ် ကဗျာကို ဘယ်သူမှ သံသယ သိပ်မဝင်ကြ။ ခါတိုင်း သွယ်ဝိုက်ပြီး ပဟေဠိလိုလို ဘာလိုလို ရေးတတ်သောကြောင့် ခုတစ်ခါ ဒဲ့ရေးသော အခါ ဘယ်သူမှ မရိပ်မိကြချေ။ အနီးကပ်သူငယ်ချင်းဖြစ်သော ဘိုဘို တစ်ယောက်သာ သိလိုက်သည်။
နောက်နေ့ ဘိုဘို၊ ရဲထွဋ်တို့ အဖွဲ့နှင့် ပြာပြာတို့ အဖွဲ့ ဆုံကြသောအခါ ဘိုဘိုက ပြာ့ပြာကို
“ဟေ့ ပြာ၊ လာမယ့် စနေနေ့ အားလား၊ တောင်သမန်အင်းဘက်ကို သွားကြမယ်လေ”
မျှော်လင့်မထားသော စကားကို ကြားလိုက်ရသော ပြာက တအားပျော်သွားပြီး
“အင်း သွားကြတာပေါ့”
ထိုစကားအကြား ဘိုက နောက်တွန့်ဆုတ်တွန့်ဆုတ် လုပ်နေသော ရဲထွဋ်ကို ဆွဲခေါ်လိုက်သဖြင့် ယက်ကန်ယက်ကန် ပါလာလေသည်။
“ဟေ့ကောင် ရဲထွဋ်၊ ပြာက စနေနေ့ လိုက်မယ်တဲ့ကွ၊ ဟေ့ ပြာ သူက နင့်ကို မမေးရဲလို့ဟ၊ ငါမေးပေးတာ။ စနေနေ့က ငါတို့အဖွဲ့တွေ အားလုံးသွားကြမှာပါ နင်တို့အဖွဲ့လည်း ခေါ်ခဲ့လေ”
စနေနေ့အရောက်မှာတော့ ဦးပိန်တံတားပေါ်မှာ လမ်းလျှောက်ကြရင်း ရဲထွဋ်နှင့် ပြာပြာ တို့ နှစ်ယောက်တည်း ကျန်အောင် ထားခဲ့ကြသည်။ စကားဘယ်လို စပြောရမှန်းမသိသော ရဲထွဋ်တစ်ယောက် တိတ်တိတ်လေး ပြာပြာ့ဘေးမှာ ထိုင်နေသည်။ ပြာပြာတစ်ယောက် ပျင်းလွန်းသဖြင့် ရဲထွဋ်စကားမပြောခင် တစ်နှစ်သုံးလေး ရေကြည့်နေသေးသည်။ ငါး အရောက်မှာ.. ရဲထွဋ်က..
“အင်း..ဟိုဟာ၊ ဟိုဟာလေ”
“အေးဆက်ပြောလေဟာ”
“ဟိုဟာလေ၊ နာမည်ကြီး စီးပွားရေး လုပ်ငန်းရှင် ရဲ့ သမီးဖြစ်ရတာဘယ်လိုနေလဲ”
“ငါ့အဖေက စီးပွားရေး လောဘကြီးသလောက် ပညာရေးဘက်မှာလည်း လောဘကြီးတယ်ဟ၊ ငါ့ကို သူလို ဖြစ်စေချင်တယ်၊ ပညာတတ်ပြီး ထက်မြက်တဲ့ လုပ်ငန်းရှင်ပေါ့ဟာ၊ ငါက စိတ်မဝင်စားဘူး။ ထားလိုက်ပါဟာ၊ နင်နဲ့ဘိုဘို နဲ့ အကြောင်းတွေ ပြောပြဟာ”
“ငါတို့လား၊ ငယ်ငယ်လေးကတည်းက ခင်တာ၊ ညီအစ်ကိုရင်းတွေ ထက်ပိုချစ်တယ်ဟ”
အဲဒီနေ့က အိမ်အပြန်မှာတော့ ပြာ တစ်ယောက် mp3 player လေးကို Recording နှိပ်ရင်း
“ဘို့ကို ဘယ်လိုရအောင် လုပ်ရမလဲ ဆိုတာငါသိပြီ၊ သူ့အချစ်ဆုံး သူငယ်ချင်းကို အသုံးချရမယ်”
ရဲထွဋ်တစ်ယောက်မှာတော့ ချစ်ရုံသာချစ်တတ်ပြီး ဖွင့်မပြောတတ်သဖြင့် ဒုက္ခရောက်နေသည်။ သူငယ်ချင်း အရင်းတွေ ကိုလည်း တိုင်ပင်ရမှာ နည်းနည်းရှက်သလို ရှိသည်။
ဒါနဲ့ စီနီယာတန်းက အကိုကြီး ကိုZT ကို သွားမေးသည်။ ကိုZT က
“အေး မင်းရည်းစားစာ ရေးပြီး ပေးမယ် ဆိုရင် Unicode standard အတိုင်းရေးကွာ၊ ကျန်တာတွေတော့ ငါမသိဘူး”
ပြောလိုက်သဖြင့် စိတ်လေရတာက တစ်ဖုံ၊
ညီမဝမ်းကွဲ ရွှေပြည်သူကို
“ညည်းကို ကောင်လေးတွေက ဘယ်လို propose လုပ်လဲ မှတ်မိလား” သွားမေးသေးသည်။ ဟိုက “သမီးတော့ ရှက်ရှက်နဲ့ ထွက်ထွက်ပြေးလာတာ ဘာပြောကြမှန်း မမှတ်မိပေါင်” ဆိုတော့ အားကိုးလို့မရပြန်။
ရည်းစားရှိတဲ့ အငယ်မ နောင့်နောင့်ကျတော့ရော
“သမီးလား၊ သမီးကို ဘာပြောမှန်းတော့ သေချာမသိဘူး၊ ယောင်ပြီးတော့ ခေါင်းညိတ်လိုက်တာ” လို့ပြန်ပြောတော့
အေးရော။
နောက်ဆုံးမှာတော့ ကိုယ့်အဖွဲ့ကိုယ် ပြန်ကပ်ရတော့သည်။
ပိုးဟပ်လေး ဖိုးသင်္ကြန်က
“လွယ်လွယ်လေးရယ်၊ ရဲထွဋ်ရာ၊ မင်းရုပ်ရှင်ကြည့်ဖူးတယ်မို့လား၊ ရုပ်ရှင်ထဲက မင်းသားတွေ မင်းသမီးကို ရည်းစားစကားပြောသလို ပြောလိုက်ပြီးတာပဲ..”
ဆိုပြီး ပိုးနည်းတွေ ပြောပြသည်။ ရဲထွဋ်က
“ပိုးဟပ်ရာ၊ မင်းနည်းတွေသာ တကယ်စွံရင် မင်းပိုးဟပ် ဆိုတဲ့ နာမည်ရမှာတောင် မဟုတ်ဘူး”
သီဟသစ်က
“မဟုတ်သေးဘူး၊ ရဲထွဋ်ရ၊ ဒီကောင်မစွံပေမယ့် သူပြောတဲ့ စကားတွေမှာ လိုရင်းရှိတယ်။ မင်း ပြာ့ကို ချစ်ရင် ချစ်တဲ့ အကြောင်း သူသိအောင်ပြရမယ်”
ဒီလိုနဲ့ ကွန်ပြူတာ တက္ကသိုလ် Excursion ဆိုပြီး ထွက်ကြတဲ့ ပြင်ဦးလွင်ခရီးမှာ ရဲထွဋ် တစ်ယောက် လှုပ်ရှားစေဖို့ ဝိုင်းသင်ပေးကြသည်။
“မင်းဘာမှ မကြောက်နဲ့ ရဲထွဋ်၊ လုပ်ရမှာက လွယ်လွယ်လေး၊ နှင်းဆီပန်းစီးရယ်၊ ချောကလက်ရယ်၊ မင်းပြောရမှာက
နှင်းဆီတွေက နီတယ်
ချောကလက်လေးတွေက ပြာတယ်
နင်က သိပ်လှတယ်
ငါနင့်ကို ချစ်တယ်ဟာ
ဒါပဲ ပြီးပြီ”
အေး..အေး၊ အေးပါကွ
ပြင်ဦးလွင် ကန်တော်ကြီး ဥယျာဉ်ထဲမှာ ..
ဂိမ်းတွေ ကစားပြီးကြ၍ တစ်ဖွဲ့တစ်နေရာစီ နားနေကြသော အချိန်၊ မေလေး၊ မိုးခါး၊ မေသူ စသော ပြာပြာ၏ သူငယ်ချင်းများ သစ်ခွဥယျာဉ်ဘက်သွားကြည့်ချိန်..၊ အဲဒီအချိန်ထက်ကောင်းတာ ရဲထွဋ်အတွက် မရှိ..။ ရဲထွဋ်တစ်ယောက် တွန့်ဆုတ် တွန့်ဆုတ်ဖြင့် ပြာ နားကို ရောက်သွား၏။ ရဲထွဋ်ကို မြင်လိုက်ရချိန်ခဏ ပြာ၏ အတွေးများကရော..
ဟင်သူ့ကို မြင်လိုက်တာနဲ့ ငါကမ္ဘာကြီး ရပ်တန့်သွားသလိုပါပဲလား၊ အဲလို ခံစားမှုမျိုးက ငါ ဘိုဘို့အတွက် ထားထားတာပါ
ပြာပြာနားရောက်ချိန်ခဏ ရဲထွဋ်တော့ ပြာနေပြီ..
ဟေ့ပြာ
အင်း
ဟိုလေ၊ ဟိုဟာ၊ ဟောဒီမှာ နှင်းဆီပန်းဟာ၊ ချောကလက်ဟာ..၊ အဲဒါနင့်ဖို့..၊ ပြီးတော့ အင်း
ရဲထွဋ် ဆက်ပြောဖို့ သတ္တိမရှိတော့။ သီဟသစ်တို့ အဖွဲ့ဘက် ပြန်ကြည့်သည်။ တစ်ဖွဲ့လုံးက ဆက်ပြော၊ ဆက်ပြော ဆိုပြီး အချက်ပြကြလေသည်။
“ပြာ”
“အင်း”
“ဟိုလေ..”
“အင်း ပါဆို၊ နင်ငါ့ကို ချစ်တယ် လို့ ပြောပြီး အဖြေတောင်းမလို့ မို့လား ငါ့အဖြေက အင်း၊ နင်ဟာ ငါ့ရည်းစားဖြစ်သွားပြီ”
ထိုနေ့က ကန်တော်ကြီးထဲမှာ ကျွမ်းထိုးတော့မတတ် ပျော်နေသော ရဲထွဋ်ကို ပြာ့ဘေးမှာ တွေ့နိုင်ပါသည်။
ဆက်ရန်..
ရည်းစားနဲ့ ပြတ်သွားတဲ့ဘို၊ ငါချစ်တာ ဘယ်သူလဲလို့ ကိုယ့်ကိုယ် မေးနေမိတဲ့ပြာ...
မျှော်...
ခင်မင်စွာဖြင့်
သီဟသစ်
P.S ဇာတ်လမ်းက ဘယ်သူရဲ့ တကယ် အဖြစ်အပျက်မှ မဟုတ်ပါခင်ဗျာ။ စိတ်ကူးယဉ်ပြီး ရေးထားတာပါ။ ပျော်စေချင်လို့ ညီအစ်ကို မောင်နှမတွေ နာမည်ထည့်ထားတာပါ။
45 comments:
အဟေးဟေး.. (၁)ကွ
“ဟယ်ငါ့ကို ကိုမဆလာ ရည်းစားစာပေးတုန်းက ကဗျာလောက်တောင် မလှဘူးကွယ်၊ စာသားတွေကလဲ။
“အေး မင်းရည်းစားစာ ရေးပြီး ပေးမယ် ဆိုရင် Unicode standard အတိုင်းရေးကွာ၊ ကျန်တာတွေတော့ ငါမသိဘူး”
ရည်းစားနဲ့ ပြတ်သွားတဲ့ဘို၊ ငါချစ်တာ ဘယ်သူလဲလို့ ကိုယ့်ကိုယ် မေးနေမိတဲ့ပြာ...
ရီရတယ်ဗျ..
စကားမစပ် ဒီဝတ္ထုက ဖြစ်ရပ်မှန်တွေလားဟင်..
:P
လုံးချင်းဝတ္ထုထုတ်ဖို့ရာ ကမ်းလှမ်းပါတယ် ခင်ဗျ..
အဖေဘို နဲ့ အမေပြာ တို့ ကနေ
ဘိုပြာစိန်လေး ဖြစ်တော့ဘူးပေါ့....
ရွာပြာစိန် ဖြစ်တော့မယ်ပေါ့လေ.....
ဦးသစ်နော်...
တားတားကို...
ဟိ
ဇာတ်လမ်းက မပြီးသေးတော့ မေပြာဗိုက်ထဲကနေပဲစောင့်နေတော့မယ်...
လာလေတော့....
ဟိဟိ
ချစ်ခင်လေးစားစွာဖြင့်
ဖိုးစိန်
မမ ခင်ဦးမေ ကို ကိုမဆလာ ပေးတဲ့ ရည်းစားစာတော့ ဖတ်ချင်သားးး
မောင် ZT ရဲ့ Unicode နဲ့ဆို ဒေါင်းပြီ အင်စတော လုပ်ပြီးမှ ဖတ်ရမှာ ပြာ့လို ပိန်းတဲ့ သူအတွက် နဲနဲ ခက်တယ်...
ရဲထွဋ် တော့ ဓါးစာခံ ဖြစ်ပလား၊ ဘို့ အသည်းတွေ ပဲ ကွဲမလားတော့ မသိ၊ ခုတော့ သားစိန် တယောက် ပြာ နေပြီ... ဘယ်ဆီ သွားရမှန်းမသိ ဖြစ်ကုန်ပီ...ပြာ...ပြာ... တော်တော်ဆိုးတဲ့ ပြာ ..ပဲ
ပြာ
နှင်းဆီတွေက နီတယ်
ချောကလက်လေးတွေက ပြာတယ်
နင်က သိပ်လှတယ်
ငါနင့်ကို ချစ်တယ်ဟာ
ဒါပဲ ပြီးပြီ”
ဟေဟေးးးးးးး အမိုက်စားဗျ..း)
တော်တော်ကို အတဲ့ကောင်ကွာ..
နှင်းဆီပန်ုးတွေ ချော့ကလက်တွေ အိုပါတင်းတွေက နင်ပအတွက်တဲ့ သေရောကွာ..းP
ငါသာဆို ပွဲပြီး..းP
အခုဖတ်လိုက်ရတော့မှ အကြောင်းစုံသိတော့တယ် နာပြီးသာမှတ်ကြပေတော့.းP
ခင်မင်စွာဖြင့်
စည်သူ။
ကိုလူထွေး ဆိုတာ တွေ့လိုက်လို့ လိုက်လာတာ
နောက်မှဖတ်မယ် ခြင်သေ့ရေ... ကူးယူသွားတယ်
းဝ)
မိုက်တယ်....
ရည်းစားနဲ့ ပြတ်သွားတဲ့ဘို၊ ငါချစ်တာ ဘယ်သူလဲလို့ ကိုယ့်ကိုယ် မေးနေမိတဲ့ပြာ...
ဘိုရည်းစားနဲ့ ဘယ်လိုပြတ်တာလဲ ဆိုတာ သိချင်တယ်.... အဟီးး
ဆက်ချီတက် ယောက္ခမကြီးးးး
အဒိနေ့ က မီးမလာပါ ဒီဇင်လာ ၅ရက် ။ တကယ်တော့ အဲဒိနေ့ တင်ဟုတ်ဘူး။ နေ့ တိုင်းဘဲ။
း)
နှလုံးသားကိုဓါတ်လိုက်တာလဲပါဘူး။
း)
စာအရေးအသား အရမ်းကောင်း
ဒီလိုဇတ်လမ်းက ရွာသားလေး က တကယ်ဖြစ်ခဲ့တာလား ?
ဒါကြောင့်  ရွာသားလေး Blog က Invited Reader only ဖြစ်သွားတာလား ?
>>Khine Nwe
ဇာတ်လမ်းက ဘယ်သူရဲ့ တကယ် အဖြစ်အပျက်မှ မဟုတ်ပါခင်ဗျာ
စိတ်ကူးယဉ်ပြီး ရေးထားတာပါ။
ဟားဟားဟား
ယောက်ခမရေ :P
မိုက်တယ် ..း)))
မရေးတော့လည်း မရေး မရေးနဲ့
ရေးတော့လည်း လူတွေကို ကုန်ရောပဲ .. :D
ကျားယို
များများရေးပါဗျ.....
ကိုသီဟ ရေ မြန်မြန်လေးရေးပါဗျို့။ အမိမြေံ ပြန်သွားရင်မဖတ်ရပဲနေမှာဆိုးလို့။
ရိုမန်တစ်မဆန်လို့ နှင်း တို့အနားကို မကပ်ချင်လဲရပါတယ်နော် ဟွင်းးD (နောက်တာနော် ) .... အယ်ဒီတာ စာကြည့်တိုက်မှူး မမခင်ဦးမေ ကိုယ်တိုင်က လိုလိုလားလား ကို နံရံရဲ့ထိပ်ဆုံးမှာကပ်ဖို့ ရွေးထားပြီးသားနော် အဟတ် အဟတ် ... ဘာမှတ်နေလဲ ....
ဆက်ပါဦး အစ်ကို သီဟရေ...
ဇာတ်လမ်းလေးဆက်ပါဦး အစ်ကို သီဟရေ ....
ခင်မင်လေးစားလျှက်
နှင်းဟေမာ
ဇာတ်ရှိန်တက်ဖို့ အားယူနေပြီ
ယောင်ပြီး ခေါင်းညိမ့်လိုက်တာ လူတွေ သိကုန်ပြီ...း( ။
း)) မျှော်နေမယ်နော်....ရဲထွဋ် တော့ ခုချိန် ပျော်နေတယ်...နောက်တော့ ဘယ်လို လာမလဲ ????
စိတ်ကူး အယဉ်ကောင်းပုံများတော့ဗျာ။
အပြင်က တကယ် ရှိတဲ့ လူတွေတောင် ဇာတ်ကောင်တွေနဲ့ ရောကုန်ပြီ။ တားတားဘေးမှာ ပန်းလေးတွေတော့ များပါရဲ့။ ဥယျာဉ်မှူးဘ၀နဲ့ဆိုတာတော့ ဘယ်သူမှ မသိဘူး။
ဆိုင်းဘုတ်ချိတ်ထားတယ်လေ။
“ဥယျာဉ်မှူး ပန်းမခူးရ” တဲ့။
သို့ပေသည့် ဇာတ်ဆရာ အလိုကျ ပျော်ပျော်ကြီး ကပြလိုက်ပါမယ်။
ဘို
ဇာတ်လမ်းကို စုံတွဲ တစ်တွဲထဲ မထည့်နဲ့ လေ...
ကိုရီးယားကားတွေလို စုံတွဲတွေ အများကြီးထား
သီဟသစ် နဲ့  နှင်းဆီဖြူ ဇာတ်လမ်းလေးလည်း ပါဦးမှပေါ့
း))
လင့်လေးတွေနဲ့မှ ဘယ်သူတွေဆိုတာ သိလာရတယ်။ ပျော်စရာ ကောင်းအောင် ရေးတတ်တယ်နော်။
စုံလို့ပဲ ... ဇတ်လိုက်ဘယ်သူ ဖြစ်မလဲဆိုတာ စိတ်ဝင်စားလာပြီ။ ဆက်ရေးတော့ ...
ခင်မင်လေးစားလျှက်
ဟေ့ အစ်ကိုဂျီး.. ဝန်ရှင်တော်မင်းကြီးအကြောင်း မပါကြေးလေဗျာ
တမြေ့ မြေ့ နဲ့ စွတ်ပျံ့  ဖွယ် အရေးအဖွဲ့ လေးတွေမှာတောင်
မီးမလာတာ မီးပျက်တာလေးကို မရှိမဖြစ် ဓါတ်ကူ ပစ္စည်း
အဖြစ် ထည့် သုံးနေရတဲ့  ရေးကွက်လေး တစ်ခုကို ပဲ ဇာဂနာ
လေးနဲ့  ဆွဲနှုတ်ပြီးခံစားပြောချင်တာက မီးမလာတာက
ဗမာပြည်ရဲ့ ပြယုဂ် တစ်ခု၊ယဉ်ကျေးမှုတစ်ခုလိုဖြစ်နေပြီလားလို့ 
နှလုံးသားနဲ့ မီးမလာတာက တိုက်ရိုက် အချိုးကြ နေသလိုပါ။
စိတ်မဆိုးနဲ့ နော် ဟဲ..ဟဲ...။
ကိုသီဟကြီး....
အနော် ပါသေးဘူးနော်...
ပါအောင် ရေးရမှာနော်။
ဟွန့်
ငါ့ဘ၀ နင့်လက်ထဲမှာပါ
နင်သွန်လိုကသွန်
နင်မှောက်လိုကမှောက်
သောက်လိုက သောက်လိုက်ပါတော့....
ရဲထွဋ်
ဟိုက်... မာစတာတန်းမှ မမ ဆိုပါလား... ဟီဟိ
ဆက်ရေးနော်.. ဖတ်နေတယ်...။
အင်း ဒီပန်းချီဆရာ၂ယောက်က အလကားတော့မဆွဲဘူး ... ဟီးဟီး ဟိုက်တစ်လုံးလောက်ဆိုရင်တော့ ကောင်းကင်တင်မက စကြာဝဋ္ဌာကြီးပါ ပြာအောင်ဆွဲပေးမယ် ...
ဟီးဟီး
စာစောင်စပြီးကပ်တော့ ရဲထွဋ် ကဗျာကို ဘယ်သူမှ သံသယ သိပ်မဝင်ကြ။ ခါတိုင်း သွယ်ဝိုက်ပြီး ပဟေဠိလိုလို ဘာလိုလို ရေးတတ်သောကြောင့် ခုတစ်ခါ ဒဲ့ရေးသော အခါ ဘယ်သူမှ မရိပ်မိကြချေ။))))))
:D
ရေးတတ်တယ်
ရီရတယ်
ဂွတ်
အဟမ်းအဟမ်း...ပျော်ပျော်ကြီးလာဖတ်သွားပါတယ်...ဆက်ရန်ရေးထားတာကလည်း ကိုရီးယားကားတွေလိုပဲ ဆွဲဆောင်မှု ရှိပါ...ဘိုက ဘယ်လိုဖြစ်ပြီး ရည်းစားလက်မဲ့ဖြစ်၊ ပြာက ဘယ်သူ့ကို ရွေးရမလဲ စာကလေးဗေဒင်မေးဦးမှာလားးးးးး သိချင်စိတ်တွေနဲ့ စောင့်ဖတ်နေမယ်နော် ကိုသီဟရေ..ဒါနဲ့ နှင်းဆီဖြူလေးလည်း ထည့်ပါဦး..ဒီဇာတ်လမ်းမှာ နှင်းဆီဖြူလေးမပါလို့ ကိုသီဟ တော်တော်ငြိမ်နေပေါ့..ဟဲဟဲ...ငါးထောင်တန်တွေ ဘာတွေ အမှတ်တရ ပေးပါဦး...:)
အရေးကောင်းလွန်းလို့
YTU
ကိုတောင် ရဲထွန်းဦးလုပ်ပစ်သတဲ့.
ကိုသီဟ
ဒါရိုက်တာကြီးပါလုပ်တော့မယ်ထင်ပါရဲ့...
ဆက်လုပ်
နှင်း
ဟုတ်ပါ့ ရဲထွဋ်ဦး ဆိုလို့ စဉ်းစားလိုက်ရတာ။
ကောင်းတယ်ဗျ။ ဆက်ရေးပါ။
အားပေးနေပါတယ်ဗျာ
ခင်တဲ့ ရီနို
ကိုသီဟရေ ဆက်ရေးပါဗျာ အားပေးတယ်ဗျို့  ဖတ်လို့အရမ်းကောင်းတယ်လေ ..
အဟေးဟေး.. ကိုသီဟသစ်ကြီး အတော် ရေးတတ်..
ပြာကလည်း မလွယ်ပါလား..
အဲ့ဒီပြာက ဂျီတော့မှာ ဒီလို ရေးထားတာ တွေ့တာပဲ..
“ယူ သိထားဖို့က ပြာလိုချင်ရင် မီးဖိုထဲ က ယူပါ .. ပြာ မရရင် မီးကျီးခဲ ကိုင်ပါ ဟတ်” တဲ့..း)))
(((အပိုင်း (၃) မြန်မြန်ရေးပါဗျို့...)))
ခင်မင်လေးစားချစ်ခြင်းအားဖြင့်
ကိုရင်နော်
ဦးသစ် တော်ပေါပေ့
ဇာတ်ကွက်ကလည်းကျ..
ဒါပေမယ့် လာမမန့်ရဲဘူး
သူများကို ဗီလိန်နေရာကထားမယ်ဆိုပြီး ကျိန်းနေတာကြားလို့..
:(
သွေ့ပုချိ..
ရေးရင်လည်း မြရေလျဉ် အလှ ကိုပေါ်အောင်တင်စားရမယ်နော်
ဦးသစ်..
ုမြန်မာဇာတ်လမ်းတွေမှာ ဇာတ်သိမ်းလှချင်ရင်
တစ်ယောက်ယောက်သေပေးရတယ်..
ဘယ်သူသေမှာလဲ..... ဟင်.....
ဖတ်တဲ့သူ မျက်ရည်ကျအောင်
ပိုးစိုးပက်စက်သေခိုင်းနော်...
အဟား။ ဦးနီကုတ်က ဒီအထိ ပါလာသေးတာပဲ။ :D
ဖတ်လို့အရမ်းကောင်း အစ်ကို သစ် ရေ. ဆက်ပါဦးဗျ.။
ခင်မင်လေးစားလျှက်
ညီညီ(အနာဂါတ်သံစဉ်)
ဟားဟား...ကိုရီးယားကဦးသစ်..ပေါချင်ဘူးပေါချင်ဘူး...မိုက်တယ်.. (မလိမ္မာဘူး) ..
ရယ်ရတယ်... ဇာတ်လမ်းလေးက.....
အင်း...နောက်ဇာတ်လမ်းကို သိချင်ျနေပြီ..မြန်ြ့မြန်ဆက်ပါဗျိုးးးးးးးးးးးးးးးးးဒါဗြဲ...
အမှန်ပဲ ဂွတ်ထ တယ်
ဆက်ရန်လေး မျှော်နေမယ်
ပျော်ရွှင်ပါစေ
(ခါတိုင်း သွယ်ဝိုက်ပြီး ပဟေဠိလိုလို ဘာလိုလို ရေးတတ်သောကြောင့် ခုတစ်ခါ ဒဲ့ရေးသော အခါ ဘယ်သူမှ မရိပ်မိကြချေ။)
တအား အော်ရယ်မိတယ်။
တော်တော် အသေးစိတ်တာပဲ။
မာစတာတန်းက မမတွေက ချောတယ် ဆိုပဲ။ :)
ရဲထွဋ္ဋ်ရဲ့ ကဗျာလေးကို သဘောကျတယ်။ :)
အပိုင်း သုံးပြီးမှ နှစ်လာဖတ်တာ။ ဟိဟိ
ခု တစ် ဆက်ဖတ်လိုက်ဦးမယ်။
ကိုသီဟသစ်ကြီးရေးမှပဲ ကိုယ့်ကို လူအများကြီးကပဲ Propose လုပ်ဖူးသလိုလို... လူရှိန်လိုက်တား)) ဟာသရသမြောက်အောင် ရေးတတ်လွန်းလို့ စောင့်ဖတ်နေတယ် အစ်ကိုရေ...
Post a Comment