Saturday, November 14, 2009

ချစ်သူသိလား ရှေးရေစက်တွေ ဘယ်သူဖျက်ဖျက် မပျက်နိုင်ပေ အပိုင်း (၃)



ကျောင်းမှာ ရဲထွဋ်တို့ အဖွဲ့ ထိုင်လေ့ရှိသော လှေခါးအဆင်းလေးနားမှာ ပြာနှင့်ရဲထွဋ်တို့ နှစ်ယောက်သား စကားတွတ်ထိုးနေကြလေသည်။ ခပ်လှမ်းလှမ်းမှာတော့ သီဟသစ်၊ ဖိုးသင်္ကြန်၊ ရေတမာ၊ တောင်ပေါ်သား တို့လေးယောက်သား ဟောင်ကောင်ရှိုး ဆော့နေကြသည်။ ရေတမာနှင့် တောင်ပေါ်သားက ခုနှစ်မှ မန္တလေး ကွန်ပြူတာ တက္ကသိုလ်ကို စတက်တာ ဖြစ်သော်လည်း ဖဲရိုက်တဲ့နေရာမှာတော့ တစ်ဖက်ကမ်းခတ်လေသည်။ ဟိုဘက်က တစ်အုပ်ကတော့ မျက်မှန်လေးနွေးနေခြည် နှင့် မေကဆုန် တို့က ပညာရပ်အကြောင်း ဆွေးနွေးနေကြသည်။ မျက်မှန်လေးက online မှာ ချစ်သူရှာနိုင်တဲ့ အကြောင်းဆောင်းပါး မဂ္ဂဇင်းမှာ ပါလာတာကို ပြောပြနေသည်။ နွေးနေခြည်က ဖဲဝိုင်းဘက် အာရုံရောက်နေသဖြင့် သိပ်မကြားလိုက်ပေ။ မေကဆုန်ကတော့ မျက်မှန်လေး စကားကို စိတ်ဝင်စားချင်ယောင်ဆောင်ပြီး  အချဉ်ပေါင်းကို ဆက်စားနေသည်။

ပြာပြာက ရဲထွဋ်ကို..
“ကိုရယ် ပြာအရမ်းစိတ်ညစ်တာပဲ။”
“ဘာဖြစ်လို့လဲ ပြာရဲ့”

“ပြာ့ဖေဖေပေါ့၊ ပြာ roll no. တွေ တအားကျလို့တဲ့ ပြောနေတာ၊ သူ့ပုံစံအတိုင်း ပညာတတ် ထက်မြက်တဲ့ စီးပွားရေးသမား ဖြစ်စေချင်တာ။ ဟိုနေ့ကတောင် မေးသေးတယ်။ ကျောင်းပြီးရင် ဘာလုပ်မှာလဲတဲ့။ ပြာလဲ မသိဘူးလို့ပဲ ဖြေလိုက်တယ်”
“ကျောင်းစာနဲ့ ပတ်သက်ရင်တော့ စိတ်မပူပါနဲ့၊ ကိုရှင်းပြပေးမှာပေါ့၊ project တွေ assignment တွေရော ကူလုပ်ပေးမယ်”

“ကျေးဇူးပါ ကိုရယ်”

စကားပြောနေရင်း ရဲထွဋ်ကို ငေးစိုက်ကြည့်နေသော ပြာတစ်ယောက် ရဲထွဋ် နှုတ်ခမ်းပေါ်က အမာရွတ်သေးသေးလေးကို မြင်သွားသည်။ ရဲထွဋ်က ရှက်ရှက်ဖြင့်

“အဲဒါ ကိုငယ်ငယ်က စက်ဘီးလဲရင် ခိုက်မိတာ”
“အဲဒါလေးက တစ်မျိုးလေး ဆွဲဆောင်မှုရှိသလိုပဲ၊ အသည်းယားစရာ”

ထိုစဉ်ဘိုဘိုတစ်ယောက် ဖဲဝိုင်းနား အရင်ရောက်ပြီး
“ဟေ့ကောင် သီဟ၊ မင်းကို နှင်းဆီဖြူလိုက်ရှာနေတယ်”
“ဟာ အဲဒါမှ ဂွပဲ။ သူဒီနေ့ ကျောင်းမလာတော့ဘူး ဆိုလို့ ငါဖဲလာရိုက်နေတာ။ စိတ်ကောက်လိမ့်အုံးမယ်”
ဆိုပြီး ဝရုန်းသုန်းကား ပြေးထွက်သွားသည်။

ရဲထွဋ်က ပြာ့ကို
“ဟိုမှာဘိုလာနေပြီ၊ သူ့ကောင်မလေးနဲ့ ဒီနေ့ပြတ်ထားတာ၊ သူ့ကို အားပေးစကား သွားပြောလိုက်အုံးမယ်”

ပြာပြာရဲ့ အတွေးများကရော..

ဒါငါစောင့်နေတဲ့ အခွင့်အရေးပဲ၊ ခုဘိုဘို့မှာ ရည်းစားမရှိတော့ဘူး၊ ဒါပေမယ့် ရဲထွဋ်တစ်ယောက် စိတ်ဆင်းရဲမှာလည်း ငါမလိုချင်ဘူး၊ သူ့ကို ဖြတ်လိုက်ရင် ကောင်းပါ့မလား

ရဲထွဋ်က ဘိုဘို့ကို
“ဟေ့ဘိုဘို၊ မင်းတအား စိတ်ညစ်နေလား”
“ဟမ်၊ ငါက ဘာကို စိတ်ညစ်ရမှာလဲ။ ငါဖြင့် စိတ်လွတ်လပ်မှုရသွားလို့ ပျော်နေတာ၊ ငါ့စိတ်ကူးယဉ် “နတ်သမီးလေးကို ငါတွေ့ပြီကွ”

“ဟေ ဘယ်သူလဲ”
“Dream လေ ”


ကန်တင်းထဲမှာ မေလေး၊ မိုးခါး တို့နဲ့ ထိုင်နေသော ပြာပြာတစ်ယောက်ကို ဟိုနှစ်ယောက်က ဗျူးနေကြသည်။
“ကဲပြာပြာ၊ ဘယ်လိုလဲ၊ နင်လိုချင်တဲ့ အခြေအနေ ဖြစ်လာပြီလေ၊ ဘိုတစ်ယောက် ရည်းစားနဲ့ ပြတ်သွားပြီ၊ နင် ဘိုဘို့ကို နင့်ဘက်ပါလာအောင်လုပ်တော့မှာလား”
“ဟေ့၊ ငါ့မှာ ရဲထွဋ်ရှိနေတာ သတိလဲရကြအုံး”

“အဲဒါဆို နင်က ဘိုဘို့ကို ဘယ်လိုဆက်ကြိုးစားမှာလဲ”
“ကဲကဲ၊ နင်တို့ အတန်းတွေရှိတယ်မို့လား၊ သွားကြတော့”

“အေးပါ၊ အတန်းပြီးရင် နင်ပြောပြရမယ်နော်၊ ငါထင်တာ ပြာပြာတစ်ယောက် ရဲထွဋ်ကို တကယ်ချစ်သွားပြီ ထင်တာပဲ”

ကန်တင်းထဲမှာတော့ ပြာပြာ တစ်ယောက်စဉ်းစားခန်းဝင်ရင်း ကျန်ခဲ့သည်။
ငါ့မှာ ဘိုဘို့ကို လှုပ်ရှားဖို့ရာ ဘာလို့ စိတ်သိပ်မပါသလို ဖြစ်နေတာလဲ၊ မေလေးနဲ့ မိုးခါး ပြောသွားတာ မှန်နေပြီလား၊ ငါရဲထွဋ်ကို ချစ်နေပြီလား

ပြာပြာတို့ အိမ်မှာ..
“shopping ထွက်မလို့ဟာ ဖေဖေက ပိုက်ဆံထားမသွားဘူးလား မအေးရဲ့”
“ကျွန်မလဲ သေချာမသိဘူး မမလေးရဲ့”

ထိုစဉ် ပြာပြာ့ရဲ့ အဖေ ဦးရှင်ကြီး (ခ) ဦးစိုင်းစိုင်းလားရှိုး ထွက်လာပြီး ပြောလိုက်သည်။
“ဟေ့ ပြာပြာ၊ ငါတမင်သက်သက် မထားထားတာ၊ သမီးကို သင်ခန်းစာပေးချင်လို့ပဲ”
“အဲဒါသင်ခန်းစာ မဟုတ်ဘူး အဖေ၊ သမီးကို ထိန်းချုပ်ချင်လွန်းလို့ အဖေ လုပ်နေတာ”

“ငါလုပ်သင့်လို့လုပ်တာ၊ တစ်တန်းနဲ့ တစ်တန်း သမီးရဲ့ Roll No တွေကျလာတယ်၊ အတန်းလဲ မှန်မှန် မတက်ဘူး ကြားတယ်၊ ညည်းမရှက်ဘူးလား ပြာပြာ၊ ငါလို နာမည်ကြီး စီးပွားရေးသမားရဲ့ သမီးက ဒီလောက်ညံ့ရတာ”
“အဲဒါပဲ၊ အဲဒါပဲ၊ ဖေဖေ ပြောနေတာ၊ ဖေဖေ့အတွက်၊ ဖေဖေ့ ဂုဏ်သိက္ခာ မထိခိုက်ဖို့အတွက်ပဲ၊ အဲဒါကြောင့် သမီးက ဖေဖေ့လို မဖြစ်ချင်တာ၊ တခြားလူတွေက သမီးတို့မိသားစုကို ဘယ်လိုတွေးထင်ကြမယ် ဆိုတာပဲ သိတယ်၊ သမီးတို့ ဘယ်လိုစဉ်းစားလဲဆိုတာ မသိဘူး”

“ဖေဖေက သမီးရဲ့ ကောင်းကျိုးအတွက် ပြောနေတာ သမီးသိရဲ့လား”
“မဟုတ်ဘူး ဖေဖေ၊ ဖေဖေက ဇွတ်ပုံသွင်းနေတာ၊ မေမေ ဆုံးခဲ့ရတာလည်း ဖေဖေ ခုလို ဖိနှိပ်ချုပ်ချယ်လို့ နေမှာပဲ”

ဦးစိုင်းစိုင်း တစ်ယောက် ဒေါသမထိန်းနိုင် ဖြစ်မိသွားပြီး
“သွားပြာပြာသွား..”
ဆိုပြီး တွန်းလွှတ်လိုက်မိတော့သည်။

တွေ့နေကျ နေရာလေးတွင် ပြာပြာတစ်ယောက် ငိုရှိုက်နေသဖြင့် ရဲထွဋ်တစ်ယောက်လည်း စိတ်တွေပူပြီး ချော့နေရသည်။
“ဖေဖေ မတရားဘူး ကိုရယ်၊ တအားရက်စက်တယ်”
“အဆင်ပြေသွားမှာပါ ပြာရယ်၊”

“ပြာအိမ်မပြန်ချင်တော့ဘူး ကိုရယ်၊ ဖေဖေ့ မျက်နှာကို တွေ့ရမှာ ကြောက်တယ်၊ အဟင့်၊ အဟင့်”
“တိတ်ပါ ပြာရယ်၊ ပြာခုဘာလုပ်ချင်လဲ၊ ဘယ်သွားချင်လဲပြော..”

“ကို.. ပြာတို့ ခိုးပြေးကြရအောင်လေ”
“စိတ်အေးအေးထားပါ ပြာရယ်၊ ပြာ့အဖေကို ပြန်ရှင်းပြလို့ ရတာပဲ”

“ဟင့်အင်း၊ ပြာ မလုပ်ချင်တော့ဘူး”
“ပြာရယ်၊ တို့တွေ ကျောင်းသားပဲ ရှိသေးတယ်လေ၊ ပြာ့ကို ကို့ရဲ့ အိမ်ထောင်ဖက် ဖြစ်စေချင်ပါတယ်၊ ဒါပေမယ့် ကိုအဆင်သင့် မဖြစ်သေးဘူးလေ။”

“ပြာ့ကို ပစ်မသွားနဲ့နော်ကို”
“စိတ်ချ၊ ပြာရဲ့ဘေးနားမှာ ကိုအမြဲရှိနေမယ်၊ ဒီလိုလုပ်မယ်လေ၊ စိတ်ပြေလက်ပျောက်ဖြစ်သွားအောင် တို့စစ်ကိုင်းဘက်ကို သွားလည်မယ်လေ”


Credits to http://www.flickr.com/photos/mgmoeswe/277100027/sizes/o/

စစ်ကိုင်းဘက်မှာ ဘုရားတွေ ဖူးရင်း၊ နေရာအနှံ့ ဆိုင်ကယ်နှင့် လျှောက်လည်ကြရင်း ချစ်သူနှစ်ယောက် စိတ်ကြည်နူးနေကြသည်။ ပြာ့ရင်ထဲမှာလည်း သူချစ်နေတာ ရဲထွဋ်ပဲ ဆိုတာ သေချာသလောက်ရှိနေပြီ ဖြစ်သည်။

သို့သော် မြှားနတ်မောင်ကား Facebook ထဲတွင် ကစားတာများလို့ အိပ်ရေးပျက်ကာ အိပ်ချင်မူးတူး ဖြစ်လေသလားမသိ။ ချစ်သူနှစ်ဦး ညနေပိုင်း မန္တလေးဘက် ပြန်အလာ ညနေစာစားနေကျ ရှမ်းထမင်းဆိုင်လေးတွင် ဖြစ်၏။ ပြာပြာတစ်ယောက် Rest Room သို့ သွားနေစဉ်အချိန် ရဲထွဋ်တစ်ယောက် ပြာပြာ့အိတ်ထဲမှ mp3 player လေးကို တွေ့သွားသည်။ ပြာပြာဘာသီချင်းတွေထည့်ထားလဲ နားထောင်မယ်ဆိုပြီး Play ခလုပ်ကို နှိပ်မိသောသကာလ..
“ဘို့ကို ဘယ်လိုရအောင် လုပ်ရမလဲ ဆိုတာငါသိပြီ၊ သူ့အချစ်ဆုံး သူငယ်ချင်းကို အသုံးချရမယ်”


ပြာတစ်ယောက်ပြန်ရောက်လာသောအခါ ရဲထွဋ်ကို မတွေ့ရတော့။ အခြေအနေကို ရုတ်တရက် နားမလည်သော ပြာတစ်ယောက် သူ့ကို ထားခဲ့ပြီး ပြန်သွားသော ရဲထွဋ်ကို စိတ်တိုသွားသည်။ နောက်နေ့ ကျောင်းအရောက် ရဲထွဋ်တို့ ထိုင်နေကျ နေရာ သွားရှာတော့လည်း သီဟသစ်တို့ အဖွဲ့ကိုပဲတွေ့သည်။ သူတို့ကလည်း ပြာပြာ ရဲထွဋ်ကို မေးတာ ဘာမှပြန်မပြောပဲ ရူးချင်ယောင်ဆောင်ပြီး ထွက်သွားကြသည်။

ကန်တင်းမှာ တစ်ယောက်တည်း ပေါက်ကွဲနေသော ပြာတစ်ယောက်အနားသို့ မေလေး၊ မိုးခါးတို့ ရောက်လာကြသည်။
“ဟေ့ပြာ၊ ဘာတွေ စိတ်တိုနေတာလဲ”
“ဟိုကောင် ရဲထွဋ်ပေါ့၊ ကျောင်းလဲမလာဘူး၊ အဆောင်ဖုန်းဆက်တော့လည်း လာမကိုင်ဘူး”

“ငါတို့ ထင်မထားတာ တကယ်ဖြစ်လာပြီလား၊ ငါတို့ နာမည်ကြီး အလှဘုရင်မလေးကို ရဲထွဋ်က ထားသွားပြီလား”
“လုံးဝ မဟုတ်ဘူး၊ ငါသူ့ကို ဖြတ်ထားခဲ့တာဟ ”

ပြာပြာတွေးမိတဲ့ အတွေးများကတော့..
ငါ့ကို ဘယ်သူမှ လွှမ်းမိုးတာ မခံနိုင်ဘူး၊ အခြေအနေကို ငါကပဲ ထိန်းချုပ်နိုင်စေရမယ်..

ဆက်ရန်..

ပြာတစ်ယောက် ရဲထွဋ်ကို ဘယ်လိုလက်စားချေမလဲ
ရဲထွဋ်နဲ့ ဘို တို့ကရော ..

ခင်မင်စွာဖြင့်
သီဟသစ်

P.S ပန်းပွင့်တွေများတဲ့ ဘိုဘို့အတွက် ကောင်မလေးနဲ့ ပြတ်တာ သိပ်မဆန်းသမို့ အကျယ်ချဲ့မရေးတော့ပါ။

35 comments:

kaungkinpyar said...

“ဟေ့ကောင် သီဟ၊ မင်းကို နှင်းဆီဖြူလိုက်ရှာနေတယ်”
“ဟာ အဲဒါမှ ဂွပဲ။ သူဒီနေ့ ကျောင်းမလာတော့ဘူး ဆိုလို့ ငါဖဲလာရိုက်နေတာ။ စိတ်ကောက်လိမ့်အုံးမယ်”

သူ ကတော့ စိတ်ကောက်မှာ ကြောက်သတဲ့...ဟွန်း

ဖေဖေ စိုင်းလားရှိုး ရဲ့ ပုံကို မြင်ယောင်ပြီး တခွိခွိ ရယ်နေတုန်းးး

“ပြာအိမ်မပြန်ချင်တော့ဘူး ကိုရယ်၊ ဖေဖေ့ မျက်နှာကို တွေ့ရမှာ ကြောက်တယ်၊ အဟင့်၊ အဟင့်”
“တိတ်ပါ ပြာရယ်၊ ပြာခုဘာလုပ်ချင်လဲ၊ ဘယ်သွားချင်လဲပြော..”

“ကို.. ပြာတို့ ခိုးပြေးကြရအောင်လေ”
“စိတ်အေးအေးထားပါ ပြာရယ်၊ ပြာ့အဖေကို ပြန်ရှင်းပြလို့ ရတာပဲ”

အမ၄းးးးးး၎းးးးးဇာတ်ဆရာရယ်....ကမ်းကုန်ပီ.....
သက်ပိုင်သူ ပြောသလိုဆို မင်းသမီး ပြာ့ ကိုသာ သတ်လိုက်ပါတော့ သတ်လိုက်ပါတော့.......ဇာတ်ဆရာရဲ့.......

ပြာ...ပြာ....ပြာ..ဘာဆက်လုပ်မလဲ.....

ပြာ

Welcome said...

အပိုင်း(၃) အားပေးသွားတယ်

ဆက်လုပ်ပါ

ကောင်းခန်းတွေ အများကြီးကျန်သေးတယ်

ရေတမာ said...

အရက်သောက်ခန်းက ထည့်တာမဟုတ်ဘူး
ဒီဝတ္တုကြီးကို ရုပ်ရှင်ရိုက်ချင်ရိုက်မှာ ဖဲရိုက်တဲ့ အခန်းဆိုတော့ ခါးညောင်းတာပဲရှိမှာ။

နှင်းဟေမာ said...

ရယ်ရတယ် ကိုသီဟရေ....
ဆက်ပါဦး ... ဘယ်သူသေမလဲ စိတ်ဝင်စားတယ်းD
နှင်း

ပုံ့မေ said...

ဖဲရိုက်ခန်းထည့်ထားတာကောင်းတယ်... မေသူဖဲဝိုင်းက ပိုက်ဆံကို သုတ်မယ်... ဒါပဲ

ဆောင်းနှင်းရွက် said...

မကြာမီ
လာမည် ..
မျှော် .............လားးးးး

ခွိက်တျန် .. လားးး ...
faster write ...!

လည်ပင်းရှည်သွားပြီ ...

လူပျိုကြီး said...

အိ.... လူတွေကို ပွစိတက်နေတာပါလား ဖတ်ရင်းနဲ့ မျက်စေ့တောင်လည်တယ် ဒီဇာတ်လမ်းများ ရုပ်ရှင်ရိုက်ရင်တော့ တစ်နိုင်ငံလုံးက မင်းသားမင်းသမီး အကုန်ထည့်တောင် လောက်ပါ့မလားမသိ :D

မျက်မှန်လေး said...

အဟီး။။။။


ပညာရပ်အကြောင်းဆွေးနွေးရင်း ရည်းစားအကြောင်းဘယ်လိုရောက်သွားပါလိမ့်
နွေးရေ...သိလားဟေ့

Phyo Maw said...

pm: အားလုံးပြီးရင် ebook လုပ်ပါ။


pm: အခြေအနေကို အကဲခတ်နေတယ် နောက်ထပ် ၂ နှစ်လောက်စောင့်ရင် ဒီဝတ္ထုကိုထုတ်ရင် ခေတ်တခေတ်
pm: ၏ပုံရိပ်များ အနေနဲ့ bestseller ဖြစ်သွားမလား...

မှတ်ချက် ။ ။ ဘွားစတိုင် စီဘောက်ကနေ ကွန်မန့်ကို ကူးပြီးမန့်သွားသည်။

Ree Noe Mann said...

ကောင်းနေပြီး ကောင်နေပြီ

ဇာတ်ရှိန်တက်နေပြီနော်။

လုပ်ထားပါ

အားပေးနေပါတယ်နော်။

ရီနို

tg.nwai said...

ဟယ်..ပြာတော့ စိတ်ဆိုးလွန်းလို့ ပြာဖြစ်တော့မှာပဲ..မြန်မြန်ရှင်းပါ ကိုသီဟရေ.YTU လည်း လေနဲ့လွင့်သွားတာ(စွန်လိုပဲ) ဘယ်ရောက်သွားပါလိမ့်...နှင်းဆီဖြူလေးကို အဲဒီလိုပဲ ရှေ့တမျိုးနောက်တမျိုး လုပ်နေတာလာာား ကိုသီဟနော်..:)

Rita said...

လူတွေကို အကုန်မသိတော့ အကုန်မရီနိုင်ဘူး ဖြစ်နေတယ်။ သိသလောက်တော့ တော်တော် အကွက်စေ့ပြီး လိုက်ဖက်အောင် ရေးနိုင်ပါပေတယ်။

Sein Lyan Tun said...

ဟင်းဟင်းးး

ဇာတ်ရှိန်က ကောင်းနေပြီး...

တားတားဘယ်တော့မှ အပြင်ရောက်ပါ့မလဲနော်....

ဒီဒါရိုက်တာကလဲလေ...

တားတား ဒီလောက် လာဘ်ထိုးထားတာ တားတားကို ပွဲမထုတ်သေးဘူးး(

ဟိဟိ

မေမေပြာရေ.....

တားတားအီဖေ ဘယ်သူတုန်း....


သူတို့ကလဲစားတွေ ချေနေတာနဲ့  တားတားလဲ ဘယ်နေလိုနေမှန်းသိတော့ဝူး

ဟိဟိ

ချစ်ခင်စွာဖြင့်

ဖိုးစိန်

မေကဆုန် said...

အချဉ်ပေါင်းစားရင်း ဖတ်သွားပါတယ် အစ်ကိုး)
ကျန်သောအပိုင်းများကိုလည်း မျှော်နေပါတယ်ရှင်..

စည်သူ said...

ပြာပြာ့ ဖေဖေက ဦးရှင်ကြီးလား..
ခိခိခိ.. ခိခိခိ..

ပြာကလည်း လွန်းးးးးးးး လွန် လွန်းးးးတယ်
ဖုန်းဟုန်းဟုန်း ဆက်လိုက်ရမလား..

thetpaingthu said...

ဦးသစ်.. ဇာတ်လိုက်တစ်ယောက်ယောက် ပေးသေခိုင်းတာ.. သေသေးဘူးလား..
ဒီမှာ ငိုချင်လို့ထိုင်စောင့်နေတာ

မေဇင် said...

အဲ့...ဒုက္ခပါပဲ...အထင်လွဲတာ ပြာ က မသိဘူးလား.... ပြာ့ သူငယ်ချင်း မေလေး တို့ မိုးခါး တို့က မရှင်းပြကြဘူးလား....လုပ်ဦးလေ...သနားပါတယ်...။

ညီညီ said...

နောက်တစ်ပိုင်း မျှော်နေပါသည်ခင်ဗျာ.။ တော်တော်လေး ဇာတ်ရှိန်ကောင်းနေပါပြီ.။ မြန်မြန်ရေးပါဗျို့။

ခင်မင်တဲ့

ညီညီ

Moe Cho Thinn said...

ဆက်ပါအုံး။ စောင့်ဖတ်နေပါတယ်။ ဇာတ်လမ်းက အလှည့်လေးတွေနဲ့ပါလား။

khin oo may said...

ဒါလွယ်ပါတယ်. နောက်ဆုံး အငြင်းအခုနတွေ ဖြစ်ရပြီးသမီးရည်းစားနစ်ယောက်ပြန် အဆင်ပြေသွားမှာပေါ့

khin oo may said...

ဒါပေမဲ့  YTU ကိုချော့ဘို့ဆိုတာတော့မလွယ်လှဘူး။

mgnge said...

အဟဲ။။
တော်တော် ဆွဲဆောင်လာ ပြီ...။
ဆက်လက်စောင့်မျှော်နေဦးမည်ပါ့..။
အပိုင်း လေး တင်မယ် ဆိုလည်း မက်ဆေ့လေး ဘာလေး ပို့ ပါလားဘရာတာ ရာ..။

ညီက အွန်လိုင်းသိပ်မ ၀င်ဖြစ်တော့ စိတ်ကူးပေါက်လို့ သတိရ မှ ဘလော့လည် ဖြစ်တာမို့  ပါ။။

ကျောပိုးအိတ် said...

ပြာပြာကRest Room သွားတာ ဒီလောက်တောင် ကြာရလား။ ရဲထွဋ်ကလဲ စပ်စုလိုက်တာ။ MP3 ကိုပြောတာနော်

ဆက်ရန်မျှော်နေပါကြောင်း
း)

ကိုလူထွေး said...

ဇာတ်လမ်းဆင်ထားတာ တကယ်မိုက်တယ်...
ဆက်လုပ်ကိုယ့်လူ...း)
အပိုင်းဘယ်နှစ်ခုလောက် ဆက်မယ်စိတ်ကူးထားလဲ... လုံးချင်းဖြစ်သွားရင်လည်း welcome ပါ...

းဝ)

ပွင့်မြူးဇင် said...

ရေးလည်းရေးတတ်ပတော်... ကျန်တဲ့အပိုင်းတွေမြန်မြန်ရေးဦးနော်..

မြရေလျဉ် said...

ဘလော့ဂါတွေလည်း သူ့ဝတ္ထုထဲမှာ သားရေကွင်းတွေကျနေတာပဲ..
သူချစ်စေချင်ချစ်ရ
ပြတ်စေချင်ပြတ်ရ..
ဩော် .
ဇာတ်ဆရာအလိုကျ ..ပါလားဟ..
....

(ရယ်ရင်းမောရင်း လာမန့်သွားပါတယ်..)

Dream said...

ဟားဟား..တီတီကောင်းဇာတ်ကို မျက်စိထဲ ပြေးမြင်မိတယ်...ကွက်ကွက်ကွင်းကွင်းပဲ...

ဦးရှင်ကြီး အဖေပုံစံနဲ့ သရုပ်ဆောင်နေတာကိုလဲ ထင်းကနဲပဲ.....

ဇာတ်ဆရာ အရှိန်ရခါနီးမှ.... ကိုရီးယား ရောက်သွားတယ်နဲ့တူတယ်။.. ဟွန်းးးး
း(

ဆက်ရန်မြန်မြန်တင်ပါဗျိုးးးးးးးးးးး

( ဟင့်..ဟင့်..ပြာဘ၀တော့ မတွေးရဲစရာ ဖြစ်အောင် မလုပ်နဲ့နော်... ဟိဟိ)

မငုံ said...

ဆက်ရန်မျှော်နေ၏။ :)

ဂျပန်ကောင်လေး said...

း)..... တီပြာတော့ တကယ့်ဇာတ်လိုက်ပဲ..ဟိဟိ

ခရေညို said...

ဟုတ်ပ ပြာပြာတို့စုံတွဲကို စစ်ကိုင်းမှာ တွေ့လိုက်တယ်။မိုးမမြင် လေမမြင်ပါပဲ။

နွေးနေခြည် said...

နွေးနေခြည်က ဖဲဝိုင်းဘက် အာရုံရောက်နေသဖြင့် သိပ်မကြားလိုက်ပေ။
ကြားကိုမကြားလိုက်တာ... ဟီးးဟီးးး)

WWKM said...

သြော်..ရဲထွဋ်နဲ့ ပြာ တို့ရဲ့ဒါရိုက်တာက ဒီမှာကိုး.း))
အလည်မရောက်ဖြစ်တာကြာပြီ မောင်သီဟရေ.
ပျော်စရာပို့စ်လေး ပျော်ရွှင်စွာဖတ်သွားပါတယ်။

လင့်ခ်တွေပျောက်ကုန်လို့ လင့်ခ်ထပ်ယူသွားပါတယ်။

အစ်မ၀ါ

စိုင်းစိုင်းလားရှိုး said...

ဇါတ်ဆရာရဲ့ အလိုကျပေါ့ ဘာတတ်နိုင်မှာလဲကွာ.........း)

Angel Shaper said...

အယ်........ဇာတ်ရှိန်မြှင့်လာပီဗျ။
ဆက်ဆွဲဆရာ.... မိုက်စ်တယ်။
ပြာပြာနဲ့ ဘူလေး အိုကေမလဲ။
ဘယ်လိုဆက်လာမလဲ ဆိတ်ဝင်စားလာပီ အဲလေ..စိတ်ဝင်စားလာပြီ။ မြန်မြန်ဆက်။ ပို့စ်သစ်ကို မေလ်းလေးတော့ပို့ပေးနော်။

မိုးခါး said...

မဖြစ်ဘူး မဖြစ်ဘူး
အပျက်ပျက်နဲ့ နှာခေါင်းသွေး ထွက်ကုန်ဒေါ့မှာပဲ ... :P