Monday, November 9, 2009

L for Langkawi - 5 : The End

Long time no see,
ဘလော့ညီအစ်ကို မောင်နှမ သူငယ်ချင်းများနှင့် မတွေ့ရသည်မှာ ကြာလေပြီ။ ဘလော့ရေးခြင်း၏ အလယ်အဆင့်ဟုပြောကြသော ဘလော့ကို ခေတ္တစိတ်ကုန်တဲ့ အဆင့်ရောက်သွားသောကြောင့် ဖြစ်ပါသည်။ ခုပြန်လာပြီ ပြန်ချစ်မည်။ အရင်ရက်တွေက ဘယ်သူ့ဆီမှာမှ စာလိုက်မဖတ်ဖြစ်ခဲ့သောကြောင့် ဖြည်းဖြည်းချင်း ပြန်ဖတ်ပါမည်။ သီဟသစ်ကို မေ့မသွားကြသောကြောင့် ကျေးဇူးတင်ပါသည်။ (မေ့မသွားဘူး ဟု ဘယ်သူမှ မပြောပါ။ ကိုယ့်ဘာသာကို ဇွတ်ထင်တာဖြစ်ပါသည်။) ခုပို့စ်မှာတော့ draft ထဲမှာ ကြာကြာပစ်ထားခဲ့မိသော လန်ကာဝီနောက်ဆုံးပို့စ် ကိုတင်ပါမည်။)

လန်ကာဝီရဲ့ နောက်ဆုံးလည်ဖြစ်တဲ့ ရက်က ခရီးစဉ်ကတော့ Mangrove and Eagle Feeding ဆိုတဲ့ လမုတောတွေ သွားကြည့်တဲ့ ခရီးစဉ်နဲ့ လင်းယုန်ငှက်တွေ အစာကျွေးတဲ့နေရာပါ။ မြစ်ဝကျွန်းပေါ်ကို ပုသိမ်ချောင်းသာကလွဲရင် တခြားနေရာ မရောက်ဖူးတော့ မြန်မာပြည်က လမုတော ကိုမမြင်ဖူးပါဘူး။ သွားဖြစ်တဲ့ အဖော်တွေနဲ့တောင် ကျိုက်ထီးရိုး ဘုရား ရင်ပြင်တော်သွားဖို့ Cable Car တွေဆောက်၊ မြစ်ဝကျွန်းပေါ် Mangrove Tour လှည့် စိတ်ကူးတွေယဉ်နေပါသေးတယ်။
(♥ Mangroves@Kukup Island - by Ko TZA ,  လမုပွင့် - မမသီရီ)






ပုံထဲကလို တမျှော်တခေါ် လမုတောတွေ ကြားပတ်မောင်းပြပါတယ်။ အချို့နေရာတွေမှာ မျောက်ကလေးတွေကို တွေ့တော့ စက်လှေရပ်ပြီးပြပါတယ်။ If you are lucky, blah blah blah.. ဆိုတဲ့ စက်လှေ သမားရဲ့ စကားသံကို မရိုးနိုင်အောင် စကြားရတာပေါ့။ မျောက်တွေက အစာကို ရေထဲက လှမ်းယူရင် ဘယ်လိုဆန်းတယ်ဆိုလားပဲ။ ဟိုမျောက်တွေကတော့ ဣနြေ္ဒရနေလိုက်တာ။ လှုပ်တောင်မလှုပ်။




နောက်နေရာကတော့ လန်ကာဝီရဲ့ သင်္ကေတ လင်းယုန်တွေ ရှိတဲ့နေရာပါ။ စက်လှေသမားက ကြက်အရေခွံတွေကို ပုံးထဲက နည်းနည်းထုတ်ပြီး ရေထဲချကျွေးလိုက်ပါတယ်။ လင်းယုန်တွေကလည်း အဲဒီအစာတွေ ရှိနေတဲ့ ခဏပဲ ပျံဝဲလာကြတာပါ။ နောင်အခါသွားချင်တဲ့သူတွေ လင်းယုန်တွေ အကြာကြီး ကြည့်ချင်ရင် အစာကျွေးဖို့ တစ်ခုခုယူသွားကြဖို့ အကြံပေးပါရစေ။

နောက်တစ်နေရာ တောင်အောက်ထဲကို ဖြတ်ရတဲ့ ရေလမ်းလေးပါ။ အထဲကိုဝင် စက်လှေကို ဖြေးဖြေးချင်းပြန်လှည့်ပြီး တခြားတစ်ဖက်ကို ပြန်ထွက်တာပါ။




နောက်တစ်နေရာကတော့ လင်းနို့ဂူပါ။ သီဟသစ် ချစ်တဲ့အထဲမှာ မြန်မာပြည်ကပုဇွန်ပဲပါတာ။ လင်းနို့မပါလို့ အထဲဝင်မကြည့်ခဲ့ပါဘူး။ အောက်ကပုံလေးက လင်းနို့ဂူထဲကို အဝင်လမ်းပါ။


နောက်ဆက်သွားတဲ့နေရာကတော့ Gua Certia (Cave of Legends) ဆိုတဲ့နေရာလေးပါ။ သိမ်းငှက်အကြီးကြီးက တရုတ်မင်းသမီးလေးကို ချီပြီး အဲဒီနေရာမှာထားခဲ့တယ်လို့ဆိုပါတယ်။ ဂူထဲမှာတော့ ဘာမှ ထူးထူးခြားခြားမရှိပေမယ့် ဂူအပြင်ဘက်က လမ်းကလေးကတော့ ကဗျာတော်တော်ဆန်ပါတယ်။ နှင်းဆီဖြူလေးနဲ့ အတူတူ လျှောက်ရရင်ပေါ့လေ။ ခုတော့ မောင်villager တို့နဲ့ဆိုတော့ စကားပြေလောက်ပဲ ဆန်ခဲ့တယ်။

လင်းနို့ဂူပြန်အထွက်မှာတော့ သမုဒ္ဒရာဘက်ကို သွားတာပါ။ ထိုင်းနိုင်ငံဘက်ကို သွားတဲ့ရေလမ်းဘက်ပါ။ လှိုင်းတွေက တော်တော်ကြီးပါတယ်။ သီဟသစ်အတွက် ပြောတာပါ။ Kilim Geoforest Park ဆိုပြီး စာတမ်းထိုးထားတဲ့နေရာလေးကိုလည်း ရောက်ခဲ့ပါသေးတယ်။

နေ့လည်စာ စားတာက ရေပေါ်စားသောက်ဆိုင်လေးမှာပါ။ လန်ကာဝီမှာ စားခဲ့သမျှဆိုင်တွေထဲမှာ အတန်ဆုံးလို့ ပြောလို့ရပါတယ်။ စားရတာလဲ မဆိုးပါဘူး။ ၇ ယောက်ကို 120 ကျော်ပဲ ကျပါတယ်။

လန်ကာဝီမြို့ထဲကို ဖြတ်တော့ တစ်ချို့နေရာတွေက ပြင်ဦးလွင်တို့၊ မြစ်ကြီးနားတို့က အိမ်မျိုးလေးတွေလိုပါပဲ။ W ကား တွေ မဖမ်းခင်ကပုံနဲ့တူတယ်ဆို ပိုမှန်မယ်။ အိမ်တိုင်းမှာ ကားကောင်းကောင်းလေးတွေ တစ်စင်းစီလောက်စီ ရပ်ထားကြလို့ပါ။

နေ့လည်ပိုင်းကတော့ Mahsuri မင်းသမီးလေးရဲ့ ပြတိုက်ကိုသွားတာပါ။ ပြတိုက်မှာက ပန်းချီတွေနဲ့ ပုံဖော်ထားတာပါ။ DVD နဲ့လည်းသူတို့ ဇာတ်လမ်းရိုက်ထားတာကို ပြန်ပြပါတယ်။ ပြတိုက်က ဝန်ထမ်းမိန်းကလေးတွေကတော့ ရွာကလိုပါပဲ။ စာအုပ်လေးတွေ ကိုယ်စီဖတ်လို့ လာတဲ့သူတွေကိုလည်း သိပ်ဂရုစိုက်မနေပါဘူး။

ညပိုင်းမှာတော့ စင်ကာပူက ဘလော့ရေးတဲ့ သူငယ်ချင်းတွေ အတွက် ဆိုပြီး ချောကလက်သွားဝယ်ပါတယ်။ ဘူးအလတ်စားလောက်ကို 20 ပေးရပါတယ်။ သို့ပါသော်လည်း ကျွေးလို့မရတော့ပါဘူး။ မင်းသမီးကြီးနဲ့ အတူ ပျောက်ဆုံးသွားလို့ပါ။

သွားမယ့်သူတွေကို မှာချင်တာကတော့
၁) လန်ကာဝီက Duty Free ဖြစ်ပြီးသားဖြစ်လို့ အပြန် စလုံးက Duty Free ဆိုင်မှာ ဝယ်ခွင့်မရှိပါ။
၂) လန်ကာဝီရောက်ရင် သွားမယ့် ခရီးစဉ်ပေါ်မူတည်ပြီး ဈေးဆစ်ပါ
၃) ကမ်းခြေတွေမှာ ရေဆော့ချင်ရင် ညနေပိုင်းတွေမှ ပိုကောင်းပါတယ်
၎) စားသောက်ဆိုင်တွေနဲ့ နီးတဲ့ဟိုတယ်တွေမှာတည်းရင် ပိုအဆင်ပြေပါတယ်။ သီဟသစ်တို့တုန်းက ညစာစားဖို့ ကားသက်သက်ငှားနေရလို့ပါ။

ကျေးဇူးတင်စကား
၁) စာလာဖတ်ပေးတဲ့ ညီအစ်ကို မောင်နှမ အားလုံး
၂) ဓါတ်ပုံတွေ အများစုကို ရိုက်ထားပေးတဲ့ ကိုလင်း၊ Mr. Villager
တို့ကို အထူးကျေးဇူးတင်ပါကြောင်း

အားလုံးစိတ်ရွှင်လန်းချမ်းမြေ့ကြပါစေ။

ခင်မင်စွာဖြင့်
သီဟသစ်

P.S Bonus တွေ နောက်ပို့စ်မှာလာမည်။

22 comments:

ကောင်းကင်ပြာ said...

နာ ၁ နော်၊ ဦးကြည့်တာ..ဟိဟိ ပီးမှ လာမန့်မယ်၊ ဖတ်လိုက်ဦးမယ်

ကောင်းကင်ပြာ said...

ပုဇွန်ပဲ ချစ်သတဲ့ လင်နို့ကျ မကြည့်ခဲ့ဘူး၊ ရောက်မှတော့ ချစ်ချစ် မချစ်ချစ် ကြည့်ခဲ့တာ မဟုတ်ဘူး၊
လက်ဆောင်ဝယ်တဲ့ ချောကလက်ကလည်း မြင်ခဲ့ရပီး မှ ပျောက်သွားတာအေ၊ မောင်ဗစ်လစ်ဂျာ ပေါ့၊ အောက်ဆင်းတာ ယူမနေနဲ့ ပီးမှ စားဆိုတော့ ခုတော့ ...
ရှုခင်းတွေ လှချက်နော်...နောက်တခေါက်နော်..နောက်တခေါက်...

ကြည် said...

ဒီနှစ် အားလပ်ရက် ကိုတော့ လန်ကာဝီ သွားဖို့ ဆုံးဖြတ်ထားတာကြောင့် L for Langkawi ပိုစ့်ကို အစအဆုံးသေချာ ဖတ်ရှူ့မှတ်သားသွားကြောင်းပါ။

khin oo may said...

ဘောနပ်ကိုသတ်သတ်တင်ပါလား
တို့အနေနဲ့ကတော့စာကိုသပ်သပ်ဖတ်တယ်
ဘောနပ်ကို နောက်နေ့တွေမှဖြည်းဖြည်းတင်ပါလား ပရိသတိနဲ့လဲသိတ်အဆက်မပြတ်ဘူးပေါ့.တင်စရာမရျိတဲ့နေ့မှ ဘောနပ်စ်တင်ပါလား အကြံပြူတာပါ.

ဂျူနို said...

ခုပြန်လာပြီ ပြန်ချစ်မည်တဲ့ ဟားဟားဟား



မအယ်

ဂျစ်တူး ( မုံရွာ ) said...

သီဟရေ--ဓါတ်ပုံကလေးတွေအားလုံးကိုကြိုက်တယ်-

Lucifer said...

လှလိုက်တဲ့နေရာလေးတွေ... ပိုက်ဆံအများကြီးရှိရင် လန်ကာဝီ သွားမယ်.....

စိတ်စမ်းရေ said...

ဓာတ်ပုံလေးတွေ အရမ်းလှတာပဲ ကိုသီဟ...။
ကမ်းခြေနားက လမ်းကလေးကလဲ တကယ့်ကို ကဗျာ
ဆန်ပါပေတယ်....။

ဏီ(န်)ကင်း said...

လာဖတ်ပြီးဗဟုသုတတွေယူသွားတယ်အကိုရေ...
ပျောက်ချက်သားကကောင်းနေလိုက်တာ

ဆောင်းနှင်းရွက် said...

မေ့ပါဘူးးး ...
လန်ကာဝီ ဘယ်တော့ ဆက်မလဲ စောင့်နေတာ ..
အားပေးသွားတယ် ...

Anonymous said...

လန်ကာဝီ သွားချင်အောင် လုပ်နေပါလား ကိုသီဟရေ

လူပျိုကြီး said...

စကားပြေပဲ ဆန်လာခဲ့သလားဟင်

ခရေညို said...

ကိုသီဟ ရေ နေကောင်းပါစ?
ဓာတ်ပုံလေးတွေ က အရမ်းမိုက်တာပဲ

rose of sharon said...

ရှုခင်းလေးတွေ လှလိုက်တာ

Ree Noe Mann said...

ချောကလပ် ကို စားလိုက်ရသလိုပါပဲ။ ဇော်ဝင်းထွဋ် ညကလေ။

ခုတော့ ပြန်ချစ်ပြီးဆိုတော့ အညီအမျှပဲနော် ကိုသစ်။

ဒီခြားထဲမှာ ဘလောဂ့်ကို စိတ်ကုန်နေတဲ့ အချိန်မှာ

စိတ်ထဲရေးချင်နေမိတဲ့ စာတွေကို ရေးချလိုက်ဖို့လဲ

မမေ့နဲ့အုံးနော်

ချစ်တဲ့ ရီနို

ဆောင်းချမ်းမိုး said...

ရှူခင်းလေးတွေ လှတယ်ဗျာ..
မင်းသားတွေရဲ့ ပုံလေးတွေပါရင် ပိုလှမယ်ထင်ပါရဲ့


နှစ်ဖက်သောမိဘများအမှူးထား၍
ဆောင်းချမ်းမိုး

ကာရေတမို said...

welcome back အကို။ အမျိုးသမီးကပြောနေတာ လန်ကာဝီသွားဖို့ တိုးလိုးတန်းလန်းကြီးတဲ့ အင်ဖော်မေးရှင်း အပြည့်အစုံမရလို့ပါ။ ခုတော့ ရှဲရှဲ နီ။

Welcome said...

ခရီးသွားပို့စ်လေး အားပေးသွားတယ်၊ ကိုယ်တိုင် ရောက်နေတဲ့အတိုင်းပါပဲ ..

ကြည်ဖြူပိုင် said...

မတော်လိုက်ရတဲ့ယောက္ခမရယ်မေ့ပါဘူး
ချော့ကလက်ဝယ်သေးတယ်ပေါ့
နာလိုက်တာစားရဘူး:D
ဓာတ်ပုံလေးတွေအရမ်းလှ
စာပြန်ရေးတာကောင်းသဗျ
ပျော်စရာကြီးနော်
သွားခွင့်ကြုံရင်သွားဦးမှာ
အဲဒိကျဘာရမလဲ
အားကျမခံပုံတွေအများကြီးရိုက်မှာ
ဟဲဟဲ

ဇော် said...

အတော်လှတယ်နော် .. ကိုဂျီး ..

ဂျပန်ကောင်လေး said...

သွားချင်လိုက်တာ.... ခေါ်မယ်မကြံဘူး...

Angel Shaper said...

ဟဲဟဲ... ပျော်စရာခရီးလေးနဲ့ ပုံလှလှလေးတွေ မြင်ရ ဖတ်ရတော့ အားကျသဗျ။
မုန့်လေးကော ပါဘူးလား ဟိဟိ။