Wednesday, December 9, 2009

Bonuses (1)

၁) တကယ်ကြည့်ကောင်းတာပါ

ကိုရေတမာ၏ အမျိုးသမီးက သားဦးလေး မီးဖွား၏။ ကလေးကို ကြည့်ပြီး ပျော်မြူးနေသော ကိုရေတမာကို ဆရာဝန်က ပြောသည်။
`တကယ်ချစ်စရာ ကောင်းတဲ့ ကလေးလေးဗျာ´

ကိုရေတမာက
`ကျွန်တော်ထင်တာကတော့ ဆရာ ကလေးအဖေတိုင်းကို ဒီစကားပြောတယ် ထင်တာပဲ´

`မဟုတ်ပါဘူးဗျ၊ ကလေးက တကယ်ချစ်စရာကောင်းမှ ကျွန်တော် ပြောတာပါ´
`ဒါဖြင့် တခြားကလေးတွေရဲ့ အဖေတွေကို ဘယ်လိုပြောသလဲ´

`ခင်ဗျားနဲ့ ကလေး ရုပ်တူတယ် လို့ပဲ ပြောလိုက်တယ်´


၂)ဘယ်ပန်းသာလို့ ယှဉ်ပါ့မယ်

မိုးခါး၊ မကောင်းကင်ပြာနှင့် မေလေးတို့ ထိုင်နေရာသို့ တောင်ပေါ်သား ရောက်လာပြီး မေးသည်။

ဟေ့ မိုးခါး၊ နင့်အကြိုက်ဆုံးပန်းက ဘာပန်းလဲ
သစ်ခွလေ

ဟုတ်လား၊ ဟာဟ၊ ငါဖြင့် အဲ့ပန်းတွေနဲ့ အီးကုန်းတယ်။
မိုးခါးတင်းသွား၏။ မျက်စောင်း ၁၀ ခါ ထိုးပလိုက်သည်။ တောင်ပေါ်သားက

ဒါနဲ့ မမပြာကရော
ငါလား၊ ငါ့လို နူးနူးညံ့ညံ့ ယုဇနပန်းလေးတွေ ပေါ့ဟယ်

ဟုတ်လား၊ ဟေဟေ့၊ ကျွန်တော်ဖြင့် အဲဒါ အိမ်သာထဲမှာသုံးတာပဲ
မမပြာ အကြီးမို့ ရယ်ချင်ယောင်ဆောင်လိုက်ပြီး တောင်ပေါ့်ကို အတည် ခေါင်းခေါက်ပစ်လိုက်သည်။

ဒါနဲ့ မေလေး၊ နင်ကရော
အေးငါကြိုက်တာ Cactus လေ၊ နင်အိမ်သာသုံးချင်ရင် သုံးပေါ့

Credits to http://static.howstuffworks.com/gif/prickly-pear-cactus-1.jpg

၃)သေချာပြီ
အမဲလိုက် မုဆိုးကျော် ၂ ယောက်ဖြစ်သော စည်သူနှင့် ဆောင်းချမ်းမိုးတို့ ၂ ယောက် သေနတ်ကိုယ်စီကိုင်ပြီး တောနက်ထဲသွားကြသည်။

တစ်နာရီခန့်လမ်းလျှောက်မိသောအခါ ဆောင်းချမ်းမိုးက
ဟေ့ကောင်စည်သူ၊ ငါကောင်းကောင်း နေမကောင်းချင်ဘူးကွာ

စည်သူက
အေး၊ အဲဒါဆိုလဲ ပြန်နားကြတာပေါ့ကွာ

သူတို့ အပြန်လမ်းတွင် ၁၅ မိနစ်ခန့်လျှောက်မိသောအခါ ဆောင်းချမ်းမိုးတစ်ယောက် မူးလဲသွားတော့သည်။ စည်သူတစ်ယောက် စိတ်ပူပြီး 911 ကိုလှမ်းခေါ်သည်။

အော်ပရေတာက ဖုန်းဖြေသည်။
911 ကပါ၊ ဘာကိစ္စများ ရှိလို့ပါလဲ

ဒီမှာဗျာ ကျွန်တော့်သူငယ်ချင်း တစ်ယောက် Heart Attack ရပြီး မူးလဲသွားတယ်၊ ကျွန်တော်တော့ သူသေပြီ ထင်တာပဲ

အော်ပရေတာက ပြန်ဖြေသည်။
ဟုတ်၊ ပထမဆုံးအနေနဲ့ သူသေသွားပြီဆိုတာ သေချာဖို့လိုပါတယ်

စည်သူက
ဟုတ်ပြီဗျာ၊ ခဏစောင့်

အော်ပရေတာ သေနတ်ပစ်သံ တစ်သံကို ဖုန်းထဲက တဆင့်ကြားလိုက်ရသည်။ ထို့နောက် စည်သူ့အသံပေါ်လာသည်။

ကဲ သူသေတာ သေချာပြီဗျ၊ ဘာဆက်လုပ်ရမလဲ ပြောပါ


၎)ဥ ဇာတ်လမ်း

ဦးရှင်ကြီးနှင့် တောင်ပေါ်သားတို့က အိမ်နီးနားချင်းများ ဖြစ်ကြသည်။ ဦးရှင်ကြီးက ဥစားကြက်မလေး တစ်ကောင်မွေးထားသည်။ တစ်နေ့သောအခါ ဦးရှင်ကြီး ကြက်ဥကောက်ရန် အသွား ကြက်မလေးက တောင်ပေါ်သားတို့ အိမ်ဘက်တွင်ဥထားသည်ကို တွေ့ရသည်။

ဦးရှင်ကြီးက ကြက်ဥကို ပေးရန်ပြောသောအခါ တောင်ပေါ်သားက သူ့အိမ်ထဲမှာ အုသောဥဖြစ်၍ မပေးနိုင်ဟု ဆိုသည်။ သူုတို့အတန်ကြာ ငြင်းခုန်ကြပြီးနောက် ဦးရှင်ကြီးက ပြောသည်။

ငါတို့ မျိုးရိုးမှာက အကျင့်တစ်ခုရှိတယ်ကွ၊ အငြင်းအခုန်ဖြစ်လာပြီ တစ်ယောက်နဲ့ တစ်ယောက် တစ်လှည့်စီ ကန်တယ်၊ အမြန်ဆုံး ပြန်ထနိုင်တဲ့ အကောင်နိုင်တာပဲ

တောင်ပေါ်သား သဘောတူလိုက်သည်။ ဦးရှင်ကြီးက အရင်စကန်ရမည် ဖြစ်သည်။ ဦးရှင်ကြီးက Boot ကြီးကို စီးပြီးနောက် တောင်ပေါ်သားကို ပြေးကန်ပစ်လိုက်သည်။ တောင်ပေါ်သား အရှိုက်ကို ထိသွားသဖြင့် နာရီဝက်လောက် မှောက်နေရသည်။ ပြီးမှထလာပြီး

အေးခုတစ်ခါ၊ ကျုပ်ကန်ရမည့် အလှည့်

ထိုအခါ ဦးရှင်ကြီးက

အေး၊ အဲ့ကြက်ဥကို မင်းပဲ ယူထားလိုက်၊ ကန်မနေနဲ့တော့၊ မင်းနိုင်တယ်


ဒီအောက်က ဟာသကတော့ ဘာသာပြန်ရင် ပျက်သွားမှာစိုးလို့ သူ့အတိုင်းပဲကူး လိုက်ပါတယ်။

Mississippi

A bus stops and two Asian men get on. They seat themselves, and engage in animated conversation. The lady sitting behind them ignores their conversation at first, but she listens in horror as one of the men says the following:

“Emma come first. Den I come. Two asses, dey come together. I come again. Two asses, dey come together again. I come again and pee twice. Then I come once-a more.”

“You foul-mouthed swine,” retorted the lady indignantly.
“In this country we don’t talk about our sex lives in public!”
“Hey, cool down lady,” said the man. “I’m just telling my friend how to spell Mississippi.”

ညီအစ်ကို မောင်နှမအားလုံး ရွှင်လန်းချမ်းမြေ့ကြပါစေ..

ခင်မင်စွာဖြင့်
သီဟသစ်

27 comments:

ကောင်းကင်ပြာ said...

ဟိဟိ ရိုက်ချက်ကတော့ ကမ်းကုန်ပဲ....
ဆော်ဟ...ဒါနဲ့ အောက်က အီးလို ရေးထားတာ မဖတ်တတ်ဘူး သိလား...း)

Sein Lyan Tun said...

ဟင်းးးးးးးးးးးးး


ဒီကိုသစ်ကြီးတော့.... ကျနော့် ချစ်ပေါ်ကို ကြီး ဖဲ့သွားပါလား....နေနှင့် ဦးပေါ့... ချစ်နဲ့ တိုင်ပင်ပြီး ပြန်ရေးရမယ်...

ဒါဗြဲ။။


ဟိုနေ့ က၈လဲ မလှိမ်တပတ်နဲ့ လစ်သွားတယ်... ကျေနပ်ဖူး


ချစ်ခင်လေးစားစွာဖြင့်

ဖိုးစိန်

yehtutnaung said...

ဖဲ့တယ်ဗျာ.. နွှာတယ်ဗျာ.. ပြီးရင် ရေလုံးပြုတ်သာ ချက်စားလိုက်ပေတော့.. :P

NweYoe said...

ပြာပြာ ၀ါဝါတွေ မပါတော့ဘူး အောက်မေ့နေတာ ဒီမှာလည်း ပါသေးသကိုး . . . အဟတ် ဟတ်

Anonymous said...

အိုးးး မပြောလည်း အကုန်သိတယ်။းP ဒါအစပျိုးနေတာလား။

အမည်မသိ ရေတမာ

Lucifer said...

စာက ဖတ်လို့ကောင်းတယ်... စာဖတ်နေရင်းနဲ့ကို မမီးက ပြုံးစိစိ ဖြစ်နေတယ်.. အောက်က English လို ပေါ့သွားမှာ ဆိုးလို့ ဘာသာမပြန်တာဆိုတော့ တော်တော်ကောင်းမယ်ဆိုပြီး ကြိုးစားပြီဖတ်ကြည့်တာ
တော်တော်လေး တော်ရှာပါတယ် မမီးတို့က တော့ ခေါင်းကို မူးသွားတာပဲ

ကျောပိုးအိတ် said...

ဒါရိုက်တာ လုပ်တာ မပြီးသေးဘဲကိုး။
ဖဲ့တယ်လို့ မထင်မိပါဘူး။ဒီပို့ စ်ကို။ သူငယ်ချင်းတွေ ချစ်လို့ စနေတယ်လို့ ထင်တယ်။

ထင်တာပြောတာနော်

ဂျပန်ကောင်လေး said...

အောက်ဆုံးဟာသ အမိုက်ဆုံးပဲ... ဟားဟား....း)

တောင်ပေါ်သား said...

မကြောက်ပါနဲ့ မောင်ရင် ဖဲ့ရမှကို ကျေနပ်မှာ ဟာသတွေနဲ့ လူကို လာမချော့နဲ့ မရဘူး ဖဲ့ဦးမှာ ဒါပဲ ပြောမယ်


လေးစားလျက်
တောင်ပေါ်သား

~ဏီလင်းညို~ said...

ကိုသီဟရေ...
ဘယ်ပန်းသာလို့ ယှဉ်ပါ့မယ်... ဆိုတာလေးကို ဖတ်ပြီး အော်တောင်ရယ်မိတယ်ဗျာ...။
ရယ်စရာလေးတွေ ဖတ်ရတဲ့အတွက် ကျေးဇူးးးး

ခင်မင်တဲ့
ဏီလင်းညို

Welcome said...

ဘ၀အမောတွေကြားမှာ ဘောနပ်စ်တွေနဲ့ ကျေနပ်သွားတယ်။

ဆင်ဆင်ပြေပျော်ရွှင်ပါစေ

မေလေး said...

ဟင် ပေါ်ပေါ်ကို ခေါင်းလဲခေါက်ရဘူးးးး((((

Waing said...

ဟဟဟဟဟဟဟဟဟ
အားလုံးရီရတယ် အောက်ဆုံး အင်္ဂလိပ်လိုက ၂ခါပြန်ဖတ်ရတယ် သဘောကျတယ်ဗျာ ဂယ်ပါး))))

flowerpoem said...

ရီရတယ်ဗျို့ Bonus တွေ များ၂ တင်ပေးပါ :)

flowerpoem said...

ရီရတယ်ဗျို့ Bonus တွေ များ၂ တင်ပေးပါ :)

ညီညီ said...

အောင်မလေး ဒီပိုစ့်ကိုမှ ရုံးမှာ ခိုးဖတ်မိပါလေရဲ့.။ ရီလိုက်ရတာ အစ်ကိုရယ်. တော်သေးတယ် ခွိ ခနဲ ရယ်လိုက်မိတာ သဌေး အိပ်ငိုက်နေချိန် ဖြစ်နေလို့သာပေါ့. ဟဟဟ.။ နောက်ဆို ရုံးမှာ ခိုးဖတ်ရန်မသင့် သော ပိုစ့်များအား ခေါင်းစဉ်တွင် ဖေါ်ပြစေဗျာ.။

ခင်မင်လျှက်

ညီညီ(အနာဂါတ်သံစဉ်)

မငုံ said...

:) ဦးရှင်ကြီး ကန်ချက်ကောင်းလိုက်တာ။ ဒါကြောင့် တောင်ပေါ်သား ပျောက်နေတာကိုး ။

:) ဖတ်ပြီး ရီသွားတယ်။

လင်းဒီပ said...

ဟေ့လူကြီး လူရွှင်တော်ကြီး လူပျက်ကြီး လူတစ်ပိုင်းကြီး ကိုသီဟသစ် ရယ်စရာတွေဆို သိပ်ရေးတယ်..။

အေးဗျ စဉ်းစားမိတာ လူတွေက မိန်းမရ ကလေးတစ်ယောက်လောက်ရပြီးရင် ပေါ ကုန်လား မသိဘူးနော်...ဟီး ဟီး..
(မှတ်ချက်။ ။ ကိုသီဟသစ် တစ်ယောက်တည်းကိုသာ ဆိုလိုပါသည်..)

yangonthar said...

အစ်ကိုရေ ထုံးစံအတိုင်း ဘိုးနပ်စ်လေးတွေကတော့ အင်မတန် ဖတ်လို့ ကောင်းပါတယ် ရယ်လိုက်ရတော့ အိမ်လွမ်း တာတွေလျော့သွားတယ်ဗျ ကျေးဇူး အစ်ကိုရေ
ခင်တဲ့
ညီငယ် ရန်ကုန်သား :))

ဆောင်းချမ်းမိုး said...

စာလဲမရေးဘဲနဲ့ ဘောနပ်စ်တွေချည်းတင်သွားတယ်
လုံးဝမရီရဘူး။
ရုံးမှာ ဒီပို့စ်ကိုဖွင့်ဖတ်မိလိုက်တာ
အမြန်ပြန်ပိတ်လိုက်ရတယ်။
ခွက်ထိုးခွက်လန်ရယ်မိမှာစိုးလို့

ဆောင်းနှင်းရွက် said...

ရယ်ရတယ် .. >>>
နောက်နေ့ ကြုံမှ မေးရမယ် ကိုတောင်ပေါ် ကို..
မမေလေး ကြိုက်တဲ့ ပန်းကိုရော
ဘာလုပ်လဲ လို့ ... ???
အဟိ .. အဟိ ..

ခြေလှမ်းသစ် said...

ကိုသီဟရေ အားလုံးက ပျော်ရွှင်စရာတွေကြီးပဲဗျ ... အရမ်းသဘောကျတယ်

မိုးခါး said...

ဟီးဟီး :D
ဖတ်ပြီး ရီနေရတယ်
:D

မယ့်ကိုး said...

:D

Anonymous said...

ဘောနပ်လေးတွေကတော့ ကောင်းသဗျ။ (ကျန်တာတွေ မကောင်းဘူးလို့ ပြောတာမဟုတ်ဘူးနော်) :)

ကလူသစ်

ကိုလူထွေး said...

သီဟသစ်ကတော့ ကလေးနဲ့ရုပ်မတူဘူးဆို...

းဝ)

ပုလုကွေး said...

ဘောနပ်စ် ဆိုလို ဦးသစ်ကြီးများ ဘောနပ်စ် သုံးလစာ ရလို့များ သယ်ရင်းတွေ အကုန်လုံးကို ဆာကူရာမှာ လိုက်ကျွေးမယ်ဆိုတဲ့ ပို့စ်လားလို့ လာဖတ်မိတယ် ။ အခုတော့ ပုံမှန် ဘောနပ်စ် ကြီးကိုးးးးဗျ