Tuesday, January 19, 2010

Bonuses (2)

၁) တရားခံ ဘယ်သူလဲဟေ့ ပြော

စိတ်ညစ်လက်ညစ်ပုံ ပေါက်နေသော အားပန်ကို ဂျော်နီက မေးသည်။
ဟေ့ကောင်ကြီး၊ ဘာတွေ စိတ်ညစ်နေတာလဲ
အားပန် : ငါ့ရည်းစား အားလျန်လေ ငါ့ကို စိတ်တအားဆိုးနေတယ်

ဂျော်နီ : ဘာလို့တုန်းဟ
အားပန် : သူ့မှာ ကလေးရှိသွားလို့လေ

ဂျော်နီ :  မင်းတို့ကလည်း အကာအကွယ်လေး ဘာလေး မသုံးဘူးလား
အားပန် : သုံးတာပေါ့ကွ

ဂျော်နီ : အဲဒါဆို ဘယ်လိုဖြစ်ရတာလဲ၊ အပေါက်အပြဲများ ပါလို့လား
အားပန် : အဲဒါ ထားပါကွ၊ ကိစ္စက ကလေးက ငါ့ကလေးဆို ကိစ္စမရှိဘူး၊ သူများကလေးဆိုမှ ဂွ

ဂျော်နီ : မဖြစ်နိုင်တာကွာ၊ အားလျန်က မင်းအပေါ် သစ္စာမရှိဘူး လို့မင်းထင်တာလား
အားပန် : မဟုတ်ဘူးကွ၊ ဒီလို ငါရှင်းပြမယ်၊ ဟိုနေ့က MacRitchie ရေကန်ဘက်တို့ သွားကြတယ်ကွာ၊ အဲဒီမှာ ငါက စိတ်မထိန်းနိုင်တော့ အားလျန်က Condom သုံးဖို့ပြောတယ်၊ ဒါပေမယ့် ငါ့မှာ ပါမလာဘူး

ဂျော်နီ : အဲဒါဆိုရင်တော့ သေချာပါပြီ အဲဒါ မင်းကလေးပါ
အားပန် : နိုးလား(No Lah)၊  အားလျန်က မဖြစ်မနေ သုံးရမယ် ပြောတယ်၊ ငါဘေးနား လိုက်ရှာတယ်၊ အဟောင်းတစ်ခုတွေ့တယ်၊ အဲဒါနဲ့ အခွံကို ပြောင်းပြန်လှန်သုံးပြီး Recycle လုပ်လိုက်တယ်

ဂျော်နီ: အလားမား
http://forums.sgclub.com/singapore/new_ah_bengs_1795.html


၂) Change to Future Tense

Teacher: 'I killed a person' convert this sentence into future tense
Ah Beng : The future tense is 'u will go to jail'


၃) ရေဆာသလို ဆာလောင်တယ်

လူငယ်တစ်ယောက် အိမ်ထောင်ပြုရ ကောင်းမလား မကောင်းဘူးလား စဉ်းစားရခက်နေသည်။ သူ့သူငယ်ချင်းက အိမ်ထောင်ပြုရန် အကြံပေးသည်။

အနည်းဆုံးတော့ကွာ မင်းအသက်ကြီးတဲ့အခါ ရေပူရေချမ်း ကမ်းမယ့်သူ ရှိတာပေါ့

ထိုလူငယ် သဘောကျသွားပြီး အိမ်ထောင်ပြုလိုက်သည်။ နောင်အနှစ် ၅၀ ကြာသောအခါ သူငယ်ချင်း ၂ ယောက် ပြန်ဆုံကြသည်။
သူငယ်ချင်းက

ငါမင်းကို အိမ်ထောင်ပြုဖို့ ပြောခဲ့ဖူးတာ မှတ်မိလား၊ ခုမင်းကို ရေပူရေချမ်းကမ်းမယ့်သူ ရှိတယ် မို့လား
အေး ဟုတ်တယ်ကွ၊ မင်းမှန်တယ်၊ ပြဿနာက ငါက ရေဆာနေတာ မဟုတ်ဘူးဟ


၎) အဖမ်းခံရတဲ့ မူတူး

ချီတက်ပွဲ တစ်ခုတွင် မူတူး အဖမ်းခံရသည်။ အဘယ်ကြောင့်ဆိုသော်....

စာနယ်ဇင်း သတင်းထောင် အမျိုးသမီးက သူ့ရင်ဘတ်တွင် PRESS ဟုသော ရင်ထိုးကို ထိုးထားသည်။ မူတူး စာအတိုင်း လိုက်လုပ်မိသောကြောင့် ဖြစ်သည်။


၅) ကမ္ဘာ့စီးပွားရေး

A: ကမ္ဘာ့စီးပွားပျက်ကပ်ကြောင့် ငါတော့ မအိပ်နိုင်ဘူးကွာ
B: ဟုတ်လား၊ ငါတော့ ကလေးလေးတွေလိုပဲ အိပ်တယ်ကွ

A: တကယ်လား
B: အေးဟုတ်တယ်၊ တစ်နာရီခြား တစ်ခါ ထထပြီး အော်ငိုတယ်


၆) ကားကက်ဆတ်လေး ငါယူသွားပြီ

လူတစ်ယောက်ကားမောင်းလာရင်း တစ်နေရာတွင် ကားဘီးပေါက်တယ်။ ကားဘီးဖာရန် ကားဘီးကို ဖြုတ်နေစဉ် လမ်းသွားလမ်းလားတစ်ယောက် ရောက်လာပြီး မေးသည်။

ဟေ့မင်းဘာလုပ်နေတာလဲ
ကားဘီးဖြုတ်နေတာလေ

အဖြစကားကြားရသောအခါ ထိုလမ်းသွားလမ်းလာက ခဲကြီးကြီးတစ်ခုကောက် ကားမှန်ပြတင်းပေါက်ကို ခွဲပြီးနောက်
အေး၊ အဲဒါဆို ကားကက်ဆတ် ငါယူသွားမယ်


၇) စက်က အလုပ်လုပ်ပါတယ်

မော်တော်ပီကယ်က ကားသမားကို တားလိုက်ပြီးနောက်

မင်းခု အရက်သောက်လာသလား
မသောက်ပါဘူး

အေး၊ အရက်မူးတိုင်း ကိရိယာထဲမှာ အသက်ရှူသွင်းထုတ် လုပ်ကြည့်စမ်း၊ အမယ် အယ်လ်ကိုဟော သင်္ကေတ မပြပါလား၊ စက်များ ပျက်နေသလား..

(မော်တော်ပီကယ်က သူကိုယ်တိုင် အရက်မူးတိုင်း ကီရိယာထဲ အသက်ရှူထွင်းထုတ် ပြုလုပ်ပြီးနောက်)
မဟုတ်သေးပါဘူး၊ စက်က အလုပ်လုပ်နေသားပဲ


၈) နှင်းတော ထဲမှာ ကားမောင်းခြင်း

နှင်းတအားထူနေသဖြင့် ကားမောင်းရခက်နေသော အမျိုးသမီးက ရှေ့ကား၏ နောက်မီးကို ကြည့်ပြီး မောင်းနေရသည်
ရှေ့ကား ရုတ်တရက် ရပ်လိုက်သောအခါ အမျိုးသမီး၏ကားက ရှေ့ကားကို ၀င်တိုက်မိတော့သည်။

အမျိုးသမီးက စိတ်ဆိုးမာန်ဆိုးဖြင့် ထွက်လာပြီး ရှေ့ကား ဒရိုက်ဘာကို သွားအော်သည်

ရှင်ရူးနေသလား၊ ကားကို ဘာလို့ ရုတ်တရက် ရပ်ရတာလဲ၊
ဆောရီးပါဗျာ၊ ဒါပေမယ့် ကျွန်တော်မောင်းတာ ကျွန်တော့်ကားဂိုဒေါင်ထဲ ရောက်နေပြီဗျ


၉) ကာလာတီဗွီ
လူ၂ ယောက်ရောက်လာပြီး ဂျူးတရားဟောဆရာကို မေးသည်။

အဖြူရောင်က အရောင် မဟုတ်လား ဆရာ
အေးငါ ကျမ်းစာထဲမှာ ရှာကြည့်ရမှာပဲ

နာရီဝက်ခန့်ရှာပြီးနောက် တရားဟော ဆရာက ပြောသည်
အေးဟုတ်တယ်

ဒါဖြင့် အမည်းရောင် ကရော ဆရာ
အေးငါ ကျမ်းစာထဲ ရှာကြည့်အုံးမယ်

နာရီဝက်ခန့်ရှာပြီးနောက်
အေး ဟုတ်တယ်

ထိုစကားကြားရသောအခါ ပထမလူက ဒုတိယလူဘက်လှည့်ပြီး

ကဲမင်းကြားပြီးလား၊ ငါမင်းကို ရောင်းလိုက်တာ ကာလာတီဗွီမဟုတ်ဘူးလို့ ဘာလို့ငြင်းချင်ရတာတုန်း..

............................................................

ဟာသတွေကို ဖတ်ပြီးသားတွေ ဖြစ်နေရင်လည်း ထပ်ဖတ်ပြီး ရီကြပါဗျို့။ မရီရရင် ပျောက်နေတဲ့ mood ကိုပြန်ရှာပါ။
:)

ညီအကို မောင်နှမ အားလုံး ရွှင်လန်းချမ်းမြေ့ကြပါစေ

ခင်မင်စွာဖြင့်
သီဟသစ်

25 comments:

kaungkinpyar said...

ပျောက်နေတဲ့ mood လာရှာတာ..ဟိဟိ

စတာ ရီရတယ်..

Vista said...

အသစ်တွေပဲ ရယ်ရတယ်

ကလူသစ် said...

ရယ်သွားပါတယ်။ တော်သေးတာပေါ့ မု မပျောက်သေးလို့

ခရေညို said...

ရီရတယ် မရီရဘူးလို့ပြောရင် မု ပျောက်နေတယ်လို့ပြောခံရမှာဆိုးလို့ ဟိ

:P said...

ရယ်ရတယ်..အားလုံးအသစ်တွေ

မိုးခါး said...

:D
စောစောစီးစီး လာရီသွားတယ် :D

Htoo Aung Lwin said...

စိတ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံသွားပါတယ်ဗျာ...........။

ခြေလှမ်းသစ် said...

ဟာသ အသစ်အဆန်းတွေကြီး ဆိုတော့ ဖတ်ရတာ အရမ်း ရယ်ရတယ်ဗျ

Sein Lyan Tun said...

မု သွင်းပြီး ဖတ်သွားတယ်

flowerpoem said...

ဟား ဟား ... အရမ်းကြိုက် Bonus တွေကို

ကြယ်ပြာ said...

ကြိုက်တယ် ... ရယ်ရတယ် ....

တောင်ပေါ်သား said...

ဟီးးးးးးး ဟီးးးးး ဟားးးးး ဟားးးးးးးးးးး ၀ါးးး ဟားးးးးးးး ဟားးးးးးးး ရီသွားတယ် မပျောက်ဘူးဗျို့ ရီနေတုန်းပဲ


လေးစားလျက်
တောင်ပေါ်သား

ပုံ့မေ said...

မီးလဲမုကပ်တယ်... ရီရတယ်.. =)

Phyo Maw said...

တာကိုးကော လူပျိုတုန်းက recycle လုပ်လိုက်မိတယ် မဟုတ်လား။
မသိပါဘူးလေ။ သားတို့က ခုမှ ထိုးမုန့်ဆိုင် ရှာတုန်း =P

မြရေလျဉ် said...

သမီးလို ပြုံးခဲ ရယ်ခဲတဲ့ လူတောင်
ရယ်တယ်

ဧပရယ်လ်ပူး@ပူးတေ said...

recycle လုပ်တိုင်း မကောင်းဘူးနော်။ ဟိဟိ
:)

ပွင့်မြုးဇင် said...

:D ရီသွားပါတယ်

ဏီ(န်)ကင်း said...

အလုပ်ထဲ..ခွေနေတာ...လာရယ်သွားတယ်...
ကောင်းတယ်ဗျို့.....

jr.လွင်ဦး said...

ကိုသီဟရေ.. အော်ပြီးတော့ကို ရီပစ်လိုက်တယ်။
အကုန် အသစ်တွေကြီးပဲ။း)

Unknown said...

ရယ်ရတယ်----ဗျဲ-----သွပ်---သွပ်----သွပ်----ဘူး----ထွား----ထွား-----။
တော်သေးတာပေါ့ မုဒ်မပျောက်သေးဘူး။

မငုံ said...

ကိုသီဟရေ..ပျောက်နေတဲ့ အပြုံးနဲ့ အရယ်ကို လာရှာသွားတယ်။ ဟာသတွေ ဖတ်ပြီး ရယ်လိုက်ရလို့ ကျေးဇူးပါ။

ပိုးဟပ်လေး said...

အဟ တော်ရယ်ရတယ် ဗြဲ............
ကောင်းတယ်ဗျ တစ်ခါမှ မဖတ်ဖူးသေးဘူး
အဟီဟိ...
ပြုံးစိစိ ရယ်မလိုနဲ့ ခွက်ထိုးမှောက်လှန်
ရယ်သွားပါကြောင်း......................

sai said...

လာသွားတယ်ဗျ၊ အိမ် သစ်ငှားထားတယ်၊ နောက် တအိမ်၊
http://onegreatsai.blogspot.com
လာ အားပေးပါဦးဗျ။

~ဏီလင်းညို~ said...

ကိုသီဟရေ...
“နှင်းတော ထဲမှာ ကားမောင်းခြင်း”..ကို အရမ်းသဘောကျတယ်ဗျို့....။
ဖတ်ရတာကျေးဇူးစ်...း)
ခင်မင်တဲ့
ဏီလင်းညို

Angel Shaper said...

အားရပါးရကို ရယ်သွားပါတယ် ကိုကြီးသစ်ရေ....
Mood မပျောက်သေးပါဘူးဗျ။ အဟားးးးးးးး