Monday, March 8, 2010

အမြဲစီးဆင်းနေသော မြစ်တစ်စင်း (သို့) ချစ်ခြင်းမေတ္တာ (၁)

တွေ့တွေ့ချင်းက မနက်စောစောမို့ ထင်သည်။ သူ့ကိုခေါ်လိုက်တော့ မလိုက်ဘဲ အော်ငိုသည်။ မြန်မာပြည် မနက်ခင်းဆိုတော့ ထုံးစံအတိုင်း သိပ်မလင်းဘူးပေါ့။ သူက မှောင်ရင် သူ့အမေနားဘဲ ကပ်နေတာ အကျင့် ဖြစ်နေတာဖြစ်မည်။ မနက်လင်းတော့ တဖြည်းဖြည်း ကျွန်တော့်ကို နည်းနည်းသိလာပြီး ပြုံးပြသည်။ နောက်ကျတော့ မျက်စိအောက်ကတောင် အပျောက်မခံဘဲ လိုက်ကြည့်သည်။ သူဆိုတာတော့ သိကြတဲ့ အတိုင်း သားလေး လင်းသန့်ပိုင် ဖြစ်ပါသည်။

IMG_2616
ကြီးလာရင် စာဖတ်ဝါသနာပါမည် မပါမည်တော့ မသိ၊ ခုတော့ ၀တ္ထုတို ပေါင်းချုပ်နဲ့ ဆော့နေတာ

သားလေးကို မြင်ရတော့ တကယ်ပဲ အမောတွေပြေသွားပါသည်။ သားလေးဆီကို ရောက်အောင်လာခဲ့ရတဲ့ ခရီးကို ပြန်လည်စဉ်းစားမိလိုက်သော အခါ..

မပြန်ခင် တစ်ရက်မှာ Client Site မှာ ဗိုက်ဆာနေမှာစိုးလို့လား၊ ရွှေနိုင်ငံ အပြန်ခရီးမှာ အလုပ်ကို မေ့သွားမှာ စိုးလို့လား မသိ့.. ဂျာကြီးက Client Site အထိ လိုက်လာပြီး မုန့်ဟင်းခါး လာကျွေး၏။ အို..ဘာဖြစ်ဖြစ် ချစ်တဲ့သူတွေနဲ့ တွေ့ရတော့မယ်.. နင်သွားငါမေ့..ဆိုပြီး စိတ်ထဲ ထားပစ်လိုက်သည်။ Flight တူတာက ဘလော့ ညီအစ်ကို မောင်နှမ ၅ ယောက်လောက်ရှိ၏။ သို့သော်လည်း ထုံးစံအတိုင်း မျိုးကျော့မြိုင်ကို ကြိုက်သော၊ သူ့လိုသာ မစွံတာ နောက်ကျတာ သွားတူသော သီဟသစ် တစ်ယောက် ဘယ်သူနဲ့မှ ထိုင်ခုံနေရာအတူတူမရ။ ကံဆိုးချင်တော့ သွားတိုက်ဆေးနှင့် ခေါင်းလိမ်းဆီဘူးကို Hand Carry အိတ်ထဲ ထည့်ထားမိသဖြင့် အမှိုက်ပုံးထဲ လွှင့်ပစ်ခံရလေသည်။ ကံကောင်းချင်တော့ Business Class ပြီးပြီးချင်း ပထမဆုံးအတန်းမှာ နေရာရလိုက်သည်။ ကံဆိုးချင်တော့ ပြတင်းပေါက်ခုံ မဟုတ်သဖြင့် အုန်းသီးကြီး မထုတ်လိုက်ရချေ။

ဟိုရောက်ရောက်ချင်း အားရပါးရ ပြေးဆင်းသွားလိုက်သည်။ အလှူဒါန ပြုကြသူငါ အစီအစဉ်မှာ စလုံး၁၀လှူလိုက်ခြင်းဖြင့် စကားလုံးများကို ချွေတာရေး လုပ်လိုက်လေသည်။ မန္တလေးသို့ အတူတူလိုက်ခဲ့ကြမယ့် အသိညီငယ်လေး၂ယောက် လာကြိုကြလို့ တော်သေးသည်။ နို့မို့ရင် လေဆိပ်ကလူတွေက ဇွတ်ဖော်ရွေကြသကိုး။ ဒါနဲ့ နိုင်ငံတကာ အဆင့်မီ လေယျာဉ်ကွင်းကြီးကနေ အဝေးပြေးကားကွင်းကြီးဆီ တိုက်ရိုက်ယွန်းပြီး သကာလ ည ၇ နာရီ ကားစထွက်လေသည်။ ခါတိုင်း မော်ဒယ်မိခင်ကြီးရဲ့ ကျွန်မတို့ ဟိုကစလို့ ဟိုကိုရောက်ပါပြီ ဘာညာ Video ကိုပြတတ်သော အဝေးပြေးကားလည်း ခုတစ်ခါတော့ အဲဒါကိုမပြတော့ချေ။ သီချင်းတွေကို ကိုးရီးယားကား မြန်မာကားထဲက ဖြတ်ညှပ်ကပ်ထားသော ရှူခင်းများဖြင့် တွဲလိုက်သောအခါ ဘာမှ မဆိုင်တော့သော Mood အောက်ချင်စရာ သီချင်းများကို သည်းခံနားထောင်ပြီး သကာလ မီးထိန်ထိန်လင်းနေသော နေရာတစ်ခုသို့ ရောက်လေသည်။ ကိုယ်တွေကလည်း မီးထိန်ထိန်လင်းရင် ဟိုနေရာပဲ ထင်တာ၊ ကားကမြန်လှချည်လား ဆိုတော့ တကယ်ကျ မဟုတ်သေးချေ ယာဉ်ရပ်နားစခန်း တည်နေခြင်း ဟူသတည်း။

လမ်းမှာထမင်းစားနားသော အခါ ရွှေရှမ်းလေးဟူသော ဆိုင်တွင်နားလေသည်။ ရွှေစက်တော်ကို သတိရချင်စရာ၊ တဲကြီးကြီးမိုးထားပြီး အိမ်သာတွေကလည်း ထရံကာလေးတွေနဲ့ ဖြစ်သည်။ ရှမ်းဆန်စီးစားရတာတော့ မဆိုးချေ။ ဂလိုနဲ့ ကားပေါ်မှာ ဟိုပြောဒီပြောလုပ်လိုက် အိပ်လိုက်နှင့် ဟိုနေရာကြီးကို ဖြတ်ရလေသည်။ ညအချိန်တွင်တော့ ရှူခင်းများ မဆိုးလှချေ။ နေ့ခင်းဘက်ဆိုရင်တော့ တစ်နေရာနဲ့ တစ်နေရာ ဒီလောက်ဝေးနေတာ သေအောင်ပူလိုက်မယ့် အမျိုးလို့ ထင်မိသည်။ စလုံးမှာ တစ်ခါမှ မသုံးရသည့် မှတ်ပုံတင်ကြီးကို ပြချင်သော်လည်း ကြည့်ချင်သူမရှိသဖြင့် မပြခဲ့ရ။

မနက် မန္တလေးရောက် ဟိုသွား ဒီသွား ပစ္စည်းတွေဝယ်တော့ မျက်စိထဲ ဆန်းတယ် ထင်တာတွေ့ရတယ်။ ကြွပ်ကြွပ်အိတ်တွေ နေရာတွင် ပလတ်စတစ်အိတ်အကြည်တွေ တွေ့ရခြင်းကြောင့် ဖြစ်သည်။ ကြွပ်ကြွပ်အိတ် ကင်းစင်ရေး နယ်မြေ ဆိုတာတွေ ဘာတွေ လုပ်နေကြတယ်ဆိုတဲ့ သတင်းသွား သတိရတယ်။ နှင်းဆီဖြူနဲ့ တွေ့တဲ့အခါ မေးကြည့်တော့ ကြွပ်ကြွပ်အိတ်ကို အကြည်ရောင် ဖြစ်အောင်လုပ်ထားကြတာဟု သိရလေသည်။ ကိုယ်ဘာပစ္စည်းတွေ ၀ယ်လာတယ် ဆိုတာ သူများတွေ မြင်နေရတော့သကိုး။ အရင်တုန်းကလို Orange သွား၊ ဖရဲသီးကြီးဝယ် ပြန်လာ၊ အိတ်အကြီးကြီးဆိုတော့ သူများတွေများ နည်းနည်းရှိန်မလားလို့ပေါ့၊ ခုတော့ ဒါမျိုးလုပ်လို့မရတော့ချေ။

ခေတ္တနား ပြီးနောက် မန္တလေး-မြစ်ကြီးနား ရထားရှိရာ ဘူတာကြီးကို သွားရပြန်၏။ နှင်းဆီဖြူလေးဆီ ရထားက အချိန်မှန်ထွက်တော့မည် ဖြစ်ကြောင်း လှမ်းအကြောင်းကြားပြီးသကာလ စာအုပ်ဆိုင်တွေမှာ ပြေးဝယ်ခဲ့သော စာအုပ်တွေနှင့် စတင်ဇိမ်ကျလေပြီ။ သို့သော်လည်း မပြောင်းလဲသော အကြောင်းတရားများ ဆိုသည့် အတိုင်း ရွှေကြက်ယက်ဘုရားနား အရောက် ရထားကြီး တွဲချော်လေတော့သည်။ ဒီအခါကျမှ သီဟလည်း အုန်းသီးကြီးကို စတင်အသုံးချခွင့် ရလေပြီ။ ဟိုရိုက်ဒီရိုက် လုပ်ပြီးသွားပြီး ၃ နာရီလောက်ကြာသွားသောအခါ ရထားကြီး စတင်ပြန်ထွက်လေသည်။ ရောက်ချင်ဇောတွေ အားကြီးနေလို့ထင့်၊ ပင်ပန်းနေသော်လည်း ရထားပေါ်ကောင်းကောင်း အိပ်မပျော်။ မိုးညှင်းမြို့ကိုရောက်တော့ မနက် ၅ နာရီလောက်ရှိပြီ။ အပါး(နှင်းဆီဖြူလေးရဲ့ အဖေ)က လာကြိုသည်။ ဘေဘီလေး လင်းသန့်ပိုင်လည်း နိုးနေပြီ။

IMG_2311

မိုးလင်းတော့မှ သားလေးကို ကောင်းကောင်းချီရလေသည်။ ဟိုတစ်ခါ မွေးခါစမှာ တွေ့ရတုန်းက အူယားသဖြင့် မချီခဲ့ရ။ ချစ်ခြင်းမေတ္တာဆိုတာ အတူတူနေရမှ ပိုပြီးခံစားသိရှိရလေသည်။ သားလေးကို စလုံးကနေ ချစ်နေတယ် ဆိုသော်လည်း မတွေ့ရသဖြင့် စိတ်ကူးထဲ တအားပုံဖော်မရ၊ ဖုန်းထဲက နှင်းဆီဖြူလေး ပြောသမျှနဲ့သာ ခန့်မှန်းကြည့်ခဲ့ရသောကြောင့်ပင်။ သားလေးကလည်း တစ်ခါတစ်လေ တရေးနိုးလာရင် ကိုယ့်ကို မမှတ်မိပြန်။ ပါပါးလေ၊ ပါပါးလေ ဆိုပြီး သူ့အမေက ပြန်ပြန်မိတ်ဆက်ပေးရသည်။ ကလေးက စကားသာ မပြောတတ်သေးသာ ဖခင်ဆိုတာကို ခံစားသိရှိနိုင်သည် ထင်သည်။ အရင် သူ့အမေတစ်ယောက်တည်း ထိန်းရစဉ်က လူတွေကိုကြောက်၊ နေရာစိမ်းရင် ကြောက်သလောက် ကျွန်တော်နှင့်တွေ့တော့ အဲဒါမျိုးတွေ မရှိတော့။ ပိုလည်းလိမ်မာလာသည်။ သားလေးရဲ့ အဒေါ်တွေကတောင် အံ့သြယူရသည်။ သားလေးကို သိပ်ဖို့ နောက်ကျောဘက်မှာ အသိုင်းနဲ့ချည်ပြီး လမ်းလျှောက်ရသေး၏။ သူ့အမေလို ကျွန်တော်က သီချင်းမဆိုပြတော့ ကိုယ့်လူက အော်သေးသည်။

IMG_2578

IMG_2579

နောက်တစ်နေ့မှာ တရုတ်နှစ်ကူးဆိုတော့ အပါးနှင့် အမားကို ကန်တော့ ပြီးတော့ ဟုန်ပေါင်းတွေ ယူကြသည်။ (ဘယ်လောက်ရလဲ မမေးပါနဲ့တော့၊ ဟိုမှာ သုံးခဲ့တာ ကုန်သွားပြီ)ဘုန်းကြီးကျောင်းကို မိသားစုလိုက်သွား အလှူတွေလုပ်ကြသည်။ သားလေးကတော့ တစ်နေရာသွား ကားစီးလိုက်ရလျှင် မျက်လုံးလေးစင်းပြီး အိပ်ပျော်သွားပြီ။ တရုတ်နှစ်ကူးပြီး နောက်တစ်ရက်ပြန်ကြတော့မှာမို့ ပစ္စည်းတွေထည့်ရသည်။ သားလေးအတွက် ကစားစရာပစ္စည်းတွေကိုက Luggage တစ်အိတ်၊ စားစရာတွေက တစ်အိတ်ဖြစ်သည်။ လင်မယားနှစ်ယောက်သား အိတ်တွေကို စီစဉ်နေသလို ဘာလိုလို ယောင်တောင်ပေါင်တောင် လုပ်နေကြချိန် သားလေးက ကုတင်ပေါ်မှာ ဆော့နေသည်။ သူ့အမေက ဖက်တုန်းနှင့်ကာထားပေးကာမှ ဖက်တုန်းပေါ်မှ အရှိန်လွန်ပြီး ကြမ်းပြင်ပေါ် ခေါင်းနှင့် ပြုတ်ကျတော့သည်။ ကလေး နတ်စောင့်တယ် ဆိုတဲ့စကား တယ်မှန်သည်။ ကံကောင်းလို့ သူဘာမှတော့ မဖြစ်၊ တော်တော်တော့ လန့်သွားပုံရသည်။ ငိုနေတာ တော်တော်ကြာပြီး သူ့အမေကရင်ခွင်ထဲပွေ့ထား ချော့လိုက်၊ နို့တိုက်လိုက်မှ နည်းနည်းချင်း ရပ်သွား၏။ ကျွန်တော်လည်း တော်တော်ရင်ထိတ်သွားသည်။ သို့သော်လည်း နှင်းဆီဖြူလေးက လူကြီးကို ချော့နေဖို့ရာ မအားသဖြင့် သူ့အလိုလိုပဲ လန့်တာပျောက်လိုက်ရလေသည်။

ညနေအရောက် ရထားဆင်းကြသောအခါ သားလေးမှာ လူတွေအများကြီးနဲ့ တွေ့ရပေမယ့် မကြောက်မရွံ့ဘဲ ပျော်နေလေသည်။ အသံကြားရာလိုက်ကြည့်၏။ ဈေးသည် ဖြတ်သွားတဲ့ အသံ၊ စားသောက်တွဲက စားပွဲထိုးတွေရဲ့ အသံတွေကို အကုန်နားစွင့်ပြီး သူ့မြင်ကွင်းက မပျောက်မချင်း လိုက်ကြည့်တတ်လေသည်။ ဒါတင်မကသေး ကိုယ်ရဲ့ခုံကို ကျော်ပြီး တခြားခုံတွေကိုပါ လှမ်းကြည့်ပြုံးပြလုပ်နေသေးသည်။ ခဏနေတော့ သူလည်းပင်ပန်းသွားပြီး အိပ်တော့သည်။ ရထားပေါ်မှာ မွေ့ရာလေးခင်းသိပ်ရသည်။ အိပ်စင်တွဲကလည်း ကြားမြို့လည်းဖြစ်ပြန်၊ ကိုယ်တွေကလူတွေလည်း ဖြစ်ပြန်ဆိုတော့ ၀ယ်လို့မရသောကြောင့် ဖြစ်ပါည်။ ကလေးအိပ်နေတုန်း စားသောက်တွဲက စားပွဲထိုးလေးက ရေသန့်ဘူးကို မြောက်ဆော့ပြီး ယူလာတာ ကလေးနားသွားကျသေးသည်။ ကံကောင်းလို့ ကလေးပေါ်မကျတာဖြစ်သည်။ သားလေးကလည်း ရထားရပ်ထားရင် အိပ်နေရာက နိုးနိုးလာတတ်သည်။ ထို့ကြောင့် မြန်မြန်နှေးနှေး ရထားကြီး သွားနေပါစေလို့သာ ဆုတောင်းနေရတော့သည်။

ဆက်ပါဦးမည်..

ညီအစ်ကို မောင်နှမများ အားလုံး ရွှင်လန်းချမ်းမြေ့ကြပါစေ

ခင်မင်စွာဖြင့်
သီဟသစ်

35 comments:

Sein Lyan Tun said...

ကလေးက မှတ်မိ လို့ တော်သေးတယ်နော်...


အင်းးးးးး


ဦးသစ် ကို ဒေါ်နှင်းဆီလေး ချော့မအားတော့ ဘယ်အချိန်ကျမှ အချော့ခံရတုန်း... အဟိ..


ဒေါ်နှင်းဆီနဲ့ ကလေး ဒီဘလော့ဂါ အုပ်စုနဲ့ တွေ့ရင်တော့ ဗြောင်းဆန်... အဲလေ ပျော်သွားမှာပါ...


ကလေးထိန်းဖို့ စောင့်နေတဲ့သူတွေ များကြီးပဲနော်..


မျှော်နေပါဒယ်


ကလေးရောက်လာမယ့်နေရော။... နောက်တစ်ပိုင်းရော....


ချစ်ခင်စွာဖြင့်


ဖိုးစိန်

kaungkinpyar said...

ရောက်လာရင် တော့ကွာ.....

:P ကလေး ကူထိန်းပေးမယ် ပြောတာပါ...

Anonymous said...

မောထှာ

ရေတမာ said...

သားသား ဖတ်ရလို့ရှိရင် ပျော်နေလောက်တယ်။ ဝမ်းသာစရာကြီးဗျို့~~~ အားကျဒယ်.........

မိုးခါး said...

ဟားဟား
ယောက်ခမကြီးက အချော့ခံချင်သေးတယ်လား
သားသားလေးလာရင် ထိန်းပေးမယ်နော် ..
အဟဲ :P

နွေးနေခြည် said...

ပျော်စရာကြီးး)

မေဇင် said...

ကလေး က ချစ်စရာလေး....မျက်လုံးလေး ၀ိုင်း နေတာပဲ.... စာဖက်ရင်းနဲ့မျက်လုံးထဲ မြင်ယောင်လာတယ်။ စလုံး ရောက်လာရင် ပြောဦးနော်း))

ဏီ(န်)ကင်း said...

သားလေး...သားလေးနဲ့..တော်တော်ချစ်နေတယ်...
မိသားစုတွေပေါင်းစုံတာလေးတွေကိုကြည်နူးဝမ်းသာမိပါတယ်အကိုရေ.....

ရွက်လွင့်ခြင်း said...

အော် ဒါကြောင့် ပျောက်နေတာကို
ကလေးက ချစ်စရာလေး
(ကလေးက ချစ်စရာလေး ဆိုတော့ လူကြီးက......????)
နောက်တာနော်
း))

Phyo Maw said...

ဟို ဟာသသိတယ် မဟုတ်လား
ကလေးမွေးပြီးရင် ဆရာဝန်က ကလေးကို ကြည့်ပြီးပြောတဲ့စကားလေ
ဟဲဟဲ

ကလေးက ချစ်စရာကြီးတော့ ညီမလေးတစ်ယောက်လောက် ထပ်မွေးပေးလိုက်ရင် သားလေး သိပ်ပျော်သွားမယ် မထင်ဘူးလား =D

ဒဏ္ဍာရီ said...

ကိုသီဟသစ်သားလေးက မျက်လုံးလေးကို ၀ိုင်းနေတာပဲ ချစ်စရာလေး။ သူများမိသားစုတွေ စုံပြီး အခုလို သားလေးကို တွေ့ရတော့ အိမ်ကသားကို လွမ်းသွားတယ် ကိုသီဟသစ်ရေ။
အိမ်အပြန်ခရီး ဘယ်လောက်ပင်ပန်းပန်း သားသမီးကို တွေ့လိုက်ရတော့ အမောတွေပြေလို့ ဆိုတာလေးကို လက်ခံတယ်။ အတူတူပဲလေ..။

ခင်မင်လေးစားလျှက်

တလနွန် said...

ဖတ်ရတာ ကြည်နူးဖို့ ကောင်းတယ်ဗျာ....

jr said...

ကိုသီဟရဲ့သားလေးက ချစ်ဖို့ကောင်းလိုက်တာ..
မနှင်းဆီဖြူပုံလဲ တင်ပါဦး။ မိသားစုပုံ။
ခင်မင်လျှက်
jr

လင်းဒီပ said...

ရီလည်း မရီရဘူး..ဒီပိုစ့်က..(ကိုယ့်ဆရာကို လူရွှင်တော်မှတ်နေတာ :P)

ကလူသစ် said...

မျက်လုံးကတော့ ပြူးနေတာပဲ။ လန့်နေတာလားမသိဘူး။ ခွိခွိ နောက်တာပါ။ ကလေးအဖေချင်း ကိုယ်ချင်းစာသဗျား။ ဒါပေမဲ့ ကလူသစ်ကတော့ သမီးကိုမွေးကထဲက လက်ပေါ်ကမချတမ်းထိန်းနေရတော့ ခုဆို နဲနဲရိုက်ချင်စိတ်ပေါက်နေပြီ။ ခွိခွိ

မောင်သီဟ said...

အော် ကလေးအဖေကိုး
လေးစားပါတယ်ဗျာ
ကလေးချောချောလေးလိုချင်သား အားကျလိုက်တာ
မိန်းမယူတော့မယ်ဗျာ

ခရောင်း said...

ကလေးနမ်းရင်း မေ့မေ့ကို ဘယ်နှစ်ခါနမ်းလိုက်သေးလဲဗျ.

Anonymous said...

ကိုသီဟရေ.......
ကိုသီဟတော့ ဘယ်လိုနေမလဲမသိဘူးဗျာ.....။
အစ်ကို့သားလေးရဲ့ပုံကို မြင်ရတဲ့ ကျွန်တော်တို့တောင် ချစ်စရာသိပ်ကောင်းတယ်လို့ ခံစားမိတာကိုးးးးးးးး
ခင်မင်တဲ့
ဏီလင်းညို

Angel Shaper said...

လင်းလင်းက...အမှောင်ထဲမှာ ယောက္ခမကြီးကို ကြောက်မှာပေါ့...ဟီးးးးးး (စိမ်းနေသေးလို့ပြောချင်တာပါ)
တကယ်ချစ်ဖို့ကောင်းတာပဲနော် အဲဒါ အမေတူလို့။
ကံကောင်းလိုက်တာနော် အဲဒါ အဖေမတူလို့။ ဟိဟိ
ချစ်ခင်လို့စတာပါဗျာ...
ပျော်ခဲ့တယ်မလားဗျ...

Vista said...

ဟိဟိ ကလေးထိန်းရတော့ အုန်းသီးကြီး ကောင်းကောင်း အသုံးမပြုနိုင်ဘူးပေါ့နော်

purplemay said...

ကိုသီဟရေ....ဒါလေးဖတ်ပြီး ဖခင်တစ်ယောက်ရဲ့ ချစ်ခြင်းတစ်ချို့ကို ခံစားသွားပါတယ် ။ အစ်ကို မိသားစုနဲ့အတူ ရွှင်လန်းပါစေဗျာ...။

ကြည်ဖြူပိုင် said...

ဟယ်
ဒေါင်းမျိုးလေး
ကြီးလေ ချောလေပါပဲလား
ချစ်ဖို့ကောင်းလိုက်တာ

littlebrook said...

တရုတ်ဝတ်စုံလေးနဲ့ ပေါက်ဖော်လေး ..း)
ပျော်ရွှင်ချမ်းမြေ့ပါစေဗျာ

ဇွန်မိုးစက် said...

သားလေးက မျက်လုံးဝိုင်းဝိုင်းလေးနဲ့ ချစ်စရာလေး။ ဇွန်ငယ်ငယ်တုန်းကလိုပဲ။း)

Rita said...

သူ့မေမေရဲ့ မျက်လုံးတွေလားလို့

ပိုးဟပ်လေး said...

တယ်လည်း ချစ်ဖို့ကောင်းတဲ့ ကလေးလေး ပါကလား

ဖိုးသင်္ကြန် said...

ကြည်ဖြူပိုင် said...

ဟယ်
ဒေါင်းမျိုးလေး
ကြီးလေ ချောလေပါပဲလား
ချစ်ဖို့ကောင်းလိုက်တာ


အမရယ် ကလေးကို ချီးကျူးတာ လိမ်စရာလိုပါဘူး

ဟိ

Thandar Lwin said...

ကိုသီဟ မြန်မြန်ဆက် လေ" ဒီမှာဖတ်ချင်လို့နေ့တိုင်းလာ ကြည့်နေတာ"

ဂျစ်တူး ( မုံရွာ ) said...

ဖိုးသားကလေးတောင်တော်တော်ကလေးကြီးလာပြီဘဲ-
မျက်လုံးကလေးကိုဝိုင်းနေတာဘဲနော်-
ပျော်ရွှင်ချမ်းမြေ့ ကြပါစေခင်ဗျာ-

littlebrook said...

မန္တလေးသွားတောလားကြီး ဖတ်တယ်ဗျိုး
လူကြီးက အချော့ခံချင်သေး .. ဟားဟား

မေ့သမီး said...

အခုမှလာဖတ်ရတယ်။ မဖတ်ရတာကြာပေမယ့် အရေးအသားကတော့ ကောင်းနေတုန်းပဲ။ သားလေးက ချစ်ဖို့ကောင်းလိုက်တာ။ အခုစလုံးမှာရောက်နေပြီလား။

ဂျစ်တူး ( မုံရွာ ) said...

ရောက်ရှိပြန်ကြောင်းပါဗျာ-ဆက်ရေးမယ်ဆိုလို့ လေ

မြရေလျဉ် said...

မှတ်ချက်။
"နှင်းဆီဖြူလေး" - ၅ခါ ပါသည်....

အူးသစ် တော်တော်ချစ်ပုံပဲဗျနော်....
:D

flowerpoem said...

ကလေးလေးက ချစ်စရာလေး ယောက်ခမတော်မယ်နော် ကိုသီဟ

နေ၀သန် said...

အဖေတူသားလေးဗျာ.. တထေရာထဲပဲ...း)))....

ခင်မင်တဲ့
နေ၀သန်