Friday, August 14, 2009

ရှာမယ် ကော်ဖီသောက်မယ် စားမယ်

Enterprise Search, Boncafe and Lau Pa Sat

ရုံးက Enterprise Search အတွက် သင်တန်းလွှတ်တာနဲ့ သွားတက်ပါတယ်။ စီနီယာသွားတက်ရတဲ့ အလှည့်တုန်းက Las Vegas မှာ သွားတက်ရပါတယ်။ သူ့အလှည့်တုန်းက Singapore မှာ သင်တန်း ဖွင့်ဖို့ အနည်းဆုံး လူ ၅ ယောက် မပြည့်လို့ သွားရတာပါ။ ကိုယ့်အလှည့်ကျ ကံများကောင်းချင်တော့ ရုံးကချည်းပဲ လူ ၄ယောက် လွှတ်တာ ဆိုတော့ လူကမပြည့်စရာမရှိတာမို့ ဒီမှာပဲတက်ရတာပါ။ သင်တန်းက Raffles Place MRT ကနေ Underground Pass ကတဆင့် လမ်းလျှောက်သွားရတာဆိုတော့ လူတွေ အများကြီးရဲ့ ခြေသံတွေနဲ့ ညံနေတာပါ။ မဆီမဆိုင် ပြိုင်မြင်းတို့၏ ခွာသံ ဆိုတဲ့ ဆရာတာရာမင်းဝေရဲ့ စာအုပ်နာမည်တောင် သွားသတိရမိတယ်။

Enterprise Search ဆိုတာ organization အကြီးကြီးတွေမှာ data တွေရှာချင်တဲ့အခါ သုံးတဲ့နည်းပညာပါ။ files တွေ၊ email တွေ ၊ database စသည်ဖြင့် အမျိုးမျိုးရှိနေတဲ့ data တွေကို တစ်နေရာထဲကနေ ရှာလို့ ရနိုင်အောင် လုပ်ပေးဖို့ပါ။ သင်တန်းမှာ Search Engine ရေးတဲ့ အပိုင်းမပါပါဘူး။ ရှိထားတဲ့ Search Engine ကို organization နဲ့ကိုက်အောင် ဘယ်လို configure လုပ်ရမလဲ ဆိုတဲ့ အပိုင်းကို သင်တာပါ။ သီဟသစ်အတွက် နည်းပညာက အသစ်ဖြစ်နေတာကြောင့် တအားကြီး စိတ်ဝင်စားလို့ မရသေးပါဘူး။ ဆရာကလည်း တစ်ခုခု သင်ပြီးတိုင်း မေးစရာရှိလား မေးစရာရှိလားနဲ့ အားတောင်နာလာတယ်။ ကိုယ်က မေးစရာကို မရှိဘူး။ နားလည်လွန်းလို့တော့ မဟုတ် :D

ဖြစ်ချင်တော့ သင်တန်းစစချင်းနေ့က သင်တန်းခန်းထဲ ၀င်တာနောက်ကျသွားတော့ ရှေ့ဆုံးတန်းမှာပဲ နေရာက ရှိတော့တယ်။ အဲဒီတော့ ဆရာက စာရှင်းပြရင်း ပြုံးပြရင် လိုက်ပြုံးလိုက်၊ ခေါင်းညိမ့်ရင် လိုက်ညိမ့်လိုက် လုပ်နေရပါရော။ သန်းရင်တောင် အတွင်းထဲမှာပဲ ပြန်မျိုချပြီး သန်းရတယ်။ အော် သင်တန်းတက်ရတာ အလုပ်လုပ်ရတာထက် ပိုပင်ပန်းပါလား၊ အဲခါမှ သိတော့တယ်။ ဆရာကလည်း အမေရိကန်လူမျိုးဆိုတော့ စာသင်တာ နားထောင်ရင်းနဲ့ ငိုက်ချင်သလိုလို နားမလည်သလိုလို ဖြစ်လာရင် Sub Title လိုက်ရှာနေမိသေးတယ်။ ကိုယ့်ကိုယ်ကို ရုပ်ရှင်ကြည့်နေတယ် အောက်မေ့နေလို့လေ။

သင်တန်းမှာ သဘောအကျဆုံးကတော့ ကော်ဖီစက်ပဲ။ အဲဒီစက်ကို မြင်တော့ ကိုယ့်ထက်ကော်ဖီကြိုက်တဲ့ ကော်ဖီသရဲ ဘလော့ဂါတွေကိုတောင် သတိရသွားတယ်။ Break တစ်ခါပေးတိုင်း သွားသွားလွမ်းပစ်တာ။ တစ်နေ့သုံးခါလောက် လွမ်းပစ်တာ။ အဲခါကျမှပဲ ကော်ဖီမျိုးစုံအောင် သောက်ဖူးသွားတော့တယ်။ သင်တန်းပြီးရင်တော့ သတိရနေတော့မှာ သေချာတယ်။ Search Engine Configure လုပ်တာတော့ မသိ၊ ကော်ဖီစက် Configure တော့ ကောင်းကောင်းသိသွားပြီ။

ကော်ဖီသောက်ရင်း ကြည့်ဖြစ်တဲ့ ရှုခင်းလေး

နေ့လည်စာ ထွက်စားတော့ သင်တန်းက လော်ပါးဆက်နဲ့ နီးတယ်။ ကိုယ်လည်း နာမည် ကြားဖူးပြီး တစ်ခါမှ မရောက်သေးတော့ သွားချင်နေတာနဲ့ သွားစားကြတယ်။ လော်ပါးဆက်အကြောင်း ပို့စ်ရေးဖူးတဲ့ လက်တွေ့ကျကျ ဘလော့ဂါလူပျိုကြီးကို ဖုန်းဆက်မေးရသေးတယ်။ ဘယ်ဆိုင်ကကောင်းလဲလို့။ သူကလည်း နေ့လည် မရောက်ဖူးဘူး ဆိုတော့ ကိုယ့်ဘာသာကိုယ်ပဲ ရှာပြီး စားလိုက်တော့တယ်။ Facebook ထဲ မာဖီးယားနေတဲ့ ညီအစ်ကို ဘလော့ဂါတွေကို သတိရတာနဲ့ Mafia ဆိုတဲ့ ဆိုင်လေးက နာနတ်သီး ထမင်းကြော် စားခဲ့တယ်။


Credits to http://gallery.ntu.edu.sg/photos/main.php?g2_view=core.DownloadItem&g2_itemId=1817&g2_serialNumber=2
လော်ပါးဆက် Lau Pa Sat

Search အကြောင်း စဉ်းစားနေရင်းနဲ့ ကိုယ့်ဦးနှောက်ထဲကို Search လုပ်လို့ရရင် ဘာတွေ ထွက်လာမလဲ စဉ်းစားကြည့်မိသေးတယ်။ အ၀ိဇ္ဇာ တဏှာ ဥပါဒါန်တွေ ရာခိုင်နှုန်းများနေရင်တော့ အခက်ပဲ။ သီလ သမာဓိ ပညာတွေ ရာခိုင်နှုန်းများအောင် ကြိုးစားရမယ် ဆိုတဲ့ စိတ်ကူးရသွားပါတယ်။

ခင်မင်စွာဖြင့်
သီဟသစ်

27 comments:

ကောင်းကင်ပြာ said...

ကိုကိုသီဟရယ် ကော်ဖီသောက်ရင်း ပြာပြာကို သတိရရင် ရတယ်ပေါ့၊ ကျုပ်ကို မက့်ဆေ့ပို့ပြီး နှိပ်စက်ပြီးတော့..:P

jr.လွင်ဦး said...

ကိုသီဟရေ..

ကော်ဖီအကောင်းစားတွေ သောက်နေရတယ်ဆို မနာလိုမိဘူး။
လော်ပါးဆက် ဆိုတာ ဘယ်နေရာတုန်း။
ဘာပေါတုန်း။ ၃နှစ်ရှိပြီ.. ဘာက ဘယ်ရှိမှန်းကို မသိတာ။ :P

Angel Shaper said...

ကိုကြီးသီဟ....
သမီးလာလည်ရင် နာနတ်သီးထမင်းကြော်လိုက်ကျွေးနော်။
ကော်ဖီကောင်းလေးတွေ သောက်နေရတယ်ပေါ့။
ဟင့် နာလိုဘူးးး ဂျာ....

နှင်းနဲ့မာယာ said...

အကိုရေ
ကော်ဖီက ပါဆယ်မရဘူးလားဟင်...
တနေ့တနေ့ ကော်ဖီချစ်သူ ဇာတ်လမ်းတွဲရိုက်နေတယ်ပေါ့လေ...

ရေတမာ said...

စာဖတ်ရင်း အကို့အသံပါ ထည့်ဖတ်ပလိုက်တယ်.. အခုတလော အသံတွေ ပါပါနေတယ် :P ကျနော် search engine ပဲပျက်နေတာလားမသိဘူး သီလ၊သမာဓိ၊ပညာ ရှာတာ data not found တဲ့

ဏီ(န်)ကင်း said...

အားကျတယ်။သင်တန်းတက်ရတာကော။ကော်ဖီသောက်ရတာကော။အောက်ဆုံးစာကြောင်းလေးတွေကိုတော့ဆင်ခြင်သုံးသပ်ပြီးကိုယ့်အတွက်ယူသွားပါကြောင်းအကိုရေ...

တောင်ပေါ်သား said...

Search Engine ဆိုတာ ရှာတာပဲလေ ရှာတာရှာဗျို့.. သတိလဲထားဦးနော့် လူပျိုမဟုတ်ဘူးဆိုတာ အဟီးးးးး) အမလာရင်တော့ တိုင်ပြောဖို့ စုထားပြီးသား သက်သေရှိတယ် ငြင်းမရဘူးတာမှတ်း)


လေးစားလျက်
တောင်ပေါ်သား

Beauty Studio USA Branded Store said...

ကော်ဖီကြိုက်တယ်ထင်တယ်။ ကော်ဖီချစ်တဲ့သူငယ်ချင်းရေ ခရာလင်းဆိုတာ ကျွန်တော်ကဗျာရေးတဲ့ ကလောင်နာမည်ပါ။ သူငယ်ချင်းလင့်ထားတဲ့ ခရာလင်းက ကျွန်တော် စမ်းသပ်တဲ့ဘလောခ့်လေးပါ။
အမှန်တကယ် စာတွေတင်တာကတော့ http://chanlinnay.blogspot.com/ ကနေ စာတွေတင်တာပါ။အလုပ်များအောင် ရှုပ်မိတဲ့ အတွက် ခွင့်လွှတ်ပေးပါဗျာ။အရင်လင့်အဟောင်း ချမ်းလင်းနေ မင်္ဂလာပါဆိုတာလဲ သူငယ်ချင်းဆီမှာ ရှိနေဆဲပါ။နောက်တစ်ခုက သူငယ်ချင်းနာမည်ကို သိဟ်ရာသီခရီးဖော်အဖြစ် ဖော်ပြခွင့်ပြုပါ။ နောက်ညီမလေးနှစ်ယောက် လင့်က မသိလို့ပါ။တဆိတ်လောက် ပြောပြပါလား။သူတို့ အမည်လဲ ဖော်ပြချင်လို့ပါ။သူငယ်ချင်းတို့ မိသားစု ပျော်ရွှင်ပါစေဗျာ။

မေလေး said...

ယောက်ခမ ကော်ဖိတောက်တိုင်း လွမ်းတယ်ပေါ့။
ညနေ မမပြာပြာအိမ်မှာ ဗီယက်နမ်ကော်ဖီ တွားတောက်စို့။ ရှာဖွေလေ တွေ့ရှိလေ နာ့ယောက်ခမပါ။ အလကားရတဲ့ ကော်ဖီသောက် အလကားရတဲ့ အိမ်တကာလိုက်စားး အဲဒါလဲ နာ့ယောက်ခမပါ။ အဲလေ မွှားကုန်ပီ တွေ့ပုချီ

မေဇင် said...

ဝေ့ စကားမစပ် ကော်ဖီ ကအလကားရတာလား....း) ဆရာပြုံးရင် လိုက်ပြုံး ၊ ခေါင်းညိမ့်ရင် လိုက်ညိမ့် ၊ သမ်းတာတောင် ၀မ်းထဲ ဆိုတာကို သဘောကျတယ်...ဟဟဟ ရီရတယ်..။

မင်းအိမ်ဖြူ Minn Eain Phyu said...

ကိုသီဟကလည်း သင်တန်းတက်ရတာ ပိုပင်ပန်းတယ်တဲ့လား

ကျွန်တော်ဆိုပျော်မှပျော် ... ၀ါးတီးက ကောင်းကောင်း ဆွဲလို့ရတယ်လေ ..........P:

ဒီမှာက သင်တန်းတက်ရင် ရှယ်ပဲ...

ဟိုတစ်ပတ်ကဆို သီရေတာ ထဲမှာ ရုပ်ရှင်လိုပြလိုက် ပြောလိုက်နဲ့ ပြီးတော့ ဘာဆွေူးနွေး အုံးမလဲတဲ့

ဟဲဟဲ အလယ်လောက်မှာ နေရာယူပြီး ကောင်းကောင်းနှပ်ခဲ့တယ် .... D:

Htoo Aung Lwin said...

ဟိတ် ကိုကြီးသစ်
ကျွန်တော့်ကိုလဲ ကော်ဖီလေးဘာလေး ယူလာပေးအုံးလေ
သားလဲ သောက်ချင်တာပေါ့ ဟ ဟ။

Mogok Thar said...

အိပ်ငိုက်တိုင်း ကော်ဖီ သွားသွား ဖျော်ကောက်နေတာများ ကော်ဖီကြိုက်တဲ့ ဘော်ဘော်တွေ လွမ်းလို့ အလွမ်းပြေ သောက်ရတယ် ဖြစ်ချေသေး။ ပြောတတ်ပါ့ ကလေးအဖေရယ်။

အင်း ကလေးအဖေရေ၊ ကိုယ့် အတွင်းစိတ်ကို အဲဒီ Search Engine ကြီး Run လိုက်ရင် .....
ကိုယ် မသိတာတွေရော ထွက်လာမှာလားဟင်.။

အင်း ကလေးအဖေ ပြောသလို နာလဲ နှလုံးသွင်း ဆင်ခြင်အုံးမှ။

ခင်မင်စွာဖြင့်

ZT said...

အဟဲ။ ဆောရီးပဲ။ Lau Pa Sat ကို တကယ် ညနေပဲ ရောက်ဖူးတာပါ။

Raffles Place ကို နေ့လည်ပိုင်း မရောက်ဖြစ်ဘူး။ ကောင်မလေးတွေ လန်းလွန်းလို့ ကြည့်ရတာ စိတ်မချမ်းသာလွန်းလို့။ :P

MrDBA said...

သင်တန်းသွားရရင် ကောင်းတာပဝေ။ ကျွန်တော်လဲ တစ်ခါ SharePoint သင်တန်းတစ်ပါတ်သွားတက်ရတာ ကော်ဖီကို တစ်နေ့ သုံးခွက်လောက်သောက်ပြီး သင်တန်းပြီးတော့ ရင်တွေဘာတွေ တုန်လာလို့။ ကျွန်တော့်တုန်းက ဆရာက ဗီယက်နမ်ဆရာဆိုတော့ ကျွန်တော်လဲ Sub Title ရှာရှာနေရသေးတယ်။ မှန်ပါ့။ ကျွန်တော့်တုန်းကတော့ နဲနဲနီးစပ်တာနဲ့ စိတ်ဝင်စားစရာကောင်းခဲ့ပါတယ်။ မငိုက်ခဲ့ဖူး။ နောက်ပြီး သင်တန်းက နေ့လည်စာလဲ ကျွေးသေးတော့ ပျော်ထှာ။

littlebrook said...

အဲ လာလည်ရင် မုန့်ကျွေးမယ်ပြောထားတာ ခုတော့သူစားနေတယ့် နာနတ်သီးထမင်းကြော် နှိုက်စားပလိုက်တယ် ... ကဲ ဘာမှတ်လဲ

တလနွန် said...

ကိုသီဟကြီး ကော်ဖီ ဒီလောက်သောက်တာတောင် ငိုက်တယ်နော် :) Lau Pa Sat ဆိုတဲ့ နေရာကိုတော့
မရောက်ဖူးဘူး။ မိုက်တယ်ဆိုရင် သွားကြည့်အုံးမယ် :p
နောက်ဆုံး ကိုသီဟကြီး ပြောသလိုပဲ ကိုယ့်ဦးနှောက်ထဲ
ကို Search လိုက်တော့ ကွန်နက်ရှင်ကျ သွားပါတယ် :p
(မှတ်ချက် မြန်မာပြည်ကွန်နက်ရှင်)

Ko Boyz said...

ဘာလို့ ဘောနပ်စ်တွေ မထည့်တော့တာလဲဟင်။ တို့များလို့ အစဉ်အလာတွေ ဖျက်ပါနဲ့။

Rita said...

ဂျပန်ဆရာတွေ သင်တန်းပေးတဲ့ UMFCCI က သင်တန်း သတိရလိုက်တာ။ ငိုက်ချည်းနေတာပဲ။

Beauty Studio USA Branded Store said...

နောင်တခါ သင်တန်းရှိရင် ဗီးဂပ်ရောက်ပါစေဗျာ။လွဲသွားလို့ စိတ်မကောင်းဘူး။မဟုတ်ရင် သူငယ်ချင်း ဗီးဂပ်အကြောင်းရေးတာဖတ်ရတာပေါ့။(ရွာက ဗီးဂပ်မဟုတ်ပါ:P)အခြားသူတွေတော့မသိဘူး။ ကျွန်တော်လဲ သင်တန်းအခန်းထဲဆို အိပ်ချင်စိတ်တွေ များများလေရဲ့ အဖြစ်တူတယ်။

WWKM said...

လာမယ်..လာမယ်.. နာနတ်သီး ထမင်းကြော်တစ်ပွဲနဲ့
ကော်ဖီ ၃ ခွက်. :D
လောပါဆက် တဲ့ မှတ်ထားလိုက်ပြီ။

မောင်သီဟရေ..
နှင်ဆီဖြူတို့သားအမိပြန်မလာသေးဘူးလား။အခုမှရောက်တယ်။အပျင်းကြီးနေတာလေ။း)

ကြည်ဖြူပိုင် said...

ဟားဟား ဆရာကမေးစရာရှိလားမေးတော့ ...........
)))))အနော်နဲ့တူတယ်

ဆရာကရီပြတော့ ခေါင်းငြိမ့်.)))))အနော်နဲ့တူတယ်

သန်းချင်တော့စိတ်ကူးထဲမှာသမ်း)))))ဒါလဲတူတယ်..

ကော်ဖီတော့မကြိုက်ပေါင်။သောက်ချင်
သလောက်သာသောက် အနော်လုမသောက်ဘူး စိတ်ချလက်ချသောက်

:D

ဆောင်ချမ်းမိုး said...

ကော်ဖီတော့ အနော်လည်းကြိုက်တယ် ..
သင်တန်းတက်ရင်တော့ အနော်လည်း ငိုက်တယ် ..
စကားမစပ် ဘာရှာတာလဲဟင်
မဟုတ်တာရှာရင်တော့ တိုင်မှာ
တိုင်မှာ

ဝက်ဝံလေး said...

ဟင့် အင်း ဓာတ်ပုံပဲ ကြည့်သွားတယ် ကော်ဖီအကြိုက်ဘူး ဘီယာပဲ အဲလေ မိုင်လိုပဲ သောက်တယ် အဟက်

Phyo Maw said...

ဆရာသီ ဆီက နည်းနာ နိသယ ခံယူချင်ပါတယ်
ဘာတွေဘယ်လိုလုပ်ရတယ် ဆိုတာလေးများ... ဝေမျှပါ။

ရွှေပြည်သူ (ShwePyiThu) said...

အညီအမျှချစ်တဲ့ ကိုသီဟသစ်ရေ... သမ်းတာကို အတွင်းထဲမှာ မြိုမြိုချနည်းရယ် Coffee Machine Configuration လုပ်ပုံရယ်ကို သင်ယူရမယ့် စာရင်းထဲ မှတ်ထားလိုက်ပြီနော်...း))

မိုးခါး said...

ကော်ဖီ ရီဆက်ရှ် လုပ်မလို့လား .. လွမ်းတိုင်းသောက်လို့ နှလုံးရောဂါ ဖြစ်ဦးမယ်နော် ..