Tuesday, August 11, 2009

Present

အကိုကြီး အောင်သာငယ်၊ ကိုဘိုဘို(မိုးကုတ်သား)၊ ကိုရီနိုမာန်တို့က ခုတလော ကို အခုပြောဆိုပြီး တဂ်ထားလို့ ရေးလိုက်ပါတယ်။ ခင်မင်စွာနဲ့ တဂ်လို့ ကျေးဇူးတင်ကြောင်းလဲ ပြောပါရစေ။

တွေးနေမိတာက
အိပ်မက်တွေကို အကောင်အထည် ဖော်ရရင် ကောင်းမယ် (ငါ့အိပ်မက်တွေ ဘယ်မှာပါလိမ့်)

ကိုယ့်ကိုယ်ကို ပြန်ဆင်ခြင်မိတာက
အသက်ကြီးပေမယ့် မပျက်စီးပါ(ငယ်ငယ်တုန်းက စိတ်တွေ မပျက်စီးတာ ပြောပါတယ်။ ခုထိ လူကြီးလည်းမဆန်၊ ရင့်လည်း မရင့်ကျက်သေး)

ကျန်းမာရေး
MC တစ်ခါမှ မယူဖူးသေးဘူး။ ခေတ်မီအောင် ယူကြည့်အုံးမှ။

ဖတ်ဖြစ်တဲ့စာအုပ်က
စိတ် (ကိုယ်ကိုယ်တိုင်ရဲ့စိတ်) ဖတ်ဖို့ကြိုးစားနေဆဲပါပဲ။ လူတွေရဲ့ မျက်လုံးတွေ..

ရောက်နေဖြစ်တာက
စိတ်ရောက်နေတာ က ရွှေနိုင်ငံကအိမ်
လူရောက်နေတာက အလုပ်၊ ဘလော့များ (မျက်နှာစာအုပ်ကတော့ အစမပြုအောင်နေထားလို့ လယ်လည်းမစိုက် မာလည်းမဖီးယားသေးပါ)

ရေးဖြစ်နေတာက
အတွေးအခေါ်လည်းမဟုတ်၊ ဒဿနလည်း မမည်တဲ့ ကိုယ်ကိုယ်တိုင် တွေးဖြစ်တဲ့စာတွေ

နားထောင်ဖြစ်နေတာက
ဘယ်လိုထင်ထင် ဖြစ်တယ်လေ
ထာဝစဉ်မှန်ကန်တဲ့ တရားမရှိနိုင်ပါ (ဂျစ်ပစီ မိုးတိမ်)

ရွတ်နေမိတဲ့ကဗျာက
ပုံမှန်ရွတ်ဖြစ်တာမရှိပါ

ဖြစ်ချင်နေတာက
တည်ငြိမ်အေးချမ်းတဲ့ ဘ၀ပိုင်ရှင်

စားဖြစ်နေတတ်တာက
ရုံးနားက Food Court က အစားအစာ (မချစ်သော်လည်း အောင့်ခါနမ်း)၊ ကိုယ်ကိုယ်တိုင် ချက်တတ်တဲ့ ၃ မျိုးသော ဟင်းများ

သနားနေမိတာက
လမ်းပျောက်နေသော လူများ

လွမ်းနေမိတာက
ကျောင်းသားဘ၀ နှင့် သူငယ်ချင်းများ

မေ့လျော့ပစ်နေမိတာက
တမင်သက်သက် မေ့လို့ရတယ် ဆိုတာ သီဟသစ်အတွက်တော့မရှိ။ မေ့ရင်မေ့နေတယ်၊ ပေါ်ချင်တဲ့ အချိန်ပေါ်လာတယ်။

ခါးသက်နေမိတာက
ဗြောင်လိမ်ဗြောင်စားလုပ်တတ်သူများ

တမ်းတနေမိတာက
မန္တလေးမြို့ကြီး

ကြိတ်ပြီးချီးကျူးနေမိတာက
ရင်ထဲက သူရဲကောင်းများ

ကြိတ်ပြီးအထင်သေးနေမိတာက
ငတေကြီးများ

ဆန္ဒမရှိတဲ့နေရာ
မပြောလဲ သိကြမှာပါ၊ ဒမြတိုက်ခံရတဲ့နေရာ။

ဆန္ဒရှိနေတဲ့ကိစ္စ
အဖေ နှင့် အမေ တို့သက်ရှိထင်ရှားရှိနေချိန်မှာ ကောင်းမွန်စွာ စိတ်ချမ်းသာစွာ ထားချင်တယ်

မုန်းတီးနေမိတာက
ရန်သူမျိုး ၃ ပါး

ချစ်နေတာက
ကိုယ့်ရဲ့မိသားစု နှင့် ချစ်ရပါသော ဘလော့ဂါညီအစ်ကို မောင်နှမ များ နှင့် စာလာဖတ်ဖြစ်သူအားလုံး

စိတ်ပျက်နေမိတာက
တစ်ခါတစ်ရံ ကိုယ့်ကိုကိုယ် (စိတ်အလိုလိုက်တတ်လွန်းလို့)၊ တစ်ခါတစ်ရံ ရုံးက ဂျာဂျာတွေနဲ့ တလွဲလုပ်တတ်တဲ့ ကိုဆန်းတင့်

စွဲလန်းနေမိတာက
ကော်ဖီတစ်ခွက် (လွမ်းတိုင်း ကော်ဖီသောက်တယ်)

လိုအပ်နေတာက
ခွင့်ရက်တွေ (အိမ်ကိုကြာကြာပြန်ချင်လို့)

ထပ်ပြန်တလဲလဲအော်ဟစ်နေမိတာက
မကျေနပ်ရင်လစ်သွားလိုက် ....
(Big Bag – Telepunk ထဲက စာသားတွေ)

ဝန်ခံချင်တာက
တဂ်ထဲမှာ ဒီတဂ်က နောက်ဆုံးပေမယ့် ပထမဆုံး ရေးဖြစ်ပါတယ်။ ခုတစ်လော ဘလော့တွေ လိုက်မလည်ဖြစ်တာ ခွင့်လွှတ်ပါရန်။ အာရုံရတာနဲ့ လိုက်လည်ပါမည်။

ဆက်တဂ်မည့်သူတွေကို နက်ဖြန်လိုက်ရှာပါမည်။ မရေးရသေးတဲ့သူတွေကို တဂ်မည်။

ခင်မင်စွာဖြင့်
သီဟသစ်

33 comments:

ZT said...

ဒမြတိုက်ခံရတဲ့ နေရာကို ဆန္ဒမရှိရင် ကိုယ်တိုင် မသွားပါနဲ့။ ပင်နီဆူလာက အေးဂျင့်နဲ့ လွှဲလိုက်ပါ။ :P

ကိုလူထွေး said...

MC တစ်ခါမှ မယူဖူးသေးဘူးဆိုရင် "မိုးခါး" ဆီမှာ နည်းယူလို့ရတယ်...

းဝ)

ATN said...

ရေးပေးတာ ကျေးဇူး...
နားထောင်ဖြစ်နေတဲ့ သီချင်းကို သဘောကျတယ်...

jr.လွင်ဦး said...

သီဟသစ်ရဲ့ အားမာန်တွေ ခုတလောထဲမမြင်မိဘူးရှင့်။
အမ်စီ တခါမှမယူဘူးဆိုလို့ ချီးကျူးမိတယ် ကိုသီဟသစ်ရေ။း)

မငုံ said...

ဆန္ဒ ရှိတဲ့ ကိစ္စကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ပါစေနော့။ သိပ်ကောင်းတဲ့ ဆန္ဒပဲ။

kaungkinpyar said...

တွေးနေတာက အိပ်မက်တွေကို ထပ်အကောင်အထည်ဖော်ချင်သတဲ့၊
ရောက်ဖြစ်နေတာက ပြောလိုက်ရမလား ပြောလိုက်ရမလားးး
စွဲလန်းနေတာက လွမ်းတိုင်းကော်ဖီသောက်သတဲ့၊
တိုင်မှာ တိုင်မှာ :P

Angel Shaper said...

လာဖတ်တယ် ကိုသစ်ရေ....
တည်ငြိမ်အေးချမ်းတဲ့ ဘ၀လေးပိုင်ဆိုင်နိုင်ပါစေနော်။
ခွင့်ရက်ရှည်ကြီးလဲ ရပါစေ။

ရေတမာ said...

အိပ်မက်တွေအကောင်အထည်ဖော်ဖို့ ကြိုးစားရင်း မပျက်စီးသေးသော ကျန်းမာရေးကောင်းတဲ့ စိတ်တွေဖတ်ရင်း တည်ငြိမ်အေးဆေးတဲ့ ဘ၀ကိုပိုင်ဆိုင်ကာ မန္တလေးကိုပြန်ဖို့ ခွင့်ရက်ရှည်တွေ အများကြီးရပါစေ

ကျောပိုးအိတ် said...

ရန်သူမျိုး ၅ပါးဟုတ်ဘူးလား ခေတ်သစ်ယောက်ခမရဲ့ ။
း)

Lucifer said...

ရန်သူမျိုးက ၅ပါးရှိတာ .. ဘယ့်နဲ့ ရန်သူမျိုး ၃ ပါး ပဲဖြစ်နေရတာလဲး...
အိမ်ပြန်ချင်ရင် leave ယူပြီးပြန်.. ဟေ့...........ပြန်ရင်လည်းပြောပါအုံး ..လက်ဆောင်ထည့်ပေးချင်လို့
ဟီးးးးးးးး ဖားထားရတာ...

စိတ်စမ်းရေ said...

လုပ်စမ်းပါအုံးကိုသီဟရဲ့.. ရန်သူမျိုး ၃ပါးရဲ့
အဓိပ္ပာယ်လေး.....။

မေလေး said...

အေးလေ ကိုဇက်တီ ပေါသလို လုပ်လိုက်လေ ယောက်ခမကလဲ ၃၀ ဘဲပေးရတာကို။
အမ်စီမယူဘူးရင် ယူလိုက်အုန်း ယောက်ခမ
အခုချိန် ယူလို့အကောင်းဆုံး
လွမ်းတိုင်းကော်ဖီသောက်တယ်ဆိုတော့
ဗီယက်နမ်ကော်ဖီသောက်တုန်းကလဲ
လွမ်းနေတာလားးးးးးးး
ဒါပေမဲ့ အကျယ်ကြိးရယ်လို့
ပါးစပ်တောင်မနဲ့ ပြန်စေ့ရတယ်နော်.
(ဟိဟိ)

ကြည်ဖြူပိုင် said...

သဘောကျတာ ဒါလေးတွေ-
၁) တွေးနေမိတာ
၂)ကိုယ့်ကိုကိုယ်ပြန်မဆင်ခြင်မိတာ
၃)ခါးသက်နေမိတာက
၎) ချစ်နေမိတာက
၅) စိတ်ပျက်နေမိတာက (အနော့်ကိုယ်အနော်လဲစိတ်အလိုလိုက်လွန်းလို့ စိတ်ပျက်လို့ ..တူတယ်)

ဏီ(န်)ကင်း said...

လေ့လာသွားတယ်အကိုရေ။...ဟီးဟီး

မေဇင် said...

လေးစားပါတယ်....MC မယူလို့ပါ... ရုံးက မန်ဂျာ ကြီးကလဲ ပြောတယ်.... နောင့် တို့ ရုံးမှာ ရှိတဲ့ မြန်မာ 4 ယောက်ပဲ MC ကို အပြည့်မယူပဲ တကယ်ဖြစ်မှ ယူတာတဲ့......၊ ခွင့်လဲ မယူဘူးတဲ့...သူမှ မသိတာ..အဲ့ဒါ မြန်မာပြည်ပြန်မလို့ စုထားတယ်ဆိုတာကို..အဟဲ...၊ မန္တလေး မြို့ကြီးကိုလွမ်းသလို..၊ နှင်းဆီဖြူလေး နဲ့ ကလေးလေး ကရော.....?????? :P

မမသီရိ said...

ချစ်နေတာက
ကိုယ့်ရဲ့မိသားစု နှင့် ချစ်ရပါသော ဘလော့ဂါညီအစ်ကို မောင်နှမ များ နှင့် စာလာဖတ်ဖြစ်သူအားလုံး
.....
အတူတူ ဟုတ်ရဲ့လား ချမ်းချမ်း ရဲ့ ဖေဖေရယ်..း)
ရော ရော မချစမ်းပါနဲ့. ဟိုလူကြီးတွေလို .. :P

မီးငယ် said...

မန်းလေးတမ်းတနေ မိတာကတော့ တူနေတယ် ဆရာ

Mogok Thar said...

၁။ တွေးနေမိတာက
အင်း၊ အိပ်မက်တွေတဲ့။ အိပ်မက်တောင်င် မမက်အား။ အိပ်လိုက်ပုံများ။ မျက်လုံးမှိတ်တာနဲ့ မိုးအလင်း

၂။ကိုယ့်ကိုယ်ကို ပြန်ဆင်ခြင်မိတာက
သူ သင်္ခါရ မေ့နေတယ်

၃။ ကျန်းမာရေး
MC တစ်ခါမှ မယူဖူးသေးဘူး။ ခွင့်ရက် စုနေလို့လေ။

၎။ ဖတ်ဖြစ်တဲ့စာအုပ်က
ဝတ္ထုတိုပေါင်းချုပ်ကြီးတွေ တစ်နှစ်စာလောက်ကို တစ်ပါတ်နဲ့ အပြတ်ဖြတ်လိုက်မယ်ကွာ

၅။ ရောက်နေဖြစ်တာက
စိတ်ရောက်နေတာ က ထားပါတော့
လူရောက်နေတာက .... တော့း)

၆။ ရေးဖြစ်နေတာက
ကိုယ်ကိုယ်တိုင် တွေးဖြစ်တဲ့စာတွေ၊ ဒါပေမဲ့ အနှစ်တွေ

၇။ နားထောင်ဖြစ်နေတာက

တွေ့မှ ဆိုပြခိုင်းရမယ်

၈။ ရွတ်နေမိတဲ့ကဗျာက
ပုံမမှန်ရွတ်ဖြစ်နေတာတွေ ရှိပုံရ၏

ြ၉။ ဖစ်ချင်နေတာက
ဖြစ်ချင်တာတွေ ဖြစ်ပါစေ

၁၀။ စားဖြစ်နေတတ်တာက
ချက်တတ်တဲ့ ၃ မျိုးသော ဟင်းများ
တစ်မျိုးတော့ စားဖူးဘီ။ နောက်နှစ်မျိုးကျန်သေးတယ်။ ဘယ်တော့လဲ

၁၁။ သနားနေမိတာက
လမ်းပျောက်နေသော လူများ

၁၂။ လွမ်းနေမိတာက
ကျောင်းသားဘ၀ နှင့် သူငယ်ချင်းများ

၁၃။ မေ့လျော့ပစ်နေမိတာက
မေ့ ပေါ်.. မေ့ ပေါ်....

၁၄။ ခါးသက်နေမိတာက
ဗြောင်လိမ်ဗြောင်စားလုပ်တတ်သူများ

၁၅။ တမ်းတနေမိတာက
မြို့ကြီး တစ်ခု တည်းတော့ မဟုတ်ဘူးး

ြ၁၆။ ကိတ်ပြီးချီးကျူးနေမိတာက
ရင်ထဲက သူရဲကောင်း ဘယ်နှစ်ယောက်ရှိသလဲ

ြ၁၇။ ကိတ်ပြီးအထင်သေးနေမိတာက
မောင်ရင်၊ ငတေ ၊ မိုက်ကန်းး

၁၈။ ဆန္ဒမရှိတဲ့နေရာ
ဒမြတိုက်ခံရတဲ့နေရာလား။ မတရား အလှူခံဌာနလား

၁၉။ ဆန္ဒရှိနေတဲ့ကိစ္စ
သာဓုလေး ခေါ်သွားတယ်။

၂၀။ မုန်းတီးနေမိတာက
ရန်သူမျိုး ၃ ပါး

၂၂။ ချစ်နေတာက
ကိုယ်လဲ ချစ်ရပါသော ထဲ ပါသွားဘီ :-)

၂၃။ စိတ်ပျက်နေမိတာက
ကိုယ့်ကိုကိုယ် တဲ့။ တော်သေးရဲံ ပျက်ပဲပျက်၊ မကုန်စေနဲ့ကွာ

၂၄။ စွဲလန်းနေမိတာက
ကော်ဖီတစ်ခွက် ထဲ ဆိုတာ သေချာလားးး

၂၅။ လိုအပ်နေတာက
အိမ်ကိုကြာကြာပြန်ချင်ရင် နှစ်ကူးတွေမှာ ပြန်ပေါ့။ သုံးပါတ်နဲ့တလကြား နေစေဗျား

၂၆။ ထပ်ပြန်တလဲလဲအော်ဟစ်နေမိတာက
လစ်သွားလိုက် ....တဲ့။ နဂိုကမှ အလုပ်သမားသစ်ရုပ်ဆိုတော့ကာ ဘာတွေ သုတ်ပီး လစ်ရမလဲ အိမ်ထဲ ၀င်မွှေအုံးမှ


ဝန်ခံချင်တာကို ဆန္ဒပြုချင်တာက

အာရုံ မြန်မြန် ရပါစေ။


ခုလို အာရုံတွေ တပါးရောက်နေပေမဲ့ (အာရုံမရဘူး ပြောလို့ပါ) တခုတ်တရ ရေးပေးတာ ကျေးဇူး အထူးပါခင်ဗျာ။
ဖွတာမိရှိ.. ၀န္ဒာမိ...

ချစ်ခင်စွာဖြင့်

ဖိုးဂျယ် said...

ကိုသီဟသစ်ရေ
ခွင့်ရက်ရှည် ရပါစေဗျာ
ရွှေပြည်ကြီး ပြန်လို့ရအောင်လို့ပေါ့

ညီလေး ဖိုးဂျယ်

Beauty Studio USA Branded Store said...

အခုတလော ပျော်ရွှင်ပါစေဗျာ။အခုတလောက အခုတလောဖြစ်နေတာ။ကျွန်တော်လဲ မာဖီးယားတာနှင့် လယ်လဲမစိုက်ဖြစ်တာ အတော်ကြာသွားပြီဗျာ။

Dream said...

ဦးသစ်ကို ဘော့စ်က MC ပေးမယ်တဲ့။ ရောဂါမပျောက် မချင်း ... ယူစေဗျာ... :)

ဟိးးး...

ရွှန်းမီ said...

သီသီလေးလွတ်သွားတာပဲ.. ရေးပြီး =)

may16 said...

စွဲလန်းနေမိတာက
ကော်ဖီတစ်ခွက် (လွမ်းတိုင်း ကော်ဖီသောက်တယ်)
ကောင်းတယ်ဗျို့ အဲဒါ ဗိုက်ဝတယ် ကိုသီဟ :)

ရွှေပြည်သူ (ShwePyiThu) said...

“မေ့ရင်မေ့နေတယ်၊ ပေါ်ချင်တဲ့ အချိန်ပေါ်လာတယ်။” အဲဒါ အားအကျဆုံးပဲ ကိုသီဟသစ်ရေ။ အေးဆေးလိုက်တာ။ ညီမမှာတော့ မေ့သင့်တာတွေကို အမြဲသတိရပြီး သတိရသင့်တာတွေ မေ့မေ့နေတတ်လို့။

ကလူသစ် said...

တနေ့ ၂ခါထက် ပိုလွမ်းခြင်းသည် MC များများ ယူဖြစ်စေမည်။

Anonymous said...

song: စကားမစပ်
အသက်ကြီးပေမယ့်မပျက်စီးတာ
ဘာလဲဟင်

ကိုသီဟ: ငယ်ငယ်ကစိတ်တွေ မပျက်စီးတာကိုပါဆိုမှပဲ

YoungGun said...

ငတေကြီးများနဲ့ ဗြောင်လိမ်ဗြောင်စားများ သတိထားကြကုန်လော့..။ ခြင်္သေ့သစ်..ဟိန်းလိုက်ပြီ..။

တလနွန် said...

လွမ်းတိုင်း ကော်ဖီသောက်တယ် ဆိုတော့ “အတူတူကော်ဖီသောက်တိုင်း မင်းကိုလွမ်းနေတရ်” ဆိုတဲ့ သီချင်းလို များလား
ရန်သူမျိုးသုံးပါး ဖြစ်သွားတာက ပေါင်းစည်း လိုက်တာကိုး :)
အမ်စီ မယူဘူးတာက ကျနောနဲ့ တူသွားပြီး :P
ဂျစ်ပစီမိုးတိမ် နှင့် ဘစ်ဘက် သီချင်းကို တော်တော်ခိုက်နေတယ်ပေါ့ :P
အိမ်မက်တွေ အကောင်ထည်ဖော်ချင်နေတဲ့ အတွေး
အမြန်ပြည့်ဝပါစေလို့  ဝိုင်းဆုတောင်းပေးပါတယ်ဗျာ

Anonymous said...

ရောက်တယ် အစ်ကိုသီဟစ်ရေ။:)
အိပ်မက်တွေမက်ပြီး တန်ဖိုးရှိသောဘဝ
ကို အောင်မြင်စွာ အကောင်အထည်ဖော်
နိုင်ပါစေလို့  ။။။
ခင်မင်လျှက်...ညီမ..ခင်မာလာအောင်..

သက်ဝေ said...

"MC တစ်ခါမှ မယူဖူးသေးဘူး။
ခေတ်မီအောင် ယူကြည့်အုံးမှ။"

ဘုရားရေ...
အမှန်စင်စစ်ကို အလုပ်ကြိုးစားသူလေးပါလား...
တို့တွေနဲ့တော့ ကွာပ...

စာတွေဖတ်သွားတယ်နော်...
သားလေးရော နေကောင်းတယ်ဟုတ်...

Phyo Maw said...

(ငါ့အိပ်မက်တွေ ဘယ်မှာပါလိမ့်)
ခက်ထှာ
ခေါင်းအုံးပေါ်မှာလို့ လက်ညိုးထိုးပြရမလိုလို

Tina Kyi said...

ဘယ်သူများပါလဲလို့ ဖတ်နေတာဟ

မိုးခါး said...

ဟဟ
ကိုဇက်တီပြောမှပဲ :D
စိတ်ပျက်နေမိတာက
တစ်ခါတစ်ရံ ကိုယ့်ကိုကိုယ် (စိတ်အလိုလိုက်တတ်လွန်းလို့)၊ တစ်ခါတစ်ရံ ရုံးက ဂျာဂျာတွေနဲ့ တလွဲလုပ်တတ်တဲ့ ကိုဆန်းတင့်
တဲ့ .. ဟီးဟီး