Monday, August 17, 2009

မှတ်တိုင်တွေလား မိုင်တိုင်တွေလား

သူတို့ကိုယ်တိုင်ရဲ့ မွေးနေ့ပွဲ မွေးနေ့အလှူရယ်လို့ တစ်ခါမှ တိတိပပ မလုပ်ဖြစ်ကြတဲ့ အဖေ နှင့် အမေကို ပိုပြီး သတိရတယ်။ သူတို့ခမျာ သားသမီးတွေကို ဦးစားပေးရင်း သူတို့ကိုယ်သူတို့ မေ့ထားခဲ့တာ ကြာပြီကော။ နှင်းဆီဖြူလေးနှင့်သားလေးကိုရော လွမ်းလိုက်တာ၊ ကိုယ်လည်း အသက်ကြီးလာရင် ကိုယ့်မွေးနေ့ကိုယ် မေ့ဖြစ်သွားမယ် ထင်တယ်။

ကမ္ဘာမြေပေါ် ငါနေထိုင်တာ
တန်ဖိုးရှိသလား ဒီလိုမေးခွန်းမျိုးအား
လူတွေဆုံးဖြတ်ပါစေ (ရာဇ၀င် - ဇော်ဝင်းထွဋ်)

လူ့သက်တမ်းကို ပျမ်းမျှအနှစ် ၆၀ လို့ သတ်မှတ်ခဲ့ရင် ကိုယ်ရှင်သန်ခဲ့တာ လူ့သက်တမ်း တစ်ဝက်ရှိသွားပြီပဲ။ မြေကြီးကို ဒုက္ခပေးသူတစ်ယောက် မဖြစ်ခဲ့တာကတော့ ထူးပြီး ဂုဏ်ယူစရာ မဟုတ်။ ဒီထက်ပိုအောင် ကြိုးစားနေတယ် ဆိုတာရော
လုံလောက်တဲ့ ဆင်ခြေလား?

ငါနေထိုင်လာတဲ့နှစ်က ၃၀
မယုံနိုင်ဘူး အို ..ရုပ်ရှင်ကြည့်ရသလို
ဘ၀ကဆန်းကြယ်တယ် (ဂျစ်ပစီမိုးတိမ် - ဇော်ဝင်းထွဋ်)


စာသင်ဖို့ စိတ်တွေမပျက်၊ ဘီတယ်လ် သီချင်းတွေမကျက်ခဲ့ပေမယ့် ဂျစ်ပစီမိုးတိမ် သီချင်းလေးကိုတော့ သဘောကျမိတယ်။ မရည်ရွယ်တာ အကုန်ဖြစ်လာခဲ့တာကတော့ အမှန်ပဲ။ ဘ၀ဆိုတာလဲ ဂငယ်ကွေ့လောက် ကြမ်းတာတွေ မကြုံဖူးပေမယ့် အကွေ့အကောက်တွေ အတော်များတာကလား။

အဝေးက လမ်းဟောင်းအိုလေး အစဉ်မပြောင်းလဲ လဲလျောင်းနေဆဲ
ကိုယ်ဟာနှုတ်ခွန်းဆက် အဝေးကို ခင်တွယ်နေပေမယ့်လည်း
ဘ၀အတွက်သွားရမှာပဲ
(အ၀ါရောင်လမ်းကလေး - ဇော်ဝင်းထွဋ်)


လျှောက်ခဲ့တဲ့လမ်းများကိုလည်း လွမ်းဖို့ကောင်းစွာ နှုတ်ဆက်ခဲ့ဖူးတယ်။ တက္ကသိုလ်ကျောင်းသားဘ၀၊ စာသင်ပေးရတဲ့ သင်တန်းဆရာ ဘ၀ စသည်ဖြင့် ရွှေရောင်တောက်ခဲ့တဲ့ နေ့ရက်များကို လည်း လွမ်းမိတယ်။ နောက်ဘာတွေ ဘာတွေ ဆက်ဖြစ်ဦးမလဲ ဆိုတာ ကိုယ်လည်းမသိ။ စက်ရုပ်တစ်ပိုင်း လူတစ်ပိုင်း လက်ရှိဘ၀လေးကတော့ ချစ်သူငယ်ချင်း ဘလော့ဂါ ညီအစ်ကို မောင်နှမတွေကြောင့် ပျော်စရာကောင်းနေတာ အားလုံးကို ကျေးဇူးတင်စရာပါ။ ကိုယ့်ရဲ့အဖေ၊အမေနှင့် အမ၃ ယောက်၊ နှင်းဆီဖြူနှင့် သားလေး အားလုံးနဲ့ဝေးနေချိန်မှာ သူတို့ဟာ ကိုယ့်အတွက် တကယ့်မိသားစုတွေပါပဲ။

ကျွန်တော်ရဲ့ ဘလော့လေးကို စာလာဖတ်ဖြစ်တဲ့ ညီအစ်ကို မောင်နှမအားလုံးရော၊ မအားလို့ လာမဖတ်ဖြစ်တဲ့ ညီအစ်ကိုမောင်နှမအားလုံးကိုလည်း ကျေးဇူးပါ။ ဇွဲမကောင်းတဲ့ ကျွန့်တော့ကို စာလေးတွေ ရေးဖြစ်အောင် အားပေးတဲ့အတွက်ရော၊ မှတ်သားစရာ မပါ၊ ရသတွေ မပါ တဲ့ စာတွေကို ဖတ်ပေးတဲ့အတွက်ရောပါ။

အရင်က တစ်ခါမှ မွေးနေ့တူ ဆိုတာ မကြုံဖူးပေမယ့် ဘလော့ရဲ့ အကျိုးကျေးဇူးကြောင့် တွေ့ရတဲ့ ၆ နှစ်ငယ် အမြွှာညီအစ်မ နွေးနေခြည်၊ August 14 မွေးနေ့ရှင် မေဇင် နဲ့တကွ လီယိုဖွား ညီအစ်ကိုမောင်နှမများ၊ ကျန်သော ညီအစ်ကိုမောင်နှမ အားလုံး ယနေ့မှ စ၍ စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံပြီး ဘ၀မှာ အောင်မြင်ပျော်ရွှင်ကြပါစေ။

ခုဆက်ဖော်ပြမယ့် စာလေးကတော့ ကိုယ့်ကိုယ်ကို မွေးနေ့လက်ဆောင် ပြန်ပေးထားတာပါ။

I am I

ကိုယ်ဟာ တစ်ချို့တွေ
ထင်သလောက် မဆိုးသလို
တစ်ချို့တွေ ထင်သလောက်
မကောင်းပါဘူး။

တစ်ချို့တွေ ထင်သလောက်
မတော်သလို
တစ်ချို့တွေ ထင်သလောက်လဲ
မညံ့ပါဘူး။

တစ်ချို့သူတွေရဲ့ အကြိုက်ကို
မလိုက်နိုင်သလို
တစ်ချို့သူတွေ မကြိုက်လည်း
ကိုယ်ကြိုက်ရင်
ကိုယ့်လမ်းကို ဆက်သွားနေမှာပါ။

လီယိုဖွားပီပီ
မဖြစ်မနေ လုပ်ရမှာတွေ မုန်းတယ်၊
ဟန်ဆောင်ရမှာ ပျင်းတယ်။

ကိုယ်ဟာ ဒဏ္ဍာရီထဲက
သူရဲကောင်း မဖြစ်ချင်ခဲ့သလို
ပုံပြင်ထဲက ၀ံပုလွေလည်း
မဖြစ်ချင်ပါဘူး။

ဘာကြောင့်လဲဆိုတော့
ကိုယ်ဟာ သီဟသစ်ပဲ
ဖြစ်ချင်ခဲ့လို့ပါ။


P.S : ငါ .. ငါ လို့သုံးရင် ငါစွဲစွဲကြီးတယ် ထင်မှာစိုးလို့ ကိုယ်.. ကိုယ်လို့ သုံးထားပါတယ်

ခင်မင်စွာဖြင့်
တစ်သက်လုံး သုံးခါပဲ ပြုံးသူ သီလ၀ မင်းသားကြီးရဲ့ အနွယ်တော်
သီဟသစ်

56 comments:

ဆောင်းချမ်းမိုး said...

တို့ နံပါတ်တစ်ကွ..
ဖတ်လိုက်အုံးမယ်
အရင်တစ်ထားတာ
:P

ဆောင်းချမ်းမိုး said...

ကိုသီဟရေ..

ကိုကြီးမွေးနေ့မှာ ပထမဆုံးမန့်ခွင့်ရတာ ပျော်လိုက်ထှာ..
မွေးနေ့မှသည် ပျော်ရွှင်မှုတွေ အပြည့်အ၀နဲ့ ရွှေရောင်လွှမ်းတဲ့နေ့ရက်တွေကို ဆက်လက် ဖန်တီးနိုင်ပါစေ..
မိဘတွေရဲ့ဂုဏ်ယူအားထားရတဲ့ သားကောင်းသားမြတ်တစ်ယောက်
နှင်းဆီဖြူလေးရဲ့အားကိုးချစ်မြတ်နိုးတဲ့ ခင်ပွန်းကောင်းပီသသူတစ်ယောက်
သားသားလေးရဲ့ ချစ်ခင်လေးစားရတဲ့
ဖခင်ကောင်းတစ်ယောက်..
ညီငယ်ညီမငယ်တွေ..ကျနော်တို့တစ်တွေရဲ့
အတုယူဖွယ်စံပြအကိုကြီးတစ်ယောက်
ပြီးတော့ တိုင်းပြည်ရဲ့အဖိုးတန်တဲ့
ပညာရှင်ကောင်းတစ်ယောက် အဖြစ်နဲ့
ဒီကမ္ဘာမြေပေါ်မှာတန်ဖိုးရှိရှိနေထိုင်သွားနိုင်ပါစေ..

ချစ်ခင်လေးစားရပါသော
ညီငယ်
ဆောင်းချမ်းမိုး

kaungkinpyar said...

အမလေး ၁ လာဦးတာ ဆောင်းဆောင်းနဲ့ တွေ့နေပါရောလား၊ ဟက်ပီးဘတ်ဒေးပါ အနွယ်တော်ကြီး သီဟသစ်ရေ၊ ဘ၀ တသက်လုံး ပျော်ရွှင်စွာ ၃ခါထက်မနည်း ရယ်မောနိုင်ပါစေ၊ နှင်းဆီဖြူလေးနဲ့ ချန်းချန်းလေး နဲ့ အမြန်ဆုံး ပြန်တွေ့နိုင်ပါစေ၊ စာတွေလဲ များများရေးနိုင်ပါစေး)

ZT said...

ဟက်ပီး ဘတ်ဒေး။
အသက် ၃၀ ဆယ်ခါပြန် အသက် ၃၀၀ ရှည်ပါစေ။ :D

Angel Shaper said...

ဝါးးးးးးးးးးး ကိုကြီးမွေးနေ့ကိုးးးးးးးး
ဟက်ပီဘတ်ဒေးပါနော်။
တောင်းပေးချင်တဲ့ဆုတွေ အပေါ်က တောင်းပေးသွားတယ်။
ဆောင်းချမ်းမိုးတောင်းတဲ့ဆုအတိုင်းပဲဗျိုးးးးးးးး ဟဲဟဲ
ထပ်ဖြည့်မယ် တစ်ကြောင်းးးးးးးး
ယောက္ခကောင်းလဲ ဖြစ်ပါစေနော်။။။ ဟိဟိ
အောင်မြင်ပျော်ရွှင်တဲ့ မိသားစုလေး အဓွန့် ရှည်ပါစေဗျာ။။။

Ree Noe Mann said...

ကိုသီဟရေ

လူ့သက်တမ်းရဲ့ တဝက်တောင်ရောက်သွား
ပြီနော် ဘာလို့လို့နဲ့ ( ဇော်ဝင်းထွဋ် လေးသံနဲ့)

ပျော်ရွှင်စရာကောင်းတဲ့ မွေးနေ့ဖြစ်ပါစေဗျာ

ခင်တဲ့
ရီနို

ရေတမာ said...

ပျော်ရွင်ဖွယ်မွေးနေ့လေးဖြစ်ပါစေ မွေးနေ့တူသူတွေရော

ဇော် said...

ကိုဂျီးး .... မွေးနေ့မှာ ပျော်ရွှင်ပါစေဗျိုးးးး
ကဗျာလေး အတော်လှတယ်နော်။ =)

ရွှေ ယွန်း ဝါ said...

Happy Birthday!

ကြည်ဖြူပိုင် said...

ဟား.ကိုသီဟကိုဆုတောင်းပေးဖို့ နောက်ကျသွားတယ်။
လာလာချောင်းတုန်းကပို့ အသစ်မတက်သေးဘူး..
အပြုံးအရီနည်းပြီး ၀ါးလုံးကွဲအောင်ရီတဲ့ကိုသီဟရေ...
အသက်၃၀မြောက်မွေးနေ့မှသည်
နောင်နှစ်ပေါင်း ၁၂၀တိုင် ပျော်ရွှင်ဖွယ်ကောင်းသောမွေးနေ့ပေါင်းများစွာကို
ချစ်ရသောမိသားစုအပေါင်းအသင်းမိတ်ဆွေတွေနဲ့
စိတ်ချမ်းသာစွာဖြတ်သန်းနိုင်ပါစေလို့
ခင်မင်သောစိတ် လှိုက်လှဲစွာနဲ့ ဆုတောင်းလိုက်ပါတယ်။

ကိုသီဟအတွက်အမှတ်တရ...

ွှအနှစ်၃၀ဖြတ်ခဲ့တဲ့ခရီးမှာ...
အမိအဖကိုပြုစု..
ကြွေးဟောင်းကိုလည်း ဆပ်နိုင်ခဲ့ပြီ...

ခုလတ်တလောမှာတော့
တွယ်တာစရာဇနီး နဲ့ ရှုမငြီးတဲ့ သားတီတာ
ဘ၀တစ်ခုကိုတည်ထောင်ပြီးပြီမို့
ကြွေးသစ်ကိုလည်း ချနိုင်ခဲ့ပြီ.....

ကြွေးဟောင်းဆပ်လို့ ကြွေးသစ်ချ
အို...လူပီသတဲ့ကိုသီဟ
မိုင်တိုင် ၃၀ကွ..

ဟားဟား ..ခင်လို့စိတ်ကူးပေါက်တာလေးတွေချရေးလိုက်တယ်နော်။စိတ်ချိုးစရာရှိလဲချိုးနဲ့ :D

ကြည်ဖြူပိုင် said...

ဟား.ကိုသီဟကိုဆုတောင်းပေးဖို့ နောက်ကျသွားတယ်။
လာလာချောင်းတုန်းကပို့ အသစ်မတက်သေးဘူး..
အပြုံးအရီနည်းပြီး ၀ါးလုံးကွဲအောင်ရီတဲ့ကိုသီဟရေ...
အသက်၃၀မြောက်မွေးနေ့မှသည်
နောင်နှစ်ပေါင်း ၁၂၀တိုင် ပျော်ရွှင်ဖွယ်ကောင်းသောမွေးနေ့ပေါင်းများစွာကို
ချစ်ရသောမိသားစုအပေါင်းအသင်းမိတ်ဆွေတွေနဲ့
စိတ်ချမ်းသာစွာဖြတ်သန်းနိုင်ပါစေလို့
ခင်မင်သောစိတ် လှိုက်လှဲစွာနဲ့ ဆုတောင်းလိုက်ပါတယ်။

ကိုသီဟအတွက်အမှတ်တရ...

ွှအနှစ်၃၀ဖြတ်ခဲ့တဲ့ခရီးမှာ...
အမိအဖကိုပြုစု..
ကြွေးဟောင်းကိုလည်း ဆပ်နိုင်ခဲ့ပြီ...

ခုလတ်တလောမှာတော့
တွယ်တာစရာဇနီး နဲ့ ရှုမငြီးတဲ့ သားတီတာ
ဘ၀တစ်ခုကိုတည်ထောင်ပြီးပြီမို့
ကြွေးသစ်ကိုလည်း ချနိုင်ခဲ့ပြီ.....

ကြွေးဟောင်းဆပ်လို့ ကြွေးသစ်ချ
အို...လူပီသတဲ့ကိုသီဟ
မိုင်တိုင် ၃၀ကွ..

ဟားဟား ..ခင်လို့စိတ်ကူးပေါက်တာလေးတွေချရေးလိုက်တယ်နော်။စိတ်ချိုးစရာရှိလဲချိုးနဲ့ :D

မေလေး said...

အကိုသီဟသစ်ရေ
အမှတ်မထင်ဘဲ ဘလော့ကာအကိုတွေ အမတွေနဲ့ခင်မင်ခွင့် ရတဲ့အထဲ မေလေး ခင်မင်လေးစားရတဲ့ အကိုတော်တွေထဲ တစ်ယောက်ဖြစ်ထဲ အကိုသီဟသစ် ဒီနှစ် မွေးနေ့မှစလို့ နောင်မွေးနေ့ပေါင်းများစွာကို ပျော်ရွှင်စွာ ဆင်နွှဲနိုင်ပါစေ။
မိဘကို လုပ်ကျွေးပြုစုနိုင်သော သားကောင်းရတနာ
မမနှင်းဆီဖြူလေး လေးစားမြတ်နိုးရတဲ့ ခင်ပွန်းကောင်း
သားသားလေး စံပြထိုက်သော ဖခင်ကောင်း
မေလေးတို့ ဘလော့ကာ မောင်လေးညီမလေး တွေ ချစ်ခင်လေးစားရတဲ့ အစ်ကိုကြိး
အဖြစ် တန်ဖိုးရှိတဲ့မွေးနေ့ပေါင်းများစွာ ဖြတ်သန်းနိုင်ပါစေ။

(ဆောင်းချမ်းမိုးရေးတဲ့အတိုင်း လိုက်ရေးတာမဟုတ်ဘူးနော်.
လမ်းမှာထဲက စဉ်းစားလာတာ
ဘယ်လိုဆုတောင်းပေးမလဲ ဆိုတာ
အဲဒီဆောင်းဆောင်း ဦးသွားတယ်)

Sonata Cantata said...

ပျော်ရွှင်ဖွယ် မွေးနေ့ပါ...

ခြောက်သည်ဟုလည်း မထင်စေလို
မြှောက်သည်ဟုလည်း မထင်စေလို
လျှောက်ခဲ့သည့် သုံးဆယ်လမ်းမှာတော့
ရွှေရောင်တွေ တောက်ပလို့စို၊

ရှေ့ခရီးမှာတော့
လွယ်လွန်းမယ် မထင်လေနဲ့
ခြသေ့င်္ပျို အားမာန်သစ်တွေနဲ့
ရှေ့ထွက်ဖို့ ကြို...။

မိုးကောင်းသူ said...

Happy Birthday!!!!!!!!!!!!!!!!!!!!!!!!!
ကိုသီဟသစ် လူ့သက်တမ်း တစ်ဝက်ကျိုးသွားပြီလား။ ဒါဆို ကျွန်မတော့ လူ့သက်တမ်း တစ်ဝက်ပြည့်ဖို့ တော်တော်လိုသေးတယ်။ :D

နွေးနေခြည် said...

မွေးနေ့မှစပြီး နောင်လာမယ့် နှစ်များမှာလည်း ပျော်ရွှင်ချမ်းမြေ့ပါစေ...အမြွှာအကိုရေ
အကိုချစ်သော မိသားစုနဲ့လည်း ပျော်ပျော်ရွှင်ရွှင်နဲ့ အမြန်ဆုံး ဆုံဆည်းနိုင်ပါစေရှင်။

ပုလုကွေး said...

မွေးနေ့မှာ ပျော်ရွှင်ပါစေဗျားးးးးးးး
နောင်နှစ်ပေါင်းများစွာတိုင်အောင် ချစ်သောသူများနဲ့ ပျော်ရွှင်စွာ နေနိုင်ပါစေ...

တလနွန် said...

ံHappy Birthday Ko Thiha Thit.......
Happy Birthday Ko Thiha Thit.......

မိုင်တိုင်(၃၀)မှစ
ဘဝခရီးအလှ
မိသားစုနှင့်အတူတကွ
ပျော်စေစံစေသော်........


P.s ကဗျာ I am I ကို သဘောကျတယ်ဗျ။

ခင်မင်ခြင်းနှင့်
တလနွန်

မေဇင် said...

တစ်သက်လုံးမှာ 3 ခါပဲပြုံးတဲ့ အစ်ကိုတော် ရေ....အဲ့ဒါ ဘယ်အချိန်တွေမှာများလဲ ဟင်....း)

မွေးနေ့မှ စ အစ်ကို့ဘ၀ မှာ လိုချင်တာ အားလုံး ရနိုင်ပါစေ.... မရတာတွေကိုလဲ လိုချင်တဲ့ဆန္ဒမပေါ်ပါစေနဲ့ .... စိတ်သွားတိုင်းကိုယ်ပါ... ကျန်းမာ ချမ်းသာ...ပြီး ချစ်သောသူများနဲ့ အတူတကွ ပျော်ရွှင်ပါနေရပါစေနော်..။
ဟိဟိ နွေး နဲ့တူတူ ပဲ ဆုတောင်းပေးတာ.... ။

Anonymous said...

Happy Birthday !

mie nge

Waing said...

မွေးနေ့မှာပျော်ရွှင်ပါစေ ကိုသီဟသစ်
ပို့စ်လေးတွေကို ဆက်လက်အားပေးနေပါ့မယ်

ဗီလိန် said...

ကျနော်ကတော့ ပုံပြင်ထဲက ဝံပုလွေပဲဖြစ်ချင်တယ်

jr.လွင်ဦး said...

အမလေး .. ပျော်လိုက်တာ..
သိဟ်ရာသီဖွား ကိုသီဟသစ်ပါလား။
HAPPY BIRTHDAY!! လို့ အကျယ်ကြီးအော်သွားတယ်။
မိသားစုနဲ့ ချစ်ခင်ကြင်နာစွာ သက်ဆုံးတိုင် နေနိုင်သွားပါစေလို့။ :)))

တောင်ပေါ်သား said...

အဟား တသက်လုံး ၃ ခါပဲ ပြုံးတဲ့ အမျိုးနွယ်ပေါ့း) အဟားဟား အဲ့လို ရီတော့ဘူးဗျာ နော့်

ဦးဦး သိပ်ကဲနေတယ်နော် တွေ့နေတာ များနေပြီ မပြောချင်လို့ အဟွန်းးးးးးးးး


လေးစားလျက်
တောင်ပေါ်သား

စိုင်းစိုင်းလားရှိုး said...

သီဟရေ ပျော်ရွှင်ဖွယ် မွေးနေ့ကြီး ဖြစ်ပါစေကွာ။
တစ်သက်လုံးမှ သုံးခါတဲ့လား ခပ်တည်တည်နေဖူးတာ ပြောပါတယ်။ မှတ်တိုင်ဆိုတာထက် ရောက်ခဲ့တဲ မိုင်တိုင်မှာ မှတ်တမ်းလေးတင်ထားခဲ့တာပေါ့..။

စည်သူ said...

အော်....... ကိုသီဟသစ်ရေ..

မိုင်တိုင်ပေါင်း တော်ကို ကျော်သွားခဲ့ပါလား
ကိုယ့်ကိုကိုယ် ပြန်ဆင်ခြင်မိပါတယ်ဗျာ..

ကောင်းတယ်လို့ပြောမှာထက်
ဆိုးတယ်လို့ပြော ရင် သဘောကျတယ်

တော်တယ်လို့ ပြောမှာထက်
ညံ့တယ်လို့ ထင်ရင် စိတ်မဆိုးပါဘူး

လိမ္မာတယ်လို့ ပြောမှာထက်
မိုက်တယ်လို့ ဆိုလာရင် ဝမ်းမနည်းပါဘူး

ဝေဖန်ချက်တိုင်းမှာ..
အမှတ်ရစရာ အဖြစ်နဲ့

ဘဝအတွက်....
အမှားပြင်ဆင်ချက် အဖြစ် လက်ခံနေပါတယ်..။

ခင်မင်စွာဖြင့်
စည်သူ။

WWKM said...

HAPPY BIRTHDAY !!

မွေးနေ့မှာ နှင်းဆီဖြူလေးနဲ့ သားလေးကိုလွမ်းနေမှာပေါ့.

မောင်နှမတွေနဲ့အတူ ပျော်ရွှင်ဘွယ်မွေးနေ့လေးဖြစ်ပါစေ
မောင်သီဟရေ။

MrDBA said...

မျက်နှာစာအုပ်မှာ စောစောစီးစီး ဆုတောင်းပေးထားပြီးပြီနော်။

လူပျိုကြီး said...

သြော် သုံးထိပ်စီး ဖြစ်သွားပြီပေါ့နော် :D

Mogok Thar said...

I am I ဆိုတာလေးကို ခိုက်သွားတယ်။

ရိုးရိုးရျင်းရှင်းလေးနဲ့ ရှင်းရှင်းရိုးရိုး စိတ်လေးကို ဖွဲ့သွားတာ။

သဘောတကျ ပြုံးမိတယ်ဗျာ။

မွေးနေ့မှသည် ဘ၀ဆုံးတိုင် ပျော်ရွှင်ငြီမ်းချမ်းသော ဘ၀၊ မိသားစုကလေး ပိုင်ဆိုင်ပါစေ။
ကောင်းကျိုးလိုရာဆန္ဒတွေ တလုံးတ၀တည်း ပြည့်စုံပါစေ။

(စကားမစပ်.. အပြုံးအရယ် နည်းတယ်လို့ ဒီတစ်ခါ မပြောတော့သလိုပဲ။ တသက်လုံး သုံးခါပဲ ပြုံးတဲ့ သူနဲ့ အမျိုးဖမ်းတော်ထားသေး။ ကလေးအဖေက မပြဲုးပါဘူး။ တခါတည်း ၀ါးလုံးကွဲအောင် ကို ရယ်ချလိုက်ထာကိုး။ ဟုတ်တယ်ဟုတ်)

ပျော်ရွှင်ချမ်းမြေ့ပါစေ

tg.nwai said...

ငယ်တုန်းကတော့ သူငယ်ချင်းတွေနဲ့ ချစ်သူတွေနဲ့ ပျော်ရွှင်ခဲ့မယ့် မွေးနေ့လေးတွေ ဖြစ်ခဲ့မှာပေါ့.. ခုချိန်မှာတော့ ချစ်ဇနီးနဲ့မိသားစုလေးနဲ့ ခဏလေးဝေးနေလေတော့ ပျော်ရွှင်ရင်တောင် အပြည့်အ၀တော့ ဖြစ်ပုံမပေါ်လောက်ဘူးနော်..
ကိုသီဟသစ်ရဲ့ ၃၀ မြောက် မှတ်တိုင်လေးမှသည် အဓိပ္ပာယ်ပြည့်ဝသော မှတ်တိုင်ပေါင်းများစွာကို ချစ်တဲ့မိသားစုများနဲ့အတူ ဆင်နွှဲနိုင်ပါစေလို့ အယောက် ၃၀မြောက် ကွန်မန့်ပေးရသူအဖြစ် ဆုတောင်းပေးလိုက်ပါတယ်နော်..။

ဟုတ်တယ်.. ကိုသီဟသစ်နဲ့ သဘောတူတယ်.. I am I ပဲ..ဟဲဟဲ

PTG said...

ပါပါကြီး
(မွေးစားအဖေ)

Happy Birthday!!!

:D

Phyo Evergreen said...

မွေးနေ့မှာ မိသားစုနဲ့အတူ ကြည်နူးပျော်ရွှင်ချမ်းမြေ့ပါစေ.. ကိုသီဟသစ်ရေ....။ အကျွေးအမွေးလေးလည်း လုပ်အုန်း.. ဟဲဟဲ..။

Rita said...

တသက်လုံးမှ ၃ ခါပဲပြုံးတယ်။
တခါပြုံးရင် နှစ် ၃၀ ကြာတယ်လား ???

Phyo Maw said...

ကိုယ်ဟာ သူပါတ်တဲ့ လက်ပတ်နာရီလေးပဲ
ဖြစ်လိုက်ပါတော့
လိုအပ်လို့ ငုံကြည့်ရင် ကျေနပ်ပါဘီ
ဆိုင်လဲမဆိုပါဘူး
ဟပ်ပီဘတ်ဒေးပါ။
Have a good life, not just a long life :D

ဖိုးဂျယ် said...

ကိုသီဟသစ်ရေ အရင် ကောမန့်က ရမရ မသိဘူး။
ရန်ကုန် ကွန်ကိုလဲ သိတယ် ဟုတ်

မွေးနေ့မှာ ပျော်ရွှင်ပါစေ အကို
မိသားစနဲ့လဲ အမြန်ဆုံး ပြန်တွေ့ ခွင့်ရပါစေဗျာ

ခင်မင်လျှက်
ညီလေး ဖိုးဂျယ်

Sein Lyan Tun said...

အကိုရဲ့မွေးနေ့မှာပျော်ရွင်ပါစေနော်

ချစ်ခင်လေးစားခြင်းများစွာဖြင့်

ဖိုးစိန်

သီဟသစ် said...

17 Aug 09, 22:57
တောင်ပေါ်သား: အသက်ရယ်တဲ့ ၃၀ အခါတော်မနှေး အမြန်အားထုတ်လို့ စွမ်းဆောင်ပါဟဲ့ ဒီသမီးလေး ရဖို့အရေး ဒို့အရေးးးးးးး ဟီးးးးးးးးးးး) ပျော်ရွှင်သော မွေးနေ့လေး ဖြစ်ပါစေ ငါ့အကိုရေ
17 Aug 09, 22:44
ဖိုးဂျယ်: မွေးနေ့မှာ ပျော်ရွှင်ပါစေ အကို
17 Aug 09, 15:17
wwkm: Happy Birthday to u :D
17 Aug 09, 13:13
နီညန်း: ပျော်ရွှင်မွေးနေ့ :D
17 Aug 09, 12:32
jr.လွင်ဦး: နောက်မကျသေးဘူးထင်ပါတယ်နော်။ Happy B-Day!!! :)
17 Aug 09, 11:01
မိုးကောင်းသူ: မွေးနေ့လက်ဆောင်ဟင်းလေး တင်ပေးမယ်နော်။ ရလားဟင်
17 Aug 09, 09:14
ရွှေပြည်သူ: Happy Birthday ပါ ကိုသီဟသစ်ရေ။ နောင်မွေးနေ့ပေါင်းများစွာကိုလည်း မနှင်းဆီဖြူ၊ သားလေးတို့နဲ့ အတူ ပျော်ပျော်ကြီး ဖြတ်သန်းနိုင်ပါစေ :)
17 Aug 09, 08:28
ကြည်ဖြူပိုင်: ဟတ်ပီးဘတ်ဒေး ကိုသီဟ ....
17 Aug 09, 08:26
မေသစ္စာမောင်: ပျော်ရွှင်စရာကောင်းတဲ့ မွေးနေ့ဖြစ်ပါစေ ကိုသီဟရေ..။

17 Aug 09, 08:24
မေလေး(ဆုံနိုင်ခွင့်): ပျော်ရွှင်ဖွယ်မွေးနေ့လေးပါ ယောက်ခမ
17 Aug 09, 07:15
Pwint Myue Zin: HAPPY BIRTHDAY!!!!!
17 Aug 09, 06:34
ရေတမာ: မှတ်တိုင်တွေလား ဓါတ်တိုင်တွေလား
17 Aug 09, 06:27
ကြယ်ဖြူစင်: ပျော်ရွှင်သောမွေးနေ့ဖြစ်ပါစေ ယောက္ခမ
17 Aug 09, 05:50
နှင်းနဲ့မာယာ: Happy Birthday Ko Thiha...
17 Aug 09, 05:41
Angel Shaper: ဟက်ပီဘတ်ဒေး အကို.... ဘာကျွေးမလဲလို့ ရှာသွားတယ်။ :nuts: ဘာမှလဲတွေ့ ဘူး။ ဟင့်။။။ :kidding
17 Aug 09, 03:30
kiki: HaPpY bIrThDaY Ko ThI hA tHiT ...
17 Aug 09, 03:29
kiki: ဟောတော့ တကယ် ၃ ခါဘဲ ပြုံးဖူးတာလားဟင် .. ၁၀ နှစ်တခါ ပေါ့. ဟုတ်လား
17 Aug 09, 00:23
kaungkinpyar: ဟက်ပီး ဘတ်ဒေးပါ ချန်းချန်းဖေဖေ ၊ ပျော်ရွှင်စွာ လည်ပတ်နိင်ပါစေ၊

ကိုလူထွေး said...

မွေးနေ့လက်ဆောင်ပေးရုံတင် မဟုတ်ပါဘူး...

နောက်တခေါက် နှစ်ခေါက် သုံးလေးငါးခေါက် မင်္ဂလာထပ်ဆောင်ဦးမယ်ဆိုရင်လဲ ကဗျာတွေလက်ဖွဲ့ဖို့ အဆင်သင့်ပါ...

ဒါပေမယ့် သတို့သမီးတော့ ပြောင်းခွင့်မရှိဘူးဆရာ...

းP

စူး said...

ပျော်ရွှင်သော မွေးနေ့ ဖြစ်ပါစေ။


'
တစ်သက်လုံး သုံးခါပဲ ပြုံးသူ သီလ၀ မင်းသားကြီးရဲ့ အနွယ်တော်
သီဟသစ် '


ဟီး တကယ်ပဲ သုံးခါပဲပြုံးရင် ဘယ်အချိန်တွေလဲဆိုတာ ရှင်းပြပေးပါ။

စိတ်စမ်းရေ said...

ကဗျာလေးကလဲ ကောင်းပါ့ဗျာ...။ပျော်ရွင်ဖွယ်
မွေးနေ့လေးဖြစ်ပါစေ....။ ပျော်ရွင်မှုများကို ပိုင်
ဆိုင်နိုင်ပါစေ......။

Anonymous said...

စကားမစပ် သုံးခါပြုံးပြီးရင် သေရောဆိုပါတော့
ဒါဆို.......

ကလူသစ် said...

ပျော်ရွှင်စရာမွေးနေ့ဖြစ်ပါစေဗျာ။ အသက် ၆၀မြောက်မွေးနေ့မှာသည် သက်တော်ရာကျော် ရှည်စေသတည်း...လို့ ဆုတောင်းပေးပါတယ်

မမသီရိ said...

Happy Birthday ပါ ချန်းချန်ရဲ့ ဖေဖေ ရေ
မနေ့ ထဲက မမ လာတာ နက်ကြောင့်အိမ်ထဲ မရောက်ခဲ့နိုင်
ဘလော့ သံယောဇဉ်တွေ များ ဘယ်လောက်ကြီး သလဲဆို
ညကျ အိပ်မက် ထဲ မက်တော့တာ
မွေးနေ့ ဆုတောင်း ကို အိပ်မက် လိုက်ပြောနေတာလေ

ဒီမွေးနေ့မှ သည် နောင်နှစ်ပေါင်း ရာချီပြီး
နှင်းဆီဖြူ ရယ် ချန်းချန်ရယ် ပြီးတော့ ချန်းချန် ရဲ့ ညီလေး တွေ ညီမလေးတွေ ရယ် နဲ့ ပျော်ရွှင်ဖွယ်ရာ မွေးနေ့ပေါင်း များ စွာ ပိုင်ဆိုင်ပါစေ မောင်လေး ရေ

ဏီ(န်)ကင်း said...

ကိုသီဟရေမွေးနေ့မှစသည့်ဒီမိသားစုလေးနဲ့မခွဲမခွာအဆင်ပြေပြေရာသက်ပန်နေနိုင်ပါစေဗျာ။ကြွေးဟောင်းပြို၍ကြွေးသစ်တွေတင်နိုင်ပါစေဗျာ။

သုခုမလေဒီ said...

မွေးနေ့ လေး ဆုမတောင်းပေးလိုက်ရဘူး။ သိဟ်ရာသီဖွားတွေဘလော့မှာတော်တော်များသားပဲ။ အဆင်ပြေပျော်ရွှင်ပါစေနော်။
သိဟ်ရာသီဖွားတစ်ဦး

tz said...

happy belated Birthday, ko thi ha thit!

may16 said...

ကိုသီဟ မွေးနေ့မှာပျော်ရွှင်ပါစေ
ဒါဆို ၃ ထိပ်စီးပေါ့ကိုသီဟကြီး

yangonthar said...

မွေးနေ့ မှာပျော်ရွှင်ပါစေ

Mogok Thar said...
This comment has been removed by the author.
မြရေလျဉ် said...

ဇော်ဝင်းထွဋ် သီချင်းတွေ ကျန်သေးတယ်
မဟာ ..တို့
မီးမုန်တိုင်းတို့
ဘာလိုလို တို့
ခရီးသွားမီးခိုးတန်းများ တို့
ပျားရည်တို့
လေ...

Happy Bath Day အဲ Happy Birthday ဦးသစ်...:P

Unknown said...

မွေးနေ့ရှင်ကြီး ပျော်ရွှင်ပါစေ

ထပ်ရောက်ပါတယ်

မနက်ဖြန် ဟောင်ဂမ်း မှာ ပျော်ကြမယ်ပေါ့

အိမ်နားနီးတယ်ဗျ

လာခဲ့မယ် ဟာဟ နောက်တာပါ

ပျော်ရွှင်ပါစေ

မင်းအိမ်ဖြူ

ရွှန်းမီ said...

:-) Happy Birthday!

မိုးခါး said...

ကိုသီဟကြီး
၎ ခါမြောက်လောက် ထပ်ပြုံးပြပါဦး

မွေးနေ့တုန်းက ခပ်တည်တည်ကြီးနေနေတော့ ကလေးတွေ ကြောက်ကုန်ရော .. အဲလိုကြီး မနေနဲ့လေ .. :P

မိုးခါး said...

မိုင်တိုင်တွေတိုင်း အမှတ်တရနဲ့ ပျော်ရွှင်စွာ ဖြတ်သန်းနိုင်ပါစေ ..
ပြည့်စုံ ပျော်ရွှင်ဖွယ် မိသားစုလေးနဲ့ သက်ဆုံးတိုင် အောင်မြင်မှုတွေ ရပါစေ

ရွှေပြည်သူ (ShwePyiThu) said...

“ငါ .. ငါ လို့သုံးရင် ငါစွဲစွဲကြီးတယ် ထင်မှာစိုးလို့ ကိုယ်.. ကိုယ်လို့ သုံးထားပါတယ်” ဆိုတာကို သိပ်သဘောကျတာပဲ။ ကဗျာလေးက တော်တော်ကောင်းတယ် အစ်ကိုသီဟသစ်ရေ။

ဆောင်းနှင်းရွက် said...

စပ်ထားတဲ့ ကဗျာလေး ကို
တော်တော်လေး
ကြိုက်တယ်ဗျာ .. >>>