Wednesday, May 13, 2009

ရွှေနိုင်ငံခရီးနဲ့ ဟိုတစ်စ ဒီတစ်စ (၁)

၁) ရွှေနိုင်ငံရဲ့ လေဆိပ်ရောက်တော့ လ၀က မရောက်ခင် လှေခါးအဆင်းမှာ ဗီဒီယို ကင်မရာ လို ဟာမျိုးနဲ့ ချိန်ရိုက်နေတာ တွေ့ရတော့ ဟာ သီဟသစ်တို့တော့ ရူပါသန့်လို့ ရိုက်ထားတာနေမှာ ဘယ်ဇာတ်ကားထဲများ ထည့်မယ်မသိ လို့တွေးလိုက်သေးတယ်။ နောက်မှ ဂျာနယ်ဝယ်ဖတ်လို့သိရတာ မျက်နှာကို scan လှမ်းဖတ်ပြီး ၀က်တုပ်ကွေး စစ်တာဆိုပဲ။ တို့နိုင်ငံကြီးကလဲ ခေတ်တွေမှီနေပြီ ဆိုပြီး ဂုဏ်ယူရပါ၏။

ဒါနဲ့ လ၀က အရောက် ရှေ့ ကမမ တစ်ယောက်က ၂၀၀၈ ထိပဲ အခွန်ဆောင်လာတယ်ဆိုတော့ ကောင်တာမရောက်ခင် တစ်လအတွင်းပြန်ထွက်မည့်သူတွေကို DForm လုပ်စရာ မလိုအောင် ဖြည့်ရတဲ့ Form ကို ၀တ်ဖြူစင်ကြယ်နဲ့ ကိုကိုလေးက မပေးဘူးတဲ့။ စစ်တဲ့နေရာရောက်မှ ကြည့်ပြောတဲ့။ အဲဒါနဲ့ သီဟသစ်လည်း မမရေ ဘာမှမပူနဲ့ စင်း10ပေးလိုက်လို့ လမ်းညွှန်လိုက်ရသေးတယ်။ ဒီလိုနဲ့ သူလည်းအိုကေသွားရော ဆိုပါတော့။

၂)ညနေရောက်တော့ ဟိုက်ဝေးကားနဲ့ မန္တလေး ခရီးဆက်တော့ ရန်ကုန်-နေပြည်တော် လမ်းသစ်ကြီးက သွားလိုက်တာ မဆိုးဘူး၊ ပိုမြန်တယ်။ မန်းလေးကို ခါတိုင်းထက် ၁ နာရီခွဲ ၂ နာရီလောက် စောရောက်တယ်။ လမ်းမှာ မှတ်ပုံတင်ပြတဲ့နေရာလည်း မဖြတ်ရဘူး။ ဆိုးတာက လမ်းမှာ ဘယ်မြို့ မှ မဖြတ်တော့ စားသောက်ဆိုင်တွေလည်းမရှိတော့ စားရသောက်ရတာ အဆင်မပြေဘူး။ ရွှေမန်းလေးရောက်တော့ ဆိုင်ကယ်တက်စီ ဆွဲတဲ့သူတွေများ ကားတခါးပေါက်ကိုပိတ်ရက်နေတာ ဘယ်လိုထွက်ရမှန်းတောင်မသိ။ သီဟသစ်လည်း ဇွတ်တွန်းပြီး ထွက်လာတာ ၃ ယောက်လောက် အနောက်လန်သွားမှ ထွက်လို့ရတော့တယ်။ မိန်းကလေးတွေများ ဘယ်လိုထွက်ကြတယ်မသိ။ သူတို့ကို အဲလိုမဖြစ်အောင် စောင့်ကြပ်ပေးတဲ့သူတွေရှိတယ် ပြောတယ်။ လူများ ကားများတော့လည်း မနိုင်ဘူးနေမှာ။

၃)ရွှေမန်းလေးရောက်တော့ အဖေ၊အမေ တို့ကလည်း သီဟသစ်တို့ဇာတိမြို့ကနေ ရောက်ခဲ့ပြီဆိုတော့ အထူးကုဆေးခန်းသွား ကလေးကြည့်ကြတာပေါ့ဗျာ။ လေယာဉ်စီးဖို့ရာ ဒီမှာစောစောထရတာနဲ့ တစ်ညလုံး ကားစီးခဲ့ရတာနဲ့ ဆိုတော့ သီဟသစ်တို့လည်း ကြာကြာမနေနိုင်ဘူး။ တည်းတဲ့နေရာ ပြန်လာကြပြီး အိပ်ကြရော ဆိုပါတော့။ ညနေလည်းရောက်လို့ ဆေးခန်းသွားပြီး ကလေးထပ်ကြည့်တော့ နှင်းဆီဖြူကလည်း ငိုထားတယ်။ ကလေးလေးကလည်း မနက်ကကြည့်တုန်းက လေးဖြူလောက်နီးနီးအသံနဲ့ Rock ဆန်ဆန်ငိုနေရာကနေ ညနေကျတော့ အာဇာနည် Pop သီချင်းဆိုသလောက်တောင် အသံမထွက်တော့ဘူး။

ဘာဖြစ်လို့လဲမေးကြည့်တော့ သီဟတို့ပြန်သွားပြီးနောက် ကလေးအထူးကုဆရာဝန်လာပြီး ကလေးကို အသည်းရောင် အသားဝါရှိမရှိ စစ်မယ်ဆိုပြီး သွေးကို ပင်နီဆလင် ပုလင်းနဲ့ တစ်ပုလင်းထုတ်သတဲ့။ မွေးခါစကလေးလေးမှာ သွေးဘယ်လောက်များများရှိမှာ မို့လဲ။ ကလေးကလည်း ရုန်းရင်းကန်ရင်း ငိုရင်းနဲ့တော်တော်မောသွားမှာပေါ့။

အဲဒါပြီးတော့ သွေးစစ်တဲ့ အဖြေမသိရသေးဘူး။ Special Nurse က ကလေးကို အသားဝါရှိတယ်၊ ဓါတ်ကင်မယ် ဆိုပြီး မီးချောင်းတွေနဲ့ မီးပြတဲ့ဟာ ယူလာပြီး ကလေးကို ထည့်ထားရောတဲ့။ ရာသီဥတုကလည်း တအားပူနေတဲ့ အချိန်ကြီးကို။ နှင်းဆီဖြူကနေ ကလေးကို ထုတ်ပေး၊ နို့တိုက်မယ် ဆိုတာကို ဆရာမက ထုတ်မပေးဘူးတဲ့။ အဲဒါနဲ့ သူလည်းငိုပြီး ကောင်တာလှမ်းဖုန်းဆက်တိုင်တော့မှ ထုတ်ပေးတာတဲ့။ ကလေးက မျော့မျော့လေးရှိတော့တာ။ အဲဒါကို သတိရအောင် ဆိုပြီး သူနာပြုဆရာမက ကလေးလေးကို ခြေထောက်တွေချိုး နားရင်းတွေအုပ်လုပ်သတဲ့။ နောက်မှ OG ဆရာဝန်မကြီး ရောက်လာမှပဲ ကလေးလေးကို အေးအေးလေးနေအောင် ထားလိုက်မှပဲ ကလေးက သတိရလာတာဆိုပဲ။

ဆက်ရန်.....
P.S အရင်ပို့စ်မှာ ကောမန့်ပေးပြီး Champ Champ လေးကို အားပေးကြသော ညီအစ်ကို မောင်နှမ အားလုံးကို ကျေးဇူးတင်ပါသည်။ ယောက္ခမဟု ခေါ်သော ညီအစ်မများ၊ သမီးလေးမမွေးလို့ စိတ်မကောင်းသော ညီအစ်ကို များကိုလည်း ကျေးဂျူးတင်ပါ၏။

Bonus:
၁) မြိုရခက်ကြီး
ထမင်းဝိုင်းအနားတွင် ရပ်လျက် အန်တီမြက ဧည့်သည်များကို ပြောသည်။
"စားကြပါနော်။ အားမနာပါနဲ့။ ဒါနဲ့ ဦးဘမောင် ကြက်သား တတိယတုံး ယူလိုက်ပါအုံး။ ဘယ်သူဘယ်နှစ်တုံး စားတယ်ဆိုတာ ကျွန်မ မမှတ်တတ်ပါဘူးရှင်"

၂)တစ်ယောက်မှ မရှိပါ
လူဆိုးများ လက်မှ လွတ်အောင် ကိုချူချာပြေးရင်း ရေတွင်းထဲ ဆင်းပုန်းသည်။ လူဆိုးဂိုဏ်းခေါင်းဆောင်က ရေတွင်းထဲ ကြည့်ပြီး အော်သည်။

"တစ်ယောက်ယောက်ရှိသလားဟေ့"

ကိုချူချာက ပဲ့တင်သံပုံစံဖြင့် ပြန်အော်သည်။

"တစ်ယောက်ယောက်ရှိသလားဟေ့၊ တစ်ယောက်ယောက်ရှိသလားဟေ့"

"တစ်ယောက်မှ မရှိဘူးထင်တယ်"

"တစ်ယောက်မှ မရှိဘူးထင်တယ်၊ တစ်ယောက်မှ မရှိဘူးထင်တယ်"

"ဗုံးတစ်လုံး ပစ်ချလိုက်ရင် ကောင်းမလား"

"မပစ်နဲ့၊ မပစ်နဲ့ တစ်ယောက်မှ မရှိတာပဲ"

25 comments:

yehtutnaung said...

Bonus တွေ ဖတ်ပြီး လွှတ်ရီသွားတယ်ဗျို့ ..။ သူနာပြုဆရာမ ကိုင်တွယ်ပုံ ဖတ်ရပြီး လန့် တောင် လန့် တယ်ဗျာ။ ဒီကလေး ပိစိကွေးလေးကို ကုသဖို့  ဒီ့ထက်ညင်သာတဲ့နည်း မရှိတော့ဘူးလားဗျာ။ ခက်ရော...
အစစအရာရာ အဆင်ပြေပါစေ။

Ree Noe Mann said...

ကိုနေညို ပြောသလိုပဲ မရှိကြတော့ဘူးလား။
ကျွန်တော်ဆို ပြန်ခေါ်သွားတော့မှာ အိမ်ကို။

ရီနိုးမာန်

Moe Cho Thinn said...

Bonus က ရီလိုက်ရတာ။
ကလေး သနားပါတယ်။ ဆရာမတွေကလဲ ကလေးမှာ လာပေါက်ကွဲနေသလား မသိ။

တီချမ်း said...

ကိုကိုချူချာ အဲလေ ကိုကိုကာကာ
ဟိုဗုန်းနဲ့ ဟိုနပ်စ်မ ကိုပစ်
မုန်းစရာ ကလေးကို နှိပ်စက်တာ
ကျတော်သာရှိရင်တော့ အသေ သမပစ်မယ် အဲ့နပ်စ် မ
ကတောက်

ကောင်းကင်ပြာ said...

သီဟရေ ကလေးအကြောင်းဖတ်ပီး စိတ်မကောင်းဘူး၊ ဘာမှ မသိသေးတဲ့ အရွယ်လေ၊ လူကြီး လုပ်သမျှခံရမှာ၊ နပ်စ် ကလဲ ဘယ်လို နပ်စ်လဲဟယ်

ဖိုးသင်္ကြန် said...

အင်း ဒီလိုတွေ ကြုံတွေ့ရမှာဆိုးလို့ ကျွန်တော် လူပျိုကြီးလုပ်နေတာပေါ့ဗျာ။
:P
ကလေးရော၊ လူကြီးရော ကျမ်းမာကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်ဗျို့။

ကလူသစ် said...

မိသားစုအဆင်ပြေပါစေဗျာ။ ကလူသစ်နဲ့များ လေယာဉ်တစီးထဲကို တူတူပြန်မိရက်သားဖြစ်နေမလားပဲ။

khet myint myint said...

d form လုပ်ဆိုတော့လဲ လုပ်လိုက်တာပေါ့။ နေ့ချင်းပြီး d form လုပ်လို့ရနေတာ ၂၅၀၀ လောက်ပဲ ကုန်မှာပါ။ အခုက ၁၀ ဆိုတော့ ....

tune said...

hey, yeah , i'm sorry.
i closed as because of feedbacks from my friends.
Please read the post from another link.
http://health.ngoinmyanmar.org/2009/05/beta-endorphine.html
sorry for incovenience !

တလနွန် said...

ရွှေနိုင်ငံခရီး ဖတ်ရတော့ အိမ်ပြန်ချင်တယ်ဟူး.......
ကိုသီဟသစ် ရဲ့ ကလေး အခု ကျန်းမာသွားပြီးလားခင်ဗျ။
နပ်စ်တွေ လုပ်ပုံနဲ့ ကလေးပိစိကွေးလေး ခမျာ ခံနေရ
တယ်။ ဆိုးတယ်ဗျာ။
ပျော်ရွှင်တဲ့ မိသားစုဘဝလေးကို အားကျမိတယ်..... ဂွမ်း ဂွမ်း

မမသီရိ said...

congratulation!!! မောင်လေးရေ
ကလေးအဖေဖြစ်ပြီပေါ့
ကောင်းလိုက်တာ
ကလေးလေးကလဲ ချစ်စရာလေး

ကလေးလေး သွေးစစ်တာကတော့ ကောင်းပါရဲ့
သနားပေမဲ့ လုပ်သင့်တာတော့ လုပ်ရမယ်လေ
တခု ပဲ.. နှင်းဆီဖြူလေးတို့ က ဆရာမ နဲ့ တည့်အောင်ပ်ေင်းမထားဘူး ထင်ပါရဲ့..
အဲဒါ သင်ခန်းစာပဲနော်..
နောက်ဆို ရွှေနိုင်ငံထဲရောက်ရင်.. ဘယါနားဖြစ်ဖြစ် ဘယ်သူတွေနဲ့ တည့်အောင်ပေါင်းသင့်သလဲ လိုတင်ကြို Observation လုပ်ထားရမယ် နော့..

flowerpoem said...

Bonus ဖတ်ပြီးရီသွားပါတယ် ကလေးလေးသနားပါတယ် မွေးကင်းစကို ဒီလိုလုပ်ရလားဗျို့

ZT said...

အရင်တစ်ခါ SARS ဖြစ်တုန်းကလို မိုးကာ အင်္ကျီကြီးတွေ ဝတ်ပြီး ပြဒါးတိုင်နဲ့ အဖျားမတိုင်းတော့ဘူး ဆိုတော့ခေတ်မီတိုးတက်သော နိုင်ငံတော်ကြီး ဖြစ်လာပြီပေါ့။ :D

မိုးခါး said...

မမသီရိသင်ပေးသလိုလုပ်နော်
ကလေးလေးသနားပါတယ်
အဲဒီနပ်မတော့ ၀ိုင်းပြောတာနဲ့ လျှာကိုက်မိမှာပဲ ..

မြစ်ကျိုးအင်း said...

ဟုတ်တယ်သီဟရေ... မမသီရိ ပြောသွားသလို တည့်အောင် ပေါင်းရတော့မယ်ထင်တယ်...။
ကိုယ်ကမွေးတော့ တယောက်ထဲ..သူတို့က နေ့စဉ် အများကြီးဆက်ဆံရတာဆိုတော့...စိတ်ထားချင်း တော့တူမှာမဟုတ်ဘူး....
(ကြားဘူးတာတော့ မာနေတဲ့စိတ် ထောင်တန်နဲ့ ယပ်ခတ်လိုက်ရင် ပျော့ပျောင်းသွားတယ်ဆိုပဲ..)
....ခင်မင်သောအားဖြင့်...

မလိခ said...

ကလေးလေး သနားပါတယ် ဒီလောက်ရာသီဥတုပူရတဲ့ကြားထဲ... ကလေးအမေလည်း ဘယ်စိတ်ကောင်းပါ့မလဲ... result မသိရခင် လုပ်ချင်တာလုပ်တာကြီးကတော့ ဆိုးပါတယ်.... ကြားရတာ စိတ်ဆိုးချင်စရာကြီး...

bonus ကိုတော့ ရယ်သွားတယ်... :D

megumi said...

သူနာပြုကလည်း တော်တော်ကြင်ကြင်နာနာဆက်ဆံတာပဲ။ မလွယ်ဘူးနော်။ ဒါတောင် ဆေးခန်းမလို့။ ဆေးရုံဆို သေပြီဆရာ။


ဝက်တုပ်ကွေးက မျက်နှာကို scan လှမ်းဖတ်ပြီး စစ်ရတာလား။ ဘာရယ်ဟုတ်ဘူး ကြောက်တယ်။ :(

mgnge said...

အိမ်အပြန်ခရီးပျော်ခဲ့တယ်ထင်ပ့ါ...။

Phyo Maw said...

တို့တော့ ယူတောင် မယူရသေးလို့ သိသေးဘူး။
ဟိဟိ လူ့ဘ၀ ခုမှ စတော့မယ်ပေါ့ အမောင်ကိုသီဟသစ်တို့ ငှဲငှဲ

ဖိုးဂျယ် said...

အာာ ဗျာ သူနြာ့ပုတွေက အဲ့တိုင်းလားဗျ
ဒါဆို ကျွန်တော်လဲ မိန်းမယူလို့ ကလေးမွေးရင် ဘယ်လို လုပ်ရပါ့
း) ရည်းစားတောင် မရှိသေးဘူး
ကြိုတွေးပြီး ပူနေတား)

ဒါပေမဲ့ မွေးမွေးချင်းတော့ ကလေး အသံ ထွက်အောင်
နာနာ ရိုက်ပေး၇တယ်လို့တော့
ကြားဖူးတာပဲဗျ

Anonymous said...

ရွာလေဆိပ်အကြောင်းတော့ပြောပြရင် ထောင့်တညပုံပြင်ထက်ပိုရှည်တယ်ဗျ။ သူနာပြု
ဆရာမလား သူနာသတ်တဲ့ဆရာမလား မကွဲပြားဘူးဗျ... ရှင်းရှင်းလင်းလင်းလုပ်ပါဗျာ။

သမီးပျို said...

ဖတ်ရတာစိတ်မကောင်းဘူး ကလေးအတွက်လေ ဂရုစိုက်ပါအကိုသစ်ရယ်

ကိုရင်နော်ခင်လေးငယ် said...

ကလေးလေးသနားပါတယ်..
ဆရာမကတော့နော်.. ခက်တော့တာပဲ..
Bonus တွေက ဂွတ်တယ်ဟ..

အရေးအသားမြူးကြွပြီး ဖတ်ရတာ အားရလှပါတယ်..

ခင်မင်လေးစားချစ်ခြင်းအားဖြင့်

ကိုရင်နော်

Anonymous said...

တော်သေးတာပေါ့ ကလေး ဘာမှ မဖြစ်လို့ ... ကလေးကလည်း နီတာရဲလေး အသည်းယားလိုက်တာ .. ယောကျာင်္းလေး ဖြစ်နေလို့နော် .. မိန်းကလေးဆိုလို့ကတော့ ဟင်းဟင်း ... :D အာဝါးကို ၁၀ ခါပြန်ပေးပစ်လိုက်မယ်

ကြည်ဖြူပိုင် said...

တော်တော်ကြီးကို ဆိုးတဲ့ သူနာပြုမ။ အားကြီးစိတ်ဆိုးတယ်