Monday, May 11, 2009

ချန်းချန် @ Champ Champ @ Our New Hope

အရင်ပို့စ်တွေမှာ နှင်းဆီဖြူ ဘာကြောင့် ရွှေနိုင်ငံကို ပြန်သလဲ ဆိုတာရယ်၊ ကျွန်တော် ဘာကြောင့်ပြန်သလဲဆိုတာလဲ ဆိုတာ တမင်သက်သက်မရေးခဲ့ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့ရဲ့ မျှော်လင့်ခြင်းလေးရဲ့ ပုံနဲ့ တွဲတင်ရင်းမှ ပြောချင်လို့ပါ။

ကလေးစရှိပြီး ၆ လ ကျော် ၇ လ အတွင်းမှာ ကျွန်တော် နှင်းဆီဖြူကို ရွှေနိုင်ငံ ပြန်လိုက်ပို့ပါတယ်။ ဒီမှာ မွေးရင် သူ့ကို ပြုစုစောင့်ရှောက်မယ့် လူကြီး မရှိလို့ပါ။ ဟိုမှာဆိုတော့ ကျွန်တော့်မိဘတွေရော သူ့မိဘတွေပါ သူ့ကို ကြည့်ပေးနိုင်တယ်လေ။


ရှုး တိုးတိုး သူလေး အိပ်နေတယ်


လက်သည်းလေးတွေက ရှည်လာပြီး သူ့အမေကို ကုတ်တတ်လို့ လက်အိတ်စွပ်ပေးထားတာ

ကျွန်တော်နှင့် နှင်းဆီဖြူတို့ရဲ့ ပထမဆုံး မျိုးဆက်သစ်လေးပေါ့။ သူလေးကို 30/04/2009 12:36:20 A.M မှာ မွေးတာပါ။ ၆ပေါင် ၁၃ အောင်စ ရှိတယ်ဗျ။ ကျွန်တော်က ၂ ရက်နေ့မှ မန္တလေးရောက်တာဆိုတော့ သူ ၂ ရက်သား ရှိမှ စတွေ့ရတာပေါ့။

Bonus 1 မှာလို နှင်းဆီဖြူလေးကို ပြောမထားပေမယ့် ကျွန်တော်နဲ့တော်တော်တူတယ် ပြောကြတယ်။ မျက်လုံးရယ်၊ နှာခေါင်းရယ် ၊ ပါးစပ် ရယ်ပေါ့ဗျာ။ နှုတ်ခမ်းနဲ့ မေးစေ့ကျတော့ ကျွန်တော့်အမေနဲ့တူတယ်ဗျ။ နှင်းဆီဖြူတို့ဘက်နဲ့တူတာဆိုလို့ လောလောဆယ် အသားအရေ နဲ့စိတ်ကြီးတာပဲရှိတာ။

ကိုယ့်ကလေးဆိုပေမယ့် ချီရတာ အူယားလို့ သိပ်တောင် မချီလိုက်ရဘူး။ သူကလည်း ချီထားတာ သက်တောင့်သက်သာမဖြစ်ရင် အော်ငိုတာဗျ။ တစ်ခါတစ်လေကျတော့ လည်း သူ့နှုတ်ခမ်းလေးက ပြုံးနေသလိုမျိုးလေးတွန့်တွန့်သွားသေးတယ်။ ပါးချိုင့်လေး တစ်ဖက်ပါတယ်ဗျ ညာဘက်မှာ။ မျက်ခုံးတွေလည်းပင့်ပင့်နေသေးတာ။

ခုတော့ နှင်းဆီဖြူနဲ့ Champ Champ တို့ ရွှေနိုင်ငံမှာပဲ ကျန်ခဲ့ပါတယ်။ သူလေးတစ်နှစ်လောက်ရှိမှ ဒီကိုခေါ်ဖြစ်မယ်ထင်တယ်။ သူမွေးတဲ့အချိန် ကျွန်တော်လာကြည့်တယ်ဆိုတာ သူကြီးလာရင်ပြရအောင်လို့ မိသားစု ၃ ယောက် ဓါတ်ပုံကလည်း ရိုက်ရသေးတယ်ဗျ။

နှင်းဆီဖြူလေးကို မှာခဲ့တယ် ကျွန်တော့်ပုံ သူ့ကို ပြပြပေးဖို့။ တော်ကြာ ကျွန်တော်နဲ့ပြန်တွေ့တဲ့ အချိန် ဦးဦး ခေါ်နေမှာစိုးလို့။ အကိုဝမ်းကွဲ တစ်ယောက် အဲလို တကယ်ကြုံဖူးတယ်။

ခုသိချင်နေတာ ကလေးလေးတွေ အိပ်တဲ့ အချိန်ဘာကို အိပ်မက်မက်သလဲဆိုတာပဲ။ အရင်ဘ၀က အကြောင်းတွေလား ခုဘ၀အကြောင်းပဲလားမသိ..

သတိ။ ။ ဘလော့ဂါ အပျိုကြီးမမများ ယောက္ခမ မခေါ်ကြရန် ကြိုတင် သတိပေးလိုက်သည်။

P.S
၁) ဘောနပ်စ်ရေးဖို့ မောင်ကောင်းထိုက် စာအုပ်တွေ ၀ယ်ခဲ့ပြီမို့ ဘောနပ်စ် ဖတ်ရမှာ မပူကြပါရန်...
၂) Bonus 2 လိုမကြုံအောင်တော့ နှင်းဆီဖြူကို သေချာမှာခဲ့တယ်။

Bonus
1) အဖေဖြစ်မယ့် ကိုချူချာ

ကိုချူချာသည် အလွန်ရုပ်ဆိုးသူဖြစ်သည်။ မိမိအရုပ်ဆိုးကြောင်းသိ၍လည်း မှန်တောင် သိပ်မကြည့်ပေ။

တစ်နေ့ ကိုယ်ဝန်ရှိနေသူ ဇနီးသည်က ကိုချူချာ၏ မျက်နှာကို သေချာကြည့်ပြီးပြောသည်။

"ကျွန်မတို့ဆီမှာ သားသမီးရတနာ ရမယ်ဆိုတဲ့ အတွက် ၀မ်တော့သာပါရဲ့ ။ ဒါပေမယ့် ကလေးဟာ ရှင်နဲ့တူနေမယ်ဆိုရင်တော့ ဒုက္ခပဲ"

ကိုချူချာ အသံမာမာနဲ့ မိန်းမကို ပြန်ပြောသည်။

"ကလေးဟာ ငါနဲ့တူနေရင် စိတ်မကောင်းစရာပေမယ့် ဖြေသိမ့်လို့ရသေးတယ်။ အေး.... ငါနဲ့မတူလို့ကတော့ မင်းဒုက္ခလှလှတွေ့ပြီသာ မှတ်ပေတော့"

2) ခွင့်ပြုပါ
စိတ္တဇဆေးရုံရှေ့ ကားမှတ်တိုင်တွင် အမျိုးသမီးတစ်ယောက် သူ့ကလေးလေးကို ချီရင်းကားစောင့်နေသည်။ ထိုစဉ် ဆေးရုံဝင်းထဲမှ လူတစ်ယောက်ထွက်လာကာ ကလေးလေးကို သေချာကြည့်ရင်း ပြောလိုက်သည်။

"ကလေးလေးက ချစ်စရာကောင်းလိုက်တာနော်။ ကျွန်တော့ကို နမ်းခွင့်ပေးပါလားခင်ဗျာ"
ထိုအခါ အမျိုးသမီး ကလေးချစ်သောစိတ်ဖြင့် ယဉ်ယဉ်လေးရူးနေသူ ထင်မှတ်၍ ရပါတယ်ဟု ပြောလိုက်သည်။

ထိုသူက ကလေးကို မနမ်းပဲ အမျိုးသမီးကို နမ်းကာ ထွက်ပြေးသွားလေ၏။..(ဆိုးပါ့)

36 comments:

မြစ်ကျိုးအင်း said...

သီဟတို့လူဖြစ်ပြီကွ

မြစ်ကျိုးအင်း said...

ဖေဖေကြီးဖေဖေကြီး ဖေဖေကြီးကိုချစ်တယ်...။
ဂုဏ်ယူပါတယ် သီဟရေ..။
ငါတို့ထက် တ၀ါမြင့်သွားပြီ...။
သမီးလေး မွေးလို့ကတော့ကွာ...ဟင်းဟင်း

ခရောင်းလမ်း said...

ဂလိုကြီးလား
ပြောလဲပြောဘူး
ခုမှ ကောက်ခါငင်ခါကြီး လူဖြစ်သွားတယ်

yehtutnaung said...

ကိုသီဟရေ.. Congratulation ဗျို့  !!!!!!
ဒါနဲ့ .. သမီးလေး ထပ်မွေးဖို့  မျှော်နေပါတယ်နော်။ :P

ပျော်ရွှင်ချမ်းမြေ့တဲ့ မိသားစုလေး ပိုင်ဆိုင်ပါစေ။

mgnge said...

congratulation ကိုသီဟ

လူဖြစ်ပြီပေါ့နော်...

ဟားဟားး

Phyo Maw said...

နာတို့ april သားတွေကွ။ ဟိဟိ

ကြည်ဖြူပိုင် said...

ဟဲလို..ကိုသီဟ။ ကဲ....တစ်ခါတည်းခေါ်ထားလိုက်တော့မယ် အနော့် ယောက္ခမ။ ဟဟ။ :P ကလေးလေးက ချစ်စရာလေးနော်။ ဘာလို့ မိသားစုပုံမတင်တာလဲ။ တင်ဦးတင်ဦး။ ယောက္ခထီးတော့မြင်ပြီး ယောက္ခမကို မမြင်ဖူးသေးလို့တော့ဖြစ်သေးဘူးလေ။ :P

မိုးကောင်းသူ said...

ကလေးကော လူကြီးကော ကျန်းမာတယ်ဆိုလို့ ၀မ်းသာပါတယ်။

kaungkinpyar said...

congratulation ပါ သီဟရေ၊ အမေရော ကလေးပါ ကျန်းမာပါစေ

Anonymous said...

တင်မယ့်တင်တော့လည်း တကယ်ကို စုတ်ကောလာဘ်ကော တင်ပစ်လိုက်တာ ပဲ ... သားဖြစ်နေတော့ သိပ်မကြည်ဘူးဗျာ .. သမီးဆို သားမွေးရင် ယောက္ခမ တော်ခိုင်းမလို့ဟာကို :D

Moe Cho Thinn said...

ဘားတင်လိုက်တဲ့ ဆရာကို ဆလု ရိုက်သွားတယ်။

တီချမ်း said...

ကလေးလေး က ချစ်စရာလေး
အသည်းယားတယ်
ကိုယ်လဲ ကလေးလိုချင်တယ်
ဘယ်လိုမွေးရမလဲ တကယ် အတည် အသည်းအသန် စဉ်းစားနေတယ်

Sein Lyan Tun said...

သာယာချမ်းမြေ့သောဘဝတစ်ခုကိုတည်ဆောက်ပြီး
ပျော်ရွှင်သောဘဝကို ကိုကိုသစ်ရနိုင်ပါစေလို့
ခင်မင်လေးစားစွာဖြင့်
ဖိုးစိန်

MrDBA said...

သွားပြီ။ ဘယ်လိုမှ မယှဉ်နိုင်တော့ဘူး။ နာလဲ ကြိုးစားဥိးမှ
ဝမ်းသာပါတယ်ဗျို့

မလိခ said...

congratulation ပါ ကိုသီဟသစ်ရေ... အဲ မှားလို့... ယောက္ခမကြီးရေ..:D..

သက်ပိုင်သူ said...

ကိုကိုသစ်... လူဖြစ်...
ဟီးဟီး...
သိတောင်သိလိုက်ဘူး

တလနွန် said...

Congratulation ပါ ကိုသီဟသစ်ရေ ..
ပျော်ရွှင်ချမ်းမြေ့ တဲ့ မိသားစုလေးကို မြင်ရတဲ့အတွက်
ထပ်တူထပ်မျှ ဝမ်းသာပါတရ်။။။။

မိုးခါး said...

ပျော်ရွှင်ပါစေကိုသဟသရေ ..း)
ယောက်ခမဖမ်းတော်လိုက်ရကောင်းမလား :D

megumi said...

ကလေးလေးက ချစ်စရာလေး။ :P

နွေးနေခြည် said...

အသဲယားလိုက်တာ သေးသေးလေးး)
မိသားစုပုံတင်ပါဗျို့

ဟုတ်တယ် ဦးဦးလို့ခေါ်တဲ့ ကလေးတွေရှိတယ်။ သတိထားနော် ... ဖေဖေကြီး အသဲကွဲနေရမယ်

sonata-cantata said...

သီဟသစ်ရေ အားမာန်သစ်တွေ တိုးနေတယ်ပေါ့ Congratulation

flowerpoem said...

ကိုသီဟက သားလေးမွေးတာလား သမီးလား သားလားသေချာမရေးဘူးနော် ဒါပေမယ့် သားလို့တော့ထင်ပါတယ် (မှားရင် ဆောရီး)
ပျော်ရွင်ပါစေရှင်..

Anonymous said...

Congratulation!!! ကို သဟသ။ ရှေ့မှာ ၃ယောက်တိတိ ယောက္ခမခေါ်သွားပြီမို့ မခေါ်တော့ဘူး။ တူမရှိတယ်။ ပြောပြထားလိုက်မယ်။ မောင်မောင်လေးကို စောင့်ရှောက်လိုက်ဖို့။ (ဟိ)

myo said...

သဟသ ပြန်ရောက်ပြီလား..အကြောင်းမကြားဘာမကြား..။

ယောက္ခမကြီးလို့တော့ခေါ်ချင်သား..တို့သူငယ်ချင်းပြောသလိုဖြစ်နေမှာစိုးလို့..
"သားရေ သားအတွက် ချွေးမတော့တွေ့ထားပြီးပြီ ဒါပေမဲ့ ချွေးမက အဖေ့ထက်တော့အသက်ကြီးတယ်"
တဲ့..။

Unknown said...

Congratulation ! Ko Thiha,
Wishing your new hope be strong and happy.

Rita said...

ဂုဏ်ယူပါတယ် ကိုသီဟ။
ရုံးမှာ blog roll ကြည့်ကတည်းက တွေ့ပြီး လာကြည့်ချင်နေတာ။ ခု ရုံးက ပြန်ရောက်ရောက်ချင်း လာခဲ့တာပဲ။

ဟုတ်သားပဲ ကလေးလေးက အဖေတူ။ (ရမ်းရွှီးလိုက်တာ)
:D

လွမ်းနေမှာပဲနော်။

ဖိုးသင်္ကြန် said...

စီနီယာကို အလေးပြုပါတယ်။
သမီးလေး မဟုတ်တဲ့အတွက်
ဦးလေးပဲလုပ်ပါတော့မယ်။
(ဟုတ်လည်း ဦးလေးပဲလုပ်မှာပါ။ သမီးရဲ့ဦးလေ၊ ဟီး)

ဂျူနို said...

ဖေကြီး
မီးမီးအယ်ပါ။
ဘာလို့ လက်အိတ်ဝတ်ထားပေးတာလဲ။
ပူမှာပေါ့။
လက်သဲကို အိပ်တဲ့ချိန် ညှပ်ပေူကြည့်ပေါ့။

ချစ်စရာလေး။ အဖေတူတာ မဖြစ်နိုင်ဘူး။
အမေရော ကလေးပါ ကျန်းမာပါစေကြောင်း ဆုတောင်းပါတယ်။
နောက်ထပ် ကလေး တစ်ဒါဇင်ပြည့်အောင် မွေးနိုင်ပါစေလို့ .

strike said...

သဟသရယ်...ခလေးကချစ်စရာလေး...how lucky you are...
Cheers

Unknown said...
This comment has been removed by the author.
thumalay said...

အခုလိုနှစ်သိမ့်ပေးတာကျေးဇူးတင်ပါတယ်ရှင်။ ဒီလိုပါပဲ ဘ၀ဆိုတာ ကိုယ်ကရတာရှိသလို၊ ကိုယ့်ဆီကထွက်သွားတဲ့အခါလည်းရှိရမှာပေါ့။ အတုန့်အလှည့်ပေါ့ရှင်။ အားလုံးအဆင်ပြေအောင်တော့ကျိုးစားနေရတာပဲ။ မနက်ဖန်သူမလေးမွေးနေ့မုန့်လာစားပါအုံးနော်။

WWKM said...

အိုမဲဒဲတိုပါ မောင်သီဟ ရေ.း)
ယောက္ခမ အခေါ်ခံရဘို့နီးလာပြီပေါ့.. :D

စိတ်စမ်းရေ said...

ကလေးလေးက ချစ်ဖို့ကောင်းတယ်နော်...။
ဂုဏ်ယူဝမ်းသာပါတယ် ကိုသီဟ...

ရွှန်းမီ said...

Congrats! Happy Birthday Champ Champ!
ပြီးတော့ မျိုးပြောတာကို ပြုံးသွားပါတယ်. . .း-)

ဖိုးဂျယ် said...

ဟားး ၀မ်းသာစရာ သတင်းပဲဗျ
ကျွန်တော်လဲ မအားလို့ မရောက်ဖြစ်ဘူး
ပျော်ရွှင်ပါစေဗျာ
မိခင်ရော ကလေးရော ကျန်းမာတာ မင်္ဂလာ သတင်းပဲဗျ

Anonymous said...

ဟုတ်ပါ့ ... တော်ကြာရွာပြန်လို့ အမျိုးသမီးနဲ့
အတူတူအိပ်တာမြင်ရင် ဟိုလူကြီး ဘာကိစ္စနဲ့
ကျုပ်အမေနဲ့လာအိပ်တာလဲ အပြောခံနေရမှ
ဟုတ်ပေ့ဖြစ်နေမယ်... ဟိဟိ