Thursday, April 30, 2009

ဂန္တ၀င်မြောက် ဆယ်လ်မွန်နဲ့ ကြိုးကြာ

မိုးဦးဝင်ရောက်လာတဲ့ အခါ
ရိုးမပေါ် ဖြတ်ပျံရင်..
မြောက်ဘက်ကို ဦးတည်လှည့်ကာ
သားပေါက်ရာ အရပ်ဆီ
မိုင်ထောင်ချီ ပြန်လေပြီ
ကြိုးကြာငှက်တို့ မိုင်ထောင်ချီ ခရီးစဉ်
(ကြိုးကြာငှက်တို့ အိမ်အပြန် - ခင်မောင်တိုး)

ရေလွှာလည်း ခင်းပြန့်ကြည်လင်စေ..
မိုးဦးလည်းလှပသာယာစေ..
ဘ၀စေရာ ကျေပွန်ဆောင်ရွက်ခဲ့သူတို့ ရေစုန်ကိုဆန်ကာပြန်ခဲ့ပြီ...
မိုးဦးရေဆန် မိုးဦးရေဆန်..
ဆယ်လ်မွန်ငါးတို့အပြန်.. (ဆယ်လ်မွန်ငါးတို့ အပြန် - ခင်ဝမ်း)..


ရာစ၀င်သစ် မနက်ဖြန်ကို
ခံစားပေးဆပ်ထားခဲ့ပြီးရင်
ကြင်သူလေးရှိရာဆီ ဒီခရီး..
....
ပြန်လာမယ့် လမ်းတွေဆီ
ကြိုနေတော့ ချစ်ဆုံးလေး..(ဂန္တ၀င်မြောက် အိမ်အပြန် - အငဲ)..

အဲဒီလို ပျော်စရာ သီချင်းလေးတွေကို ဆိုပြီးသကာလ ရွှေနိုင်ငံကို ခဏပြန်ကာ ဖေဖေ၊ မေမေ၊ နှင်းဆီဖြူလေးတို့နှင့်သွားတွေ့ပါမည်။
၁ ပတ် ၁၀ ရက်လောက်ပျောက်ပါမည်ဟု ခွင့်တိုင်ပါသည် ချစ်ညီအကို မောင်နှမ အပေါင်းတို့..


အညီအမျှချစ်တဲ့ သီဟသစ်ကို မေ့မသွားကြပါရန်...

37 comments:

နွေးနေခြည် said...

ဝမ်းသာပါတယ်
ပျော်ရွှင်ပါတယ်
ဂုဏ်ပြုပါတယ်

အညီအမျှ ၀မ်းသာပျော်ရွှင်မိတဲ့
ညီမ နေခြည်း)

သီဟသစ်ကို မမေ့ပါနဲ့တဲ့ သူကပဲ အပျော်လွန်ပြီး မေ့သွားမှာ မြင်ရောင်ပါသေးတယ်။ စိတ်ချလက်ချသွား ဘလော့လေးကို ဖုန်သုတ်ပေးထားမယ်။

နွေးနေခြည် said...

အဒေါ်နော် အဒေါ်
နေရာကြိုယူလိုက်ပြီ

khin oo may said...

တို့တွေက မမေ့ပါ။ သီဟသစ်ကသာမေ့သွားမှာဖြစ်သည်။

ရွှန်းမီ said...

ဒီတစ်ခါ ဘယ်မလဲ Bonus?? :-)

Rita said...

အူမြူးနေတယ်ပေါ့လေ။

Anonymous said...

ရွှေနိုင်ငံသို့ ပြည်တော်ပြန်ခရီး သာယာအဆင်ပြေ ချောမွေ့ ပျော်ရွှင်ပါစေ .. ကိုသီဟရေ ... ပျော်စရာလေးတွေ၊ ရောက်ဖြစ်တဲ့ ခရီးလေးတွေ ရှိရင်လည်း ဓာတ်ပုံလေးတွေနဲ့ မှတ်တမ်းတင်ခဲ့ပြီး ပြန်လည်မျှဝေပါဦးဗျာ ... ဒီဘလော့လေးနဲ့ အတူ ပြန်လာမယ့် အချိန်၊ ပို့စ်အသစ်တက်မယ့် အချိန်ကို စောင့်နေပါ့မယ်

မြစ်ကျိုးအင်း said...

ပျော်နိင်ပြီပေါ့ ကိုယ့်လူရာ...ကောင်းပါ့.
ပြန်လာရင်တော့ အချစ်ဇာတ်လမ်းလေးကြားရတန်ကောင်းပါရဲ့.
..

kaungkinpyar said...

ဖေဖေ၊ မေမေ နှင်းဆီဖြူလေးနဲ့ ပျော်ရွှင်ပါစေ သီဟရေ

myo said...

ဟယ် ပျော်နေတာ.. ပျော်နေတာ..
ပြန်လာရင်မုန့်ဝယ်ခဲ့ပါ..
ပို့စ်အသစ်လေးတွေ စောင့်နေမယ်..

Sein Lyan Tun said...

ကိုကိုသစ်ရေ...
သွားမယ်ဆိုတော့လဲသတိရသလိုလို
လွမ်းသလိုလို
ဘယ်လိုကြီးဖြစ်မှန်းမသိပါဘူး
အဟီးး

တလနွန် said...

ပျော်ရွှင်တဲ့ အိမ်ပြန်ခရီးစဉ်တစ်ခု ဖြစ်ပါစေ bro

MrDBA said...

ဘာလေးမွေးသတဲ့တုန်း ။ အဲ ..ငါကလဲ မေးမိပြန်ပြီ။
ဘယ်နေ့ပြန်မှာတုန်း လက်ဆောင်ပေးလိုက်ပြီး လူကြုံပြန်မှာလိုက်ချင်လို့ ..ဟီးဟီး။ နောက်ထှာ မကြောက်နဲ့။

tg.nwai said...

အော်..ကိုယ်မင်းဆီ အပြေးလာမည်ပေါ့ ကိုသီဟသစ်..
ပျော်ရွှင်ချမ်းမြေ့ မိသားစုရင်ခွင်မှာ နွေးထွေးပါစေ..အဲ..နှင်းဆီဖြူရဲ့ အနီးဆုံးလူဖြစ်ဦးမှာပေါ့နော်..

မျှော်နေမည်...

mgnge said...

ပျော်စရာကြီးဗျာ...။
ပြန်လာရင် ပဲခူး ကငါးချဉ်တစ်ထုပ်လောက် ဆွဲ ခဲ့နော်..။


အဆင်ပြေပါစေဗျို့  .. .အစစ အရာရာပေါ့

တီချမ်း said...

ကိုကို သစ် မန်း လာဖြစ်ရင် ဖုန်းဆက်မယ်
ဘယ်လိုဆက်သွယ်ရမလဲပြော
တီက အခွေတက်ဝယ်ဖြစ်ရင် ၀ယ်ဖြစ်မှာ
.............း)
တောင်ပံပါရင်မင်းဆီကိုပေါ့
ကွန်ကရက်ဂျူလေးရှင်း

MrDBA said...
ဘာလေးမွေးသတဲ့တုန်း

ရိပ်ဖမ်းသံဖမ်း ချီးကျူးသွားသည်

Anonymous said...

အေးပါ.. အညီအမျှချစ်တဲ့သီဟသစ်ရေ.. ဟိဟိ.. သူ့ကိုယ်သူများရေးထားလိုက်တာ.. :P
မေ့ဘူး မေ့ဘူး သားသားတွက်သာ အပြန်မုန့်ဝယ်ခဲ့.. ဒါဘဲ

စိတ်စမ်းရေ said...

ပျော်စရာကြီးပါလား ကိုသီဟရေ....။
ဝမ်းသာတယ်ဗျာ...ပြန်နီးရတော့မယ်ဆိုတော့...

Anonymous said...

သားလေးမွေးတာ...အဲ..ငါကလဲပြောမိပြန်ပြီ

Moe Cho Thinn said...

သားပေါက်ရာ အရပ်ဆီ မိုင်ထောင်ချီ ပြန်လေပြီ ဆိုပါလား။ ပုခုံးမှာ ဘားတဘား တိုးသလားဝေ့..

Anonymous said...

၁နှစ်ကို ၄ခါ အဲလေ... ၄ ရာသီလုံး မပြတ် သတိရနေပါတယ်လို့... အဟိ... ကိုသီဟကြီးသာ မေ့ချင်မေ့နေမယ် မပြောတတ်...

flowerpoem said...

ပျော်ရွင်ပါစေ ကိုသီဟ.

ဖိုးသင်္ကြန် said...

Bon Voyage ပါအကိုရေ။
အဆင်ပြေ ချောမွေ့ပါစေဗျာ။
အကို့ ကလေးပုံလေးများ ဖြစ်နိုင်ရင်ယူလာပြပါဦးနော်။
:D

Phyo Maw said...

အဆင်ပြေပါစေဗျာ...။
စာအုပ်လေးတွေ ယူလာမယ် ဆိုလို့ မျှော်နေပါတယ်။ :D ဟိဟိ

မေ့သမီး said...

ဘယ်တော့ပြန်မှာလဲ။ ပြန်သွားပြီလား။ တို့လည်းပြန်မှာဝေ့။ စာမေးပွဲပြီးရင်။ မေ ၉ ပြန်မှာ။ :D

Anonymous said...

တို့များလည်း အားကျပါရဲ့ မင်းလိုပုံနှယ် တောင်ပန်လေးများ ရနိုင်ရင်တော့ လိုချင်သားကွယ် ဒါမှ ချစ်တဲ့သူရှိရာ မင်းလိုပဲ တို့လည်း ပြန်နိုင်မယ်။

ညလေး said...

ပျော်ရွှင်ဖွယ် အိမ်အပြန်ခရီးလေး ဖြစ်ပါစေ... ကိုသီဟရေ..
ပြန်လာရင် ဝေမျှဦးနော်

ကြယ်သောကြာ said...

အား ပျော်စရာကြီးဟေ့!!!!! ဘာမှ မမှာလိုက်ရတာ နာတယ်ကွာ...ကိုသီဟကြီးကတော့ နုတ်ဆက်သွားရှာသား အလုပ်များနေမယ်မှတ်တာ...တစ်ကယ် ပျော်ပါတယ် Brother ရေ..အားလည်းကျတယ်

ကြယ်ပြာ said...

ခုမှသိတယ် ... ပျော်နေလောက်ပြီပေါ့ ခုလောက်ဆို ...း)

Anonymous said...

ကောမန့်ကနေပဲ အော်သွားပြီ .. ပြန်လာပြီး ပို့စ်ရေးပါတော့ဗျို့ ... :D

ကြည်ဖြူပိုင် said...

ုခုတလော အိမ်လည်ပြန်တော့ အိမ်ရှင်တွေက မရှိ. မဖြောင့်တော့လည်းအိမ်စောင့် ....ဘေးအန္တရာယ်ကင်းရှင်းကြောင်း report တင်ပါတယ်။ ဟဲဟဲ။ နောက်လိုက်ရမှ ကျေနပ်တာ။ ငပြောင်...အိမ်ပြန်လက်ဆောင်တွေ အများကြီးဝယ်မလာနဲ့နော် လေးနေလိမ့်မယ်


:P

tune said...

အကြွေးလာဆပ်တာပါ။
ပြန်လာတဲ့ အချိန်မှာ ဖတ်လို့ ရအောင်လို့။

http://tune-newpage.blogspot.com/2009/05/blog-post.html
မှာ ဘီတာ-အန်ဒေါ်ဖင်း အကြောင်း တင်ထားပေးပါတယ်။
ပျော်လာမှာမို့ ဘီတာ-အန်ဒေါ်ဖင်း မလိုတဲ့ အနေအထားမှာ ရှိနေမယ်လို့ ယူဆပါတယ်။

Ree Noe Mann said...

မေ့စရာလားဗျာ. ပြန်လာရင်သာ အကြောင်းကြားဖို့ မမေ့နဲ့။
လက်ဆောင်လည်းမမေးနဲ့

ဖေဖေ၊မေမေ နဲ့ နှင်းဆီဖြူလေး တို့ ကိုလည်း
သာကြောင်းမာ ကြောင်း မေးပါကြောင်း လို့....

ခင်တဲ့

Ree Noe

Anonymous said...

ပြန်မလာတော့ဘူးပေါ့ ... :D

Anonymous said...

ဒီနေ့အမေများနေ့ ကို သီဟရေ .... အမေများနေ့နှင့်အတူ အမေ့ရဲ့ သားသမီးများ အားလုံး ကျန်းမာရွှင်လန်းကြပါစေ။

Lu Pyo Gyi said...

ပျောက်နေပါတယ်မှတ်တယ် သူကသားပေါက်ရာကို ပြန်နေတာကိုး :D

strike said...

ပျော်ရွှင်ပါစေ...

Anonymous said...

ကျေးဇူးတင်လိုက်တာဗျာ