Saturday, April 18, 2009

မင်္ဂလာလက်ဆောင်

ဒီနေ့ အခန်းဖော် သူငယ်ချင်းစုံတွဲ Community Center မှာ မင်္ဂလာဆောင် ဖို့ လက်မှတ်ထိုးတာကို လိုက်သွားပါတယ်။ သူတို့ လက်မှတ်ထိုးခါနီး ကြည့်ရွတ်ရတဲ့စာသားလေးကို ဘလော့ဂါ (သို့) လာလည်သူ ညီငယ် ညီမငယ် တွေ ၊ သူငယ်ချင်း လူပျိုကြီး အပျိုကြီး တွေ အလှည့်ကျရင် ကြည့်ရွတ်စရာ မလိုဘဲ အလွတ်ရ အောင် တင်ပေးထားတာပါ..



ညီငယ်တွေ နောင်တော်တွေ ကတော့ အောက်ဆုံးမှာ ရေးထားတဲ့ procedure လေးကို အတိအကျ လိုက်နာကြမယ်လို့ ယုံကြည်ပါ၏။

P.S
၁)
အရင်ပို့စ်တွေမှာ Comment တွေ မပြန်ဖြစ်တာ တအားကြီး အချိန်မရလို့ပါ။ နောက်ပို့စ်တွေ အချိန်ရရင်ရသလို Comment တွေ ပြန်ပါတော့မည်။

၂)ကိုZT ရဲ့ ပန်းရောင် နဲ့ အပြာရောင် ပို့စ် ကိုဖတ်ပြီး ကြုံမိတာ တစ်ခု သတိရသေးတယ်။ တစ်နေ့ Taxi စီးလာတော့ ကားမောင်းတဲ့ Driver ကြီးက မြင်တာနဲ့ မြန်မာမှန်းသိပါတယ်။ သူက သင်္ဘောကျင်းမှာ လုပ်ဖူးပြီး မြန်မာသင်္ဘောတွေ လာပြင်တာနဲ့လည်း ကြုံဖူးတယ် ဆိုပါတယ်။ သူကနေ မင်း တို့ SG နိုင်ငံက နေ Citizen Status ပေးရင် ယူမလားလို့ မေးပါတယ်။ ကျွန်တော်က ပြန်ပြောတယ် မယူဘူးကွ။ ငါ့နိုင်ငံကို ငါချစ်တယ်။ ငါမကြိုက်တာက.... ပေါ့လေ အစရှိသဖြင့် ပြန်ပြောပါတယ်။ သူကတော့ သဘောကျသွားတာပေါ့လေ။ သူငယ်ချင်းတွေနဲ့ တွေ့တော့ ပြန်ပြောပြတဲ့အခါ သူတို့က အေးကွ ဟုတ်တော့ ဟုတ်တယ်။ ဒါပေမယ့် တို့နိုင်ငံကို ချစ်ရတာ တစ်ဖတ်သတ်အချစ်ကွ။ တို့နိုင်ငံက မချစ်လို့ တို့ အပြင်ရောက်နေတာပေါ့ တဲ့။ အင်း... "တစ်ဖက်သတ် အချစ်ဟာ ဆိုးပါသည်၊ အသက်မက ချစ်တာ ခက်လှသည်" လို့ ဆိုရမလိုပါပဲ။

25 comments:

:P said...

တဖက်သတ်အချစ်...

Phyo Maw said...

တစ်ဖက်သက် မချစ်နဲ့ ခိုးပြေး...။
သမီးအငယ်ဆုံးလေး ကျန်သေးတယ် ကြားတယ်။

မြစ်ကျိုးအင်း said...

မတတ်နိင်ဘူးသီဟရေ ကျွန်တော်တို့နိင်ငံက
သူပုန်အစိုးရ လက်ထဲက လွတ်ရင် တော့ ကျွန်တော်တို့
ကို ပြန်ချစ်မှာပါဗျာ

myo said...

အဲဒါကို ခုတည်းကကျက်မနေနဲ့ သဟသ..
အဲဒါကြီးအလွတ်ရပြီး သတို့သမီးမရှိတော့ ဘယ်လိုလုပ်မှာလဲ.. ကျိန်းကျေနေပါဦးမယ်.. :P

နွေးနေခြည် said...

myo ပြောသလိုပဲ (အရေးကြီးတာကို ဦးစားပေးပါ)
တဖက်သတ်အချစ်နဲ့ပဲ အဝေးကနေ ငေးနေပါတယ်...

ကြယ်ပြာ said...

တစ်ဘက်သတ်အချစ်တဲ့ ... တင်စားပုံကမိုက်တယ် ...
ဒါပေမယ့်လည်းချစ်ဆဲ ချစ်မြဲပါ ....

Anonymous said...

အသက်မက ချစ်ပြီးမှ သတို့သမီးပျောက်ရရင် မလွယ်ဘူး ကိုသီဟရေ... လူပျိုကြီး နှစ်သစ်မှာ ကိုယ့်အတွက် လာဘ်ပိတ်စကားတွေ ပြောနဲ့လေကွယ်။ ခက်ပါရော... :D

Moe Cho Thinn said...

အသက်မကချစ်တော့ ခံစားရတာပေါ့..:)

mgnge said...

အာဟာ။။
မင်္ဂလာဆောင်တာ တော့ ဘဘုန်းကြီးဆွမ်းကပ်ပြီး တော့ ပဲဆောင်တော့မယ်... ။
:P

Anonymous said...

တစ်ဖက်သတ်အချစ်နဲ့ တစ်သက်မက ချစ်နိုင်တာကို ဂုဏ်ယူပါတယ် ကိုသီဟရေ ... တစ်နေ့နေ့ပေါ့ .. အားလုံး မျှော်လင့်ထားသလို ဖြစ်လာနိုင်မှာပါ .. တစ်နေ့ ..... နေ့ ... ( ဘယ်နေ့လည်းတော့ မသိ ) :D

megumi said...

:P :D :)

ဘာတွေတုန်း said...

ကိုသီဟသစ်ကတော့ ခုကတည်းက အဲ့စာသားတွေကို မွတ်နေအောင် အလွတ်ရနေတဲ့ပုံပဲ :D myo ပြောသလို ကျိန်းကျေနေဦးမယ်နော့

Rita said...

တဖက်သတ် နှစ်ဖက်သတ် အလကား အချစ်
မင်းမချစ်လို့ ငါ့မှာ ဘာမှ မဖြစ်
(ကြားဖူးတယ်မို့လား၊ Theory သီချင်း)

ကလူသစ် said...

ချောင်းကြည့် ပြုံးပြန်လောက်ပဲ ကောင်းပါတယ်ကွာ

မေ့သမီး said...

နိုင်ငံကလည်းချစ်ပါတယ်။ မချစ်တာက ....။

သီဟသစ် said...

>> sin dan lar
ဟုတ်ဖူးလားလို့ တစ်ဖက်သတ်အချစ်.

>> Phyo Maw said...
သတ်ချင်သတ်ပလိုက်ပါကွယ် သံသရာမှာ မပါပါရစေနဲ့


>> မြစ်ကျိုးအင်း
မျှော်လင့်နေတယ်..(အာဇာနည်သီချင်း)

>>myo, နေခြည်, မေဒီ, ဘာဘာ
တို့စွံတဲ့ အကြောင်းတော့ရေးပြမှ ဖြစ်တော့မယ်..
:P

>> နွေးနေခြည်စ်
အဝေးကပဲ ငေးနေဆဲပါ..(ဆဲခိုင်းတာမဟုတ်ပါ..)


>> ကြယ်ပြာ
ဟုတ်ပါ့ မကြယ်ပြာရေ..
ချစ်နေရတာပါဘဲ နိုင်ငံကြီးကိုပြောပါတယ်..


>> Moe Cho Thinn said...
ဟုတ်တာပါ့ အစ်မချိုသင်းရေ

>> mgnge said...
ဘဘုန်းနဲ့ကျမှ တရားစာတွေ ရွတ်ခိုင်းအုံးမယ်..

>> နေဒေးသစ်
တစ်နေ့နေ့ပေါ့မေရယ် ဘ၀လေးတစ်ခု ရှင်သန်မယ်..
(ရင်ဂိုသီချင်း)


>>megumi
ဒီကလေးမလေး လူကြီးကို နောက်သွားပါလား

>> Rita
ခါးသီးမှုတွေ ထွေးပိုက်ရင်းနဲ့ မင်းရဲ့ချစ်သူ ဖြစ်နေချင်တယ်..(ဆောင်းဦးလှိုင်)


>>ကလူသစ်
ဟုတ်ပါ့ အဲလိုပဲ လုပ်ရင်ကောင်းမယ်ထင်ပါ.

>> မေ့သမီး
Iပြောချင်တာလဲ ဒါပါပဲကွယ်..စ်

စိုင်းစိုင်း said...

ဟား..အင်း တဖက်သတ် အချစ်နဲ့ ဝေးဝေး ကနေလွမ်းကြတာပေါ့..စိုင်းလဲ ဒီလိုခံစားမိတယ်..ဖတ်ကြည့်ပါဦး..
http://simply9.blogspot.com/2009/03/to-bangkok-with-mom.html

သီဟသစ် said...

ဟုတ်ပါ့ကိုစိုင်းရေ..
စာတွေ သွားဖတ်ပြီးပါပြီ ကိုစိုင်းဆီကို..

မီးမီးငယ် ရဲ့  ထည်ဝါချို said...

မင်္ဂလာဆောင်ဖိတ်စာကို လာငမ်းသွားပါကြောင်း

တိုင်းပြည်ကိုချစ်တော့ကောင်းတာပေါ့။
း)

တီချမ်း said...

ကာကာ ပြောတာလဲဟုတ်တယ်
တဖက်သတ်အချစ်
ရီတာ ပြောတာလဲ ဟုတ်တယ်
မင်းမချစ်လို့ ငါ့မှာဘာမှမဖြစ်...........
မိုက်တယ်ကွာ
ကောင်းပါတယ် ကောင်းပါတယ်...........
လူငယ်လေးတွေအပြင်ကိုရောက်
ကောင်းလိုက်တာ
ဘ၀တက်လမ်းတွေ ရှာဖွေကြ
ကောင်းလိုက်တာ....
(ဒါလဲ ဘာဘူပဲလေ)း)

sonata-cantata said...

တို့တွေတုန်းကတော့ ရှေ့ကတိုင်ပေးတာ လိုက်ဆိုရင်း ၀ါးချလိုက်တာပဲ
(နည်းပေးလမ်းပြကောင်းတော့ မဟုတ်ဘူးပေါ့လေ သဟသ အလှည့်ကျရင် stress တွေ သိပ်များနေမဆိုးလို့ )

WWKM said...

တစ်ဖက်သတ်အချစ်ဟာ ဆိုးပါသည်...
အသက်မက ချစ်တော့.....း)

သီဟသစ် said...

>>မီးမီးငယ် ရဲ့  ထည်ဝါချို
ဖိတ်စာ မဟုတ်ပါဘူး။
အလွတ်ကျက်ထားရမှာ
:D

>> အန်တီချမ်း said...
အကောင်းမြင်တတ်တာ ကောင်းပါ၏


>> sonata-cantata said...
ဟုတ်ကဲ့ ကိုကြီး နဲ့ မမသီတာ ရေ..
အဲလိုပဲ လုပ်လိုက်မှာပေါ့နော် ခက်တာမှတ်လို့


>> နန်းဝါ၀ါမောင် said...
ဟုတ်ပါ့မမ၀ါရေ

ရွှေပြည်သူ (ShwePyiThu) said...

တဖတ်သတ်အချစ်လို့ တင်စားထားတာကို သဘောကျမိပါတယ် ကိုသီဟသစ်ရေ။ ဟုတ်တယ် ကျွန်မလည်း Citizen Status ပေးမယ်ဆိုရင်တောင် မယူမယ့် လူထဲမှာပါပါတယ်။

အဇ္ဈတ္တပြခန်း said...

တဖတ်သတ်အချစ် တဲ့ ....သဘောကျမိရဲ့ ဗျာ။