Monday, April 6, 2009

ဆုတောင်းခဲ့ဖူးတယ် မိငယ်

ဒီEnglish လို ကဗျာ လေးနဲ့ ဘာသာပြန်လေးက Miss Rita ဆီက ယူလာတာပါ။ ဘလော့တစ်ခွင်မှာ popular ဖြစ်နေတဲ့ အန်တီချမ်းက ဘာသာပြန်ထားတာလေးပါ။

Prayer

God grant me
the serenity to
accept the things
I cannot change,

courage to change
the things I can,
and wisdom
to know the difference.

- Anonymous –

အကျွန်ုပ် မပြောင်းလဲနိုင်သော
အရာများကိုလက်ခံနိုင်ရန်
တည်ငြိမ်ခြင်းပေးပါ
ဘုရားသခင်

အကျွန်ုပ် ပြောင်းလဲနိုင်သော
အရာများအတွက်လဲ
ပြောင်းလဲရန်လိုအပ်သော
သတ္တိများပေးပါ

ခြားနားမှုကိုနားလည်နိုင်စေသော
ပညာအသိအားလဲပေးသနားပါ ဘုရားသခင်

(Addy Chen)

ဖတ်ကြည့်ကြည့်တော့ ဘုရားသခင်ကို ကိုယ့်အတွက်ကိုယ် တောင်းဆိုတာ တွေ 3 ချက်ကြီးများတောင် တွေ့ရတယ်။ သီဟသစ်တို့ဆို အဲလိုလောဘ မကြီးဘူး။ ကိုယ့်အတွက်ကိုယ် တောင်းဆိုတာ နည်းနည်း အတ္တကြီး သလားလို့။ ကဲ သီဟသစ်ရဲ့ ဆုတောင်းလေး ဖတ်ကြည့်ပါအုံး။

ကျွန်တော် မပြောင်းလဲနိုင်သော
အရာများ(e.g software အမှားများ၊ အသစ်ထပ်ဖြည့်ခြင်းများ)
ကိုလက်ခံနိုင်ရန် တည်ငြိမ်ခြင်းကို
ရုံးမှ မန်နေဂျာများနဲ့ customer များကို
ပေးတော်မူပါ။

ပြောင်းလဲနိုင်သော
အရာများ (e.g လခတိုးခြင်း၊ bonus ပေးခြင်း)
စသည်တို့ အတွက် လိုအပ်သော
သတ္တိကို boss အား
ပေးလိုက်ပါ။

သူတို့တွေမှာ
အဲဒါတွေ ပြည့်စုံသွားရင်
ကျွန်တော်ကိုယ်တိုင် အတွက်
ဘာမှ မတောင်းဆိုလိုတော့ပါ။

ကဲဘယ်လောက် လောဘနည်းထားလဲကွယ်?

P.S: မိငယ်က ဘယ်သူမှ မဟုတ်ပါ။ ကိုထီးသီချင်းပါဗျာ။ (မိငယ်ပိုင်ရှင်က ဟောက်သွားသေးတယ်ဗျ) သတိရလို့ ယူသုံးထားတာပါ။ ကန့်ကွက်သူရှိရင် ပြောင်းပေးပါမယ်။

31 comments:

Mann Khine said...

အဟမ်း အဟမ်း ဘာမိငယ်လဲ နာတော့မယ် ။ ကိုထီးသီချင်းပါဗျ တိုးတိုးဟုတ်ဘူး

Rita said...

"ဆုတောင်းမှား"

boss က ဒါကို သူမပြောင်းလဲနိုင်သော အရာများလို့ ထင်ပြီး customer တွေက အဲဒါတွေကို သဟသ ပြောင်းလဲပေးနိုင်သော အရာများလို့ ထင်နေပုံရတယ်။

အိပ်ချင်မူးတူုးနဲ့ ဆုတောင်းမှားသွားတာဖြစ်မယ်။

(အပေါ်က စာလုံးပေါင်းမှားသွားလို့)

yehtutnaung said...

အိုး.. အသင် မောင် ဗြောင် (အဲ) ကိုသီဟသစ် အနှီ ဆုတောင်းခြင်းတို့ ကို God အား Widthdraw လုပ်ခိုင်းလော.. (God ရေ ထထ ညက တညလုံး Game ဆော့နေပြီတော့)

MrDBA said...

အေးလေ .. စိုင်းထီးဆိုင်သီချင်းနာမည်။ မိငယ်နာမည်ပါတဲ့ ခင်မောင်တိုးသီချင်းက ခွန်အားဖြည့်မိငယ်။ ဘာရမလဲ ကိုယ်ပိုင်တဲ့ဟာဆိုတော့ ဒေါနဲ့မောနဲ့ပြောသွားတယ်။
အောင်မယ် ကိုမန်းကြီးကလဲ ဘလော့ဂါအကောင့်တွေဘာတွေနဲ့။ လင်ရော မယားရော ဟင်းချက်ကုန်ကြပြီလား မသိ။

ကောင်းကင်ပြာ said...

ဆုတောင်းတွေ ပြည့်ပါစေ သီဟရေ

Phyo Maw said...

သူ့ဆုတောင်းလေး တစ်နာရီ ၁ကျပ်သာ ပေးချင်တဲ့ တို့များကျောင်းက clubbing ပျော်တဲ့ ကျောင်းအုပ်ကြီး ဆီမှာ ပြည့်ပါစေ။

juli said...

အို ဘုရားသခင်..
သီဟသစ်သည် လောဘနည်းသူဖြစ်သောကြောင့် သူမစွမ်းဆောင်နိုင်သောကိစ္စ (ဥပမာ- ရည်းစားချောချော ရရှိရန်) ကိုဖြည့်ဆည်းဖို့ မည်သည့်ခွန်အားသတ္တိမှ မပေးပါနှင့်...

ကလူသစ် said...

အင်း.... ဘယ်လောက် စိတ်သဘောထားပြည့်လိုက်တဲ့ကောင်လေးလဲ ကြည့်စမ်း။ လမ်းတွေ့ရင် ဘီယာတိုက်ခိုင်းအုန်းမှပဲ။

Anonymous said...

ဟဲဟဲ စိုင်းထီးဆိုင် သီချင်း တစ်ခုတည်းကြောင့်တော့ မဟုတ်နိုင်ဘူး ... ခံစားချက် ခပ်မွှားမွှားတစ်ချက်တော့ ရှိကို ရှိရမယ် ... မှန်မှန်ပြောစမ်း အမောင်မင်း မညာချင်စမ်းနဲ့ ....

လောဘကလည်း သိပ်မကြီးရှာပါဘူး ... ဟုတ်ပါရဲ့ .... သူများတွေကိုပဲ ပြောင်းလဲစေချင်တာ ... မှန်ပ မှန်ပ :D

JulyDream said...

လောဘနည်းရှာပေတယ်။ သူများအတွက်ပဲ ဆုတောင်းပေးသွားတာပဲနော့။ :P

Moe Cho Thinn said...

သူ့ဟာက ၀င်္က၀ုတ္တိနဲ့ ဆုတောင်းသွားတာပါလား..

khin oo may said...

နားမလည်ဘူး အေ့။

တီချမ်း said...

ဂျိုကာ ကို တောင်းတဲ့ဆုတွေ ပြည့်စေပြီး
အဲလိုဆုတွေတောင်းနိုင်အောင် ဘာသာပြန်ပေးတဲ့ တီချမ်း ကို ဂျိုကာ ရအောင်စောင်မပေးပါ အရှင်ဘုရား
ဒါမှဒေါင်းမှာ ခိခိ
စိန်မသိစေနဲ့ ခိခိခိ

ကာကာ နင်လုပ်မှပဲ ငါက ပေါ်ပြုလာ ဆိုပဲ ခိခိ

ဪ ကြည့်စမ်းမေ့တော့မလို့
အော်ရီဂျင်နယ် တင်ပေးတဲ့ ဒေါ်ရီတာ လဲ ရည်းစားတယောက်လောက်တော့ မြန်မြန်ရပါစေ အရှင်ဘုရား

ဒေါ်ရီတာရေ ရှင့်အတွက်လဲဆုတောင်းပေးတယ်နော်

tg.nwai said...

ဟုတ်ပါ့..ကိုသီဟရယ်..

မေ့သမီး said...

ဟုတ်ပါ့။ တီကလည်း သူ့ဖို့ချည်းပဲ တောင်းထားတယ်။ ကိုသီဟကမှ ကိုယ့်အတွက်ကိုဆုမတောင်းဘူးနော်။ :P

mgnge said...

သူငယ်ချင်း သီဟသစ်
အချစ်တုန်း
ဘော်ဘော် ..။
ဆုတောင်းတာတောင်ကိုယ့် အတွက်ကို တောင်း တာ မပါတဲ့ သဘောကောင်းတဲ့ သယ်ရင်းလေး..။

လာဘီယာလိုက်တို က်.. ခေါ်ရတာမောသွားပြီ..။

:D

tune said...

ပြောတဲ့သူက Anonymous မဟုတ်ဘူး။
ပြောတဲ့သူက Reinhold Niebuhr
theologist.
visit here
http://en.wikipedia.org/wiki/Serenity_Prayer

အဲဒီစာသားလေးက အခု အရက်ဖြတ်တဲ့သူတွေရဲ့ ဆုတောင်း စကားလေး
Alcholic Anonymous အဖွဲ့က သုံးနေတာ။

tune said...

ကိုယ် အကြိုက်ဆုံး quote ထဲက တစ်ခုမို့ ပြောမိတာပါ။
ိစိတ် မဆိုးနဲ့နော့။

Sein Lyan Tun said...

လောကီသားပေမယ့် လောဘနည်းတာ အတုယူစရာပါတကား...

မိုးခါး said...

ကိုသီဟသစ်တို့များ အဲလိုလောဘနည်းတာ နည်းယူရမယ် .. :D

တလနွန် said...

“ပြောင်းလဲနိုင်သော
အရာများ (e.g လခတိုးခြင်း၊ bonus ပေးခြင်း)
စသည်တို့ အတွက် လိုအပ်သော
သတ္တိကို boss အား
ပေးလိုက်ပါ။”

ဒီစာသားအကြိုက်ဆုံးပဲ
ကိုသီဟသစ် လိုပဲ လောဘနည်းပါတယ်နော်...ကွိကွိ

စိတ်စမ်းရေ said...

အတုယူစရာပါလား...။လောဘနည်းတယ်နော်....။

Anonymous said...

ပြောစရာ ဘာမှ မကျန်တော့ပါလား... နောက်တိုး ဆုတောင်း ရှိဦးမလား စောင့်ကြည့်ဦးမယ်။ :D

မမသီရိ said...

ဆုအတူတူတောင်းသွားတယ်..း)

Htoo Aung Lwin said...

အာဘွား တော်လိုက်တဲ့ကောင်လေး...........
အဲ့လိုမျိုး များများ ဆုတောင်းပါ
အနော်တို့လဲ ရအောင်လို့

နွေးနေခြည် said...

အခုတလော အလုပ်မှာ Pressure တွေပိနေတယ်ထင်တယ်...
အပြောင်းအလဲသိပ်များတဲ့ လူတွေကို Chargeable Change Request တောင်းလိုက်ပါလား
ဒုတိယဆုတောင်းကတော့ ပြည့်ဖို့ခက်လိမ့်မယ်

Phyo Evergreen said...

ပြီးပြည့်စုံတဲ့ ဆုတောင်းဆိုတာဒါမျိုးဘဲ....

mysterysnow said...

ကိုသီဟသစ် ဆုတောင်းစရာ ကိစ္စကြုံလာရင် အကူအညီပေးပါနော်။ ဆုမတောင်းတတ်လို့ပါ။

ဂျူနို said...

ဒီလို လောဘနည်းတာလား။
အတုယူသွားပါတယ်

Welcome said...

တောင်းဆုတွေ ပြည့်ဝနိုင်ပါစေ

လေးစားလျက်

Anonymous said...

အဲ ဘာသာပြန်ကဗျာစာသားလေးတွေ ဂျူး ရဲ့ တိမ်နဲ့ချည်တဲ့ကြိုး မှာ ဖတ်ဖူးတယ်။ တူတာပြောတာနော် ဘာရယ်မှ မဟုတ်ဘူး။ ဘယ်သူရေးရေး မူရင်း စာကို ကြိုက်လို့ ကြိုက်တာ။