Tuesday, April 21, 2009

တစ်သက်မှာ တစ်ခါ

ရေးချင်စိတ် ပေါ်လာတဲ့ အကြောင်းရင်း (၁)
ဟိုတလောက Gtalk မှာ သူငယ်ချင်းတစ်ယောက်နဲ့ တွေ့တော့ သူက အိမ်ထောင်ပြုတော့မယ့် အကြောင်းပြောတယ်။ ကျွန်တော်က မင်းသေချာ စဉ်းစားအုံးနော် ၊ လူပျိုဘ၀ ဆိုတာ တစ်သက်မှာ တစ်ခါပဲ ရတာ လို့ ပြန်ပြောတော့ သူငယ်ချင်းကတော့ လက်ခံပုံမပေါ်ပါဘူး။

ရေးချင်စိတ် ပေါ်လာတဲ့ အကြောင်းရင်း (၂)
Good Friday နေ့က ရုံးက အဖွဲ့တွေနဲ့ Team Building ဆိုပြီး MacRitchie ရေကန်ကြီးဘေးက လျှောက်လမ်းအတိုင်း တောလမ်းလေး လျှောက်ကြပါတယ်။ တော်တော်သာယာပါတယ် လမ်းလေးက။ အဲဒါကို ကြည်နူးမနေဘဲ ကျွန်တော်က ဘာကိုပဲ သွားသတိရနေလဲဆိုတော့ ကျောင်းသားဘ၀ တုန်းက ဓါတ်တော်ချိုင့် ရေတံခွန်ကို သွားလည်နေတာပဲ သတိရနေတယ်။ တစ်ခါက ရဖူးတဲ့ ကွန်ပြူတာ တက္ကသိုလ် ကျောင်းသားဘ၀ လေးပေါ့။

တကယ်ရေးဖြစ်တာက
နောက် စိတ်အေးလက်အေး ပြန်စဉ်းစားကြည့်လိုက်တော့ ကျွန်တော်တို့ဘ၀မှာ တစ်သက်မှာ တစ်ခါပဲ ရတဲ့ဟာ တွေ အများကြီးပါလားလို့ စဉ်းစားမိတယ်။ နံပါတ် ၁ ကတော့ မိဘ ပေါ့။ ညီအစ်ကို၊ မောင်နှမ၊ သူငယ်ချင်းတွေ၊ လေးစားစရာ ကောင်းတဲ့ ဆရာ ဆရာမတွေ... စသဖြင့် အများကြီး အများကြီးပါဘဲ။ ဒါ့အပြင် ပျော်စရာ ကောင်းတဲ့ အတွေ့အကြုံလေးတွေ၊ ခါးသက်စရာ ကောင်းတဲ့ အဖြစ်အပျက်တွေ အဲဒါတွေက တစ်သက်မှာ တစ်ခါ ရတဲ့အရာတွေပါပဲ။ ဒါမျိုးတွေ ထပ်ဖြစ်ရင် ဖြစ်မယ်၊ ပထမ တစ်ခါနဲ့တော့ ဘယ်လိုမှ မတူနိုင်ပါဘူး။

တစ်ချို့ အရာတွေကိုတော့ လွယ်လွယ်ကူကူမေ့ပစ်လိုက် ကြပါတယ်။ တစ်ချို့ဟာတွေတော့ တိုက်ဆိုင်တိုင်း သတိရတတ်ပါတယ်။ တသသ ဖြစ်နေတတ်ပါတယ်။ ဆရာမင်းလူ ရဲ့စာလေးကို သတိရပါတယ်။ လူတွေ အသက်ကြီးလာရင် အတိတ်အကြောင်းပဲ ဘာလို့ပြောကြတာလဲ ဆိုတော့ အတိတ်မှာ ပျော်ရွှင်ခဲ့ရတာ သေချာလို့တဲ့။

ကျွန်တော်ပြောချင်တာက တစ်ချို့အချိန်တွေမှာ ပျော်ရွှင်ခဲ့ဖူးတဲ့ အရာတွေကိုပဲ သတိရနေပြီး ပစ္စုပ္ပုန်ကို စိတ်ညစ်နေရင်တော့ မကောင်းဘူး ထင်တာပါဘဲ။ ဘာဖြစ်လို့လဲဆိုတော့ လက်ရှိအချိန်ဆိုတာလဲ တစ်သက်မှာ တစ်ခါ ရတဲ့ အရာမို့ပါပဲ။ ပျော်စရာကောင်းတဲ့ အချိန်လေးတွေ သတိရတာလည်းရ လက်ရှိအချိန်လေးကိုလည်း ပျော်ပျော်ကြီး ဖြတ်သန်းကြပါစို့။

P.S: ခုတစ်လော ရုံးမှာ Pressure များလွန်း၍ ထင်သည်။ အာရုံသိပ်မရွှင်ပါ။ ကိုယ်တင်ထားတဲ့ Post တွေ ကိုယ်ဘာသာကိုယ် မကြိုက်ဖြစ်နေပါသည်။ ဖတ်မကောင်းရင် သည်းခံပါရန်။

Bonus:
ကိစ္စမရှိဘူး
တစ်ခါတုန်းက ရွာတစ်ရွာနားက မြစ်ထဲမှာ ကူးတို့လိုက်ပို့တဲ့ တရုတ်ကြီး ရှိသတဲ့။ တစ်နေ့ကျတော့ တစ်ဖက်ကမ်းမှာ ပွဲတော်ရှိတော့ လိုက်ချင်တဲ့သူများနေတာပေါ့။ လူတွေက ပြုံတက်ကြတာပေါ့။ တစ်ချို့ကြောက်တဲ့သူတွေက "ဖြစ်ပါ့မလား တရုတ်ကြီး" ဆိုတော့ "ကိစ္စမီရှိဘူး၊ ကိစ္စမီရှိဘူး ၊ တက်သာတက်" တဲ့။ မြစ်လယ်လည်းရောက်တော့ လှိုင်းတွေနဲ့ လူတွေကများဆိုတော့ မနိုင်တော့ဘူး။ အဲဒီ အခါကျမှ တရုတ်ကြီးက "ကိစ္စ ရှိပြီ၊ ကိစ္စ ရှိပြီ" တဲ့။ အေးရောပေါ့ကွယ်..
(ကိစ္စမရှိဘူး ကိစ္စမရှိဘူး ပြောတတ်သူများအတွက် :D )

38 comments:

yehtutnaung said...

တစ်သက်မှာ တစ်ခါ ဘလော့ဂ်ဂင်ရတုန်းလေး ဂင်တယ်လို့  အောက်မေ့ပြီး ရုံးက Stress များ ဖြေဖျောက်ကာ ကိုယ့် post များကို ကိုယ်ကြိုက်သော်ရှိ/ မကြိုက်သော်ရှိ စာဖတ်သူရှိ လုပ်ပြီး "ကိစ္စမရှိဘူး" နေလိုက်ပါ။ :P

မြစ်ကျိုးအင်း said...

ပစ္စုပ္ပုန်မှာ ကောင်းထားမှ အတိတ်ကောင်းကို ရမှာကိုးဗျ
ဒါမှ ကြည်နူးစရာလေးတွေ ပြန်တွေး စရာရှိမှာ
ကောင်းတယ်ဗျာ ဒီပို့စ်လေး ကျွန်တော်တော့ ကြိုက်တယ်။။။။

Rita said...

ကောင်းပါတယ်။ ဘ၀ဆိုတာ ရထားတစ်စင်းလိုပဲတဲ့။ ဖြတ်ကျော်လာခဲ့ပြီးတဲ့ နေရာတွေကို နောက်ပြန်လှည့်လို့ မရတော့ဘူးလေ။

အလယ်ရောက်တော့မှ ကိစ္စရှိပြီ ကိစ္စရှိပြီ ...

ကလူသစ် said...

stress+es+s များလို့ လိုက်ဖြေဖျောက်ရင်း ဘလော့ဂ်ဖတ်တာပဲဗျာ။ ဖြစ်ပါတယ်။ အဆင်ပြေသလို ကြည့်ကျက်ဖတ်သွားတာပေါ့ :)

နွေးနေခြည် said...

ပစ္စုပ္ပုန်တည့်တည့်ရှုဖို့ကြိုးစား မယ်

Anonymous said...

ကိုသီဟ... ဟိုတစ်ခါ သူငယ်ချင်းရဲ့ မင်္ဂလာဆောင် သွားပြီးကထဲကိုက တရားရသွားတယ်နဲ့ တူတယ်။ ခုလည်း သူများကို တရားဟောနေတယ်။ ကောင်းပါ၏... လူပြိုကြီးပဲ လုပ်ပေါ့ငှယ်။ PS. ရေးတော့အမှန် ဖတ်တော့ အသံတဲ့... :P

MrDBA said...

ကိုသီဟ လူပျိုကြီး ... ဟီးဟီးဟီး (နာတိတယ်နော်)
စိတ်ဗျာ ညစ်ပါနဲ့။ ခင်ဗျားကမှ စိတ်ညစ်ရက်စာရေးဖြစ်သေးတယ်။ ကျဲပ်ဖြင့် ဘာမှထွက်မလာလို့ လေဘဲထိုင်ကန်နေရတယ်။ လက်ရှိဘဝမှာ ပျော်အောင်ကြိုးစားကြတာပေါ့ဗျာ နော့။

တီချမ်း said...

အင်းဖတ်မကောင်းဘူး
ဒီလိုလေ ကိုကြီးနဲ့တူဘူးရေးတာက
အကြောင်းအရာ က တော့ ကောင်းတယ်
စဉ်းစားစရာလေးတွေနဲ့

kaungkinpyar said...

ဘယ်လိုရေးရေး ဖတ်၏၊ ကိစ္စမရှိဘူး၊ ကိစ္စမရှိဘူး

tg.nwai said...

ဟုတ်တယ်ကိုသီဟရေ.. အတိတ်မှာ ပျော်စရာကောင်းခဲ့တာက သေချာတယ်လေ..အဲဒီတော့ အရင်ကလို လွတ်လပ်မှုမျိုးနဲ့ အရင်ကလို ပျော်ရွှင်မှုမျိုးတွေကို တခါတခါပြန်တမ်းတ သတိရရင်း အလွမ်းလည်းဖြေ..အမောတွေလည်းဖြေရင်းပေါ့လေ..။ အမြဲတမ်းအတိတ်ပြန်နေရင်တော့..ဟဲဟဲ..သူငယ်ပြန်တယ်ပြောကြမှာပေါ့..။ :)

ကိစ္စမီရှိဘူး..ကိစ္စမီရှီဘူး..( ကိုသီဟပို့စ်အသစ်တွေ ရေးဖို့ပဲ လိုတယ်.:)

Moe Cho Thinn said...

သီဟသစ်က ဘာရေးရေးပဲ ကောင်းတာပါ။ ကိစ္စမရှိဘူး၊ ကိစ္စ မရှိဘူး.. ရေးသာရေး။

လူတွေ အသက်ကြီးလာရင် အတိတ်အကြောင်းပဲ ဘာလို့ပြောကြတာလဲ ဆိုတော့ အတိတ်မှာ ပျော်ရွှင်ခဲ့ရတာ သေချာလို့တဲ့..

အဲဒါတော့ နာ့ကို စောင်းပြောတာပဲ။ အသက်ကြီးနေပြီလို့ ပြောတာ..ဒီဟာတော့ ကိစ္စရှိတယ်၊ ကိစ္စရှိတယ်။ :)

မိုးခါး said...

ဟီးဟီး
အင်းလေ
ကိစ္စမရှိတဲ့အချိန်မရှိဘူးပေါ့
ရှိတဲ့အချိန်လည်းရှိပြီပေါ့ :D

တလနွန် said...

တစ်သက်မှာ တစ်ခါပဲရတဲ့ အချိန်တွေတိုင်းကို တန်ဖိုးထားသင့်တရ်နော် စိတ်ညစ်နေရင်လည်း ဘာမှမထူးပါဘူးလေ တစ်သက်မှာတစ်ခါပဲ ရတဲ့
ဒီလို အချိန်တွေမှာ ဘလော့အိမ်တွေ လိုက်လည်
ရင်းနဲ့  ပျော်အောင်နေတော့မယ်
“ကိစ္စရှိပြီး”..Boss လာတော့မယ်
....

သက်ပိုင်သူ said...

တခါတလေ Pressure များရင် ဒီလိုဖြစ်သွားတတ်ပါတယ်..... စာတွေက အရင်လို ဖတ်ကောင်းနေဆဲပါ

Anonymous said...

အချိန်တိုင်းဟာ တစ်သက်မှ တစ်ခါပဲရတာ။ ဟုတ်ပါ့။ Stress လား။ ဒါလည်း တစ်သက်လုံးမှာ တစ်ခါထက်ပိုထပ်တူမကျပါဘူး။ လာပစေပေါ့။ နောက်တော့လည်း ... ကိစ္စရှိပြီပေါ့။ :D နောက်တာပါ။ ဖတ်လို့ကောင်းနေတာပါပဲဗျာ။

Anonymous said...

အခု ပစ္စုပန်ကလည်း နောင်တစ်ချိန် အတိတ်ဖြစ်သွားမှာပဲ ။ဒီစိတ်ညစ်စရာတွေကို အနာဂတ်တွေမှာ ပစ္စုပန်အဖြစ် ပြန်ပြောင်းသတိရပျော်ရွှင်မိအုံးမှာ ။

မေ့သမီး said...

တို့လည်း စာမေးပွဲဖြေရတော့မယ်။ ကိစ္စမရှိဘူး။ ကိစ္စမရှိဘူး။ အောင်စာရင်းထွက်မှပဲ ကိစ္စရှိတော့မယ်။

မဆုမွန် said...

အာရုံမရွှင်တုန်းရေးထားတဲ့ပို့စ်လေးပေမယ့် ဖတ်လို့ကောင်းတယ်..
ဘ၀တူတွေဖြစ်နေတယ် ထင်တယ်..ကိစ္စမရှိဘူး လေ။။

Phyo Maw said...

အဲလက်စ် သီချင်းပဲ သတိရမိပါတယ်

juli said...

ဓါတ်တော်ချိုင့်ရေတံခွန်က ဘယ်မှာရှိတာလဲ..မရောက်ဖူးဘူး..

ကိစ္စမရှိဘူး ရေးချင်တာသာရေး တို့လည်း မန့်ချင်တာမန့်မယ်.. အဲဒီအခါမှသာ ကိစ္စရှိပြီ လာမပြောနဲ့နော်..

flowerpoem said...

ကိုသီဟသစ် ဖတ်လို့ အဆင်ပြေပါတယ် ရေးသာရေး ဒါမှ စိတ်ရွှင်လန်းမှာ..

သီဟသစ် said...

>> နေညိုရင့်
post တစ်ခုလုံးကို တစ်ကြောင်းတည်းနဲ့ summarize လုပ်သွားတာ ကောင်းပါ၏..

>> မြစ်ကျိုးအင်း said...
ကြည်နူးစရာလေးတွေ ပြန်တွေးတွေးနေတာ များနေတာဗျို့

>>Rita said...
ခုအလယ်ရောက်တော့နေတာလားမသိ..

>>ကလူသစ် said...
ဟုတ်ကဲ့ပါ ကလူသစ်ရေ လိုတာလေးတွေ ကိုယ့်ဘာသာကိုယ်သာ ဖြည့်စွက်ဖတ်ပေးပါခင်ဗျာ.


>> နွေးနေခြည် said...
အဲလိုမနေနိုင်လို့ ကိုယ့်ကိုယ်ကို သတိပေးနေရတယ် နေခြည်ရေ..

>> မေဒီဇာ said...
ဘာ ရေးတော့အမှန် ဖတ်တော့ အသံတဲ့...
ဒီကောင်မလေးတော့ လူကြီးကိုနောက်သွားတယ်..


>> MrDBA said...
ကိုကြီးဒီဘီကလဲ မကြာမှီလာမည်မျှော်..
ကိုကြီးဒီဘီလေကန်တာတွေကို ပို့စ်တင်လိုက်လေ..


>> အန်တီချမ်း said...
အကြောင်းအရာ က တော့ ကောင်းတယ်
ဆိုရင်ပြီးတာပါပဲ တီချမ်းရေ..


>> kaungkinpyar said...
ကျေးဇူးပါ ကောင်းကင်ပြာရေ..

>> tg.nwai said...
မမtg ရေ.. သူငယ်ပြန်တဲ့ အဆင့်ထိတော့ မရောက်သေးဘူး သူကြီးပြန်တဲ့အဆင့်ပဲ ရှိသေးတယ် :D

>>Moe Cho Thinn said...
အစ်မချိုသင်းကို စောင်းမပြောပါဘူး။ ညီအစ်ကိုမောင်နှမ အားလုံးကို တဲ့ပြောတာပါ :D

>> မိုးခါး said...
ပြောတတ်ပါ့မိုးခါးရေ..


>>တလနွန် said...
Boss လာရင် ကိစ္စမီရှိဘူး ပြောလိုက်ပေါ့

>>သက်ပိုင်သူ said...
သပသရေ အိပ်ရေးပျက်တာတွေလည်းပါတယ်ဗျ လူမလန်းတာက.
Thanks..

>> uranusaquarian said...
မ၀ိုင်ချိုရေ ဟုတ်ပါ့ဗျာ.. Thanks..

>>မောင်မျိုး said...
ဟုတ်ကဲ့ပါ ကိုမျိုးရေ.. တရားလေးပြပေးပါ..

>> မေ့သမီး said...
အောင်စာရင်းထွက်တဲ့အခါလည်း အောင်တဲ့ကိစ္စပဲ ရှိမှာပါကွယ်..


>> မဆုမွန် said...
ဟုတ်ပါ့ မဆုမွန်ရေ stress ကိုလက်ဖက်သန့်သန့်နဲ့ပဲ သုပ်စားပစ်ချင်တယ်..

>> Phyo Maw said...
ဘာသီချင်းတုံးဟ ရေးသွားတာလည်းမဟုတ်

>> myo said...
မျိုးရေ
ဓါတ်တော်ချိုင့်ရေတံခွန်က ပြင်ဦးလွင် အနီးစခန်းနားမှာလေ တအားသာယာတယ်

မန့်ချင်တာမန့်ပါဗျာ ..ခွင့်ပြု၏ ခွင့်လွှတ်၏..

>> flowerpoem said...
ပန်းကဗျာရေ Thanks ပါဗျာ..

mgnge said...

ထွေထွေ ထူးထူး မပြောလို့ ..။
နေညိုရင့်ပြောသွားသည့်အတိုင်းနေလိုက်လျင် အလွန် တရာသင့်မြတ်မှန် ကန် ပါလိမ့်မယ်...။

Anonymous said...

အဲ့ပုံပြင်လေးကြားဖူးတယ်
ဝ ကိစ္စရှိပီ နင်လို့ဆင်းတော့လို့ ပြောတာ

Anonymous said...

စာဖတ်သူအကြိုက်ချည်းပဲ ရေးနေဖို့လည်း မလိုပါဘူး ကိုသီဟရာ ... ဒီလိုပဲပေါ့ တစ်ခါတစ်လေလည်း ကိုယ့်စိတ်ထဲရှိတာလေးလည်း ရေးပေါ့ .... စိတ်လည်းပေါ့တာပေါ့ဗျာ ... သူများမကောင်းကြောင်းရေးတာမှ မဟုတ်တာ ... ကိုယ့်အကြောင်းကိုယ်ရေးတာ အပြစ်ကင်းပါတယ် ... အားပေးတယ်ဗျို့ ... အမန့်နောက်ကျတာ စောရီး :D

သီဟသစ် said...

>> mgnge said...
ဟုတ်ပါပြီ ကိုကြီးမောင်ငယ်ရေ.

>> ရွာသားလေးဝိုင်တီယူ said...
ကိုဝိုင်တီယူရေ အဲလိုမျိုးဆို ပိုရီရမယ်ထင်တယ်.


April 23, 2009 12:03 PM


>>နေဒေးသစ် said...
နေဒေးရေ Thanks ပါ
အမန့်နောက်ကျတာ ကိစ္စ မရှိပါဘူး လာလည်စာဖတ်တာကို Thanks..

ဖိုးဂျယ် said...

အကိုစာတွေ သတိထား မိသလောက်တော့
bonus : တွေက အရမ်းကောင်းနေတယ် ဗျာ
သဘောကတော့ အပေါ်က စာက မဂွတ်ဘူး ဆိုပါတော့ :)နောက်တာနော် ခင်လို့ စတာ
အခုတလော လုံးဝ မအားလို့ပါ အကိုရေ

JulyDream said...

အတိတ်ဆိုတာ ချိုမြိန်တယ်လေ။ အဲဒါတွေက ပြန်မှ မရတာတော့လေ။ ဒါကြောင့် လွမ်းစရာတွေ အပြည့်ပါပဲ။ ဘောနပ်စ်က တရုတ်ကြီးရဲ့ ကိစ္စမရှိဘူးကို သဘောကျမိတယ်။ အဟား...

Welcome said...

သဘောကျ နှစ်ခြိုက်စွာ ဖတ်သွားတယ် ..
အားပေးနေပါတယ်။ ဆက်ရေးပါ

My Diary said...

ဘလော့ဖက်တာ MrDBA ပြောသလို ကြုပ်ကြည့်ဖက် သွားကြလိမ့်မယ်။
သူများသွားပြောမနေနဲ့ ကိုယ်လည်း မကြာခင် လက်ထပ် တော့မယ်ဟာကိုများ။
မီသိတာမှတ်လို့။

Anonymous said...

လူစုံတက်စုံပါလား.. ရောက်ပါကြောင်းအကြောင်းကြားပါတယ်.. ဘာကြောင့်ရေးရေး.. ဘာတွေရေးရေးဖတ်မှာပဲဂျာ.. ခွိ

LMO said...

ဓါတ်တော်ချိုင့် ရေတံခွန်ကို ကြုံပေမယ့် မရောက် ဖြစ်ခဲ့ဘူးဗျာ။ ပျော်စရာ အမှတ်တရတွေတော့ ဘာပဲဖြစ်ဖြစ် များပါတယ်။ ကိုသီဟသစ်ရေးတာ မှန်သမျှ ဖတ်လို့ ကောင်းတယ်ဗျာ။ ကိစ္စရှိပြီ ဆိုတာ ကြိုသိလို့ တော်သေးတာပေါ့ တရုတ်ကြီး။ :P

WWKM said...

လူတွေ အသက်ကြီးလာရင် အတိတ်အကြောင်းပဲ ဘာလို့ပြောကြတာလဲ ဆိုတော့ အတိတ်မှာ ပျော်ရွှင်ခဲ့ရတာ သေချာလို့တဲ့..

တီဝါကိုစောင်းပြောတာ ဟုတ်လောက်ပါဘူးနော်...
မောင်သီဟ စာရေးကောင်းပါတယ် ...
စိတ်ကူးပေါက်တိုင်းရေးပါ...
သူများကို မထိခိုက်ရင်ပြီးတာပဲလေ..

အားပေးလျှက်

တီဝါ

Anonymous said...

အခုမှ ရောက်ဖြစ်တယ်၊
ပျော်စရာကောင်းတဲ့ ပတ်ဝန်းကျင်လေးကို
လာကြည့်သွားတယ်၊
စကားလုံးတွေထဲမှာ စဉ်းစားစရာလေးတွေ ပါပါတယ်လေ၊
ကိစ္စမရှိပါဘူး၊ ရေးပါ။ :)

သီဟသစ် said...

>> ဖိုးဂျယ် said...
ဒီ ကဖိုးဂျယ်လေး အမှန်တွေ ပြောသွားတယ် နော်.

>>JulyDream said...
ဟုတ်ပါ့ ကိုJuly ရေ ပျော်ရွှင်စရာ အနာဂါတ်လေးများရော အမြဲပိုင်ဆိုင်ပါစေဗျာ..

>>Welcome said...
ကိုဝင်းဇော်ရေ.. ကျေးဇူးပါ.

>> My Diary said...
ဒိုင်ယာရေ.
ဘလော့ဖတ်တာကတော့ ဟုတ်တယ်
လက်ထပ်တဲ့ဟာတော့ ဒိုင်ယာပြောတာ နောက်ကျသွားပြီ..


>> Craton said...
အေးပါ ကြယ်လေးရယ်

>> ဝလုံးဝိုင်းဝိုင်း said...
ကိုဝလုံးရေ ကျေးဇူးပါဗျာ..

>> နန်းဝါ၀ါမောင် said...
မမ၀ါကို စောင်းမရေးပါဘူး။ မမ၀ါ က အရင်ကလည်းပျော် ခုလည်းပျော် နောင်လည်းပျော်နေမှာ ကြီးကို


>> အပြုံးပန်း said...
ဟုတ်ကဲ့ မင်္ဂလာပါ ဆရာမ ရေ..

Lu Pyo Gyi said...

ဓာတ်တော်ချိုင့်တော့ လက်လန်တယ် အမြဲတမ်းချော်လဲတယ် သွားတုံးတော့ ပျော်နေတာပဲ ပြန်ရောက်ရင်တော့ ပင်ပန်းလိုက်တာလွန်ရော။

ဟင်္သာဂူသွားချင်တယ် ပထမတစ်ခုသွားတော့ လမ်းတွေက အခုနောက်ပိုင်းလို ပြင်မထားတော့ သဘာဝကျောက်တုံးတွေဗျ နောက်ဆုံးမောလွန်းလို့ လေးဘက်ထောက်ကို တက်ယူရတော့တယ် ဟေးဟေး။ ဘုရားသွားလှူတော့လည်း တစ်တန်းလုံးသွားတာ ပျော်စရာကြီး။ အခုတော့ကွယ် ငိုချင်တယ် :'(

(မျက်ရည်များ ဘူးသီးလုံးလောက် ကျသွားသည်)

သီဟသစ် said...

>>Lu Pyo Gyi said...
ဟုတ်ပါ့ လူပျိုကြီးရေ ဓါတ်တော်ချိုင့် ကတော့ သွားတိုင်းချော်လဲတယ် မိုးရွာနေရင်ပေါ့.

ဟင်္သာဂူ ထူးမတောင် လွမ်းပဗျာ..

မျက်ရည်ဘူးသီးလုံးတော့ မလုပ်နဲ့လေ..
ကျောင်းကြီး ရေမျောသွားလိမ့်မယ်..

တားမြစ် ထားသော... said...

ကိစ္စမရှိဘူးတောင် သိပ်မပြောရဲတော့ဘူး...း)

သုခမိန်(E-Journal)