Thursday, April 2, 2009

ဝိုင်းဝိုင်းလည်

သီဟသစ်တို့များ ခုတလော ၀ိုင်းဝိုင်းကိုလည်နေ၏။ (ကောင်မလေးတွေ ၀ိုင်းနေတာဆိုရင် ဘယ်သူမှ ယုံမှ မဟုတ်တဲ့ အတူတူ မပြောတော့ပေ။) ဂျာဂျာက ၂ ယောက်၊ ကိုဆန်းတင့် ကတစ်ယောက် အလှည့်ကျ လာလာပြီး သူတို့project တွေပြီးပြီလား လာလာမေးကြ၏။ ဒီကြားထဲ ဦးဘောဂကလည်း လာလာချက်သေး၏။ ဂျပန်နဲ့ အမေရိကန် လှေလှော်ပြိုင်တဲ့ပုံပြင်ပဲ သတိရသေးတော့။

ဂျပန်နဲ့ အမေရိကန် လှေလှော်ပြိုင်တော့ လှေထိုးသား၁၀ ယောက် ကြီးကြပ် ၁ ယောက် ကိုယ်စီ ပါသောလှေချင်းပြိုင်ကြသည်။ အမေရိကန် ရှုံးသည်။ အမေရိကန်တို့ ဒါ management လိုနေတာ ဆိုပြီး လှေထိုးသား ၁ ယောက်လျှော့ ကြီးကြပ်တစ်ယောက်တိုး လှေထိုးသားတစ်ယောက်လျှော့ထပ်ပြိုင်သည်။ ရှုံးပြန်သည်။ ဒီလိုနဲ့ ကြီးကြပ်တွေ တိုးတိုးလာတာ လှေထိုးသား ၁ ယောက်ပဲ ကျန်တော့သည် အထိတဲ့။ အေးရော..။

သီဟသစ်ကမှ နည်းနည်းတော်သေးသည်။ 1 manager per 1 project မို့လို့။ သီဟသစ်တို့ ရုံးအဖွဲ့ထဲက (မြန်မာ) programmer အစ်မတစ်ယောက်က ပိုဆိုး၏။ 2 managers per 1 project ဖြစ်နေ၏။ ဘယ်သူ့ instruction ယူရမှန်းမသိ။ တစ်ယောက်ကပြင် တစ်ယောက်က မပြင်နဲ့အုံး နဲ့။ သူငယ်ချင်း ကွန်ပြူတာ ဆရာမ ပြောတာ သတိရသွားသည်။

သူတို့နယ်ဘက်မှာ တပ်ထဲက PowerPoint လုပ်ဖို့ အကူအညီတောင်းလို့ ကျောင်းသား ၁ ယောက် လွှတ်ပေး၏။ စစချင်း ကျောင်းသားလေးကို တစ်ယောက်က ဘယ်လိုလုပ် ပြောပြီးထွက်သွားသည်။ အဲဒီအတိုင်းလုပ်နေချိန် နောက်တစ်ယောက် ၀င်လာသည်။ ဟိုလိုလုပ်လို့ မှာသွားပြီး ထွက်သွားပြန်သည်။ ပထမတစ်ယောက်ဝင်လာတော့ ငါပြောတဲ့အတိုင်းမလုပ်ဘူးလား ဆိုပြီး ဟောက်သွားပြန်ရော။ နောက်တစ်ယောက်ပြန်ဝင်လာတော့လည်း အဲဒီအတိုင်းပေါ့လေ။ ကျောင်းသားလေးက power ဘယ်သူက သာလည်းကြည့်တယ် ၂ ယောက်လုံး ပခုံးမြင်းခွာ ကြယ်၂ပွင့် ကိုယ်စီနဲ့ တူတူဆိုပဲ။

ခက်ဆစ်။ ။
၁) ဂျာဂျာ (ဘာဘာ့အစ်မတွေ မဟုတ်) manager
၂) ကိုဆန်းတင့် consultant (irrawaddy magazine ထွေရာလေးပါးမှ ယူသုံးသည်)
၃) ဦးဘောဂ Boss

P.S
၁) ဒီနေ့ City Hall မှာ ငါးရံ့အူနဲ့ စားတာ ဓနုဖြူဒေါ်စောရီဆိုင်ကို တော်တော်သတိရ သွား၏။ တူလို့တော့ မဟုတ်။ တခြားစီမို့။

၂) ဒီနေ့ Client site သွားပြီး client site ကလည်း သူ့အရင်က လူက လွှဲသားလွှဲခဲ့တာ သေချာပြောပြမသွားကြောင်းပြောသည်။ ၂ ယောက်သား အာဇာနည် သီချင်း တူတူဆိုခဲ့ကြ၏။
(hints: သီချင်း quiz : work)

26 comments:

strike said...

ဟ ဟ ဟ....စကားလုံးအသစ်တွေပဲ

:P said...

နောက်ထပ်လာချင်လာပါ.. မထူးဆန်းတော့ပါ.. နှလုံးသားထဲမှာ ... ဒီဒဏ်ရာတွေဟာ... ဝတ်၇ှိသ၍သာ... ခံစားခဲ့ရတာ ..ဘယ်သူ့ကိုမှလည်း အပြစ်မတင်ရက်ပါ

Anonymous said...

ဪ... တိပီ တိပီ
အညီအမျှချစ်တယ် ဆိုတာ သူတို့ကို ပြောတာကိုးးးး
၁) ဂျာဂျာ (ဘာဘာ့အစ်မတွေ မဟုတ်) manager
၂) ကိုဆန်းတင့် consultant (irrawaddy magazine ထွေရာလေးပါးမှ ယူသုံးသည်)
၃) ဦးဘောဂ Boss

Anonymous said...

ကိုသီဟတို့များ ၃ ယောက်တောင် လက်မလည်ရှာဘူးနော့ ခိခိခိ :P

yehtutnaung said...

အလုပ်နဲ့  ပတ်သက်ရင် မပြောတော့ဘူး.. ဒီ link ပဲ ကြည့်လိုက်တော့.. http://www.youtube.com/watch?v=1lqxORnQARw
မငိုနဲ့ ..

စိတ်စမ်းရေ said...

များလှချည်လား သူငယ်ချင်း...။အသစ်တွေပါလား.....။

Phyo Maw said...

ခက်တော့ခက်နေပြီ တာကိုးရေ... :D

Phyo Maw said...

ပုံ
အကျိုးမမျှော်တဲ့ ဖြိုးမော် (ခ) ဖျော်မိုး။

ဘာတွေတုန်း said...

ဘာဘာ့နာမည် တွေ့မိသလိုပဲနော် :)
နာမည်သုံးခ လာတောင်းတာ..ဟိဟိ

ကြယ်ပြာ said...

အစ်မကတော့ ဂျာကြီး လို့နာမည်ပေးထားတယ် ...
လက်ရှိအလုပ်ထဲကလူတွေအားလုံးကိုလဲ မြန်မာနာမည်တွေပေးပြီး ပေါ်တင်အတင်းတုပ်တယ် ဟီး ... အားနေ ထပ်ပြီး အားစိုက်ထုတ်ပါဦးဆိုတဲ့မေးလ်ကို အားစိုက်မထုတ်ရပဲရေးနေတဲ့ ဂျာကြီးကို အမြင်ကပ်လိုက်တာ .....

မမtg said...

tg: ကိုသီဟရေ..လာလည်ဖတ်ပြန်သွားပါတယ်..ဂျာဂျာကိုတော့ သိတယ်.. ကိုဆန်းတင့်ကိုတော့မသိဘူး..ဟဲဟဲ

kiki said...

kiki: အညီအမျှချစ်တဲ့သီဟသစ်ရေ ။ကိုဆန်းတင့်ကိုတော့နဲနဲပိုချစ်လိုက်နော်...ဒါမှ .အဟိ..

mgnge said...

http://www.youtube.com/watch?v=awwZjG9S3Jc&feature=related


ကို သီဟ လားလို့ သွားကြည့်လိုက်ပါဦး..။
ဒါနဲ့မေဒီ မေးထားတာ ဟုတ်လား...?

မိုးခါး said...

ဝိုင်းဝိုင်းကိုလည်နေရောပဲနော် ..း)

Htoo Aung Lwin said...

ဝိုင်းဝိုင်းလည်ပဲလား စိုးမိုးကျော်က ဘယ်ရောက်သွားလဲ

နွေးနေခြည် said...

ကိုဆန်းတင့်တဲ့ ... အဟိ ... ဒီ အသုံးအနှုန်းနဲ့ ပတ်သက်နေတယ်။

ဒီတခါ သီချင်းက အဖြေမပါတော့လို့ မဖြေတော့ဘူး။

Anonymous said...

နာမည် အဆန်းတွေ မှတ်သွားတယ်း)

တလနွန် said...

လာလည်ပါတယ်ဗျို့  ဂျာဂျာ ကိုဆန်းတင့် ဦးဘောဂတဲ့
ဟဲဟဲ မှတ်သွားပါတယ်
(မလေးရှားတရုတ် Supervisorတစ်ယောက်ကို မြန်မာအလုပ်သမားတွေက နဂါးတဲ့ )ဘာကြောင့်ခေါ်မှန်းတော့မသိ.....

သဇင်ဏီ said...

ဝိုင်းဝိုင်လည်ဆိုတော့ ထီများရောင်းနေပီလားလို့
လတ်စသတ်တော့ ဗုံတီးနေတာကိုး :D
အလုပ်တွေရူပ်.. အရူပ်တွေလုပ်နေတဲ့ ကိုသီဟသစ် အားလုံးအဆင်ပြေပါစေ..

flowerpoem said...

ဝိုင်း၂လည် (အကြွေးတွေ) မဟုတ်ရင်တော်သေးတာပေါ. ကိုသီဟသစ်ရယ် (နောက်တာနော်) အားလုံး အဆင်ပြေပါစေကိုသီဟသစ်

JulyDream said...

ကိုဆန်းတင့်ကို ဘာလဲဆိုတာ အတော်လေး စဉ်းစားလိုက်ရတယ်။ အခုတော့ ကျွန်တော် သိပြီ။

khet myint myint said...

cbox တရာ comment တခု ဆိုတဲ့ကို ဖတ်မိလို့ ကွန်မန့်မှာဝင်ရေးလိုက်ပါပြီ။ ပိုစ့်အသစ်တွေ အကုန်အစင် လာဖတ်သွားတယ် ကိုသီဟ။

Sein Lyan Tun said...

လေ့လာမှတ်သားသွားပါတယ် ကိုဆန်းတင့် နဲ့ ဂျာဂျာကို
ခင်မင်လေးစားရပါသော
ဖိုးစိန်

သီဟသစ် said...

>>strike said...
စထရိုက်ကို မမီသေးပါဘူးဗျာ

>> sin dan lar said...
ဆင်ဇာနည် လုပ်သွားတာပေါ့လေ

>> မေဒီဇာ said...
ဒီဒီရေ အညီအမျှဘယ်သူ့ကို ချစ်သလဲဆိုတာ ပြောလိုက်တော့မှပဲ

>>နေညိုရင့် said...
အဲဒီ link တွေမိုက်တယ်


>>စိတ်စမ်းရေ
သူငယ်ချင်းဆီက ယူရအုံးမှာပါဗျာ


>> Phyo Maw
အကျိုးမမျှော်တဲ့ ဖြိုးမော်
လေးရေ ဒီလိုပါပဲကွယ်

>> ဘာတွေတုန်း said...
ဘာဘာရေ subway ကြိုက်လား McDonald ကြိုက်လား စားထားနှင့်နော်

>> ကြယ်ပြာ said...
ဂျာကြီး လို့ ကျွန်တော်လည်းခေါ်တယ်
တူပါ့ အတင်းတုပ်တာရော အမြင်ကပ်တာရော :P

>>မမtg said...
:D

kiki said...
ကိုဆန်းတင့်က ဘာမှမတတ်ဘူးဗျ လူကိုတွန်းဖို့ပဲသိတာ

>>mgnge said...
youtube ထဲက အတိုင်းပဲ
ဒီဒီမ လျှောက်ပြောသွားတာလေ


>>မိုးခါး said...
ဒီလိုပါပဲကွယ် စွံတာလည်းမဟုတ်


>>ခရောင်းလမ်း said...
စင်္ကာပူမှာ မြန်မာထီဆိုင်ဖွင့်တော့မယ်

>>နွေးနေခြည် said...
ဒီ အသုံးအနှုန်းနဲ့ ဘယ်လိုပတ်သက်နေတာလဲ

>>မောင်မျိုး said...
ကိုမောင်မျိုးဆီက စကားလုံးတွေ လည်းလာမှတ်နေတာ


>>တလနွန် said...
နဂါးကိုလည်းမှတ်ထားပြီ

>> သဇင်ဏီ said...
ပေးတဲ့ဆုနဲ့ပြည့်ရပါစေ သဇင်ရေ

>> flowerpoem said...
အလုပ်ကြွေးတွေဗျ ပန်းကဗျာရ
ပေးတဲ့ဆုနဲ့ပြည့်ရပါစေဗျာ

>> JulyDream said...
ကျွန်တော်လည်း irrawaddy မှာ ဖတ်ထားလို့ပါ

>> khet myint myint said...
ညီလေး စာတွေ အကုန်ဖတ်သွားတယ်ဆိုလို့ ကျေးဇူးပါကွာ။

အားလုံး Good Luck , Thanks

MrDBA said...

အဆင်ပြေသွားလိမ့်မယ် ..နောက်ဆို ဒူပေဒါပေခံနိုင်သွားမယ်။

မမသီရိ said...

တပ်သားငါးရာ ဗိုလ်တစ်ထောင်ဆိုတဲ့
မြန်မာစကားပုံလေးလဲ ပြေးသတိရသေး..း)
အေးနော်.. ကြုံဖူးတယ်..
ဂျပန်နဲ့ အမေရိကန် လှေလော်ပြိုင်တာကတော့ဗဟုသုတအသစ်...း)
ရှာရှာဖွေဖွေ.. ရီစရာလေးတွေ ကြံဖန်ရှားပေးတာ ကျေးဇူးတင်မိရဲ့