Thursday, April 9, 2009

P for Philippino Food

ခုရက်ပိုင်း အလုပ်နည်းနည်းများနေလို့ စာအသစ်မရေးဖြစ်တာနဲ့ phyo ဆီက idea ယူပြီး အစားအသောက်ပုံပဲ တင်လိုက်ပါတယ်။

ဒီမှာ စားရတဲ့ အစားအသောက် တော်တော်များကို မကြိုက်ပါဘူး။ 2 meats 2 vegetables ဆိုင်တွေဆို ဟင်းချက်တော်တော်ညံ့ပါတယ်။ ကန်စွန်းရွက်ကြော်ဆို သီဟသစ်တို့ မျက်စိမှိတ်ကြော်တောင် ကောင်းသေးတယ်။ သူတို့က ဘယ်လိုကြော်မှန်းမသိ စားကိုမရဘူး။ မြန်မာဆိုင်တွေ သွားစားတော့လည်း မြန်မာစာ စစ်စစ်လို့ကို မခံစားရဘူး။ ကပြားစာ လို့ပဲ ခံစားရတယ်။ ပေါ့ရွှတ်ရွှတ်နဲ့။

ကဲပါလေ စကားရှည်နေတာနဲ့ လိုရင်း မရောက်တော့ဘူး။ ရုံးနားက Koufu မှာ နေ့တိုင်းစားဖြစ်တဲ့ဟင်းလေး တွေ တင်ပေးမယ် စိတ်ကူးပါတယ်။ Philipino တွေဖွင့်ထားတဲ့ Western Food ဆိုင်ပါ။ အဲဒီဆိုင်လေးကတော့ ဒီ SG မှာ သီဟသစ် စားလို့ အဆင်ပြေတဲ့ အထဲမှာ ပါတယ်။ သူတို့ဆိုင်မှာ Philippino Food တွေလည်း တစ်နေ့ကို တစ်မျိုးထည့်ရောင်းပါတယ်။ စားကြည့်တော့ မဆိုးဘူးဗျ။ တစ်ချို့ဟင်းတွေက မြန်မာ အစားအစာတွေနဲ့ တော်တော်ဆင်တယ်။ ဒီဟင်းနာမည်တော့ မေးထားပေမယ့် မေ့သွားလို့ နောက်နေ့မှ ထပ်ဖြည့်ပေးပါမယ်။ (ဖုန်းနဲ့ ရိုက်ထားတာမို့ သိပ်မကောင်းပါ)



ဆိုင်က Eunos Link နဲ့ Khaki Bukit Avenue 1 ထောင့်က Koufu ထဲမှာပါ။ နေ့လည် 1နာရီ ပတ်ဝန်းကျင်လောက် အဲဒီဆိုင်ရှေ့မှာ အသားဖြူဖြူ ခပ်ချောချော လူတစ်ယောက် ရပ်နေတာတွေ့ရင် သီဟသစ် လို့သာ လှမ်းခေါ်လိုက်ပါ။ ဟိုတစ်ယောက်က No lah လို့ပြန်ပြောပါလိမ့်မည်။

P.S : အရင်ပို့စ်မှာ ကူဆုတောင်းပေးသွားသော မန့်သွားသော သူငယ်ချင်းအားလုံးကို ကျေးဇူးတင်ပါသည်။ ဆုတောင်း ၁ ကို တကယ်ကို ပြည့်ချင်နေပါသည်။

Bonus:
သူများဘလော့တွေထဲကို လိုက်လည် နူတ်ဆက်တဲ့အခါ
ဘလော့တွေကို လိုက်လည်ရင်း တစ်ချို့ဘလော့ဂါတွေကျ ယောက်ျားလေးမှန်း မိန်းကလေးမှန်းမသိတော့ မှားခေါ်မိရော။ တစ်ချို့ကျတော့ ကို့ထက် အသက်ကြီးမှန်း ငယ်မှန်းမသိတော့ ကိုတပ်ခေါ်လိုက်ရော။ ဘာကိုသွားသတိရလဲဆိုတော့ ဟိုအရင်ဖတ်ဖူးတဲ့စာလေး သတိရတယ်။ ရွာတစ်ရွာမှာ ဇာတ်လာကတော့ မင်းသားလေးကို နားတဲ့အချိန် ရွာက အမျိုးသမီးတွေက သွားနှုတ်ဆက်ကြတာပေါ့။ အစ်မကြီးအရွယ်တွေက မောင်လေးရေ မမပြန်ပြီဟေ့တဲ့။ အမေအရွယ်တွေက သားလေးရေ အမေတို့ပြန်တော့မယ်ဟေ့။ မင်းသာလေးကလည်း “ဟုတ်ကဲ့ မမ မေမေ နောက်လည်း လာလည်ပါခင်ဗျာ” ပေါ့။ အဲဒါကို ကြားကြားနေတဲ့ ဘကြီးတစ်ယောက်က သူလည်းနှုတ်ဆက်ချင်လာတယ်။ အဲဒီတော့ “ငါ့သားရေ အဘပြန်ပြီဟေ့”တဲ့။ အဲဒါကြားတော့ ဇာတ်မင်းသားလေးက “ခင်ဗျားကြီးဘာသာ ခင်ဗျားကြီး ပြန်ချင်ပြန် မပြန်ချင်နေ” တဲ့။ အဲလို သွားပြောမှတော့ အဲလို ပြန်ပြောခံရတာတောင်နည်းသေး :P

26 comments:

Anonymous said...

ဟီးဟီး ... ခေါ်ချင်သလိုခေါ် ... ကို တပ်ခ်ါလည်း ငါတော်တော်ရင့်ကျက်လာပါလားလို့ တွေးတယ် .. မောင်လေး ခေါ်လည်း ငါ ကလေးလေးပဲ ရှိတေးတာ လို့ ထင်မိတယ် ...တစ်ခုတော့ရှိတယ် ... ဂေါက်လေးလို့ တော့ ခေါ်နဲ့ ... :D ကျပ်ပြည့်တယ်ဗျ ... နဲနဲ ချောင်ယုံလေးလောက်ပဲ ရှိတာ ဒါတောင် ဟိုတစ်နေ့က မူလီတစ်လုံးပြုတ်နေတာ ပြန်မကျပ်ရသေးလို့ :D

တီချမ်း said...

အဲဒီ ဖဦးထုပ် ဟင်းက ရန်ကုန်က ဖိုးတူးဝမ်း မှာလဲရတယ်
ဝက်နဲ့ အာလူးနဲ့ ပဲနဲ့ရောထားတာ
မြန်မာ ဆီပျံနဲ့ နည်းနည်းဆင်တယ်လေ
ရန်ကုန်က ဟာကတော့ စားလို့ဖြစ်တယ် ကောင်းတယ်
စလုံးတော့ လာမှမြည်းတော့မယ်နော်
ဖြူဖြူကောင်လေးတွေ့ရင်လှမ်းခေါ်မယ်

Anonymous said...

မိန်းခလေးခေါ်တာကို ပိုသဘောကျတယ်လို့ တစ်ခါထဲ ပြောလိုက်တာမဟုတ်ဘူး။ ဆုတောင်း ၁ ပြည့်ဝနိုင်ပါစေလို့ ထပ်မံ ဆုတောင်းပေးလိုက်ပါတယ်။။။ (ဘာဆုတောင်းမှန်းတောင် မသိတော့ပါ။) :P

tune said...

တခြားဟာ မစားချင်ဘူး။
ပြောင်းဖူး စားချင်နေတယ် :P.
အစ်ကို မဟုတ်ဘူး အစ်မ နော်။
(အစ်ကိုလို့ ခေါ်လဲ ဖြစ်ပါတယ် )
၇နှစ် ကြီးတယ် ထင်တယ်။
tune လို့ ခေါ်တာ အဆင်ပြေပါတယ်။
ကိုယ်တို့ အမျိုးတွေက အဲလိုပဲ။
ရှေ့က မ .. ကို ... မတတ်ဘဲ ခေါ်တတ်ကြတယ်။

tg.nwai said...

bonus ဖတ်ပြီး ရီသွားတယ် ကိုမောင်သီဟရေ.. သိပါတယ်ကွယ်..ဆယ်စုနှစ်နဲ့ချီပြီး ငယ်နေမှာကို..ကျွဲမြီးတိုနေလို့လားများလားမသိ..အဟဲ..

ချစ်ခင်လျှက်
TT tg

Sein Lyan Tun said...

ပြောင်းဖုးကိုပဲစားသွားတယ်
ပြောင်းဖူးကို ဖုတ်ဖုတ်
ပြုတ်ပြုတ်
ကြော်ကြော်
ကြိုက်တယ်
Bonus လေးကိုသဘောကြစွာရယ်မောသွားတယ် ကိုကိုသစ်ရေ...

khin oo may said...

ဟင်း နဲနဲ စားချင်လို့ မျှပေးပါ။

Phyo Evergreen said...

အစားနည်းလှချေလား.. ဟုတ်ပါ့ဗျာ အပြောခံရတောင်နည်းသေး.. ။ ဖြူဖြူကောင်လေး??

Welcome said...

ဗိုက်မ၀ခဲ့ဘူး .. ..

ကိုယ်တို့က အလှစားမဟုတ်ဘူး

အ၀စားတာကို နှစ်သက်တယ်။

ဆင်ဆင်ပြေပါစေ

နွေးနေခြည် said...

ဒီက eating house တွေက တရုတ်ဟင်းတွေ ညံ့တယ်ဆိုတာ အပြည့်အ၀ထောက်ခံပါတယ်။ ဖဦးထုပ် ဟင်းတော့ စားဖူးဘူး။
ဆုတောင်းပေးထားတယ်နော် မပြည့်ရင်တော့ အတိတ်ကံလို့သာ မှတ်လိုက်ပါတော့လေ...

Phyo Maw said...

wo ဆို အမောင် နဲ့ မမ တပ်ခေါ်တယ်။ ကြီးကြီးငယ်ငယ် မသိပါကွယ်။

juli said...

ဒီ Philippino food မစားဖူးသေးဘူး..
နောက်ကြုံရင်စားကြည့်ဦးမယ်..

မိုးကောင်းသူ said...

ရှယ်တွေ စားနေပါလား။ :)

yehtutnaung said...

ကိုသီဟသစ်ရေ.. လာစား အဲ လာ ဆုတောင်းသွားပါတယ်။ ပြည့်ချင်တဲ့ဆုနဲ့  အမြန်ဆုံး ပြည့်ပါစေလို့ ။ :P
ဘောနပ်စ် ဖတ်၊ ရီ၊ ပြန်သွားပြီ။

တလနွန် said...

ဖဦးထုပ် ဟင်းကို မစားဖူးသေးဘူး
တရုတ်ဆိုင်က ဟင်းတွေနဲ့  နှစ်ပါးသွားနေရတာပျင်းလို့ 
ဆိုပြီး ကုလားဆိုင်က ဟင်းတွေသွားစားမိတာ တစ်ရက်နဲ့ ကျွတ်သွားတယ် ဖဦးထုပ်ဟင်းကို စားကြည့်အုံးမှ ...???????

ဂျူနို said...

ခက်ပါလား ကိုသီဟရယ်။
ထမင်းတစ်လုံးလောက်တည်ပြီး ဟင်းလေးဘာလေး ချက်စားပေါ့။
ကြက်သားကို ပြုတ် ခရမ်းချဉ်သီးလေး သခွားသီးလေးနဲ့ သုတ်။
ညီမလေးကတော့ အရမ်းဗိုက်ဆာတဲ့ချိန်ကလွဲလို့ သူတို့ ဟာတွေ မကြိုက်ဘူး။
ဆားကလည်းငန်။ အဆီကလည်းများ။
နေ့ လည်စာ အသီးလေးဘာလေးစားလိုက်တယ်။
ညီမလေးလို့ ခေါ်နော်။

ညီမငယ်လေး
အယ်ဇီ

မေ့သမီး said...

တခါမှ ဖဦးထုပ်ဆိုင်တော့ သွားမစားဖြစ်သေးဘူး။ အခုလို သိထားရတော့ သွားစားလို့ရတာပေါ့။ ကျေးဇူး။

:P said...

သာမီးကလေ... ညီမလေး အယ်ဇီထက်ငယ်တယ်...
သာမီးကို သာမီးလို့ပဲ ခေါ်နိုင်ပါတယ် ရှန့်

Rita said...

ရပါတယ် မမပဲခေါ်

အစားအသောက်ကတော့ ကိုယ်လဲ နေ့လည်စာစားချိန်ဆို ငိုပဲငိုချင်တာ။

မလိခ said...

philippino food မစားဖူးလို့ နည်းနည်းမြည်းကြည့်သွားတယ်... စားလို့လဲကောင်းဘူး (တကယ်မှ မစားရဘဲကိုး...ငှဲငှဲ)
ပြည့်ချင်တဲ့ဆုတောင်းတွေ ပြည့်ပါစေဂျာ...(ဘာဆုတောင်းလဲတော့ မမှတ်မိတော့ပါ...)
နာမည်က `မ´တပ်လို့ လူကြားမကောင်းတဲ့နာမည်မို့ ခပ်ရင့်ရင့်နဲ့ မလိခ လို့ပဲ ခေါ်ပစ်လိုက်... စိတ်ဆိုးတတ်ဘူး...

mgnge said...

ဒီနာမည်တော့ မမှားလောက်ပါဘူးနော်..။ :D
အကိုလားညီလားကတော့ ဟိုတစ်လော ကမှမွေးနေ့ 
ဆိုတော့ သိမယ်ထင်ပ့ါ..။

အစားအသောက်ကတော့ မပြောတတ်လို့ မပြော တော့ဘူး..။

အဆင်ပြေ ပါစေလို့ ပဲဆုတောင်းပါရဲ့...။

kiki said...

မြေးလေးသီဟ လို့ ခေါ်ရင်ကောင်းမလား..စဉ်းစားနေဆဲပါ ။အတည်မပြုရသေးလို့  ပြင်ဆင်ခွင့်ပေးထားတဲ့ အချိန်အတွင်း လာရောက်ပြင်ဆင်နိုင်ပါတယ်။
ပုံ....ဖွားဖွား

ရွှန်းမီ said...

:-) ကိုသီဟသစ်က ဖွားဖွား ဒေါ်ဒေါ်တွေ ခေါ်ချင်နေပုံရတယ်..
ကိုသီဟသစ် ကြည့်ရတာ ညီမထက် အသက်ကြီးမယ် ထင်လို့ ကိုတပ်ခေါ်တာပါ .. တချို့ လည်း အသက်မသိရင် လေးစားသောအားဖြင့် ကို၊ မ၊ တပ်ခေါ်ပါတယ်..
အဲ့ဒါကြောင့် နာမည်မှာ မ တပ်ခေါ်တာ စိတ်မဆိုးပါဘူး..
မ မတပ်လည်း မလေးစားဘူးလို့ မထင်တတ်ပါဘူး..
peace!

flowerpoem said...

မစားဘူး တကယ်စားရမှစားမယ် ကိုသီဟ :P

ဖိုးဂျယ် said...

ဟုတ်ပါ့ ကိုသီဟသစ်ရေ
ဒီက ဟင်းတွေက ပေါ့ရွှတ်ရွှတ်တွေ မစားတတ်ပေမဲ့လဲ
စားနေရတာပါပဲ ဒါလေးပဲရှိတာကိုး

Wai Lwin Zaw said...

ဟို တစ်နေ့ကတင် C-Box မှာ အစ်ကို လို့လာခေါ်သွားသေးတယ်။ Profile မှာရေးထားလျက်နဲ့။ နာမည်ကိုကလည်း ယောက်ျားလိုလို မိန်းမလိုလို ဖြစ်နေတာကိုး။ :(