Monday, April 27, 2009

သီချင်း Quiz : ဧည့်သည်

ယခင် Quiz များ
၁) သီချင်း Quiz: Exam
၂) သီချင်း Quiz : Work

Quiz လေးတွေ မတင်ဖြစ်တာ ကြာလို့ အသစ်လေးတင်လိုက်ပါတယ်ဗျာ..
၁) လကုန်ခါနီး ၂၄ ၂၅ လောက် လခကလည်း မ၀င်သေးဘူး၊ ပိုက်ဆံကလည်း လကုန်ထိပဲ ကွက်တိ ကျန်တဲ့ အချိန် လာလည်တဲ့ သူငယ်ချင်းကို ဆိုပြရမယ့်သီချင်း...
(စိုင်းထီးဆိုင် ဆိုထားတာ)

၂) သူငယ်ချင်းက အဲဒါကို မသိချင်ယောင်ဆောင်ပြီး ငါ့ကို Burger လိုက်ကျွေး (သို့) ဘီယာ လိုက်တိုက်ဆိုရင် ဆိုရမယ့် သီချင်း.....
(လေးဖြူဆိုထားတာ)

၃) သူငယ်ချင်းက သဘောပေါက်သွားပြီး ဘာမှ မကျွေးခိုင်းတော့ဘဲ စိတ်မဆိုးဘဲ ပြန်သွားရင် ဒီသီချင်းလေး ဆိုပြလိုက်..

အဖြေတွေကို White color နှင့်ရေးထားပါမည်။

Bonus:
တစ်နေ့ Orchard လမ်း တစ်နေရာဝယ် လမ်းလျှောက်နေစဉ် ၀င်းတစ်ဝင်းအတွင်းမှ အစပြုကာ ပလက်ဖောင်းပေါ်မှ ကျော်၍ ရေများ စီးနေသည်ကို သတိထားမိလေသည်။ ဟာ ဒီနေရာက ရှင်ကျာပူနဲ့ မတူသလိုပဲဟ ဆိုပြီး ရေများစစီးလာရာ နေရာကို ကြည့်လိုက်သောအခါ ..

ဒီနေရာ မှာ ဖတ်ဖူးတဲ့ဟာသလေးကို သတိရ၏။ ဂိုဘာချော့တို့ခေတ်ကဖြစ်သည်။ အမေရိကန်သမ္မတ ရှရှားကိုလာလည်သောအခါ ဒီမှာ အရက်သမားတွေ များတယ်ဆိုတာ ဟုတ်လား လို့မေးသည်။ ရုရှားသမ္မတက အရက်သမားတွေ တွေ့ရင် ပစ်ခဲ့လို့ ပြောပြီး ရုရှားလုပ် သေနတ်တစ်လက်ပေးလိုက်သည်။ အမေရိကန်သမ္မတက လမ်းပေါ်မှာ မူးနေသမျှလူ အားလုံးကို လိုက်ပစ်သည်။ ကြည်ဆံတွေသာ ကုန်သွားသည်။ လူကမကုန်သေး။ ရုရှားသမ္မတက အမေရိကန်ကိုပြန်လာလည်သည်။ အမေရိကန်သမ္မတက သေနတ်တစ်လက်ပေးလိုက်သည်။ အမူးသမားတွေ့ ပစ်ပေါ့။ ဂိုဘာချော့က လိုက်ရှာသည်။ တော်တော်နဲ့မတွေ့။ တစ်နေရာ အရောက်လူများ အရက်သောက်ပြီး ပါတီလုပ်နေသည် ကိုတွေ့ရသည်။ သူလည်း ကြည်ဆံရှိသမျှ အကုန်ပစ်ပြီးပြန်လာခဲ့သည်။ နောက်နေ့ သတင်းစာ ထဲတွင် နဖူးအမှတ်နဲ့ လူတစ်ယောက်က ရုရှားသံရုံးအတွင်းတွင် သေနတ်နဲ့ပစ်သွားခြင်းဆိုသော သတင်းပါလာ၏။



Figure of Mr. Gorbachev

ဒန်တန့်တန်.. ရေတွေစစီးနေတာ ဘယ်နေရာလဲပြောတော့ဘူးနော်။


၁) အနည်ထိုင်ချိန်မှာ မင်းရောက်လာတာ အင်မတန်မှဘဲ ၀မ်းနည်းစရာ..
၂) မင်းသိနိုင်ဖို့ ငါလေ ဖွင့်မပြောဘူး ကြိတ်မှိတ်နေလိုက်..
၃) အားနာလိုက်တာ အချစ်ရယ် ဟေဟေ့ အားနာလိုက်တာကွယ်..

14 comments:

Anonymous said...

ကို သီဟရေ ...Quiz လာဖြေတာ နံပါတ် သုံး တစ်ခုပဲ မှန်တယ်။ :(
ဂိုဘာချော့ ဟာသလေး သဘောကျတယ် ... စကားမစပ် ရေက ဘယ်နေရာက စီးနေတာတုန်း .. မရောက်ဖူးလို့ မသိ ...

Phyo Maw said...

orchard ဆို တို့က ရုပ်ရှင်ရုံလောက်ပဲ ခဏခဏ ရောက်ဖူးတာ အဲလို ရေတွေစီးနေတာတို့ ဘာတို့ မြင်တာ မဟုတ်ဘူး။
quiz ကတော့ မဖြေသွားဘူး နားထောင်တာ akon ပဲဆိုတော့ လွဲမှာ သေချာသလောက် ဖြစ်နေတယ်။ :D

မြစ်ကျိုးအင်း said...

ကိုယ့်လူမျိုးအချင်းချင်းဆိုတော့ ချက်ဆိုချက် နားခွက်ဆို
နားခွက်ပဲ .ပေါက်ပြီးသား..ဟဲဟဲ ဘဘကြီးကို ပြောလိုက်မယ်...

yehtutnaung said...

(၁) (စိုင်းထီးဆိုင် သီချင်းတွေ သိပ်မသိလို့ ) ~~ ပြန်ပေတော့ ... မစဉ်းစားနဲ့ .. ပြန်ပတော့~~ (မေခလာလို တင်လှုပ်၍ ဆိုပါ)
(၂) ~~ စဉ်းစားပါဦး.. တွေးကြည့်ပါဦး ~~
(၃) ~~ တစ်လှေတည်း စီးသွားကြမယ့် သူတွေချင်းတော့ ရင်းနှီးကြသတဲ့~~
(လေးဖြူ ရဲ့  သားကောင်အခွေမှ)

ထုံးစံအတိုင်း ဆိုချင်တာ ဆို၍ ပုဆိုးမကာ ပြန်သွားပြီ.. (ရေတွေ စီးနေတယ်ဆိုလို့ ပါ) :P

ZT said...

အော့ချက် ဘယ်နားလဲ။ စိန့်မာတင်မှာလား။ :D

ကောင်းကင်ပြာ said...

mrt ထွက်ကတည်းက ထင်တာပဲ

Sein Lyan Tun said...

တစ်ခုမှမမှန်ဘူး..အဲလောက်တော်တာ
ကိုယ့်ကိုကိုယ်အထင်ကြီးသွားတာယ်

Anonymous said...

ှQuize လေးဖြေကြည့်ပါတယ်။တစ်ခုမှမမှန်ဘူး။ဟဲဟဲ
အဲကလိုတော်တာ။ ဂိုဘာချော့ ဟာသလေးကိုညီမလဲ
တော်တော်သဘောကျတယ်။ :)
PM ကလဲ Akon ဆိုပဲ။ :)

မိုးခါး said...

ကိုယ့်အကြောင်းကိုယ်သိလို့ အဖြေပဲတန်းကြည့်သွားတယ် ..:D

နွေးနေခြည် said...

ဘာ!!!! Orchard သွားတယ်... အလှူသွားလုပ်တာလား... အမျှလေးဘာလေးဝေဦးလေ...

တလနွန် said...

ဘယ်ကနေ ရေစစီးတယ်ဆိုတာ သိပြီးသား ..Orchard
မှာ ဒီလူတွေ ကြောင့် အကျန်တီး တော့မှာပါ။
“ရောက်လာချိန်မှာတော့ အဆင့်သင့်ဖြစ်အောင် အမြဲတမ်းပဲ ချေးငှားထားပါတရ်” R ဇာနည်သီချင်းကိုတော့ ဖျက်ဆိုလိုက်တရ်(ဘာမှလည်း မဆိုင်ဘူးဗျို့  ဟဲဟဲ)

flowerpoem said...

ကိုသီဟကလည်း ဧည့်သည်လာမှာဆိုးလို့နဲ့တူတယ် ကြိုပိတ်ထားတယ် ဟင်း၂သိနေတယ်နော်..

juli said...

လာပါသူငယ်ချင်းရေ.. လက်ဖက်ရည်ဆိုင်ကို သွားကြပါစို့လေ..ဝယ်တိုက်ဟေ...

mgnge said...

ဆိုးပြီ
နောက်ကျသွားတယ် အဖြေ လာဖြေ တာ

အဟီးး မအားလို့ ဗျ ...။