Friday, April 10, 2009

လွမ်းမိတဲ့ သင်္ကြန်

သင်္ကြန်ကို စတင် စွဲလမ်းမိတာက တော့ 4 တန်းနှစ်လောက်ရောက်မှပါ။ ပုံမှန်က နွေရာသီ သင်္ကြန်ရောက်ရင် ကျွန်တော်တို့ တစ်မိသားစုလုံး အဖေနဲ့ အမေတို့ အမျိုးတွေရှိတဲ့ နယ်ကို သွားလေ့ရှိတာပါ။ နယ်ဆိုတော့ သင်္ကြန်က သိပ်မသိသာဘူးပေါ့။ ၄ တန်းနှစ်လည်းသွားရော သီဟသစ်တစ်ယောက် အော်ငိုပါလေရော အတက်နေ့ကြီးမှာလေ။ သင်္ကြန်ပြန်ချင်တယ် ပြန်ချင်တယ်ဆိုတာနဲ့ နောက်နေ့ပြန်လာကြတာ။ သီဟသစ်တို့မြို့က နှစ်ဆန်းတစ်ရက်ရေပက်တော့ အဲဒီညနေတော့ မီလိုက်တာပေါ့။

သီဟသစ်တို့ အဖေနဲ့အမေက ၀န်ထမ်းတွေဆိုတော့ ရုံးက မဏ္ဌပ်ရှိတဲ့နေရာ သွားပက်တာပေါ့။ ရေပက်တဲ့ပိုက် အကြောင်းပြောပြရအုံးမယ်။ စိုက်ပျိုးရေးရုံးဆိုတော့ ပိုးသတ်ဆေးဖြန်းတဲ့ပိုက်တွေနဲ့ ပက်တာဗျ။ ခံရတဲ့သူတော့ မသက်သာဘူး။ ငယ်ငယ်ကဆိုရင် အစ်မတွေ ရေလာလောင်းတဲ့သူတွေကို အဲဒီပိုက်နဲ့ဗျင်းပြီးသားပဲ။ (အဲဒါနဲ့ အစ်မ ၂ ယောက်လည်း ခုထိကို အပျိုကြီးဖြစ်နေရော၊ အေးတာပဲ)။ အသက်ကြီးမှ နည်းနည်း ကိုယ်ချင်းစာတတ်သွားတယ်။ အဲဒီလူတွေကို။ သင်္ကြန်မှာ ရေပက်တာ ဘာထူးဆန်းလဲနော်။

သီဟသစ်တို့ မဏ္ဌပ်ရှိတဲ့ လမ်းက တော်တော်ကိုစည်တာဗျ။ လမ်းက သိပ်မရှည်ပဲနဲ့ကို မဏ္ဌပ်က 10 ခုကျော်တယ်။ ပျော်စရာကြီးပေါ့ဗျာ။ အရွယ်ရောက်လာတော့ သူငယ်ချင်းတွေနဲ့စုကားငှားပြီး အလည်ထွက်ကြတာပေါ့။ Body Spray ဘူးလေးတွေ ရေမွှေးဘူးလေးတွေနဲ့ ကောင်မလေးချောချောလေးတွေ လိုက်ဖြန်းတာပေါ့လေ။ အဲဒီအခါကျတော့ ငယ်ငယ်က၀ဋ်တွေ လည်ပြီလေ။ ခွက်စောင်းပြန်ခုတ်ခံရတော့တာပေါ့ (သူတို့ မောင်လေးတွေကလေ) :P..

ကျောင်းသားဘ၀ ရောက်တော့ မန်းလေး သင်္ကြန်ကို သူငယ်ချင်းတွေနဲ့လည်တယ်။ ကျုံးတစ်ပတ်ဆိုတာ ရောက်ဖို့မလွယ်ဘူး ကားတွေမှပြည့်နေတာ ဆိုတော့။ ကြာတော့ ရှေ့ကား နောက်ကားတွေ စရင်းနောက်ရင်းခင်ကုန်ကြတာပေါ့။ ရွှေပြည်နန်းတွေနဲ့ လိုက်တို့ကြသေးတယ်။ ကားကိုထားခဲ့ပြီး အဆိုတော်တွေဆိုတဲ့ မဏ္ဌပ်နားသွားကြည့်နေတုန်း သူများတွေ ရန်တွေဖြစ်ကြပါလေရော။ အဲဒါနဲ့ ကားမောင်းတဲ့ ဦးလေးကြီးက စိတ်ပူပြီး ငါ့ကောင်တွေ ဘယ်ရောက်ကုန်တုန်းဟ လှမ်းမေးတော့ အကုန်လုံး လန့်ဖျပ်ပြီး ကားပေါ်ပြန်ရောက်နေပြီ။ "ဇ" ကအဲလိုပဲပြင်းတာ၊ သီဟသစ်တို့က။

အသက်ကလေးရတာတော့ 25 ကျော်လာတော့ သင်္ကြန်ကို သိပ်အာရုံမရတော့ဘူး။ ကိုယ့်အရွယ်နဲ့ ကောင်မလေးတွေကို သွားရေလောင်းရမှာ နည်းနည်းရှက်လာပြီလေ။ ဒါနဲ့ သားလိမ္မာလေး လုပ်ပြီး အဖေ၊ အမေ တို့နဲ့ ဘုန်းကြီးကျောင်းသွားတာပေါ့ဗျာ။ ကျောင်းတွင်းဥပုသ်ပေါ့။ တကယ် ကြည်နူးစရာ ကောင်းတယ်ဗျ မိသားစုလိုက်သွားရတာ။ ခုတစ်နှစ်တော့ မသွားနိုင်တော့ဘူးပေါ့လေ။ ဒီကနေပဲ ဖုန်းဆက်ပြီး အဖော်လုပ်ရမှာပဲ။

သင်္ကြန်နဲ့အတူ ပိတောက်ပန်းလေးတွေလည်း လွမ်းမိတယ်ဗျာ။ ပိတောက်ပန်းလေးတွေ ကြွေနေတဲ့ သစ်ပင်အောက်ကို လျှောက်ရတာ တကယ့် Feel ပဲ။ ဒီကပိတောက်ပန်းတွေ ရှိတဲ့နေရာတော့ မလျှောက်ဖြစ်သေးဘူး။

P.S
၁) ဒီပို့စ်က ညီမလေး မိုးခါးတဂ်ထားတာရော ကိုယ်တိုင်ရေးချင်လို့ရော ရေးလိုက်တာပါ။
၂) အရင်ပို့စ်က Bonus မှာ သူများ ဘလော့တွေထဲ လိုက်လည်နှုတ်ဆက်တဲ့အခါက ဟာသအနေနဲ့ ရေးလိုက်တာပါဗျာ။ သီဟကို ကိုကိုသီဟ ခေါ်ခေါ်၊ မောင်မောင်သီဟ ခေါ်ခေါ် (အဲလေ ကိုသီဟခေါ်ခေါ် မောင်သီဟခေါ်ခေါ်ပြောတာပါ) စိတ်မဆိုးပါဘူးခင်ဗျာ.. :D

Bonus:
သင်္ကြန်နဲ့ ပတ်သက်လို့ သင်တန်းဆရာ တစ်ယောက်ပြောတာ သတိရသည်။ အဲဒီအခါက ဒွန်းရဲ့ ယောက်ဖရေ သီချင်းခေတ်စားနေချိန်ဖြစ်သည်။ အဲဒီဆရာကလည်း သင်္ကြန်ဆိုတော့ ကောင်းနေပြီး မဏ္ဌပ်တစ်ခုရှေ့မှာ တခြားလူတစ်ယောက်နဲ့တွဲပြီး ယောက်ဖရေ သီချင်းဆိုကာ တူတူကကြသည်။ နောက်ခဏနေတော့မှ ဟိုတစ်ယောက်က ယောက်ဖလည်းမဟုတ်ဘူး ဆရာကြီးဟ ဆိုတော့ ၂ ယောက်လုံးလစ်ကြပါလေရော...

23 comments:

နွေးနေခြည် said...

ဟင်း... လွမ်းစရာကောင်းလိုက်တာ သင်္ကြန်ကို
သူများကိုသာ အပျိုကြီတွေဆိုပြီးပြောနေတယ် သူကျတော့ ခုထိ မစွန်သေးပဲနဲ့
ဇ ပြင်းကြောင်းတော့ သိသွားပါပြီ

(((နှစ်သစ်မှာ ပျော်ရွင်ပါစေ)))

Anonymous said...

ိဟိုက် ပထမဆုံးထင်တာ ဒုတိယဖြစ်သွားပြီ ... ဆိုးပြီ နေခြည်တို့ကတော့

Anonymous said...

ကိုသီဟရေ ... အဲလိုလုပ်နဲ့လေဗျာ ... ဝဋ်လည်မယ်ဗျ ... ဘယ့်နယ် ကို့အစ်မကို ရေလာလောင်းတဲ့ သူကို ပိုးသတ်ဆေးဖြန်းတဲ့ ပိုက်နဲ့ ထိုးရတယ်လို့ ... ဆိုးနေပြီ :D

ဂျူနို said...

ပိုးသတ်ဆေးဖျန်းတဲ့ ပိုက်နဲ့ ဆိုတော့ အချစ်ပိုးတွေ သေကုန်လို့ နေမှာပေါ့။ ရက်စက်လိုက်တာ။

မေ့သမီး said...

ဟ ဟ ၂၅ကျော်ရင် လူကြီးဖြစ်ပြီလား။ မေ့သမီးတို့တော့ ၂၅ကျော်သွားရင်လည်း ခလေးပဲလုပ်ဦးမယ်။ သင်္ကြန်ဆိုရင် ထွက်ကဲလိုက်ရမှ ကျေနပ်တာ။

Phyo Maw said...

အမောင်သီဟသစ်ကြီး က က လို့ ဘေးက အော်ပေးချင်လိုက်တာနော်... ဟင်း ဟင်း :D

yehtutnaung said...

သင်္ကြန်ဖြတ်ကျော်မှု မှတ်တမ်းကို လာဖတ်သွားပါတယ်ဗျာ။ အသက် ၂၅ နှစ်ကျော်နဲ့  ဥပုပ်စောင့်တာ လေးစားပါတယ်ဗျာ။ (အားတော့ မပေးချင်ဘူးဗျ) :P

Sein Lyan Tun said...

သင်္ကြန်တွင်းဘုန်းကြီးကျောင်းသွားတာအကြောင်းရှိတယ်..
ဟင်းကောင်းလေးတွေစားရလို့..
သွားတာတောင်မိသားစုလိုက်ဆိုပဲ..
အဟဲ...နောက်တာနော်ကိုကိုသစ်.
အတည်ပြောတာ
ခင်တဲ့
ဖိုးစိန်

strike said...

သားရယ် သားရဲ့ဘောနက်ကြီးကလဲ Post တိုင်းပါပဲလား

မိုးခါး said...

သင်္ကြန်ကိုတော့ တယောက်တမျိုး လွမ်းနေကြတာပဲနော် .. :D အမတွေကို ဘူပိတ်အောင်လုပ်လို့ ကိုသီဟကြီး ခုထိ ဘူပိတ်နေတာလား သိဘူး :P

မိုးတိမ်ညို said...

ကျွန်တော်လည်း နယ်မြို့လေးတွေက သင်္ကြန်တွေကို တော်တော်ကြုံဖူးတယ်။ သတိရသွားပြီ။ ပေါ်လွင်အောင်ရေး တတ်ပါ့ ကိုသီဟသစ်။

Anonymous said...

အရွယ်လေး ရလာတော့ သင်္ကြန်ကို သိပ် အာရုံ မရတော့ဘူးဆိုတာ ဟုတ်လိမ့်မယ်ဗျ။ အကြောင်း အမျိုးမျိုးကြောင့်ပေါ့။ အရွယ်၊ အသိ၊ အတွေ့အကြုံ ဒါတွေကလဲ စကားပြောလာတယ် ဆိုရမှာပဲ။ လူငယ်တွေနဲ့ အတူပျော်ပါးရမှာ ရှက်ရွံ့သလိုလဲ ဖြစ်မိတယ်။ တရားစခန်းရိပ်သာတွေ တချို့ ဝင်ကြမယ် အသံကြားတော့ မလုပ်နိုင်သေးတဲ့ ကိုယ့် အဖြစ်ကို ရှက်မိရတယ်။ ထူးပါဘူးဗျာ။ ဒီတစ်နှစ်တော့ ကဲလိုက်ဦးမယ်။ ၂၅ ပြည့်မယ့်နှစ် ဆိုတော့ သိပ်မကြီးသေးဘူုး မဟုတ်လား ကိုသီဟသစ်။ :P

Anonymous said...

ကိုသီဟရေ နှစ်သစ်မှာပျော်ရွှင်ပါစေဗျာ၊ မအားလို.ဗျာ၊ စာလည်းရေးချင်တယ်၊ ဖတ်လည်းဖတ်ချင်တယ်

စိတ်စမ်းရေ said...

သားလိမ္မာလေး ကိုသီဟရေ...
ဇ ပြင်းကြောင်းအခုမှသိတော့တယ်...:D

Rita said...

strike ပြောသလိုပဲ

သက်ပိုင်သူ said...

အနော်လည်း သင်္ကြန်ပိုးက ကြီးပ.... ဖားအောက်တောရမှာ တရားစခန်းဝင်တာ မနေနိုင်တော့လို့ နှစ်စမ်းတရက်နေ့ ထွက်ကဲလိုက်သေးတယ်

WWKM said...

သင်္ကြန်အလွမ်းလေ ၀င်လွမ်းသွားတယ် သီဟသစ်ရေ.
အားလုံးလွမ်းနေကြတာပေါ့နော်.

mgnge said...

အတိုကြီးလို့ ရော ခေါ်လို့ ရလား
ဟိဟိ

အမှတ်တရ သင်္ကြန် ကို အဝေးက ပဲပျော်ကြတာပေါ့

ကလူသစ် said...

ပိုးသတ်ဆေးပိုက်နဲ့ ပက်တော့ အညစ်အကြေးတင်မကဘူး ပိုးပါစင်သွားတာပေါ့ ။ တချက်ခုတ် နှစ်ချက်ပြတ်ပဲ။

အမတွေကို လာပိုးတဲ့လူတွေကို ပိုးသတ်ပေးလိုက်တော့ အပျိုကြီးတွေ ဖြစ်ကုန်တာပေါ့။ တချက်ပက် သုံးချက်စင်ပဲ။

tg.nwai said...

ဟားဟား လွမ်းစရာသင်္ကြန်လေးတွေပါပဲနော်.. ဒါကြောင့် ပျော်နိုင်တုန်း ပျော်သာထားလို့ပြောနေရတာ.. အချိန်နဲ့ အရွယ်က အပျော်တွေကို ပြောင်းလဲသွားစေတတ်တယ်ထင်တယ်..။

ပျော်ရွှင်ချမ်းမြေ့ပါစေ..ကိုမောင်သီဟရေ.. :)

strike said...

သားရယ် "4 တန်းနှစ်လောက်ရောက်မှပါ"ဆိုတော့ဘယ်လိုဖိုးတန်းလဲ
ဆိုပြီးစဉ်းစားမိသေးတယ်..မနောက်ပါနဲ့ သားရယ် အဘတို့လဲအသက်ကြီးပါပြီ

khin oo may said...

လာဖတ်သွားတယ်။ ပိုစ်ရော ကောမန်းရော
လွမ်းစရာဘဲ။

Unknown said...

ကိုသီဟရေ...
မေရီလည်း သင်္ကြန်နဲ့ ပတ်သတ်ပြီး အမြဲသတိရတဲ့ အဖြစ်အပျက်လေးတခုရှိတယ်..။
မေရီငယ်ငယ်က အိမ်က အရမ်း ချုပ်ချယ်တော့ ၁၁နှစ် အရွယ်က စပြီး သင်္ကြန်တိုင်း ရိပ်သာ ၀င်ရတယ်..။ ၁၁နှစ် မတိုင်ခင်ကလည်း ဆော့ရလားလို့ တော့ မထင်ပါနဲ့ .. အိမ်ထဲမှာပါပဲ..။
တခါလှိုင်မဟာစည်ရိပ်သာမှာပေါ့..မေရီထက်၂နှစ်ကြီးတဲ့အမ၂ယောက် က(၁၇)နှစ်လောက်ပေါ့..
သင်္ကြန်သီချင်းသံတွေ ရပ်ကွက်ထဲက ကြားရတော့ကြားတယ်ကြားတယ်မှတ်တာပေါ့..
နောက်ဆုံး အကြတ်နေ့ ကြတော့ ဒစ်စကို သီချင်းတွေလည်းဖွင့်ရော အိမ်သာထသွားပြီး အိမ်သာထဲမှာ သွားကကြတယ်.... နောက်နေ့ မနက်ကြတော့ အာရုဏ်ဆွမ်း စားပြီးညီအမ၂ယောက်ဆရာတော်ကို မပြောပဲ ပြန်သွားပြီး တနေကုန်လျှောက်လည် လိုက်တာ ရိပ်သာကလည်းလူလျော့လို့  သူတို့ အိမ်ကို ဖုန်းဆက်တာပေါ့....နောက်တလလောက်ကြာတော့ မေရီကို ဖုန်းဆက်တယ် (အဲဒီနေ့ က မိုးချုပ်မှပြန်တယ်တဲ့ ) သူတို့ အရိုက်ခံလိုက်ရတာ မပြောပါနဲ့ တော့ ကျောင်းပြန်ဖွင့်တဲ့အထိ အပြင်မထွက်ရ လို့  သူတို့ အိမ်က အမိန့် ထုတ်လိုက်တယ်..။