Thursday, March 26, 2009

သီချင်း Quiz : Work

အရင်ပို့စ်မှာ အလုပ်ရလို့ ၀မ်းသာတဲ့ အကြောင်းပြောသွားတဲ့ မမသီရိနဲ့ ညီလေး PM ကို ကျေးဇူးတင်ပါသည်။ တကယ်က အလုပ်ရတာက မနှစ်က မေလ ကတည်းက ဖြစ်ပါသည်။ ခုမှ ဘလော့စရေးတော့ ခုမှ ရေးဖြစ်တာ ဖြစ်ပါသည်။ Anyway Thanks.

Quiz လေး စလိုက်ကြရအောင်

၁) အရင်လူက ကိုယ့်ကိုလွှဲသွားတုန်းက ဒီ Project ကအေးဆေး၊ လုပ်စရာ ရှိသမျှ သူလုပ်ပြီးပြီ။ maintain လုပ်ရုံပဲတဲ့။ ကိုယ် တကယ်ကိုင်တော့မှ error တွေ တွေ့၊ Complaint တွေလာရင် ဆိုရမည့် သီချင်း (အာဇာနည် ဆိုထားတာ)
၂) Customer က ဒီလို လုပ်ချင်တယ် ဆိုလို့လည်း ပြင်ပေးပြီး ပြီ။ အဲဒါကို Complaint က လာနေတုန်းပဲ ဆိုရင် ဆိုရမည့် သီချင်း (မိုးမိုး ဆိုထားတာ)
၃) လက်ရှိ လုပ်နေတဲ့ အလုပ် ဘယ်တော့ ပြီးမှာ လဲ လို့ မန်နေဂျာက မေး လာရင် ဆိုပြရမည့်သီချင်း (ထူးအိမ်သင် ဆိုထားတာ)

လာဖတ်တဲ့ ညီအစ်ကို မောင်နှမတွေရော ဘာသီချင်းလေးတွေ အဲလို အချိန်မှာ ဘာသီချင်းတွေ ဆိုကြသလဲ ဆိုတာ ရေးခဲ့ပါဗျာ။

အဖြေကို အောက်မှာ White Color နဲ့ ထည့်ထားပါသည်။

လတ်တလော ခံစားချက်။ ။ ဘလော့က ဘယ်လောက်တောင် လွှမ်းမိုးသလဲ ဆိုရင် အလုပ်မှာ Program ရေးတဲ့ အခါ Description ရေးရင် By Thiha Thit တွေ သွားသွားရေးမိလို့ ပြန်ပြန်ဖျက်နေရလေသည်။


၁) နောက်ထပ် လာချင်လာပါ မထူးဆန်းတော့ပါ နှလုံးသားထဲမှာ ဒီဒဏ်ရာတွေဟာ ၀ဋ်ရှိလို့သာ ခံစားခဲ့ရတာ ဘယ်သူ့ကိုမှလဲ အပြစ်မတင် ရက်တော့ပါ။ (အပြစ်မတင်ရက်ပါ)
၂) ငါမှားလား မင်းမှန်လား နင်သာ ဖန်တီးဖျက်ဆီး ငါရူးသွပ်နေ့များ (ငါမှားလား မင်းမှန်လား)
၃)တစ်နေ့နေ့တော့ ဖြစ်လာလိမ့်မည်။ (နဂိုသီချင်းက တစ်နေ့နေ့တော့ ချစ်လာလိမ့်မည်ပါ)

14 comments:

Anonymous said...

မေဒီလည်း တစ်ခါတစ်ရံ ခေါ်မကြားအော်မကြား ဖြစ်သေးတယ်

khin oo may said...

တို့လည်း ပြုံးပြုံးနေတယ။် ပြန်စဉ်းစားပြီးတော့..

yehtutnaung said...

ကိုသီဟ အဖြေတွေနဲ့တော့ မတူဘူးဗျာ.. ဒါပေမယ့် ဖိုးဆိုချင်ဖြစ်နေလို့ 
(၁) ~~အမှားများအတွက် ပြင်ဆင်နေဆဲမို့ ~~ ~~ပြောင်းလဲခြင်း မပေးနဲ့ ဦး~~
(၂) ~~ငါမင်းကို သတ်ချင်တယ်~~ ~~ငါမင်းကို သတ်ချင်တယ်~~
(၃)~~မင်းမေးလိုက်တဲ့ မေးခွန်းလေးတချို့ အတွက်~~စကားလုံးများ ပြောဖို့ ခက်နေတယ်~~

ဟား ဟား.. အကုန်ရီသွားတယ်.. ကျေးဇူး..ညစ်နေတာဗျ..

Anonymous said...

အစ်ကို သီချင်းတွေဖတ်ပြီး ပြုံးသွားတယ်။

mgnge said...

လုပ်ပြီ..။
မေးခွန်းဆိုလို့ ဖြေမလို့ ကို .. သူ ကအဖြေရေးထားတယ်..။ စိတ်မထိန်း နိုင်တော့ ကြည့်မိရော..။
လုပ်ရက်ပါ့..။
:P

Anonymous said...

အဖြေ အကုန်လုံးမှန်တယ် ... ဟဲဟဲ တော်တယ်မလား
မီခိုးရောင်အောက်ခံမှာ အဖြူနဲ့ရေးထားတော့ select လုပ်စရာမလိုပဲမြင်နေရလို့ ဟီးးးးးးးးးး

Phyo Evergreen said...

စားတယ်နော်. ကို ဟသစ်.. ခေါင်းစားတယ်..။ အဖြေကြည့်မိတော့မှဟုတ်သားလို့..။

မိုးခါး said...

ဟားဟား လိုက်ဆိုသွားတယ် ..း)

မမသီရိ said...

မမ ဒီဘလော့ဂ် စလာလည် တော့.. မောင်လေးကို အားမာန်သစ်စာပေ ကလား လို့ မေးခဲ့တယ်.. (၁) အလွဲ...း)
အလုပ်ရထားတာ ၁ နှစ်ကြာ ပြီးတော့.. ၀မ်းသာစကားပြောမိတယ်.. (၂) အလွဲ..း)
ခုလဲ တခုပြောခဲ့ အုံးမယ်..း)
မောင်လေး ပို့စ်တွေ ဖတ်ရတာ စိတ်ကြည်လင်လန်းဆန်းစေတယ်..
စိတ်အမောတွေ ပြေစေတယ်..
ရယ်စရာ မဂ္ဂဇင်း တွေ ကို စာမူ ပို့ ပြီ.. စာရေးဆရာ လုပ်ပါလား..

Phyo Maw said...

:) အာဇာနည် သိပ်ရက်စက်သွားသည်...။ အထုအထောင်း ခံရသည်။

သီဟသစ် said...

>>မေဒီဇာ
ဒီဒီ စိတ်တွေ ဘလော့မှာရောက်နေတာမှ ဟုတ်ပါလေစ။

>>khin oo may said...
ှQuiz တေလုပ်သွားပြီ ဘာတွေ ပြန်စဉ်းစားတာလဲ

>>နေညိုရင့် said...
နေညိုဆိုသွားတာ ပိုမိုက်တယ်ဗျ

>>မေ့သမီး said...
ပြုံရုံပဲလားကွယ်

>>mgnge said...
သူငယ်ချင်းတွေကို မနှိပ်စက်ချင်လို့ပါ ညီလေးရယ်

>>နွေးနေခြည် said...
shortcut တွေ တော်တော်သုံးတဲ့ sis ပဲ

>>Phyo Evergreen said...
ဟသစ်ကြီးကလည်း မဟုတ်သေးပါဘူး

>>မိုးခါး said...
အသံထွက် ဆိုလို့လား

>>မမသီရိ said...
မမသီရိ မလွဲပါဘူး ခင်ဗျာ ကျွန်တော်စာရေးတာ မရှင်းလို့ပါ။
စာရေးတာတော့ ကျွန်တော်က ပျော်ပျော်နေချင်လို့ ပျော်ပျော်ပဲရေးတာပါ။

အပျော်လွန်လို့ ပေါသွားခဲ့ရင် ဝေဖန်ပေးပါအုံးနော်။

>>Phyo Maw
ဘာတွေလဲ pm ရဲ့

ရွှေပြည်သူ (ShwePyiThu) said...

အဖြေတွေကို သဘောအကျကြီး ကျမိပါတယ် မောင်လေး သီဟသစ်ရေး))

khin oo may said...

သီဟသစ်.. သီဟသစ်.. သီဟသစ်.. ဘာမှ မဟုတ်ဘူး ခေါ်ကြည့်တာ။

ကြယ်ပြာ said...

အာဇာနည်သီချင်းကတော့ ဆိုရသလားမမေးနဲ့ ... အဲ့ဒီအတိုင်းတထပ်တည်းပဲ ... ဟ ဟ ...