Saturday, March 14, 2009

ဂျိမ်းစ်သွန်း

မှားရိုက်ထားတာ မထင်ပါနှင့်။ ဂျိမ်းစ်ဘွန်း + သီဟသစ် = ဂျိမ်းစ်သွန်း
တစ်ခါက ဖြစ်ပါသည်။ (ဒီစာကြောင်းလေး ရေးမိတိုင်း အရင်က ဂျာနယ်တွေမှာ ဒီခေါင်းစဉ် နဲ့ သူများ အတင်းတွေ ပြောတတ်တဲ့ လူကို သွားသွားတွေးမိသည်။ သီဟသစ် တို့ ကတော့ ကိုယ့် သတင်းကိုယ် ပြောမှာပါ။)

ကွန်ပြူတာ တက္ကသိုလ် ပထမ နှစ် တက်နေတဲ့ အချိန်က ဖြစ်ပါသည်။ သီဟသစ် တို့ စာသင်ခန်းထဲမှာ ကြိုးစားချင်ယောင်ဆောင်နေတုန်း သူငယ်ချင်းတစ်ယောက်က လာခေါ်သည်။ ကျောင်းနားက တောင်တွေ တက်ပြီး ထူးမဂူ သွားရအောင် ဆိုတော့ အေးပေါ့ လေ။ ဒါနဲ့ ဘယ်သူတွေပါတုန်း ဆိုတော့ မိန်းကလေး ၁၁ ယောက် နင် ၁ ယောက်တည်းတဲ့။ အေးပေါ့လေ။ မချော ၁၁ ယောက် ကို ၁ ယောက် ပေါ့လေ။ (စာရေးဆရာ ဆွေလှိုင်ဦး၏ ဘခက်ထက် ၁ ယောက်သာတယ်။)

ဒါနဲ့ တောင်တွေ ပေါ်သွားတက် ရောက်သွား ၊ ဘုန်းကြီးကျောင်းမှာ လှူ ၊ ပါလာတဲ့ ထမင်းဘူးတွေနဲ့ ဘုန်းဘုန်းစွန့်တဲ့ဟင်းတွေနဲ့စား။ အဲဒီအထိ ဘာ ပြဿနာမှ မရှိသေး။ အပြန်လည်းကျရော ဖိနပ်ပေါက်နေတဲ့ တစ်ယောက် ကို စောင့်ပေးနေရင်း ၆ ယောက် ကသတ်သတ် ၊ သီဟသစ် နဲ့ ၅ ယောက် ကသတ်သတ် ဖြစ်သွားသည်။ တောထဲမှာ လမ်းတွေပျောက်ပြီး မျက်စိတွေလည်ကုန်ကြသည်။ လမ်းသိတဲ့ ၁ ယောက်က ၆ ယောက် အုပ်စုထဲ ပါသွားသည်။ ညနေကလည်း မှောင်စပြုလာပြီဖြစ်သည်။ အဲဒီမှာ သီဟသစ်တို့ စဉ်းစားရသည်။

တကယ်လို့ ည အချိန်မီ ပြန်မရောက် ခဲ့လျှင် သီဟသစ်တို့နဲ့ သွားတာ ဆိုပြီး နာမည် တပ်ခံရတော့ တစ်ယောက်ယောက်တော့ တာဝန်ယူရရင် ခက်ရချေလိမ့် ဆိုပြီး ၅ ယောက်လုံးကို အဲဒီအခါမှ သေချာကြည့်မိသည်။ တစ်ယောက်မှ အထွက်တစ်(attractive) မဖြစ်ချေ။
အဲဒါနဲ့ မဖြစ်ချေဘူး။ လမ်းကို မတွေ့တွေ့ အောင်ရှာပြီး အဆောင်တွေပြန်ရောက်တော့ ည ၇ နာရီ ခန့်ရှိပြီ။ ဟူး အဲဒီအခါမှ သီဟသစ်တို့ အလုံးကြီးကျသွားသည်။ ဒါမှ မဟုတ်ရင် တောထဲကဘုန်းကြီးကျောင်းမှာ ကိုယ်တော်တစ်ပါးတိုးနေလောက်ပြီ ဖြစ်သည်။

Bonus:
ဗိုလ်ကြီး မသေဘူးဟေ့
ရှေ့တန်းတိုက်ပွဲ တစ်ခုတွင်ဖြစ်သည်။ ရန်သူ့စခန်းကို သိမ်းပိုက်မိသည့် အခါ တပ်ဖွဲ့တွင်လည်း ရိက္ခာပြတ်လုနီးပါး ဖြစ်နေပြီဖြစ်သည်။ ရန်သူ့ စားဖိုဆောင်ထဲတွင် ရိက္ခာ အမြောက်အမြား တွေ့ရသော အခါ တပ်သားများ ပျော်သွားကြသည်။ သို့သော်လည်း သူတို့ တစ်ယောက်မှ မစားကြသေးပဲ ဗိုလ်ကြီးကို သာလေးစားသည့် အနေဖြင့် အရင်စားခိုင်းကြသည်။
ဗိုလ်ကြီးစားတာကို သူတို့ ထိုင်ကြည့်နေကြသည်။ စားပြီးတစ်နာရီကြာသည်အထိ ဘာမှ မဖြစ်တာ တွေ့ရမှ "ဗိုလ်ကြီး မသေဘူးဟေ့။ အဆိပ်တွေ မပါဘူး။ တို့လည်းစားလို့ရပြီ" ဟု ၀မ်းသာအားရပြောကာ စားကြလေသည်။

30 comments:

Anonymous said...

ကိုယ်တော်တစ်ပါးတိုးတော့လည်း ဒီက ကုသိုလ်သာဓု ခေါ်ပေးပါ့မယ်... နောက်ဆံတင်းမနေနဲ့။ ဗိုလ်ကြီးကလည်း သူ့ကို အရင်စားခိုင်းတဲ့ ရည်ရွယ်ချက်ကိုတောင် မသိရှာဘာူး။ အဆိပ်များသာပါလို့ကတော့ နတ်ပြည်မှာ တစ်ဖက်ကို နတ်သမီးငါးရာနဲ့ စံနေရဦးမှာ... တော်တော်ပိန်းတဲ့ တပ်သားတွေ... ဒူပါ့...

khin oo may said...

နောက် ဆိုရင် ရပ်ကွက်ကောင်စီရုံးသွားအပ်လိုက်ပါ။ ဘာ မှ စိတ်ပူစရာမရှိပါဘူး

Anonymous said...

:D..ဟားဟား..အစ်ကိုသီဟသစ်.....
Attractive မဖြစ်လို့ ပါ့လေ....ဖြစ်များဖြစ်ရင်..:P
တော်တော်ရယ်ရတဲ့ ကိုဂျိမ်းစ်သွန်း ...:)

သီဟသစ် said...

မေဒီရေ
သာဓုမခေါ်ပါနဲ့တော့ကွယ်။ ခုတော့ ၀တ်ဖြစ်တော့မယ် မထင်။

မမကွမ်း
ရယက ကသက်သေလုပ်ပြီး ဆောင်ပေးလိုက်မှဒုက္ခ

မာလာ အငယ်မ
အထွက်တစ်ဖြစ်ရင်လည်းရောက်အောင်ပို့မှာ ပါဟ။

Phyo Maw said...

ဘုရားဖူး လိပ်ဥလည်း တူးဖို့ပြင်သည်။ ကြားဖူးတဲ့ စကားပါ။ ဘာလည်းတော့ နားမည်သေး။ ဟင်း ဟင်း..

Attractive မဖြစ်ဘူးလို့ ပြောမယ်ဆိုတာ ကြိုသိပြီးသားပါ။ ကြည့်လေ ခေါ်ကတည်းကို က ကောင်မလေး ၁၀ ယောက် နင်၁ယောက်တဲ့...
Attractive ဖြစ်နေရင် သူ့တောင် ခေါ်မှာမဟုတ်ဘူး ဟိုက ကိုရေ မောင်ရေ တွေနဲ့သွားမှာပေါ့...

ဟူး ဒီလိုမြင်တက်လိုက်စမ်းဘာ...

အမောင် သီဟသစ် ကျွန်ုပ်ရောက်တာ နည်းနည်းနောက်ကျသွားသည်။

Phyo Maw said...

မန့် တာနဲ့ပက်သက်ပြီး စိတ်ကူးပေါက်တာလေး ပြောရဦးမယ်။ Cbox က ကြာကြာလက်မခံဘူး သူက မလိုရင် ဖျက်ကောတဲ့... ဟိုနေ့ကမှ သိရတာ။ ဒါကြောင့် သေချာ မန့် သွားတာ။ မဟုတ်ရင် အမောင်ကျွန်ုပ် ပြောလိုက်တာတွေ ဟင် မသိလိုက်ဘူး ဆိုပြီး လုပ်မှာစိုးလို့။

သီဟသစ် said...

ဟုတ်ပါပြီ pm ရေ
ဦးစံရှားလုပ်စား လို့ရပါပြီကွယ်။

strike said...

ဘောနက်ကရီရတယ်၊ဒါနဲ့အဲ့ဒီဂူကဘယ်နားမှာလဲ

သီဟသစ် said...

မန္တလေး MIT နားက ရေတံခွန် တောင်ဘက်မှာ။
အဲဒီ အချိန်က I တို့ကျောင်းကလည်း MIT ၀င်းထဲမှာ ဖွင့်ထားတာ ဆိုတော့

Phyo Maw said...

ကိုသီဟသစ်က မန္တလေးသားလား ဗျ
ကြုံတုန်းမေးကြည့်တာ...

သီဟသစ် said...

ဟုတ်ဘူး pm ရ
မကွေးသား
ကျောင်းက မန္တလေးသွားတက်ရတာမို့။ အဲဒီအချိန် 98 လောက်တုန်းကဖွင့်တာက လည်း အဲဒီ မန္တလေး ကွန်ပြူတာ ပဲရှိတာ

Phyo Maw said...

လုပ်ပါဦး မကွေးသူတွေ ဆိုင်ကယ်လေးတွေနဲ့ အကြောင်း
မန္တလေးတော့ ၃ခေါက်လောက် ရောက်ဖူးတယ်။ မကွေးကတော့ ဖြတ်သွား ဖြတ်လာပဲ။ သူလည်းအလွမ်းပြေရေး တို့များလည်း မြင်ယောင်ကြည့်ရတာပေါ့...
မကွေးသားနဲ့ မန္တလေးသူ ၂ပါးသွား ဒါမှမဟုတ် ၁၀ ယောက် ၁ယောက် ပါးလေး ကပါဦးဗျ

သီဟသစ် said...

ဟုတ်ပြီ pm ရေ
ခုတော့ ရုပ်ရှင်ကြည့်လိုက်အုံးမယ်။
See you When I see you ပါကွယ်
pm စကားကိုပဲသုံးကာ ပြန်နှုတ်ဆက်လိုက်တယ်

tg.nwai said...

ဂျိမ်းစ်သွန်းကား လာကြည့်..အဲ..လာဖတ်သွားပါတယ်...တော်သေးတာပေါ့.. ရန်သူတွေ ပေါ်မလာကြတာ..ဒါမျိုးဆိုရင်တော့ ဂျိန်းစ်သွန်းက ၀မ်းသာအားရ ရေစက်ချ ထည့်လိုက်မှာ မဟုတ်လား..ဟဲဟဲ

သီဟသစ် said...

ဟုတ် မမ tg
ဘယ်ရန်သူမှ လည်းပေါ်မလာကြဘူးဗျ။ အဲဒီအခါက။
ကျွန်တော်က Bond လို မိန်းမချောလေးတွေနှမျောလို့ အသက်စွန့်တတ်သူ မဟုတ်ပါဘူး။
:-)

မမသီရိ said...

မင်းရေးတဲ့ ဒီပို့စ် အဲဒီကောင်မလေး တွေမဖတ်မိစေဘို့
ဘုရှိခိုးတိုင်း ဆုတောင်းပေတော့ မောင်လေး ရေ...း)
နီု့မို့ မတွေး ရဲစရာ ပဲ ကွ....း)
မိန်းကလေးတွေ ကို attractive မရှိဘူး လို့ ဘယ်သောခါမှ မပြောလေနဲ့
မောင်လေး ရေ... ခင်လို့ အကြံပေးတာနော်...း)....
မိန်းကလေးတွေ အတွက် ဒိထက် စိတ်ဆိုးစရာ အကြောင်း ဆိုတာ ရှိဘူး ကွ...း) ...

သီဟသစ် said...

မမသီရိရေ
ရယ်စရာဖြစ်အောင် ရေးလိုက်တာပါခင်ဗျာ။
သူတို့ ကျွန်တော် ဘလော့ရေးတာ မသိသေးဘူးဗျ။
:-)

တီချမ်း said...

တန်...........ဒန့်.................ဒန့်.......တန်း...................ဒန်.......ဒန်...

ချမ်း.............
တို့နာမည်က............ချမ်း...............
တီချမ်း.....................

ဘောနက်။ ။

ကိုဘခက်.............နုနု.......................ချွတ်...............လိုက်မယ်နော်
ခွိခွိခွိ

တီချမ်း said...

တီချမ်း
မနောက်
ဂယ်ပြော
ချွတ်ရမလား

ဟိ

သီဟသစ် said...

တော်ပါပြီ တီချမ်းရယ်
ဟားဟား

မေ့သမီး said...

ဟိ ဟိ။ စာဖတ်ပြီးရယ်တာ တီချမ်းနဲ့မန့်တာဖတ်ပြီး ပိုရယ်သွားတယ်။ :P

Unknown said...

bonus လေးကလဲ ကောင်းတယ်...။

သီဟသစ် said...

မေ့သမီး
ရယ်ရတယ်ဆို ကောင်းပါ၏
စိတ်စမ်းရေ
သူငယ်ချင်းတစ်ယောက်ပြော ပြတာကို ပြန်ရေးတာပါဗျာ

ဘာတွေတုန်း said...

မမသီရိပြောသလိုပဲ။ ကောင်မလေးတွေသာ ဒီပို့စ်ဖတ်မိလို့ကတော့ ကိုသီဟသစ်တို့ ရိုက်ပေါက်ပဲ။ ဟိ..တော်သေးတာပေါ့ ..ဘလော့ရေးမှန်းမသိပေလို့။ Bonus လေးက ရယ်ရအိ။ :P

သီဟသစ် said...

To ဘာတွေတုန်း
သူတို့က မေ့ချင်မေ့နေလောက်ပါပြီ။ :P

နွေးနေခြည် said...

အော်.. ကိုသစ်ကို တော်လှချည်းလားလို့ ထင်နေတာ ကွန်ပြူတာ တက္ကသိုလ်ကမို့လို့ကိုး...
မန္တလေး ကွန်ပြူတာ တက္ကသိုလ်လား?
ucsy နာမှာတော့ တောင်မရှိပါဘူး။

သီဟသစ် said...

ဒေါ်နေခြည်
သိပ်မမြှောက်ပါနဲ့ကွယ်။ တွေ့ရင်မုန့်ဝယ်ကျွေးပါ့မယ်။
ဟုတ်ပါတယ် မန္တလေးကွန်ပြူတာ တက္ကသိုလ်ကပါ။
နေခြည်က UCSY ကလား?

ကလူသစ် said...

လမ်းပျောက်နေတာတောင် ကောင်မလေးလိုက်ကြည့်နေတုန်းပဲဆိုတော့...........အင်း........လေးစားပါတယ် :)

Unknown said...

ဟဲဟဲ
ကိုသီဟက နေ့ခင်းဖက်လောက်မှာကောင်မလေးတွေကိုကြည့်လို့မချောတာပါ။

အမှန်ဆို ညနေမှောင်မှောင်မှာ ကြည့်ရမှာ။ ဒါဆို ဇတ်လမ်းအသစ်တခုရတာပေါ့ . နော်

သီဟသစ် said...

ကိုကလူသစ်ကလဲ
လမ်းပျောက်လို့မှ ကြည့်တာပါဆို။ :P
ကိုcyan
ဘယ်အချိန်ကြည့်ကြည့်မထင်
:D