Monday, March 23, 2009

ဆိုဆိုဖွယ်ရာ ၀ါသနာကား

ညီမငယ် Chi Chi, ညီလေး Pနဲ့ ညီမလေး မိုးခါးတို့က တက်ဂ်လာတော့ ရေငတ်တုန်း Carlsberg တွင်းထဲကျ ဆိုသလို ရေးလိုက်ပါတယ်..

၁) သီချင်းနားထောင်/ဆိုခြင်း
ဒါကတော့ ၀ါသနာအပါဆုံးဖြစ်သည်။ ငယ်ငယ်ကတည်းက စာကျက်ရင် သီချင်းဖွင့်ကျက်သည်။ ခုကြီးလာတော့ အလုပ်လုပ်ရင် သီချင်းဖွင့်ထားသည်။ ပျော်စရာရှိလျှင်လည်း သီချင်းလေးနဲ့။ လွမ်းစရာ ရှိရင်တောင် လွမ်းတာကို ခဏ ဘရိတ်အုတ်ထားပြီး လွမ်းလို့ကောင်းတဲ့ သီချင်းလိုက်ရှာ၏။ ပြီးမှ အားရပါးရလွမ်း၏။ ကျောင်းမှာ Welcome ရှိတိုင်း သူငယ်ချင်းတွေကို အသံဖြင့် တက် နှိပ်စက်၏။

၂)PC ကစားခြင်း
ဖဲရိုက်ခြင်းလို့ရေးမလို့ဟာ မလှလို့ PC ကစားခြင်းရေးလိုက်တာပါ။ Software ပညာရှင်ဖြစ်လိုသူတိုင်း ဖဲ နှင့် အထိအတွေ့ရှိရမည် ဟု Software ဂုရုကြီး Rekoj ပြောခဲ့သည့် အားလျော်စွာ ကျောင်းတုန်းက ယောက်ျားလေးဆို ဖဲကစားတတ် မိန်းကလေးဆို ဖဲဗေဒင် ကြည့်တတ်ကြသည်။ ပထမနှစ်ရောက်မှ စကစားဖြစ်တာ ဖြစ်သည်။ ပထမနှစ် တွမ်တီဝမ်းရိုက်သည်။ အောင်စာရင်းထွက်တော့ ရိုးနံပါတ် တွမ်တီဝမ်း ရ၏။ ဒုတိယနှစ် ရှမ်းကိုးမီး အောင်စာရင်းမှာ ရိုး နိုင်း ၊ တတိယနှစ် ၂ ခဏန်း ၄ ခုပါရင် နိုင်တတ်သော ဟောင်ကောင်ရှိုး ၊ အောင်စာရင်းမှာ ၈။ ဤနေရာမှာ ၀ါသနာကို သစ္စာရှိဖို့လိုသည်ထင်၏။ ဂုဏ်ထူးတန်း ရောက်တော့ လူကြီးဖြစ်ပြီ ဟု သူများကပြောကြသဖြင့် ၀ါသနာကို စွန့်လွှတ်လိုက်ရကာ အောင်စာရင်းထွက်တော့ ရိုး ၂၀ ကျော်သွား၏။ (မှတ်ချက်။ ။ ကိုယ်လိုချင်ခဲ့တဲ့ roll no လေးတွေထည့်ရေးခြင်းသာ ဖြစ်၍ အထင်မကြီးကြစေလို)

၃)Dictionary လှန်ခြင်း
အချို့သူတွေ ကစားသလို page နံပါတ်မှတ်တာမျိုးမဟုတ်။ တစ်ခုခုလုပ်စရာရှိလျှင် Dictionary ကို Random လှန်ပြီး ပထမဆုံးကြည့်မိတဲ့ စာလုံးနဲ့ နမိတ်ယူတာမျိုးဖြစ်သည်။ ဥပမာ. ချူသစ်လေး ဆီသွားတော့မယ် ဆိုရင် happyလို စာလုံးမျိုး၊ အင်တာဗျူး ၀င်ရတော့မယ်ဆိုရင် success လိုစာလုံးမျိုး ။ စာလုံးကောင်း မတွေ့မချင်းလှန်တာ ဆိုတော့လည်း နမိတ်က မကောင်းစရာမရှိ။

ပုဇွန်တွေ ဂဏန်းတွေ ချစ်တတ်ခြင်းကား ၀ါသနာဟု ဆိုလို့ရမရ မသိသဖြင့် မထည့်တော့ပြီ။ ကိုယ် tag ချင်တဲ့သူတွေကား များလွန်းသဖြင့် Cbox မှတဆင့် လိုက်အော်ပါတော့မည်။

Thanks to Chi Chi, P and MK.

19 comments:

mgnge said...

နာ့ထက် စုံတယ် ဟိဟိ

khin oo may said...

နဲနဲတော့တစ်မျိုးဘြဲ. မကြုံဘူးဘူး မင်းသိခ် ဖဲပြားဟောသလိုဖြစ်နေပြီ

:P said...

ဝသင်္ချာရော၊ အင်္ဂလိပ်စာရော တိုးတက်စေမယ့် ဝါသနာကောင်းလေးတွေပဲနော်....။

khet myint myint said...

ဟင်းဟင်း ဟင်း..ဖဲကစားတာကတော့ မန္တလေးကွန်ပျူတာကျောင်းနဲ့ ရန်ကုန်ကျောင်းနဲ့ အစဉ်အလာတွေက တူကြသားပဲနော်။ စီနီယာကြီးတွေရဲ့ အစဉ်အလာကို နောက်ပေါက်တွေ ဆက်လက်ထိန်းသိမ်းကြတုန်းပဲ..။

strike said...

အင်း...အပေါ်ကစီနီယာမာမီမန့်ပုံကြည့်ရရင်စဉ်းစားစရာတော့ဖြစ်လာပြီ။

yehtutnaung said...

သြော်..သြော်.. ဘီယာဂျိုး မှန်းသိသွားပြီ! :P

သီဟသစ် said...

>>နွေးနေခြည်
ကြည့်စမ်း ငါ့sis ပီသတယ် ဖဲရိုက်တာကော
ပုစွန် ကဏန်းတွေ ကြိုက်တာကော..

သီသီ (ခ) ဒေါ်သီ ဆိုပြီးခေါ်သွားတာ အပေါက်တွေ ဖြစ်ကုန်ပြီ။

>>mgnge said...
ဒါတောင် အကုန် မဟုတ်ဘူး

>>အန်တီချမ်း
အငယ်လေးတွေက လျှောက်ခေါ်တာပါ ခင်ဗျာ။

>>khin oo may said...
တားရော့က နက်နဲမှာပါ ကျွန်တော်ကတော့ အပျော်ပါ။

>>sin dan lar said...
ဒီတစ်ခါတော့ ဆင်ဆင်ကိုမုန့်ကျွေးချင်စိတ်ပေါ်သွား၏။ အကောင်းမြင်မို့..

>>khet myint myint said...
ညီလေးရေ စာလုပ်တဲ့ အကြောင်းထည့်မရေးဘဲ ဖဲရိုက်တဲ့အကြောင်း ထည့်ရေးမိတာ :P. အလုပ်အတွေ့အကြုံတွေ ရေးမယ်နော်.

>>strike said...
ပြောချင်တဲ့သူနဲ့ လျှောက်ပြောသွားတဲ့သူနဲ့ တွေ့ပြီ။

>>နေညိုရင့် said...
စာရွှင်အောင်လို့ပါ။ Beer ဖြင့်မကြိုက်ပါဘူး
(ပျော့လို့ :P)

မိုးခါး said...

ဟိုတခါ ၀ဲလ်လကမ်းမှာ ရုပ်ရုပ် ဖြစ်သွားတာ ဒါကြောင်းကိုး .. သိုင်းကျူးရှဲှဲ့ရှဲ့နီပါ ရေးပေးလို့ :D

မမသီရိ said...

အော်.. တို့မောင်လေးက အဆိုကျော်လေးပဲ ကို..
PC ကစားတာတော့ မဝေဖန်တော့ပါဘူး..း)
နံပါတ် (၃) ကို နမိတ်ဖတ်ခြင်း ၀ါသနာလို့ ပြောရမယ်လေ..
Dictionary လှန်ခြင်းဆိုတော့.. တော်ကြာစာကြိုးစားခြင်းနဲ့ မှာ မှာစိုးလို့ ..း)
ဂဏန်းတွေ ပုဇွန်တွေ ချစ်တယ် ဆိုတာ... စားဘို့ ကြိုက်တာလား
မွေးဘို့ ကြိုက်တာလား

Phyo Evergreen said...

အကျိုးရှိမဲ့ဝါသနာတွေဘဲ.. ကောင်း၏ကောင်း၏

တလနွန် said...

ဝါသနာလေးတွေက ကောင်းပါတယ် ဟဲဟဲ

juli said...

Dictionary နဲ့နိမိတ်ကောက်တာ မှန်လား..
မိန်းကလေးဖြစ်ပေမဲ့ ဖဲဗေဒင် မကြည့်တတ်.. (ကစားပဲကစားတတ်သည်)
အသံဖြင့် နှိပ်စက်တတ်သည့်နေရာမှာတော့ တူသွားပြီ..

Phyo Maw said...

အမောင်သီဟသစ်ရေ စာလုံးပေါ်အောက် နည်းနည်းချဲပေး ဖတ်ရတာ အားရဘူးတဲ့ တို့များရဲ့ သူလေးက ပြောတယ်။

သူလေး ဘယ်သူလဲ သိချင်ရင် အမောင်သီဟသစ်၏ အရင်ပို့စ် ပြန်ဖတ်ပါ။ :D

ဖဲဆိုလို့ ပြားငါးဆယ် ၁ကျပ် ဒိုင် နီးစပ်ရာရှိတယ်။ ကျန်တာကတော့ နောက်မှ ပြောတော့မယ် :D

နှင်းပွင့်ဖြူ said...

အိမ်း........ ၀ါသနာတွေလည်း မသေးပါလားကွယ်ရို.

သီဟသစ် said...

းနေခြည် said...
၁) ယုံပြီးသား... ပရိတ်သတ်တွေက ခဲ ဆုချီမြှင့်ကျတယ်လို့လည်း ဖတ်ဖူးထားတယ်

၂) ဒုတိယနှစ်မှာ စကစားတယ်။ ဆရာမဖမ်းမိတဲ့ အထိပဲ (ဖဲထုပ်အသစ်လေး ပါသွားတယ်.. နှမြောလိုက်တာ)

၃) တစ်ခါမှ မကြားဖူးဘူး။ မှတ်ထားဦးမယ် စိတ်ဝင်စားတယ်။

ပုစွန် ကဏန်းတွေ ကြိုက်တတ်ခြင်းကတော့ အန်ထွက်တဲ့ အထိပါပဲ...း)

ရေးပေးတာ ကျေးဇူး ကိုသစ်

မေ့သမီး said...

ဂုဏ်ထူးတန်းတက်တယ်ဆိုပြီးကြွားတာပေါ့။ သူများလည်းဂုဏ်ထူးတန်းတက်ခဲ့တာပါနော်။ ဘွဲ့ယူတော့ခုံနံပါတ် ၁၈။ (လူကလည်း ၁၈ယောက်ပဲရှိတာ):P

သဇင်ဏီ said...

သီချင်းကတော့ တို့လဲကြိုက်...
ဖဲကတော့ လက်တွေ့ရိုက်ရတာပိုကြိုက်..
dictionary လှန်ပုံချင်းကတော့ အနည်းငယ်ကွဲပြား... =)

(ဆိုဆိုဖွယ်ရာတွေကို လာဖတ်သွားပါတယ်)

Anonymous said...

ဘာလို့ ပျောက်ကုန်တာပါလိမ့်????

လင်းဦး(စိတ်ပညာ) said...

ဝါသနာတွေ လာဖတ်သွားပါပြီ.... တော်တော်စုံပါ့

နှင်းဆီနက် said...

ယောက်ခမ၀ါသနာတွေ ခေးဆီတော့မပါကောင်းပါဘူးနော် ချွေးမစိုးရိမ်သွားပြီ စဉ်းစားရတော့မယ်ထင်တယ်း)