Thursday, March 5, 2009

ရွှေနိုင်ငံ နှင့် ရွှေဘိဇနက်

ပါရဂူဆရာဝန်ကြီးတွေ အလယ်မှာစံ
ဘေးမှာရံရမှာ ဆရာဝန်လေးတွေနဲ့ နပ်စ်မများ
ဟိုတယ်ကြီးအလား ဖွင့်မှာက
အထူးကု ဆေးရုံ။
အဖြူတစ်ယောက် ရုပ်ပြထား
တရုတ်မများနဲ့ ဖွင့်ချင်တာ
International School။
သောက်သူသောက် သေသူသေ
သဗေသတ္တာသဘောထား
အပြောမကြွားပဲ ဖွင့်မှာက
Beer Station။
မြန်မာ့ လောင်းကစား
ကမ္ဘာကိုလွှမ်းစေဖို့
မြန်ပြည်တစ်ဝှမ်း ဖွင့်လိုက်မယ်
လောင်းကစားဒိုင်။
ရိုးသားမှု ကြိုးစားမှုတွေ အသာထား
အရင်းအနှီးမများရင်တော့
သတင်းကြီးသွားဖို့ မလွယ်ဘူးမောင်။
တော်, ပိုင်မှ အနော်ခိုင်မှာမို့
အပျော်ထိုင်မနေပဲ
တော်, ပိုင် မလိုတဲ့
ရွှေနိုင်ငံ အပြင်မှာ
ကြိုးစားနေကြောင်း။ ။

ဟိုမှာ နေတုန်းက မီးမလာတဲ့ အချိန်မှာ စိတ်ညစ်ညစ်နဲ့ လျှောက်ရေးထားတာပါ။ ခုမှ နည်းနည်းပြင်ပြီး တင်လိုက်တာ။ ကဗျာ မပီ စာမပီ မို့ ဖတ်လို့ မကောင်းရင် ပြင်ပေးကြပါလို့။

11 comments:

khin oo may said...

ဒီအတိုင်းဘဲကောင်းပါတယ။်

Phyo Maw said...

တို့များတော့ ပညာရှာအခါမလင့်စေနှင့် ဆိုသည့်အတိုင်း
နိုင်ငံခြားအကြို ကျူရှင်လေးတွေပဲ ဖွင့်ချင်ပါသည်။
၁လပြတ် ၂လပြတ်လေးလောက်ပါပဲ။
အော်... ကိုယ့်တုန်းကလည်း မသိလို့ ဒါလေးတွေပဲ လိုက်တက်ခဲ့မိတော့...
(ဆွေးဆွေးမြည့်မြည့်ဖြင့်)

မမသီရိ said...

ဲလက်ရှိမြန်မာ့မြင်ကွင်း
ကွက်ကွက် ကွင်းကွင်းကြီးမို့
လာရောက်လို့ ဂုဏ်ပြုသွား ပါကြောင်း....း)

သီဟသစ် said...

To Ko PM
နောင်လာနောက်သားများ မမှားရ အောင် ပို့စ်လေးရေးပြီးတင်ပါဗျို့။

To မမသီရီ
ကျေးဇူးပါခင်ဗျာ

Anonymous said...

ရေးတတ်ပါ့း) မှန်တာပြော ချမ်းသာပါစေ သီဟ ရေ့

သီဟသစ် said...

ကိုမောင်မျိုးရေ
ကျေးဇူးပါဗျာ။ ဆုတောင်းပြည့်ရပါလို၏။

Anonymous said...

ကဗျာ က အရမ်းကောင်းတယ်... ကွက်တိပါပဲ.... :P

သီဟသစ် said...

To stupidee,
ကျေးဇူးပါဗျာ။

အမောင်ငရ် said...

:D
ကွက်တိပဲ...။
ကြိုက်ပါ့..။

သီဟသစ် said...

ကိုအမောင်ငရ်
ကျေးဇူးပါ

နွေးနေခြည် said...

ရွှေနိုင်ငံ အပြင်မှာ နေရတာလည်း မလွယ်ပါဘူးးးး ဟူးးးးးးးးးးးးးး