Wednesday, March 11, 2009

DMail

သူများတွေ နည်းပညာ အကြောင်းရေးကြသောအခါ မောင်သီဟသစ်ရေးချင်လာ၏။ DMail ဆိုသည်မှာ လွန်ခဲ့သော ၇ နှစ်ခန့်က ကျွန်တော်နှင့် ချူသစ်လေးတို့ သုံးခဲ့ကြခြင်းဖြစ်၏။ အင်တာနက်မလို မီးလာဖို့တော့ လိုလေသည်။ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက
ဝန်ဆောင်မှုပေး၏။ (ဟယ်တို့တောင် မသိပါလား။ ပြောပြမှာပေါ့ ဆက်ဖတ်ပါလေ။)

ဤနေရာ၌ ကျွန်တော် ဘာကြောင့် မြန်မာစာ ကောင်းကောင်းရိုက်တတ်သလဲ ဆိုတာ ပြောဖို့လိုလာသည်။ တရံရော အခါကပေါ့ကွယ်။ 2001 လောက်ကပေါ့။ တစ်ချို့သောသူတို့(for e.g Ko TZA, Ko PM) ကဲ့သို့ အဖျားရှူးဇာတ်လမ်းရေးမည် မထင်ပါနှင့်။ အဖျားရှူးတာ မကြိုက်လို့ A တောင် မဖြစ်သာမှ ရေး၏။

ကျောင်းကြီးပြီးသွားတော့ ချူသစ်လေးနှင့် အဆက်အသွယ် လုပ်ဖို့ခက်သွားလေသည်။ သူ့အိမ်က ကျွန်တော် အစွန်းအစ ရှိကြောင်း မသိသေးသောကြောင့် သဘောမတူသေးပေ။ (ကျွန်တော် အစွန်းအစ ရှိတာကတော့ ဒိုဘီသည်ပဲသိ၏။) ကျွန်တော်စာရေးပို့ရင် သူ့အိမ်က ဖောက်ဖတ်ပြီး လွှင့်ပစ်မှာ စိုးရသည်။ သူ့အိမ်တွင် ကွန်ပျူတာ တစ်လုံးရှိ၏။ သူတစ်ယောက်သာ သုံးတတ်သည်။

သီဟသစ်တို့ ကြိုးစားရလေပြီ။ ကွန်ပြူတာရှိသော သူငယ်ချင်း အိမ်သွား သူ့မိဘ တွေရှိရင် Programming တွေလုပ်၏။ မရှိရင် စာတွေရိုက်၍ Diskette မှာသိမ်းလေသည်။ ထို့နောက် စာတိုက်သွားကာ ပို့ရလေသည်။ ချူသစ်လေး မိဘတွေ ကတော့ သူ့သမီးကို ကျေးဇူးတင်ထိုက်၏။ စာလုပ်ဖို့ ၀ယ်ပေးထားတာ ရည်းစားစာပါ ဖတ်လို့ရတယ် ဟုပြလိုက်သောကြောင့်ပင်။

အဲဒီတော့ DMail ဆိုတာဘာလဲ သိလောက်ပေပြီ။ Diskette Mail ဖြစ်ပါသည်။



Credits to http://www.istockphoto.com/file_thumbview_approve/915853/2/istockphoto_915853_diskette_cartoon.jpg

မှတ်ချက်(၁)
မမိုးကောင်းသူ: အင်း ဒီမေး ဆိုတော့ ဒီကမေးပေါ့ နောက်မေးခွန်းက ho mail ဖြစ်မလားပဲ
Rita: နေမျိုးဆေးရဲ့ ဆိုင်တဆိုင် ဗိုလ်မင်းခေါင်လမ်းမှာ ရှိဖူးတယ်။ Cafe D လေ။ D for Dangerous တဲ့။ if so, Dangerous Mail
ခင်မာလာ: လာလည်သွားတယ် အစ်ကိုရေ ။ Dmail ဆိုတာဘာလဲဆိုတော့ မုန့် အရင်ဝယ်ကြွေးရမယ် ။။။။ ဟဲဟဲ (နောက်တာပါ) ။
နွေးနေခြည် : Dmail ဆိုတာ ဟိုမေး မဟုတ်တာပါး) အဟီးးးး
အန်တီချမ်း: DMail is an easy to install, high performance, reliable and scalable mail server. Anything from a small personal mail server to a 10 Million user ISP mail system. Flexible authentication modules allow

Cbox တွင် ဖြေသွားကြသော Rita, နွေးနေခြည် ခင်မာလာ အန်တီချမ်း မမိုးကောင်းသူ တို့ အား ဇွဲဆုပေးတဲ့ အနေဖြင့် မုန့်ကျွေးပါမည်။ ကြိုက်ရာမုန့် ပြောကြပါကုန်။ Email နှင့် မရောက်မချင်းပို့ပေးပါမည်။ အပြင်တွင် မပြောကောင်း မဆိုကောင်း တွေ့ခဲ့သည် ရှိသော် တကယ် မုန့်ကျွေးပါမည်။

မှတ်ချက်(၂)"ကျေးဇူးတင်ထိုက်သူများ အကြောင်း ရေးမိသော အခါ ကျွန်တော် ကျေးဇူးလို့ ပြောလိုက်ရင် နောက်သလိုကြီး ဖြစ်နေ၏။ လာလည်ကြသော မန့်ကြသော မိတ်ဆွေ အပေါင်းကို တကယ် လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ပါသည်။

မှတ်ချက်(၃)Ko TZA , Ko PM နာမည်သုံးခ အအေးတိုက်ပါမည်။

24 comments:

strike said...

ဆသရ စာတိုက်တွေကပို့တော့အဆင်ရောပြေလို့လားဗျ။

သီဟသစ် said...

ွှstrike ရေ
ဒီလိုပါပဲ အဲဒီအခါက အဲဒီနည်းပဲရှိတာကိုး။ အထဲမှာ ဟိုဟာ ဒီဟာတွေ မပါကြောင်း လက်မှတ်က ယူရသေးတယ်။

နွေးနေခြည် said...

အော်.. နောက်ဆုံးတော့ DMail ဆိုတာ အီးရည်းစားစာကိုး... (electronic ရည်းစားစာကို ဆိုလိုသည်။)

Phyo Maw said...

D ပါဆိုမှ jie jieက E တပ်ချင်ပြန်ပြီ။
သူအဆင်ပြေခဲ့တာလေးတစ်ခုစ နှစ်ခုစ ကိုရေးပြီး ဒီကျအဖျားရူးတယ်တဲ့

Phyo Maw said...

အပေါ် တစ်ကြောင်းမှာ jie jie နွေးနေခြည်ကိုဆိုလိုပြီး
ဒုတိယတစ်ကြောင်းမှာကား... ကျွန်ုပ်တို့၏ဇာတ်ကောင်ကြီး xxx ကိုဆိုလို၏။

တီချမ်း said...

တော်တော် မောင်ဂျိုကာ
မုန်းတွေကို အီးမေးလ် မှတစ်ဆင့်ပို့ပေးပါမည်
တီဗီ မှတစ်ဆင့်ထုတ်ယူပါရန်ပေါ့ ဟုတ်လား
စလုံးကိုလာခဲ့မယ် ဒါပဲ ကျွေးဖိုးသာပြင်ထား
ဟွန်း

တီချမ်း said...

မုန့် ဆော်ရီး

Anonymous said...

ဒီမေးဆိုတော့ ပါးစပ်အောက်က မေးစေ့ကိုပြောတာလားမှတ်တယ်။ လတ်ဆသတ်တော့ အီးမေးကိုးးး ကြံကြံဖန်ဖန်နော်...း))

သီဟသစ် said...

ွှTo နွေးနေခြည်
E မတပ်ပါနဲ့တော့ကွယ် ကဗျာ မဆန်မှာ စိုးလို့။
To ဖြိုးမော်
မောင်ရင့် အတွက် ကတိ အတိုင်း Sprite ဘူးကြီး တစ်ဘူးပို့လိုက်ပါပြီ။ ကြိုက်နှစ်သက်ရာ Cheers ဆိုင် S$1.9 ပေးကာ ရွေးယူနိုင်ပါသည်။
:P
ွှTo အန်တီချမ်း
Print ထုတ်စားပေါ့။ စလုံး လာမည့် အချိန် အတိအကျ ပြောပါရန်
ရှောင်နေရ အောင်လို့။ :P
To မေဒီ
ရှေးဖြစ်ဟောင်း အောက်မေ့ဖွယ် လေးတွေပေါ့ကွယ်

Anonymous said...

:D....တကယ်ကောင်းတဲ့ Gmail လေး။ ခုကောသုံးသေးသလားဗျို့  ။:P
အကျိုးသက်ရောက်မှုကကော...:)

သီဟသစ် said...

To မာလာရေ
ဆက်ရေးပါ့မယ်ကွယ်။ မျှော်

ကိုသားငယ် said...

ဘာမေးလည်းလို့ ဟိုမေး ဒီမေးမလုပ်တော့ ပါဘူး...

သီဟသစ် said...

ွှကိုသားငယ်
ဒီကဖြေချင်တာပါဆိုမှဗျာ

GreenGirl said...

မိုက်တယ်ကွာ... စိတ်ကူးကတော့ ရှယ်ပဲ :)

ဒါနဲ့ လွမ်းသုရင် ကို လင့်သွားတာ ကျေးဇူးနော် :)

သီဟသစ် said...

ွှTo GreenGirl
ဟုတ်ကဲ့ပါဗျာ။ ကျေးဇူးပါ။

khin oo may said...

အီး အဲ။ အင်း ဟိုဟာ ဒီဟာ...

မိုးခါး said...

ဘာပဲဖြစ်ဖြစ် အဆင်ပြေဖို့ အရေးကြီးတယ်း))

သဇင်ဏီ said...

အော်..
တစ်ကယ်ပဲ အထူးအဆန်းမေးလ်များလားလို့..
တော်တော်နောက် :)

သီဟသစ် said...

မမkom ၇ယ်
Visited ဆိုရင်ကို ကျေနပ်ပါ၏။
မိုးခါး
ဒါဆို ညီမလေး အဖြေမှန်ပါတယ်ကွယ်
သဇင်ဏီ
အလည်လိုက်ပြန်တာ page က ရုံးမှာဖွင့်ကြည့်တော့ ရတယ်။ အိမ်မှာကျတော့ ဖွင့်မရတော့ဘူး။

December Cinderella said...

ငါလဲ ကျန်ခဲ့တဲ့ ရွာက ငါ့ချူသစ် ကိုသာဒင်ဆီ အဲ့လို ပို့ချင်တယ်။
ဒါမှ သူ့မိဘတွေ မရိပ်မိအောင် သူ ခိုးခိုးသုံးတဲ့
နွားတင်းကုပ်ထဲက ကွန်ပြူချာလေးမှာ
သူ ငါ့ကို အပြည့်အ၀ လွမ်းလို့ရမှာ ..

သီဟသစ် said...

:-)

mgnge said...

ဒီနည်းပညာလေး ကောင်းတယ် မဆိုးဘူးဗျ..။

သီဟသစ် said...

ကိုမောင်ငယ်ရေ
တစ်ခါကပေါ့ဗျာ။ ခုတော့ မလိုတော့ဘူးပေါ့နော။

TZA said...

မှတ်ချက် ၃ ကို အကောင်အထည်ဖော်မဖော် လာရှိုးတာ။