Thursday, March 19, 2009

Once upon a time, there was a lion

တစ်ခါကဖြစ်ပါသည်။
မနှစ်ကမေလ သီဟသစ် စင်္ကာပူ ရောက်ရောက်ခြင်း အားသိပ်မရှိပေ။ ဆွေမျိုးတွေ ဘာတွေ မရှိလို့လား ယောက်ျားလေးဖြစ်ပြီး အားငယ်တတ်လိုက်တာကွယ် မထင်ပါနှင့်။ စင်္ကာပူ မလာခင် တစ်ရက်အလို ရန်ကုန်က တည်းတဲ့ဆီမှာ ကျွဲရိုင်းသောက်လိုက်မိပြီး ပဋိက္ခရား မင်းသားရဲ့ ဓါတ်လုံးကိုငုံမိသူလိုဖြစ်သွားသောကြောင့်ဖြစ်သည်။ (အကြောင်းစုံကို Bonus တွင်ဖတ်ပါ)

ရောက်လာပြီး ၃ ရက်လောက် ရှိသော် ဖုန်းအင်တာဗျူးရသည်။ Bla Bla မေးပြီးတော့ လခမေးသည်။ သီဟသစ်ဖြေလိုက်သည် "သာတင်းသောင်ဇင်" ။ ဟိုလူဖျားသွားသည်။ တစ်နှစ်စာလား တစ်လစာလား မေးသည်။ ဘယ်ရမလဲ တစ်လစာပေါ့ကွ ဖြေလိုက်သည်။ သူဖုန်းချသွားသည်။ ပြီးမှ ပြန်စဉ်းစားကြည့်တာ ကိုယ်ပြောချင်တာ 3000 ထွက်သွားတာက သာတင်းသောင်ဇင် အေးရော။

နောက်တစ်ခုကျတော့ Suntec City မှာဖြစ်သည်။ ငါ့ကို မအဘူးများမှတ်နေလား ဟု ကြွေးကြော်လေ့ရှိသော သီဟသစ် City Hall MRT မှာ ကားလမ်းမပေါ်ထွက်ပြီး လမ်းလျှောက်သွားသည်။ လမ်းကပြောင်းပြန်ကြီးလျှောက်မိ အင်တာဗျူး ချိန်က နီးသဖြင့် ကားငှားလိုက်ရသည်။ ဟိုရောက်တော့ သွားရမှာက ၁၅ ထပ်လားမသိ။ ဓါတ်လှေခါးထဲ ၀င်တော့ ဓါတ်လှေခါးကတက်သာသွားသည်။ နံပါတ် ၁၅ ရှာမတွေ့။ အဲဒါနဲ့ ၃၄ ထပ်ထိတက်ပြီးပြန်ဆင်းလာသည်။ နားကိုအူရောပဲ။ နောက်မှ Reception သွားမေးရသည်။ တခြားဘက်မှာရှိနေသည်။ အပြန်ကျမှ မြေအောက်လမ်း City Hall ကိုရှိမှန်းသိလေသည်။ ငါလူလည်ကွ ဆိုပြီး အဲခါကျမှ ပြောနိုင်တော့သည်။ ကျန်တာတွေ နောက်တော့ဆက်ပါမည်။

Bonus:
ပဋိက္ခရား မင်းသားရဲ့ ဓါတ်လုံး ကိုငုံမိသူ
ရာဇ၀င်ထဲက ပဋိက္ခရား မင်းသားအကြောင်း အချို့ကြားဖူးကြပေလိမ့်မည်။ သူ့မှာပြဒါးရှင်လုံးရှိသည် ဆို၏။ (မမကွမ်းပို့စ်ထဲက Lords of the Rings ထဲက လက်စွပ်မျိုးနေမှာပေါ့လေ)။ သူသေသွားတော့ အဲဒါပျောက်နေသည်။ တစ်နေ့တော့ လူတစ်ယောက်ထင်းခွေသွားရင်း အဲဒီပြဒါးရှင်လုံးကို မတော်တဆ ကောက်ရသည်။ ၀န်ကြီးကို ယောက္ခမ တော်လိုက်ရသလို နေ့ခြင်းညခြင်းခိုင်သွားသည်။ သူကပျောက်သွားမှာစိုး၍ ပါးစပ်ထဲငုံထားသည်။ တစ်နေ့တော့ ယောင်ပြီး မျိုချလိုက်မိသည်။ သူကချက်ချင်းပြန်ကျလာစေရန် ၀မ်းနှုတ်ဆေးစားသည်။ သူပြန်စဉ်းစားမိသောအခါ မစင်ထဲက ပြဒါးရှင်လုံးကို ပြန်ပြီးငုံရမှာ ရွံစရာ။ ထို့ကြောင့် အန်တဲ့ဆေး စားသည်။ ထို့နောက် အထက်လှန် အောက်လျှောဖြစ်ကာ သေလေတော့သည်။

19 comments:

Anonymous said...

:)....စင်ကာပူရောက် သီဟသစ်၏ အလွဲများ ..ဟဲဟဲ..:P
ဘာပဲဖြစ်ဖြစ် ..အားလုံးဟာ ခုတော့အမှတ်တရ...:)

Phyo Maw said...

၃၀ ၀၀၀ တောင်းသင့်ပါတယ်။
တချို့တွေလျော့ပြောလို့ အလုပ်မရပဲ ပြန်ကုန်ရတယ်။ အရညအချင်းမမှီဘူး ထင်လို့တဲ့။

yehtutnaung said...

:) စလုံးမှာ အင်တာဗျူး ဋီကာ ဖွင့်ခဲ့တဲ့အကြောင်းပေါ့။

khin oo may said...

အထက်လှန်အောက်လျော် ပုံပြင်လေးကြိုကိတယ်။

တီချမ်း said...

အရင်တုံးက ဒွတ်ခ
အခုတော့ ဟာသ
ဪ ဒွတ်ဒယာ ကြီးမှာနော်

Phyo Evergreen said...

အင်း အထက်လန်.. အောက်လျှောပေမို့ဘဲ.. နို့မဟုတ် မတွေးဝံ့စရာ။

Htoo Aung Lwin said...

ပဋိက္ခရား မင်းသားရဲ့ ဓါတ်လုံး လိုချင်တယ် ရှာပေး..............

နွေးနေခြည် said...

ကျွဲရိုင်းကြောင့် အထက်လန်အောက်လျှောဖြစ်တာ မဖြစ်နိုင်..
မနှစ်က မေလ ဖြစ်သောကြောင့် ရန်ကုန်တွင် နာဂစ်မိပြီး၊ သောက်ရေ ရှားပါးနေချိန် တည်းတဲ့ အိမ်က ကြုံရာကျပန်း ရေတွေသောက်မိသောကြောင့်ဖြစ်နိုင်သည် (စုံထောက်ဥာဏ်ဖြင့် စဉ်းစားသည် ငှဲငှဲ)

နံပါ ၁၅ ဘယ်လိုရှာတွေ့သွားသနည်း?

မမသီရိ said...

ပဋိက္ခရား မင်းသားရဲ့ ဓါတ်လုံး ကိုငုံမိသူ တဲ့လား
..........
တွေးလဲ တွေးတတ်ပါပေရဲ့ ကလေး ရေ
..........

:P said...

အေးလေ.. အထပ် ၁၅ က ဟိုဖက်ခြမ်းမှာရှိတယ်ကြောတာလား.. တညိုးပဲ

poemflower said...

အောင်မယ်လေးဗျာ ဆိုးလိုက်တဲ့ လူ နောက်ဆုံးတော့လျှောရော :P ဟီး၂

strike said...

သေတာတောင်မှ အထက်ကလဲလှန်ပေးရသေး၊အောက်ကလဲလျှော့ရသေး၊ဘ၀ ဘဝ

သီဟသစ် said...

>>Khinmarlaraung
ဟုတ်ပါ့ အဲခါတုန်းကတော့ stress တွေများနေတာလေ

>>Phyo Maw said...
Pm ရယ်တောင်းချင်တာပေါ့ကွယ်။
>>နေညိုရင့် said...
ဟုတ်ပါ့ နေညိုရင့်ရေ

>>khin oo may said...
ရယ်စရာ မဂ္ဂဇင်းထဲက ဖတ်ဖူးတာပါ

>>အန်တီချမ်း
ဟုတ်ပါ့ ခုမှ ပြန်ရယ်ရတာ

>>Phyo Evergreen said...
မောင်ဖြိုး ဘာတွေ တွေးနေသနည်း

>>ခရောင်းလမ်း
Lords of the rings လက်စွပ်နဲ့ လဲမယ်လေ

>>နွေးနေခြည် said...
စုံထောက်လျှော်ကြီး :P
နာဂစ်က ကပ်လွတ်ပါသည်။ မေ ၁ ရက်နေ့ ဒီရောက်သောကြောင့်ဖြစ်သည်။

>>မမသီရိ
ဖတ်ဖူးထားတာလေးပါ မမ။

>>sin dan lar
ဆောရီး စာရေးတာ မရှင်းဘူးဖြစ်သွားတယ်။ ၂ က နေ ၁၈ ထိပါတာက အခြား ဓါတ်လှေခါးမှာ။ ကျွန်တော် ပထမသုံးတာ က ၁၉ ကနေ ၃၄ ပါတဲ့ဟာ

>>poemflower
:p

>>strike said...
strike ဆိုပြီး နာမည်ကြီးတာ ဒါကြောင့်ကိုး

သက်ဝေ said...

ဘုရားရေ.. ရယ်လိုက်ရတာ ကိုသီဟရယ်...
၁၃၀၀၀... ဟဲဟဲ.. ကိုယ်လဲ ရရင်တော့ လိုချင်သား...
ပြောထားပါပေရဲ့နော် အဲဒါ တစ်လစာ... ဟဲဟဲ..

သီဟသစ် said...

မမသက်ဝေ
အဲဒီ အခါတုန်းကတော့ ဖုန်းချပြီးမှ စဉ်းစားမိပြီး ပြာသွားတာ။ agent ဆီဆက်တော့လည်း စကားကမပေါက်နဲ့လေ။
နောက်တော့လည်း အဲဒီအတိုင်းထားလိုက်တော့တယ်

khet myint myint said...

ခန့်မှန်းကြည့်မယ်။ ကိုသီဟသစ် အခု software developer or system engineer ရာထူးနဲ့လုပ်နေတာဖြစ်မယ်။ လခဒီလောက်ကောင်းကောင်းရတာ အဲဒီposition တွေပဲဖြစ်နိုင်တယ်။ အားကျစရာကြီး..။ ခပ်မြင့်မြင့်လဲကြိုးစာရပါဦးမယ်။

သီဟသစ် said...

ညီလေးKMMရေ
Software Engineer ပါ။ ကြိုးစားတာ အလကားမဖြစ်ပါဘူး ညီလေးရေ။ ညီလေးတို့က အရွယ်ငယ်ငယ်နဲ့ ဒီကိုရောက်တာ ဆိုတော့ ကိုတို့ထက် ပိုပြီး Chance ပိုများမှာပါ။

Moe Cho Thinn said...

သူ့ဓာတ်လုံး ဥပမာကလဲ ရီလိုက်ရတာ။ လန့်လောက်တဲ့ ဓာတ်လုံးပါတကား။ :)

သီဟသစ် said...

>>Moe Cho Thinn
အစ်မချိုသင်းလိုချင်ရင် မမကွမ်းဆီမှာ တောင်းလိုက်တော့