Sunday, March 15, 2009

ထိုတစ်ည၀ယ်


Credits to http://img.en.china.cn/0/0,0,280,3475,300,298,ebb79586.jpg

သီဟသစ်တို့ ကျောင်းသားဘ၀က သူငယ်ချင်းတွေ အဆောင် ဂစ်တာ လိုက်တီး သီချင်းဆိုကြသည်။ ပုံမှန်ကတော့ no response ပဲဖြစ်သည်။ (ဟယ် ညံ့လိုက်တာကွယ် မပြောပါနှင့်။ သီဟသစ်တို့ က ys လေးတွေ ရှိသောအဆောင်မှာ ဆိုလေ့မရှိသောကြောင့်ဖြစ်သည်)

တစ်ညတော့ ထူးထူးခြားခြား response တွေ ဆက်တိုက်ရသည်။ ခါတိုင်း အဆောင် ၀ရံတာ ခိုးမထွက်ရဲသော ချုသစ်လေးတို့ အဖွဲ့ ခိုးထွက်လာပြီး မီးရောင်နီလေးနှင့် အချက်ပြသည်။ သီဟသစ်တို့ အားတက်သွားသည်။ သီချင်းအားရပါးရဆိုသည်။

ပြီးတော့ နောက်ထပ် တစ်ဆောင်ထပ်ကူးသည်။ အဲဒီကို တစ်ခါမှ သွားမဆိုဘူးသေးပေ။ မီးကလည်း ပျက်နေသည်။ အရိပ်တွေ မြင်ရတော့ ပျော်သွားသည်။ အားပေးကြလိမ့်မည်ပေါ့။ ၂ ပုဒ်လောက်လည်းဆိုပြီးရော ကပ်ရပ် ၁ ဆောင်က ယောက်ျားလေးသံတွေနဲ့ သီချင်းပြန်ဆိုပြသည်။ သီဟသစ်တို့ မသိတာက သူငယ်ချင်းအဆောင် နှင့်ကပ်ရက်မှာ ယောက်ျားလေးဆောင်ရှိတယ်ဆိုတာပင်။ ကံကောင်း၍ ခဲနှင့် အပေါက်မခံရခြင်းဖြစ်သည်။

နောက်ထပ်တစ်ဆောင်သွားဆိုကြသည်။ ၃ ပုဒ်လောက်လည်းဆိုပြီးရော အဆောင်ခေါင်မိုးပေါ်ကို အုတ်ခဲတွေ တ၀ုန်းဝုန်းကျ၏။ သီဟသစ်တို့ ပြေးရပြန်သည်။ (နောက်နေ့မှ သူငယ်ချင်းတွေမေးကြည့်လို့ သိရတာက မီးနေသည် ရှိသောကြောင့် သူ့ယောက်ျားက ခဲနှင့်ပစ်တာတဲ့။ ကိုယ်တွေ အပေါ်တည့်တည့် မပစ်တာ ကံကောင်း)

နောက်ဆုံး သွားဆိုတဲ့ တစ်ဆောင်က လမ်းကျဉ်းလေးထဲမှာဖြစ်သည်။ သူငယ်ချင်းက သူ့အိမ်က ကားယူလာသောကြောင့် ခဲထိမှာ လန့်နေသည်။ ထိုအဆောင်မှာတော့ ထူးထူးခြားခြား မကြုံလိုက်ရ။

အဲဒီနောက်မှာတော့ သီဟသစ်တို့ တစ်ဖွဲ့လုံး ထိုတစ်ည အတွေ့အကြုံကြောင့် ဘယ်အဆောင်မှ ဂစ်တာလိုက်မတီးကြတော့ချေ။

ဝမ်းနည်းပါသည်။ (စာပေါလောကမှ အပိတ်စကားလေး ယူသုံးသည်)

24 comments:

နွေးနေခြည် said...

ထိုတည၀ယ် ခဲထိခဲ့သည်.. အဟတ် အဟတ် :D

တီချမ်း said...

ဂျိုကာ

ရွာက ဘဘုန်းဘုရားကပြောတယ်
စဘော်အဆုံးခံပါ့မယ်တဲ့
နောက်ဘယ်တော့မှလာမဆိုပါနဲ့တဲ့

အုတ်သဌေး ဦးဘ မင်းကိုရှာနေတယ်
အုတ်တွေ ကန်ထရိုက်ယူချင်ဆိုပဲ

ကိုဘခက် ကလဲလိုက်ရှာ (မီးနေသည်ယောက်ျား)
သူ့မိန်းမမွေးမရတာမင်းတို့ကြောင့်တဲ့

အားလုံးထဲမှာ အရေးအကြီးဆုံးနဲ့
အကြိုးရှိနိုင်တာ တစ်ယောက်တော့လာရှာတယ်
ရှောက်သီးဆေးပြားရောင်းတဲ့ အခြောက်က မင်းတို့
အဖွဲ့ကို ငှားမယ်တဲ့
နှစ်ချုပ်နဲ့တဲ့
လူတွေကိုလဲအကုန်သူတာဝန်ယူပါတယ်တဲ့
ကဲ
ပြောခိုင်းတာတွေလဲကုန်ပြီ ပြန်ပြီ

သီဟသစ် said...

To နေခြည်
:P
တီချမ်း
လူဆိုး။ အုတ်ကန်ထရိုက်နဲ့ပဲ စာချုပ်ချုပ်လိုက်ပီ။

Anonymous said...

ဟားဟား...ပီသလိုက်တဲ့ ငါ့အစ်ကိုတော်။။။။
ခဲမမှန်ခဲ့တာကံကောင်း.....:P...
လာလည်။မန့် ။ရယ်သွား။တီတီချမ်းပြောသွားသမျှ ထောက်ခံ..:P
ဒီအစ်ကိုဂျိုကာ တစ်ယောက်ဟာ။။။ကို့ ညီမနာမည်တောင်..
ခင်မာလာအောင်ကနေ ခင်မာလာမောင် ဖြစ်ရတယ်လို့ ။။။ဟဟ။
တီတီချမ်း.နဲ့ တိုင်ပြောမယ်။။ဟယ်ဟယ်။:)

Phyo Evergreen said...

ခဲမလောက် သီဟသစ်

Phyo Maw said...

C နဲ့ အပြိုင် THT... THT... THT တို့ကွ။

ဒါဖတ်ပြီး အမောင်ပြုံးနေမှာသိသည်။ ဒီလိုနှင့်
.
.
.
.
.
.
.
.
ဟေး... ခဲမလောက်တီးဝိုင်းကွ။ (အဲလိုမပြောရက်ပါ။)

သီဟသစ် said...

To မာလာ phyo pm
ရက်စက်ကြသူများ ... အဟင့် ရွှတ် ..

တီချမ်း said...

ဟိတ် အားလုံးသတိ
ဂျိုကာ နှပ်နှင့်ပစ်
ရှောင်......................
ဖတ်
ပီအမ် အားထိသွားပါသည်။

မိုးကောင်းသူ said...

မဆိုတက် မတီးတက် အဖွဲ့
တကယ်က ကိုယ့်အသံကို ကိုသိလို့ နောက်မသွားတော့တာ

သီဟသစ် said...

သူငယ်ချင်း မမိုးကောင်းသူ
အမှန်တွေ မပြောရ
:D

khin oo may said...

စာပေါလောက ဖတ်နေကြကိုး။ တွေ့ရတာဝမ်းသာပါတယ်။
ဝမ်းနည်းပါသည်
ဖိုးဖိုးကြပ်

ကောင်းကင်ပြာ said...

အဆောင်ရှေ့က သီချင်းသံပေါ့။ ခဲမလောက် တီးဝိုင်း ခဲမမှုန်ခဲတာ ကံကောင်း:)

မေ့သမီး said...

အထက်တန်းကျောင်းသူဘ၀တုန်းက အစ်ကိုတွေနဲ့ ဘောင်းဘီရှည်ဝတ်၊ ဦးထုပ်ဆောင်းပြီး သူတို့ဂစ်တာတီးတဲ့နောက်လျှောက်လိုက်ဖူးတယ်။ ခဲမှန်ဘူးတဲ့အတွေ့အကြုံတော့မရှိ။ ဟိုဘက်ဝိုင်း၊ ဒီဘက်ဝိုင်းအပြိုင်အော်ကြတာပဲ တွေ့ဘူးတယ်။ ခဲမှန်ခံရတဲ့အတွေ့အကြုံဆိုတာနည်းလား။ :D

tg.nwai said...

ဟုတ်လား..တို့တွေကတော့ အဆောင်ရှေ့က ဂီတ၀ိုင်းတွေကို အားပေးခဲ့ဖူးတယ်...ပျော်စရာကြီးပါ..တကယ်တမ်း response မရစဖူး ရတုန်း ရပ်ထားလိုက်ရမှာ..နောက်အဆောင်တွေဆက်တော့ ..အဲလိုတွေဖြစ်ကုန်ရောပေါ့..
ဝမ်းသာပါသည်..အဲ..၀မ်းနည်းပါသည်...

juli said...

တစ်ညတည်းနှင့် ပြောင်းလိုက်တဲ့ အဆောင်တွေပါလား..

"ဆောင်တော်ကူးတဲ့ ထိုတစ်ညဝယ်..အုတ်ခဲမိုး ရွာသွန်းဖြိုးခဲ့တယ်.."

juli said...

ဟီး.. အဓိပ္ပါယ် ဘယ်ရောက်သွားလဲ မသိဘူး..
ဝမ်းနည်းပါသည်..

My Diary said...

ခဲမလောက်ပဲ
အုတ်ခဲကျိုးများ ရောင်းရန်ရှိသည်။
ကောင်းတယ်။ ကောင်းတယ်

ဘာတွေတုန်း said...

တစ်ညလုံး သီချင်းအဆက်မပြတ်ဆိုနိုင်သည်ကို ထောက်ခြင်းဖြင့် မှန်ချို မှန်မှန်စားကြောင်း မှတ်ချက်ချနိုင်သည်။
ဆိုင်ဆိုင်မဆိုင်ဆိုင် ဆိုင်သည်ဟု မှတ်ပါ။
ပုံ
ဘာတွေတုန်း

သီဟသစ် said...

ွှTo မမကွမ်း
ဝမ်းနည်းပါသည်

To ကောင်းကင်ပြာ My Diary
ငါ့ကို ခဲမလောက်ပြောတဲ့လူတွေ ငါအုတ်Boss ဖြစ်ပြီး ရှင်ကျာပူမှာ Condo ၁၀ ခန်းဝယ်တဲ့ အခါကျ အလည်မခေါ်ဘူး
:P

To မေ့သမီး
သူကလည်းစုံပါ့ကွယ် I သူ့ငယ်ချင်းကောင်မလေးတွေလို ယောက်ျားလေးဆောင်ရှေ့ရော သွားဆိုဘူးလာ;

To myo
သူပြောမှ သူများက ဘာလိုလို

To မမ tg
အနော်တို့က အသံလေးမကောင်းတာနဲ့ ရုပ်လေးမချောတာဘဲ ရှိတာ သူတို့က လုပ်စရာလားလို့

To ဘာတွေတုန်း
အဟုတ်ပါ့ကွယ် မှန်မှန်တော့ မစားဘူး အဲဒီညဆိုစားသွားတယ်
ဘယ်လိုများသူလေသိ

Anonymous said...

ကဲပါ... အုတ်သွတ်ရယ်...
အိ... ဟုတ်ပေါင်... အုတ်ဘော့စ်ရယ်... ဒေါသလည်းလျှော့ တစ်ညလေးထဲသွားဆိုလို့ ဒီလောက်ပဲ ပြောခံရ နည်းလား။ ဇာတ်ကသလို ၃, ၄ ညသွားဆိုရင် သွတ်သွတ်လည်း Condo ၁၀ ခန်းပိုင်ရှင် ဖြစ်ပြီးနေလောက်ပြီ... အဟိ

မြစ်ကျိုးအင်း said...

သီဟရေ ဒီပို့လေးဖတ်ရမှပဲ ကိုယ်တို့ အဆောင်တွေ သီချင်းလိုက်ဆို
ကြတာသတိရမိတယ် .ပြောလို့ပြောသာမဟုတ်ဘူး အဆောင်သူတွေ သုပ်ကြွေးတဲ့ လဘက်က ပိုစားကောင်းတာပဲ။
ခုကြွေးရင်တော့ မစားချင်တော့ပါဘူးကွာ ။ဆိုးဆေးတွေပါလို့လေ။

သီဟသစ် said...

ကိုမြစ်ကျိုးအင်း
ကြုံကြွားလေး လုပ်သွား၏။
:P

မမသီရိ said...

အဆောင်တွေ မှာ သွားမတီးရတော့.. ဘယ်နား သွားတီးကြတုန်း
ဝါသနာ က ဖျာ ကာရ ခက်တယ်လေကွာ နော်..း)..

သီဟသစ် said...

>>မမသီရိ
ကိုယ့်အဆောင်မှာပဲကိုယ်အော်ဆိုတာပေါ့ခင်ဗျာ။
:D