Monday, March 9, 2009

ကျေးဇူးတင်ထိုက်သူများ အကြောင်း

၁။ ကြာတော့ကြာပါပြီ။ လွန်ခဲ့တဲ့ ၁ လ လောက်ကပါ။ City Hall သွားတော့ MRT က အထွက်နားမှာ "မြန်မာတွေပေါလွန်းတယ်၊ စင်္ကာပူကို မလာတော့ဘူး" ဆိုသော မြန်မာသံ ပီပီသသကြီးကို အမျိုးသမီး တစ်ယောက်ထံမှ ကြားလိုက်ရ၏။ ထိုအမျိုးသမီးကား ကိုယ့်လူမျိုးတွေ ကိုယ့်နိုင်ငံမှာ အေးအေးချမ်းချမ်း ရာဘာစိုက် ဆီအုန်းစိုက် စားစေလိုသော စေတနာ ရှိပုံ ရလေသည်။ မည်မျှကျေးဇူးတင်ထိုက်သနည်း။

၂။ တနေ့သောအခါ ပင်နစူလာ အရောက် ဆိုင်ခန်းတစ်ခန်းရှေ့ အဖြတ်တွင် ခင်ဗျား ဒီကိုလာပြီး ဟိန်းသလို ဟောက်သလို လာမလုပ်နဲ့ ၊ ဒီမှာ လုပ်ပေးနေတာ မမြင်ဘူးလား၊ ဖြတ်ရိုက်ပလိုက်မယ် ဆိုသော အသံကိုကြားရ၏။ ထိုခဏ၌ှ ပြန်လာသူတိုင်း "အကျွန်တို့သည်ကား နိုင်ငံတော် တာဝန်ကျေခဲ့လေပြီ" ဟု ဂုဏ်ယူ(၀မ်းနည်း)စွာ ရွတ်ဆိုလေ့ရှိသော နေရာကြီးတစ်ခု ပင်နစူလာမှာ လာဖွင့်နေပြီလား ဟုထင်လိုက်မိသည်။ မဟုတ်သေးချေ။ အကယ်၍ မတော်တဆ လာဖွင့်ခဲ့ချေသော် နားခံနိုင်စေရန် ထိုသူက လေ့ကျင့်ပေးနေခြင်းသာတည်း။ မည်မျှကျေးဇူးတင်စရာ ကောင်းသနည်း။

၃။ တနေ့ စီးတီးဟောမှ အပြန် ရထားပေါ်တွင် အမျိုးသမီးတစ်ဦး ဖုန်းပြောနေသံကြားရ၏။ လည်မျိုတက်နင်းပလိုက်မယ် ဆိုသောစကား ကျယ်လောင်စွာ ခဏ ခဏကြားရ၏။ ကိုယ့်နိုင်ငံ နှင့်ဝေးနေခိုက် ကျန်တဲ့သူများကို ဘုရား တရား တ နိုင်စေရန် ကူညီပေးနေခြင်း ဖြစ်ရာ၏။ မည်မျှကျေးဇူးတင်ထိုက်ပါသနည်း။

ကျေးဇူးတင်ထိုက်သူများကို ကျေးဇူးတင်ခြင်းသည် မင်္ဂလာတစ်ပါး မဟုတ်ပါလား။

36 comments:

KLNG said...

သီရေဟင်းချက်သင်ပေးပြီးရင်ကိုယ့်ကိုလဲကျေးဇူးတင်နော်ဟိ

khin oo may said...

နားရှိလို့သာကြားရ.
တို့တွေ ဒီလောက်ရိုင်းနေကြသလား။

khin oo may said...

ကာကာ...

khin oo may said...

အိမ်ပြန်.....အလည်လွန်လာပြီ။

ကြည် said...

ဟုတ်ကဲ့ ကျေးဇူးတင်ထိုက်သူများအကြောင်းဖတ်ရလို့ ကျေးဇူးတင်ပါတယ်။

မိုးတိမ်ညို said...

ဟားဟား စဉ်းစားပုံလေးကောင်းတယ်ဗျာ

တီချမ်း said...

ကျေးဇူးပါတော်
ကျေးဇူးပါ

MELODYMAUNG said...

huuuuuuuuh! သက်ပြင်းချတာ ခြေမကွဲမလားတောင်မသိ
အဲဂလိုတွေကြုံသတတ်
ဘိုင်ဒဝေး အခု စလုံးမှာလားဗျ :)

သီဟသစ် said...

>>ကြည်
လာလည်တာ ကျေးဇူးတင်ပါတယ်
>>မိုးတိမ်ညို
ကျေးဇူးပါခင်ဗျ
>>အန်တီချမ်း
တကယ်ပါဆို
>>မမယ်လိုဒီ
Really

Rita said...

ကျွန်မသည်လည်း နိုင်ငံတော်ကို တာဝန်ကျေခဲ့လေပြီဟု ရွတ်ဆို ရပါတော့မည်။
!_!!_!!_!!_!

Dr Phyo Wai Kyaw said...

လူအမျိုးမျိုးရယ်ကို
ဒီလိုတွေးလိုက်တော့လည်း အကုသိုလ်နည်းတာပေါ့ ဗျာ.

သီဟသစ် said...

>>KLNG
ခုနက ကွန်မန့်ပြန်ထားတာ တက်မသွားလို့ နေမှာ
>>မမကွမ်း
မလျှောက်တတ်ပါကြောင်း
>>Rita
ဂုဏ်ယူလိုက်စမ်းဘာ....
>>အလှတရား
ဟုတ်ကဲ့ခင်ဗျာ ကြီုးစားပါ့မယ

တီချမ်း said...

ဟေး ဒေါ်ရီတာ
အခွန်ဆောင်လိုက်ပြီကွ

တီချမ်း said...

အကောင်းမြင်တဲ့ရှုထောင့်လေးပေါ့နော်
ကောင်း၏
ကောင်း၏
ဒါကတော့ တကယ့် ဂျိုကာပဲဟေ့

ဘာတွေတုန်း said...

အဲ့လို လူတွေတော့ တွေ့ဖူးသား။ ဒါပေမဲ့ ကျေးဇူးတင်ထိုက်သူရယ်လို့ မတွေးမိဘူး။ အတွေးနဲ့ အရေးလေးက ကောင်းပါတယ်ရှင်

:P said...

စနေ၊ တနင်္ဂနွေညတွေမှာ ည 11၊ 12 လောက်ကို အရက်မူးပြီး ဟိုအော်၊ ဒီအော်၊ သီချင်းအော်ဆိုတဲ့ မြန်မာကိုကိုတွေကြောင့် အိပ်ရာက လန့်နိုး၊
ပြန်အိပ်မရတာကိုရော ဘီလိုကျေးဇူးတင်ရမလဲ...ငှင်... ပြောပြ

သီဟသစ် said...

To chenaddy
ပေါ်လီယာနာ ဖတ်ထားတာ အလကားမှတ်လို့
(ငှားခပေးရတယ်)
To ဘာတွေတုန်း
အစကတော့ negative view နဲ့ရေးဖို့ပါ။ နောက်မှ မကျတကျလေးရေးလိုက်တာ
To Sin Sin,
ရဲကိုကို (NPP) တို့အား သတိရစေရန် ကူညီပေးသောကြောင့် ကျေးဇူးတင်သင့်ပေသည်

သက်ပိုင်သူ said...

ကျေးဇူးတင်ပါတယ်နော်။..... အဟီး

သီဟသစ် said...

ဟုတ်ကဲ့ပါ ဟုတ်ကဲ့ပါ ကိုတက်ပိုင်သူ

strike said...

ကျွန်ပ်သည်လည်း နိုင်ငံတော်ကို တာဝန်ကျေခဲ့လေပြီဟု ရွတ်ဆို ရပေတော့မည်
Ritaထံမှကူးယူ

Phyo Maw said...

အင်း
နာဘာများပြောနိုင်တော့မှာတုန်း...
သူတို့တွေဝိုင်းပြီး ပြောနေကြမှတော့။

မိုးခါး said...

အင်း အရောက်နောက်ကျတော့လည်း ဘာပြောရမှန်းတောင်မသိတော့ဘူး .. ဘာပဲဖြစ်ဖြစ် ယူတတ်ရင်ရပါတယ် နော့ :D

မမသီရိ said...

မိုးခါး ပြောသလိုပဲပေါ့ မောင်လေးရေ
ကိုယ်တွေမပါ အောင်သာ
အမြဲသတိထားနေကြရမယ် လေ နော..
ရေးသား တင်ပြပုံလေး ကြိုက်တယ်

Unknown said...

ကိုယ့်ဆရာရေ....လက်တက်လာပြီနော်..။

သီဟသစ် said...

>>strike
Congratuations
>>ko pm
စောစောမှ မလာတာကိုယ့်လူက
>>မိုးခါး
ဟုတ်ပါတယ်ဗျာ။ ယူသော်ရ၏ တဲ့။ ဘာလဲတော့ မသိ။
>>မမသီရိ
သတိထားနေပါ့မယ်ဗျာ
>>outstream
ကြိုးစားနေတုန်းပါပဲ ခင်ဗျာ

ကလူသစ် said...

အပေါ်ကကော်မန့်တွေနဲ့တင် ပြည့်စုံပါပြီ။ ဘာမှကို ပြောစရာမရှိတော့ဘူး :)

သီဟသစ် said...

ကလူသစ် မန့်သွားတာ ကျေးဇူးပါ (တကယ်နော်)

Moe Cho Thinn said...

ဒီလိုထောင့်က ရေးပြတာလဲ ကျေးဇူးကြီးလှပါတယ်..:)

သီဟသစ် said...

အစ်မချိုသင်း
လာမန့်သွားတာ ၀မ်သာလိုက်တာ။ အစ်မကို လာလည်ပါအုံး ဖိတ်မလို့ဟာ။ မခေါ်ရဲလို့။

mabaydar said...

သီဟသစ်ကိုလဲ ဘာမဆိုင်ညာမဆိုင် ကျေးဇူးတင်သွားလေသည်.. အဟီး...

ကိုပေါ said...

တိုင်းသူပြည်သားများ နတ်ရွာရောက်စေရန် ပြည်သူပြည်သားငွေဖြင့် ဘုရားတည် ထီးတော်တင်ပေးနေသူ ကျေးဇူးရှင်ကြီးတဦးအား ဖော်ပြရန်ကျန်နေသေးသည်မှာ ကျေးဇူးကန်းရာကျနေပါသည်။း-)

သီဟသစ် said...

To မဗေဒါ
တကယ်လား နောက်တာလား ကွယ်
ွှTo Ko Paw
သူ့ကျေးဇူးတွေမှာ များလွန်းနေသဖြင့် ဖော်ပြခြင်းငှာ မစွမ်းသာပြီ။

yehtutnaung said...

ကျွန်တော်ကတော့ မြန်မာပြည်မှာ နေကတည်းက ကြားဖူးတယ်.. "စလုံးမှာ ဗမာတွေများတယ်တဲ့ တခြားနေရာ လစ်မယ်တဲ့".. သြော်..ဗမာပြည်သူပြည်သားများတည်း....။

သီဟသစ် said...

To naynyoyint
ဒီလိုတွေပါပဲ ဒီလိုတွေပါပဲဗျာ

သဇင်ဏီ said...

ပြုံးမိပါ၏... =)

Anonymous said...

စလုံးအား မရောက်ဘူးသော်လည်း ဖတ်ခဲ့ဖူးသော ပို့စ်များစွားအတွင်းမှ အတော်အတန် နှံ့နှံ့ စပ်စပ် သိနေခဲ့လေပြီ :D

ဒီလိုလူတွေလည်း ရှိနေသေးတာပါလား :D

ကောင်း၏ အမှန်အကန်ပင် ကျေးဇူးတင်ထိုက်၏။
သာဓုပင် ခေါ်ထိုက်သေးတော့၏။