Saturday, March 7, 2009

အာရုံရတဲ့ အခါ

အားလုံးပဲ ကြုံဖူးကြပါလိမ့်မယ်။ ကျွန်တော်တို့ တစ်ခုခုကို စိတ်ပါလက်ပါလေး လုပ်ဖြစ်တဲ့ အချိန်တွေ ရှိပါတယ်။ အဲဒီ အချိန်မှာ ဘာလုပ်လုပ်လျှောခနဲ လျှောခနဲ ပြီးသွားတာမျိုးလေ။ အဲဒါကို အာရုံရတယ်လို့ သုံးတတ်ကြပါတယ်။

ဟိုမှာ ကျွန်တော် ကွန်ပြူတာသင်တန်း ဖွင့်တုန်းက မဟာတန်း Thesis တွေကို ကူရေးပေးပါတယ်။ Thesis ရေးစားတယ်ပေါ့ဗျာ။ သူငယ်ချင်းတစ်ယောက်က သူ့အိမ်က ပွဲရုံဖွင့်ထားတော့ ကျွန်တော့်ကိုလည်း ဘယ်လောက်ရလဲမေးပြီး တွက်ပါတယ်။ Thesis တစ်ခုဘယ်လောက် တစ်လ ဘယ်လောက်၊ တစ်နှစ်ဘယ်လောက်ပေါ့လေ။ ကျွန်တော်က ပြန်ပြောပါတယ်။ အဲလိုပြီးဖို့မလွယ်ဘူးကွ။ အာရုံရမှရေးလို့ရတာ။ သူကပြန်ပြောတယ် မင်းအာရုံကလည်း ရမရနိုင်ဘူး။ မြန်မြန်ရေး များများရပြီးရောတဲ့။

အဲဒီမှာတုန်းက ကိုယ့်အထက်မှာ ဘယ်သူမှ မရှိဘူးဆိုတော့ အေးဆေးပေါ့လေ။ (ကိုယ့်အောက်မှာလည်း ဘယ်သူမှမရှိပါဘူး။ :-)) ခုဒီရောက်တော့ အာရုံရတဲ့ အချိန်မှ လုပ်ဆိုတာ မဖြစ်နိုင်တာမို့ အာရုံကို ဇွတ်မွေးရပါတယ်။ အလုပ်မှာ နေ့လည်စာ စားပြီး ပြန်လာရင် မျက်နှာသစ်၊ ညနေ ၃ နာရီဆို ကော်ဖီသောက်၊ ညနေ ၄ နာရီ ဆို ကော်ဖီသောက် အဲဒါမှ အာရုံက ရသလိုလေးရှိပါတယ်။ ကော်ဖီ မသောက်ရရင်လည်း အောက်က ကာတွန်းလေးလို ဖြစ်နေမှာ သေချာတယ်။

Credits to http://www.optimiced.com/wp-uploads/2007/07/broken_coffee_machine.jpg


ကော်ဖီဆိုတာလည်း ရယ်ဒီမိတ် ကော်ဖီမစ်တွေမို့ သောက်သာ သောက်ရတာ။ ခပ်လန့်လန့်ရယ်။ အဲဒီတော့ မိတ်ဆွေတွေကို မေးချင်တာက အာရုံတွေကို မွေးယူစရာမလိုဘဲ ပုံမှန်ရအောင် ဘာလုပ်ရမလဲ။ ပြောပြကြပါဗျို့။

15 comments:

မမသီရိ said...

နေ့လည် ၃ နာရီ ကော်ဖီသောက် တာချင်းတော့ တူနေပြီ..း)
ဘာအစည်းအဝေး ဘာသင်တန်း ဘယ်လို တွေ့ ဆုံပွဲ ပဲ ရှိရှိ
အဲဒီ အချိန်မှ ကော်ဖီတစ်ခွက် မသောက်ရရင်..ရှေ့ ဆက်
စိတ်ပါလက်ပါ အလုပ် လုပ် ဖို့ မလွယ် တော့...း)
အင်း....
အလုပ်လုပ် တာလဲ ..စိတ်ပါ တဲ့ အချိန် လုပ် ရတော့ ပို တွင် တဲ့ အပြင်
ကိုယ့် ရဲ့ တီ ထွင်မှု စွမ်းရည်လေးတွေ များများ ထွက်နိုင်တာပေါ့ နော့..

သီဟသစ် said...

ဟုတ်တယ် မမသီရိရေ
စိတ်ပါတဲ့ အချိန်ကတော့ ဘယ်သူတားတားမရဘူး ဆိုတဲ့ အတိုင်းပဲ။

Phyo Maw said...

အာရုံလိုချင်တယ်ပေါ့...
ပြောရခက်တယ်ဗျ ဘိုးတော်တွေဆိုရင်တော့ နှစ်နဲ့ချီကျင့်ရတာပေါ့ သူတို့အမြဲအာရုံလာအောင် lol...

Rita said...

မွေးမယူချင်ရင် test tube technology သုံးကြည့်ပါလား
:D

သီဟသစ် said...

Ko Phyo Maw (သို့) Ko Soe Thu
စိုးသူမဟုတ်။ ဆိုးသူ

သီဟသစ် said...

ဒေါ်ရီတာ
အာရုံကို အဲဒီလိုကြီး လုပ်လို့ရသလား

mabaydar said...

ကာတွန်းက ရီရတယ်...
ဒီအလုပ်က ၀ါသနာပါလို့လုပ်နေတယ်လို့ ယူဆတယ်.. တစ်ခါတစ်လေတော့ မဗေဒါဖြစ်တတ်တယ်.. အာရုံမလာလဲ.. အတင်းစိတ်ကို နှစ်လိုက်ရင် တဖြည်းဖြည်းအရှိန်ရလာပြီး ရသွားတာမျိုးပေါ့.. ငယ်ငယ်က စာကျက်ရင် အဲလိုကျက်ဖြစ်တာများတယ်.. ဒါပေမဲ့ ခုကြီးလာတော့ အဲလို လုပ်လို့ မရတော့ဘူး.. မဗေဒါကတော့ ကော်ဖီသောက်လဲ အိပ်ချင်တာပဲ.. ဟီး...

သီဟသစ် said...

To Ma Bay Dar,
ဟုတ်ပါတယ်ဗျာ။ ၀ါသနာပါလို့ လုပ်ဖြစ်တာပါ။ ကော်ဖီသောက်လည်း အိပ်ချင်တာပဲ ဆိုရင်တော့ ပြီးပါလေရော။ :P

khin oo may said...

အိပ်ရေးဝအောင်အိပ်ပါ။

MANORHARY said...

အင်း...Thesis ရေးစားတာတော့တူနေပြီ
ခက်တာက ကိုယ်ကျ အလကားရေးပေးရတား(
ကော်ဖီကျ ကိုယ့်ဘာသာဝယ်သောက်ရသေးတယ်
း(

သီဟသစ် said...

မနော်က သဘောကောင်းလို့ နေမှာပေါ့ဗျ။
ကျွန်တော်လည်း သဘောကောင်းပါတယ်။ Budget က သဘော မကောင်းလို့ပါ။ :P

khin oo may said...

Thesis ရေးစားတယ်ဆိုတော့ဥာဏ်ရည်မြင့်လို့ပေါ့။ လေးစားပါ၏၏၏၏၏

မြစ်ကျိုးအင်း said...

အာရုံကတော့ ကိုယ်လိုချင်တဲ့အချိန်တိုင်းရဘို့တော့မလွယ်ဘူး
ဒါပေမယ့် အာရုံကူးကောင်းအောင်တော့လုပ်တတ်ဘို့လိုတယ်ဗျ
အိပ်ရေး၀၀အိပ်သင့်တယ်။စိတ်ရှုပ်ရနိင်မယ့် အဖြစ်အပျက် အခြေအနေ
တွေကို တတ်နိင်သလောက် ရှောင်ရမယ်. အနှစ်သက်ဆုံးဟာသကို
သတိရပေးပါ။ အာရုံမရသေးပေမယ့် မဖြစ်မနေ ရေးရတော့မယ်ဆို
အရင်ရေးပြီးသားစာကြောင်းတွေကို နှစ်ခေါက် သုံးခေါက် လောက်
ပြန်ဖတ်ပြီး အာရုံကူးပါ။ ဟုတ်မဟုတ်တော့မသိဘူး
ထင်တာလေးတွေ ရေးကြည့်တာနော် ဟဲဟဲ

သီဟသစ် said...

>>မမkom
အဲလိုကြီး မဟုတ်ပါဘူးဗျ။ ပါးပါးလေးပါ။
>>မြစ်ကျိုးအင်း
ကြိုးစားကြည့်ပါမည်

Anonymous said...

ဟဟ .... ကိုယ်တိုင်မွေးမယူချင်ရင်တော့ မိန်းမကို မွေးခိုင်းမှပဲ ရမယ် ထင်တာပဲ :D