Sunday, March 8, 2009

မှတ်သားမိသော စကားများ

သူငယ်ချင်းတွေ ပြောပြတဲ့ တိုင်းရင်းသား လူမျိုးတွေ အကြောင်းပါ။
၁။ သူငယ်ချင်းတစ်ယောက် အင်းစိန် GTI မှာတက်တော့ သူနှင့် အတူတူ တက်တဲ့ သူငယ်ချင်းက ပြည်နယ်ဘက်ကပါ။ တနေ့ သူတို့ လိုင်းကား (ဒတ်ဆန်းကား) အတူတူ တွယ်စီးကြရင်း အဲဒီ တိုင်းရင်းသားလေးက စပယ်ယာကို ပြောပါတယ်။ "ကျွန်တော် ရှေ့မှတ်တိုင် ရောက်ရင်ကျမှာ"။ အဲဒီတော့ စပယ်ယာက "မကျဘူး သေချာ ကိုင်ထား" လို့ ပြောတာပေါ့။ သူက "မဟုတ်ဘူး။ ကျွန်တော် ကျမှာ"။ ကျမယ်၊ မကျဘူး ငြင်းနေတဲ့ အချိန် သူငယ်ချင်းက "သူဆင်းမှာကို ပြောတာနေမှာဗျ" ဆိုမှ ဇာတ်လမ်းပြီးသွားရော။ အဲဒီကောင်လေးက ဆရာကြီး ရုံးခန်းကို ဖြတ်သွားရရင် ရေခဲသေတ္တာ ဖွင့်ဖွင့်ကြည့်ဆိုပဲ။ ဘာဖြစ်လို့လဲဆိုတော့ ဖွင့်လိုက်ရင် မီးလင်းလာတာ သဘောကျလို့ တဲ့။

၂။ တောင်ပေါ်မှာ လိုင်းကားမောင်းတဲ့ ဒရိုင်ဘာက ကားလမ်းမှာတွေ့တဲ့ အဒေါ်ကြီးတွေကို လိုက်မှာလား မေးသတဲ့။ အဒေါ်ကြီးတွေက "မလိုက်ရင်ကော" ဆိုတော့ မလိုက်ရင်နေပေါ့ဗျာ ဆိုပြီး ထွက်သွားရောတဲ့။ တကယ်က လိုက်မှာဆိုတဲ့ အဓိပ္ပါယ် နဲ့ပြောတာပါ။ (သူငယ်ချင်း ဘလော့ဂါ ကောင်မလေးများလဲ "မချစ်ရင်ကော" သွား မလုပ်နဲ့နော်၊ ထွက်သွားလိမ့်မယ်။)

၃။ နောက်တစ်ခုကတော့ အခေါ် အဝေါ်တွေ အကြောင်းပါ။ ကလေးလေးတွေကို ကျွန်တော်တို့ အညာ တစ်ချို့ ဒေသဘက်မှာ "အော်တာရဲ၊ နီတာရဲ" လို့ခေါ်ကြပါတယ်။ (အော်တာရဲ လွန်းလို့နေမှာပေါ့။ စလုံးမလေးတွေတော့ ဘယ်လိုခေါ်ရပါ့) ။ကချင်ပြည်နယ် ဘက်မှာကျတော့ "လှပူတူး" လို့ခေါ်ပါတယ်။

သူငယ်ချင်း မိတ်ဆွေ တို့တွေလည်း မှတ်မိတဲ့စကားလေးတွေ ဖြန့်ဝေ ပေးကြပါအုံးလို့။

13 comments:

သက်ပိုင်သူ said...

မဖတ်ရင်ရော... အဟီး

Phyo Maw said...

ya ya same as thet paing thu မဖတ်ရင်ကော...

စလုံးမလေးတွေကို သည်းကျွမ်းနု လို့ခေါ်ပါသည်။ ပိုးဟပ်ဖြူးလေးလို့ ခေါ်ပါသည်။ ရွှေရင်ပူ ဖြူတာရဲ လို့ခေါ်ပါသည်။
နောက်ဆုံး နှုတ်ခမ်းနီလေးနှင့်ဆိုလျှင် ဆူနီမ လို့ခေါ်ပါသည်။

တို့ကတော့ ဒါတွေမသိပါဘူးလေ သူပြောလို့တာရေးပြရတာ

သီဟသစ် said...

ဟားဟား တော်တော်နောက်တဲ့သူတွေ

Dr Phyo Wai Kyaw said...

ထူးဆန်းပါပေ့ဗျာ
အဆက်လေးတွေလည်းလုပ်ပါဦး
ခင်ဗျ ခင်ဗျ ဆိုတာ ဟုတ်ကဲ့ဟုတ်ကဲ့ လို့ပြောတာတဲ့ဗျာ
ထားဝယ်ဖက်မှာ ပြောတယ်နဲ့တူပါရဲ့
သေချာတော့မသိဘူးနော်..။

သီဟသစ် said...

ဟုတ်ကဲ့ အလှတရားရေ
ထပ်ဖြည့်ပေးတာ ကျေးဇူးပါ။

khin oo may said...

ရေခဲခြစ်.ရေခဲသုပ်.ရေခဲပေါက်ပေါ်က်ဆုပ်.ရေခဲဆုပ်။

သီဟသစ် said...

မမကွမ်း
စလုံး အခေါ်နဲ့ပါ တွဲပေးအုံး။

Phyo Maw said...

အမောင်သီဟသစ်နှယ် ကြည့်ရတာ စင်ကျားပူ ရောက်မဆိုက် စလုံး စလုံးနှင့် ဖြစ်နေပြီတကား... မြင်ယောင်၏... မြင်ယောင်၏... အခေါ်အဝေါ်တွေခုကတည်းက လေ့လာနေပုံထောက်ရင်...

မိုးကောင်းသူ said...

မိုးကောင်းကခေါ်တာလား အိမ်ကပဲခေါ်ကြတာလားတော့မသိ ရေကို အောအော၊ ရေတခွက်လောက်ဆိုရင် အောအောတခွက်လောက်လို့ပြောကြတယ်။ ထမင်းကို မန်မန်၊ ထမင်းစားကြမယ်ဟေ့ဆိုရင် မန်မန်စားကြမယ်လို့ပြောကြတယ်။ အသားဟင်းတွေဆို အာအီးဟင်း၊ ဘာဟင်းနဲ့စားလဲဆိုရင် အာအီးဟင်းလို့ပြောကြတယ်။ ရော(ဂန့်ဂေါမြို့)နယ်ဘက်တော့ သားကို မောင်သားလေး၊ သမီးကို အေသားလေးလို့ခေါ်ကြလေရဲ့။ အမှားအယွင်းရှိက ခွင့်လွှတ်ပါ။

သီဟသစ် said...

ု>>To Phyo Maw
အသင် မကြိုက်ရင် စလုံး စလုံးမခေါ်တော့ပါ။ ရှင်ကျာပူ ဟုသာခေါ်ပါတော့မည်။

>>To မိုးကောင်းသူ
ထပ်ဖြည့်ပေးတာ ကျေးဇူးပါ။
ဟင်းတွေ ကောင်းကောင်းချက်ပြီး သူငယ်ချင်းများ အားဖိတ်ကျွေးနိုင်ပါစေ။

Rita said...

ခုလောလောဆယ်တော့ အခွန်ဆောင် သက်တမ်းတိုးရတော့မှာမို့ ပိုက်ဆံကုန်မှာ နှမျောပြီး blog မှာ အော်တာပြဲပုံတွေ တင်ထားပါတယ်။

(အာပြဲအောင် အော်နေလို့ပါ)

မိုးထက်အိမ် said...

အညာ အဲ အညာဆိုတာ ပခုက္ကူဘက်ပေါ့ တစ်ယောက်ယောက် အရမ်းလှရင် မတရား လှတယ် လို့သုံးတယ်... စားကောင်းတယ်ဆိုရင်လည်း မတရား စားကောင်းတာ ပေါ့လေ.... မုံရွာမှာကျ အတင်း လှတယ် တဲ့... အတင်း စားကောင်းတယ် တဲ့.... နောက် ဈေးတန်တယ် ဆိုရင် အညာမှာ ဈေးကြီးတာပေါ့.. ဒါပေမယ့် အောက်ပြည်ဘက်ကျတော့ ဈေးကြီးတာကို ဈေးတန်တာ လို့ ပြောပြန်ရော... တစ်ခုခုမေးရင် ဘာဖြစ်လို့လဲ ... ဘာဖြစ်တာလဲ လို့ မေးတယ်ဆိုရင် ရေစကြိုဘက်က ဘာပုတာလဲ လို့ မေးတတ်ကြတယ်.... ဒါပေမယ့် တို့ မဟုတ်ရင် တို့အစား အဲဒီရေစကြိုဘက်ကပဲ နို့မဟုတ်ရင် တို့ ၊ နို့ပေမယ့် တို့သုံးကြသေးတယ်.... ဟ ဟ .... ပြောရရင်တော့ အများကြီးပေါ့နော်.... :)

မိုးထက်အိမ် said...

ရန်ကုန်ဘက်က ဈေးတန်တာဆိုတာ ဈေးတော်တာ ၊ ဈေးနဲ့ ပစ္စည်းနဲ့ မျှတာပေါ့နော်... ရေးတာ မှားသွားလို့.. :)