Wednesday, March 25, 2009

Once upon a time, there was a lion (2)

စာနည်းနည်းရှည်ပါမည်။ အင်တာဗျူးကို စိတ်မ၀င်စားသူများ Bonus ကိုကျော်၍ ဖတ်နိုင်ပါသည်။

နောက် အင်တာဗျူးတစ်ခုက Ubi မှာ ဖြစ်သည်။ Test အသေးစား (Algorithm, Database Query) ဖြေခိုင်းသည်။ ဖြေပြီးတော့ အိန္ဒိယ ၂ ယောက်က ၂ နာရီခွဲလောက် ကြာအောင် nonstop မေးသည်။ တစ်ချို့မသိတာတွေကျတော့ မသိဘူးပဲဖြေလိုက်သည်။ ရွှီးနေရင် သိက္ခာပိုကျသည်။ သူတို့က Confidence ကိုစစ်တာမျိုးလည်းဖြစ်သည်။ Test နောက်တစ်ခု White Board မှာ ချရေးတော့ မှန်မမှန်သူတို့ကို ကြည့်မိတာ နည်းနည်း impression ဒေါင်းသွားသည်။ Yes Sir ဆိုပြီးထည့်ပြောမိတော့ သူတို့က အဲလိုပြောရင် စလုံး Customer နဲ့တွေ့ပါက အထင်သေးခံရနိုင်ကြောင်းပြောသည်။ အဲဒီကတည်းက Yes Sir ကို ယောင်လို့တောင် မပြောတော့။ အဲဒီက ပြန်လာတော့ Experience အပြင် Confidence ပါ အရေးကြီးကြောင်း သိသွားသည်။

နောက် interview တစ်ခု(Toa Payoh) သွားတော့ over confidence များဖြစ်သွားလေသလားမသိ။ Boss က စွတ်အထင်တွေကြီးနေသည်။ သူကိုယ်တိုင်က IT သမား မဟုတ်တာလည်း ပါလိမ့်မည်။ ကိုယ်ကတောင်ရှိသမျှ အကုန်လုံး လုပ်နိုင်မှာ မဟုတ်ကြောင်း လေသံလျှော့ပေးရသည်။ သူလုပ်ချင်တာတွေ ပြောပြသည်။ Facebook လို Friendstar လို Social website မျိုး စင်္ကာပူမှာ သူလုပ်ချင်သည်။ သူ့လက်ရှိ programmer ၃ ယောက်ကို သူမကြိုက်။ ကျွန်တော့ကို Recruitment ပိုင်းပါ တွဲကိုင်နိုင်မလား မေးသည်။ သူ့အလုပ်ကို နောက်တစ်ရက် တစ်နေကုန် လာလေ့လာပါ။ ကြိုက်ရင်လုပ်ပါဟု ပြောသည်။ သူ့ကုမ္ပဏီက IT မဟုတ် Investment နဲ့ Call Center တွဲကိုင်တာမျိုးဖြစ်မည် ထင်သည်။ ဖုန်းသံတွေ အမြဲဆူညံနေသည်။ သူ့အလုပ်ကို လာကြည့်မည့်ရက်ကို သတ်မှတ်လိုက်ပြီး ပြန်လာခဲ့သည်။

နောက်တစ်နေ့ အင်တာဗျူးသွားရတာက Eunos မှာဖြစ်သည်။ IT Company ဖြစ်သည်။ Test အသေးစားလေးလည်း ဖြေရသည်။ Project Manager နဲ့ HR manager က စဗျူးသည်။ သူတို့က CV ထဲမှာ ရေးထားတဲ့ နောက်ဆုံး အလုပ်က နောက်ဆုံး Project ကို အဓိက ထားမေးသည်။ (ထို့ကြောင့် အလုပ်လျှောက်လိုသူများ အနေဖြင့် ကိုယ် အပိုင်နိုင်ဆုံး Project ကို နောက်ဆုံး လုပ်ခဲ့တဲ့ Project အနေနဲ့ ထားသင့်သည်။) နောက်ထပ် Senior Programmer ဖိလစ်ပိုင် အမျိုးသမီးက ဗျူးသည်။ သူကလည်း နောက်ဆုံး Project ကိုပဲ အဓိက ထားမေးသည်။ ကံကောင်းတာက သူ့ယောက်ျားရဲ့ သူငယ်ချင်းက မြန်မာဖြစ်နေသည်။ နာမည်တောင်ပြောပြပြီး သိလား မေးသေးသည်။ so nice ဟုပြောသည်။ အဲဒီတော့ သူက မြန်မာဆိုခင်ပြီးသား ဖြစ်နေတာနဲ့ ပို အဆင်ပြေသွားသည်။ (တခြား လူမျိုးတွေကို ကောင်းကောင်း ဆက်ဆံဖို့ လိုသလို ကိုယ့်လူမျိုးချင်းလည်း ကောင်းကောင်း ဆက်ဆံဖို့လိုပါသည်။) ခဏနေတော့ Project Manager ထပ်ဝင်လာ လခဘာညာ ညှိပြီး contract စာချုပ်ပေးသည်။ Pass တင်ဖို့ စာရွက်စာတမ်းတွေ ပေးခဲ့ပြီး ပြန်လာခဲ့သည်။

Toa Payoh နားက အလုပ်ကိုတော့ မလာနိုင်တော့ကြောင်း Email ပို့လိုက်သည်။ ဒီကအလုပ်တွေ အထာမသိသေးပဲနှင့် လူကြီးနေရာက စမလုပ်ချင်သောကြောင့် ဖြစ်သည်။ သူများကို Manage လုပ်ဖို့ ဆိုတာကလည်း ကိုယ့်ဘာသာကိုယ်တောင် "ဟေ့ကောင် သီဟသစ်ရ ထပါဟ၊ လုပ်ပါဟ" မနည်းပြောနေရသောကြောင့် ဖြစ်သည်။

အင်တာဗျူး အကြောင်း ဤတွင်ပြီးပါပြီ။ ။

Bonus :
၁)Toa Payoh က အင်တာဗျူးသွားတော့ သီဟသစ်တို့ ထုံးစံ အတိုင်း အမှတ်တရ က ဖြစ်သေးသည်။ ရုံးအခန်းမှားဝင်သွားတာ ဖြစ်သည်။ လက်ဗွေ နဲ့ ၀င်ရတာလား ကဒ်နဲ့ ၀င်ရတာလား မသိ။ သီဟသစ်က ဇွတ်တွန်းဝင် သွားတော့ အထဲက စလုံးမ က Oh My God ထအော်တော့သည်။ ပြီးမှ ဆောရီး ဆိုပြီး ပြန်လစ်လာရသည်။

၂) သီဟသစ် ဒီမှာ အလုပ်ရတယ် ကြားတော့ ချူသစ်လေး ရဲ့ ညီမက မြန်မာပြည်ကနေ ဘာပြောလဲ ဆိုတော့ "တော်သေးတယ် ရုပ်ကြည့်မရွေးလို့" ဆိုပဲ။ သူပြောခါမှ Programmer အလုပ်လျှောက်တာ တစ်ကိုယ်လုံး ပေါင်းတင်ပြီးမှ သွားလျှောက်ရ မလိုဖြစ်နေသည်။

၃) Toa Payoh က ကုမ္ပဏီမှာ Facebook Friend star ကြောင်းပြောတော့ Thesis ကူရေးပေးတုန်းက အဖြစ်တွေ သတိရသည်။ ကျောင်းသူ တစ်ယောက် အတွက် Thesis ကို Search Engine လုပ်မယ်ပြောတော့ ကျောင်းက ဆရာမကြီးက Google ထက်သာအောင် လုပ်နိုင်မလား မေးသည်။ အဲဒီလောက်မှ တော်နေရင်လည်း သီဟသစ်တို့ Tootle တို့ Hoohle တို့ Search Engine ထောင်ပြီး ကြီးပွားနေလောက်ပြီ ဖြစ်သည်။

19 comments:

နွေးနေခြည် said...

တော်လိုက်တာ ကိုသစ်ရယ် အင်တာဗျုး ၃ခုတည်းနဲ့ အလုပ်ရတယ်။ နေခြည်ဆိုရင် ၁၃ ခုသွားလိုက်ရတယ်။ စင်ကာပူ တကျွန်းလုံးကို နှံ့သွားတာပဲ။
ဟုတ်ပါတယ် IT နဲ့ ပတ်သက်တဲ့ အင်တာဗျူးဝင်မယ်ဆိုရင် Test တွေဖြေရတာများပါတယ်။ တချို့က ကိုယ်နဲ့ စကားပြောရင်းနဲ့ ကိုယ်လုပ်ခဲ့ အပိုင်းကို ပြန်ရေးခိုင်းတာမျိုးပါ။ များသောအားဖြင့် Database, SQL နဲ့ logic အနေနဲ့ဆိုရင်တော့ Table Relationship လိုမျိုးမေးတတ်ပါတယ်... (သိသလောက်ဝင်ပြောသွားတာပါ)

မြစ်ကျိုးအင်း said...

သီဟရေ စလုံးမ ဘုရားတရလောက်အောင် ဘယ်အခန်း မှားဝင်တာတုန်းကွ

သီဟသစ် said...

>>နေခြည်ရေ
အတွေ့အကြုံတွေမျှဝေ သွားတာကျေးဇူးပါ။
အင်တာဗျူး ၃ ခုတည်းနဲ့ ရတာမဟုတ်ပါဘူး။ အရင်ပို့စ်ကဟာတွေရောပေါင်းရင် ၆ ခုလောက်သွားရပါတယ်။

>>မြစ်ကျိုးအင်း
ရုံးခန်းပါပဲဗျ။ သူကထင်မထားလို့နေမှာပါ။

Moe Cho Thinn said...

ချူသစ်လေးက အတော်အားပေးပုံပဲ :))

နှင်းပွင့်ဖြူ said...

ပြောတဲ့အတိုင်းပဲ Bonus ကိုကျော်ပြီးဖတ်လိုက်တယ် ဟတ်ဟတ်း)
ကြီးသာပွားသွားရင် မမေ့နဲ့နော်...... နှင်းပွင့်ဖြူလေးတဲ့ ခွီးခွီး.......
နောက်တာ........... ဟတ်ဟတ် :P

Anonymous said...

ကိုသီဟသစ်
အတွေ့အကြုံတွေ လာဖတ်သွားပါတယ်။ ကိုယ့်အလှည့်ဆိုတာများ ကြုံရခဲ့လို့ရှိရင် ဆောင်ရန်ရှောင်ရန်၊ ဘယ်လိုကြိုတင်ပြင်ဆင်သွားရန် ဆိုတာတွေ သိလိုက်ရတယ်လေ။ ခပ်ပေါ့ပေါ့ နေရင်တော့ မလွယ်မှန်း သိသွားပါတယ်။ ကျေးဇူးပါ။ စိတ်အေးလက်အေးနားရသော ရတ်သတ္တပတ်ဖြစ်ပါစေ.. :)

Phyo Evergreen said...

အတွေ့အကြုံကောင်းလေးတွေပါ..။ ရုပ်ရည်ကိုခန့်မှန်းသွားပါတယ်..။

Anonymous said...

ဟ ကွန်မန့်တွေကမြေမြိုနေတုံးနော် ထွင်ထားတာလား

ဘာတွေတုန်း said...

IT နဲ့ ပတ်သက်တဲ့ အင်တာဗျူးတွေက ပိုခက်ပါလား။ အတွေ့အကြုံလေးတွေ လာဖတ်သွားတယ်။ Bonus ကောပဲ

Phyo Maw said...

အလုပ်ရသွားပြီပေါ့။

Yay!! ၁၉ လမ်းသွားမယ် မှားလို့ China Twon သွားမယ်။

ဂုဏ်ယူ၏။ မဆိုင်ပေမယ့် ၀မ်းသာ၏။ လူကောင်းသူကောင်းများ အလုပ်ခွင်ဝင်သည် နေရာကောင်းရသည် ဘာညာ ကြားလျှင် ၀မ်းသာတတ်၏။ Part time လုပ်တဲ့ သူငယ်ချင်းတစ်ယောက်က သူလုပ်တဲ့ ဟော်တယ်မှာ မြန်မာမန်နေဂျာက မြန်မာလိုပါ ဆဲတယ်ဆိုတာကြားတော့ စိတ်မကောင်းဖြစ်မိ။ ဒီလိုမျိုး မဖြစ်မယ့် အမောင်သီဟသစ်တို့ အလုပ်ရတော့ အမှန်အကန် ၀မ်းသာမိသည်။

စွတ်မြှောက်သည်ဟု မထင်စေလို။ အမှန်အကန် မန့် တတ်သာ သူသိပါသည်။ :D

Htoo Aung Lwin said...

အလုပ်အင်တာဗျူးသွားရတာကို ကိုယ်ချင်းစာပါတယ်ဗျာ။
ကျွန်တော့်တုန်းကဆို ရေဝယ်သောက်စရာ ပိုက်စံမကျန်တော့လို့ အိမ်သာထဲကရေကို လက်နဲ့ခံသောက်ခဲ့ရတဲ့ အထိပါပဲ............။

ZT said...

>>ကျောင်းက ဆရာမကြီးက Google ထက်သာအောင် လုပ်နိုင်မလား မေးသည်။

ဟားဟား။ အဲဒါတော့ ကြိုက်သွားပြီဗျာ။

မိုးခါး said...

ချူသစ်လေးရဲ့ ညီမလေးကလည်း သီဟသစ်ကိုသိပ်မြှောက်တာပဲနော် .. :D

မိုးကောင်းသူ said...

ကိုသီဟသစ်
အင်တာဗျူးမသွားခင် တကိုယ်လုံးပေါင်းတင်ရင်တောင်မှ မျက်နှာကိုတော့ Fair & Lovely လိမ်းသွားတယ်ဟုတ်။
ဒါနဲ့ ချူသစ်လေးက အခုဘယ်မှာလဲ။ ဟီးဟီး
:D

မမသီရိ said...

ွှလုပ်ရသွားတာ ၀မ်းသာတယ်မောင်လေးရေ
မြန်မာမိတ်ဆွေ ရှိတဲ့ သူတွေဆီ ဖြစ်ခဲ့တာ ဘုရားမတာပဲ ပေါ့နော့
အစစ အရာရာ အဆင်ပြေပါစေ

Anonymous said...

ကိုသီဟသစ် တော်တယ်ဗျာ Programmer ဆိုရင် အရမ်းကောင်းတာပေါ့ဗျာ အလုပ်မှာ ဒါပေမယ့် အရမ်းခေါင်းစားမယ်နော်..

pandora said...

မှတ်သားစရာပဲ အိုင်တီသမားတွေကို ပြောပြလိုက်ဦးမယ်

Anonymous said...

ဒီမှာတော့ သူတို့က confidence ရှိမရှိကို တော်တော်ကြည့်တယ်..

Unknown said...

ချုသစ်လေးညီမက အတော့်ကို စေတနာထားပုံရတယ်နော်...။