Sunday, March 29, 2009

သီချင်းများနှင့် ဘလော့ဂါ ရန်ဖြစ်ကြသောအခါ

၁) သီချင်းများ
ဒီအကြောင်းကို ကိုကလိုစေးထူးလည်းရေးဖူး၏။ blog တွေ လိုက်ဖတ် လိုက်လည်တဲ့ အခါ ဖွင့်ဖွင့်ချင်း auto play ထားသော သီချင်းသံများ အကြောင်းဖြစ်ပါသည်။ ကျွန်တော်က သီချင်းကြိုက်တဲ့သူဆိုတော့ ကိုယ့်စက်က media player မှာ သီချင်းဖွင့်ထား၏။ ဘလော့တွေကိုလည်း tabs တွေနှင့် အခု ၂၀ လောက် တစ်ပြိုက်နက်ဖွင့်ထားသည် ဖြစ်ရာ သီချင်းသံတွေ ရောပြီး ခေါင်းကိုက်ကုန်၏။ ဘာကိုသွားသတိရသလဲဆိုတော့ စာရေးဆရာကြီးတစ်ယောက် (ဦးအောင်သင်းထင်တာပဲ)ပြောတာကို သွားသတိရ၏။ ရေဒီယိုလိုင်းမကြည်တဲ့ အကြောင်းဖြစ်သည်။ အားကစားလုပ်တဲ့လိုင်းနှင့် အချက်အပြုတ်လိုင်းရောနေတော့ ဘယ်လိုကြားရလဲ ဆိုတော့ "အသက်ကို နာနာရှိုက်သွင်းပြီးနောက် ကြက်ဥ ၂ လုံးကို ခွဲလိုက်ပါ၊ ဒူးနှစ်ဖက်ကို မြှောက်ပြီးနောက် ဆားထည့်ကာ မွှေပါ" ဆိုသလိုပဲ။ ဆရာကြီးကတော့ လူငယ်တွေရဲ့ ရည်မှန်းချက်အကြောင်း ပြောချင်တာဖြစ်မည်။ ကျွန်တော်ကတော့ မဆီမဆိုင် သွားသွားသတိရ၏။

၂)ဘလော့ဂါများ ရန်ဖြစ်ကြသောအခါ
"ဟဲ့ဘယ်သူနဲ့ ဘယ်သူ ဖြစ်နေလို့တုန်း" လာမမေးပါနှင့်။ သဘော ပြောပြတာပါ။ တစ်ချို့ ဘလော့တွေ သဘောထားချင်း မတိုက်ဆိုင်လို့ အပြန်အလှန်ရေးကြတဲ့အခါ လူရွှင်တော်တွေ ပြောတဲ့စကားလို ပြေရာပြေကြောင်း ၀င်ရောက်ဖြန်ဖြေချင်၏။ "ကျွန်တော်က ဟိုလူ့ဘက်က ပြောနေတာ ဟုတ်ဘူးနော် ခင်ဗျားဘက်က ပြောနေတာလည်း ဟုတ်ဘူး ၊ ကျွန်တော့်ဘာသာ ကျွန်တော် နေနေတာ" :P

၃)Cbox ပေါ်မှာ တင်ချင်တဲ့ စကား
အခုတင်ထားတဲ့ စာသားက "အမှတ်တရလေးများထားခဲ့ပါနော်" ဖြစ်သည်။ တင်ချင်တဲ့ စာသားက..
ဆရာမင်းလူရဲ့ ကဗျာလေးကို အားလုံးသိကြလိမ့်မည် ထင်ပါသည်။ "အချစ်လားဟေ့ ၀င် ခဲ့လေကွယ်"တဲ့။ လာရောက်သော ညီအစ်ကို မောင်နှမများကို စော်ကားလိုစိတ်မရှိပါ။ မေတ္တာချစ်စိတ်နဲ့ လာသူများဟု အသိအမှတ်ပြုကာ ခေါ်ချင်သောကြောင့်ဖြစ်သည်။
သို့သော်လည်း တကယ်တင်လိုက်ရင် နရင်းအုပ်သွားကာ နောက်ထပ်မလာတော့မှာ စိုးသောကြောင့် မတင်တော့ပါကြောင်း။

P.S
၁) ရင်ဖွင့်စကားပို့စ် မှာ ခင်မင်မှုဖြင့် မန့်သွားသော မိတ်ဆွေ သူငယ်ချင်းများကို ကျေးဇူးအထူး တင်ပါသည်။ အချိန်မရသော ၊ စိတ်သွားတိုင်း နက်မပါ (internet connection မကောင်း၍)၊ စိတ်သွားတိုင်း ဂူးမပါ (google ကြောင်နေတတ်၍) မန့်မသွားသော သူငယ်ချင်းမိတ်ဆွေများကိုလည်း ကျေးဇူးတင်ပါသည်။

၂) မျက်လုံးပုံလှလှလေးကို သီဟသစ်၏ အမျိုးသမီးပုံ ဟု၎င်း၊ ကလေးပုံ လှလှလေးကို သီဟသစ်၏ ကလေးပုံ ဟု၎င်းပြောဆိုသွားသော သူငယ်ချင်းမိတ်ဆွေများကို သီချင်းဆိုပြချင်၏။ "တို့များလည်း ရနိုင်ရင်တော့ လိုချင်သားကွယ်" ....

29 comments:

စိတ်စမ်းရေ said...

လိုချင်တာ ရပါစေဗျာ.....
ကျွန်တော် ဆုတောင်းပေးတယ် ဟာဟ

Anonymous said...

သီချင်းဆိုပြမယ်ဆိုလည်း မိန်းမနဲ့ ကလေးလက်ကိုတွဲပြီး စင်ပေါ်တက်ရန် ဖိတ်ခေါ်ပါတယ်။ ခစ်ခစ်ခစ်.... လူပျိုဘ၀ကို မြန်မြန်ကျွတ်ချင်ပြီ ထင်ပါ့... :P

Anonymous said...

လိုအင်ဆန္ဒ ပြည့်ဝနိုင်ပါစေနော်...

Phyo Maw said...

about ၁) auto play သိပ်အဆင်မပြေ
about ၂) ကိုယ့်ဘာသာမန့် ချင်တာမန့်မယ်။
about ၃) နှလုံးသားထဲ ဂွတ်ထော် ၀င်နေသည် ပဲသိသည်။
about P.S ၁) u say thanks... i say welcome
about P.S ၂) ခစ်ခစ်ခစ် လို့ရယ်ပြီး ပြောသွားတဲ့ မေဒီပြောသလိုပါပဲ။

tg.nwai said...

တို့ကတော့ စပီကာကို mute လုပ်ထားဖြစ်တာများတယ်.. နောက်ပြီး ဒီက ကွန်နက်ရှင်တွေရယ်..ဖွင့်ထားတဲ့ tab တွေ အခု ၂၀ လောက်ကြောင့် နှေးနေတော့ သိပ်နားမငြီးရပါဘူး..ဟဲဟဲ

ဘလော့ဂါတွေ ရန်ဖြစ်ရင်တော့ တို့တွေလည်း တိတ်တိတ်ကလေး လစ်..။ (အင်..နေပါဦး ကိုသီဟရဲ့.. ဘယ်သူတွေ ရန်တွေဖြစ်..အဲ..တို့မပါဘူးနော်..)

Anonymous said...

ဘလော့ရေးတာမကြာသေးပေမယ့် စာရေးကောင်းတဲ့ အထဲ သီဟသစ်လည်းပါတယ်း) စာလေးတွေကို အပိုလိုမရှိပဲ အသောလေးတွေနဲ့ ဖတ်လို့ကောင်းတယ် အားပေးလျှက် ။

မေ့သမီး said...

ညီမလည်း ဘယ်သူ့ဘက်မှလိုက်မပြောပါဘူး။ ကိုယ့်ဘာသာနေနေတာ။
လိုချင်တာတွေ ရနိုင်ပါတယ်။ ကြိုးစားလေ။ :D

ဘာတွေတုန်း said...

ကဲ ဒီသီတင်းကျွတ် စားချင်ပြီ ကိုသီဟသစ်ရေ.. :P

myo said...

သဟသ လားဟေ့ ဝင်ခဲ့ပြီကွယ်...

mgnge said...

လက်ဖွဲ့ ရန် အဆင်သင့်ပါဗျ...။ ရွာ ကဘကြီးဆီ ကငှက်ပျော ခိုင်တွေ လှမ်းတောင်းလိုက်မယ်...။

လက်ဖွဲ့ ဖို့ လို့ .....။ :P

နွေးနေခြည် said...

၁) သီချင်းတွေကတော့ စိတ်အနှောက်အယှက်ဖြစ်မိတယ်။ download ဆော့ဝဲ ထည့်ထားတော့ download လုပ်မလားလာလာ မေးနေတာလည်း ခက်တယ်။
၂)အဲဒါတွေ သိပ်မတွေ့မိသေးဘူး
၃)အသဲယားစရာ
p.s ၁) ကျေးဇူးတင်သင့်တယ် အဲဒီတုန်းက ကွန်ပြူတာမရှိလို့ ချေးငှားပြီးလာဖတ်ရတာ
p.s ၂) အချိန်ရှိခိုက် လုံ့လစိုက်

မိုးခါး said...

သီချင်းသံကိစ္စက တခါတခါ လူကို တော်တော်အူကြောင်ကြောင်ဖြစ်စေတယ် :D လိုချင်တဲ့ဆုတွေ ရပါစေ :D

Moe Cho Thinn said...

ရနိုင်ရင်တော့ လိုချင်သားပဲ ဆိုရင် ဘာလို့ မရနိုင်စရာ ရှိမလဲ။
Buy one - get one free တွေ ရှိပါတယ်။ အမေယူရင် ကလေးပါ ပါပြီးသားးး..
စ တာနော်။ တကယ်ကြီး သွားမလုပ်နဲ့။ :)

khin oo may said...

တို့ကတော့ဘလော့ဖွင့်လို့သီချင်းသံထွက်လာရင် အရင်ဆုံးပြေးပိတ်ဘို့ခလုပ်လိုက်ရှာတယ်။

အန်တီချမ်း said...

ပြောတော့ ဟုတ်ဘူး ဟုတ်ဘူးနဲ့ လာလာ ပိစ့်နေသေးတယ်

သီဟသစ် said...

>>စိတ်စမ်းရေ
ဆုတောင်းပြည့်မှာ သေချာ၏။

>>မေဒီဇာ said...
မကြာမီလာမည်မျှော်

>>Phyo Maw said...
အသေအချာမန့်တဲ့မောင်pm တော်၏

>>tg.nwai said...
အဲလိုကြီးလည်း mute လုပ်မထားချင်ဘူး. ကိုယ့်သီချင်းလည်းနားထောင်ချင် ဘယ်နားလည်းသွားပိတ်ရမှန်းမသိ။ အဲဒီဘလော့မျိုးဆို cbox ထဲနူတ်ဆက်ပြီးရင် မြန်မြန်ပိတ်ပစ်တာ

>>မောင်မျိုး said...
ကျေးဇူးပါ ကိုမောင်မျိုးရေ

>>မေ့သမီး said...
ဟုတ်ပါပြီ မေ့သမီးရယ်

>>ဘာတွေတုန်း said...
လာမယ်ဟေ့

>>myo said...
Welcome ပါမျိုးရယ်။ ဘလော့ထဲကို ပြောပါတယ်

>>mgnge said...
မောင်ငယ် လူနောက်ပဲ

>>နွေးနေခြည် said...
နေခြည်ရေ cbox က မတင်တော့ပါဘူးဆို P.S 2 အတွက်က ပို့စ်တင်မယ်

>>မိုးခါး said...
ဟုတ်ပါ့မိုးခါးရေ
လိုချင်တဲ့ဆု ငါ့သူငယ်ချင်း အရင်ရပါစေဗျာ

>>Moe Cho Thinn said...
အစ်မချိုသင်းကလည်း အဲလိုကြီး ရချင်ပါဘူး

>>khin oo may said...
တစ်ခါတစ်လေ ရှာမတွေ့ဘူးဗျ

>>အန်တီချမ်း said...
တီချမ်းရေ လေးစားမှုလေးတွေ မလျော့ပါရစေနဲ့

ဟန်သစ်ငြိမ် said...

ကျုပ်လည်း သီချင်းပွင့်တဲ့ဘလော့ဂ်ဆို သိပ်မုန်းတာပဲဗျို့...။ ဒါပေမယ့် သူ့ဘလော့ဂ်မှာ သူလုပ်တာဆိုတော့လည်း...

မမသီရိ said...

လိုချင်ရင်တော့ ရမှာပေါ့ကွယ်..း)
ဆပ်ပြာတိုင်ပြီး နေ့တိုင်းရေချိုးပါ..း)
(ဂျီးတော့ မများနဲ့ လို့ ပြောတာနော်..ါ်)

မမသီရိ said...

ဆပ်ပြာတိုက်ပြီး နေ့တိုင်းရေချိုးပါ..း)

flowerworld said...

တစ်ခုခုတော့ပြောချင်သား ဘာပြောရမလဲ မသိတာခက်တယ် ဟီးးးးးးးးးးးး
မြန်မြန်လိုချင်ရင် မြန်မြန်လုပ် အဟုတ်ရရမည်...း)

မလိခ said...

ကျွန်မကတော့.. ဆရာတာရာမင်းဝေရဲ့ `သင်နှင့် နံနက်ခင်းကိုသာ ၀င်ခွင့်ပြုသည်´ လို့ရေးချင်တာ... ဟားဟား.. အဲဒီလိုရေးလိုက်ရင် ဘယ်သူမှမလာတော့မှာ သိနေလို့... ဟားဟားဟား

မလိခ said...

ဆုတောင်းတွေလဲပြည့်စေဗျားးးးးးးးးးးးးး.....:)

WWKM said...

သီဟသစ်က စာရေးကောင်းတယ်...
ရှင်းရှင်းလေးနဲ့ ထိထိမိမိလေး...
ဖတ်ရင်း ပျော်မိတယ်..
အဆင်ပြေပါစေ.

မမ၀ါ

ရွှန်းမီ said...

း-) အင်း .. တကယ်တကယ်. .ခုတလော စိတ်သွားတိုင်း နက်မပါ.. စိတ်သွားတိုင်း ဂူးမပါ . . .
(၁) ကို ဖတ်ရင်း ပြုံးသွားတယ်..
အစက ရွှန်းမီလည်း ပလေယာ တင်ဖူးပါတယ်. .ခုတော့ ရှင်းလိုက်ပြီ.. ပလေယာက တော်သေးတယ် ဆရာ .. ရှာဖွေပိတ်လို့ ရသေးတယ်. .တချို့ ဆို embedded song.. ပိတ်စရာခလုပ် ရှာမတွေ့တော့ အကုန်ပိတ်ပစ်လိုက်ရတယ်။
.. ပြုံးရယ်စရာတွေ ရေးပေးတာ တကယ်ကျေးဇူးတင်တယ်။

သီဟသစ် said...

မဗေဒါ: အချစ်တော့မဟုတ်ဘူး.. ဒါပင်မဲ့ ၀င်ခဲ့တယ်နော်.. ဟဲ.. ဟဲ..

MrDBA: အချစ်လား .. ဝင်ခဲ့လေဆိုလို့ ပျော်ပျော်ကြီးဝင်လာတယ်

zt: လာလည်ပါတယ်။ CBox မှာ ချစ်ရင် Shout လို့ ရေးထားရင် ပိုကောင်းမယ်။

မဆုမွန်: သီချင်းသံအော်တိုပွင့်တဲ့ ဘလော့ကြောင့် အလုပ်ကိစ္စ အသံဖိုင်တွေ ခနခန ပျက်ရတယ် အမှတ်မရှိဘူး အခု လိုက်ဖွင့်နေတုန်းပဲ

mgwaiyan: ကိုဂျိုကာရေ စာရေးထားတာလေးတွေမိုက်တယ်ဗျာ ဟုတ်တယ် သီချင်းတွေ ခဏခဏ ရောတယ် ကွန်ပျက်နေလို့ဗျာ အုတ်လမ်း မတတ်နိုင်ဘူး


demonstriker: afternoon bro, "အသက်ကို နာနာရှိုက်သွင်းပြီးနောက် ကြက်ဥ ၂ လုံးကို ခွဲလိုက်ပါ၊ ဒူးနှစ်ဖက်ကို မြှောက်ပြီးနောက် ဆားထည့်ကာ မွှေပါ"

tune: သီချင်းပြန်ဖြုတ်ပေးရမလား စဉ်းစားနေတယ်

မဆုမွန်: ၀င်လာခဲ့ပြီကွယ် ကိုသီဟသစ်ရယ်

သဇင်ဏီ said...

ဒီပို့စ်လေးကောင်းတယ်.. =)

Anonymous said...

တင်ချင်တာသာ တင်လိုက်ပါဗျာ ... အချစ်မဟုတ်ပေမယ့် တို့ ကတော့ ဝင်နေမှာပဲ ဟဲဟဲ :)
( နဲနဲ နုထားပါသည် ... ဂျော်တော့ မဟုတ်ပါ ) :D

Dr Phyo Wai Kyaw said...

ကောင်းလေစွ.. ပေါ့ပေါ့ပါးပါး ရယ်မောပျော်ရွှင်သွားပါကြောင်း။

Anonymous said...

[url=http://www.onlinecasinos.gd]casino[/url], also known as agreed casinos or Internet casinos, are online versions of bagatelle ("team up with and mortar") casinos. Online casinos franchise gamblers to brave setting in and wager on casino games line the Internet.
Online casinos habitually plonk down aside on the supermarket odds and payback percentages that are comparable to land-based casinos. Some online casinos label higher payback percentages during channel gismo games, and some shred the circulate deviant payout consequence profit audits on their websites. Assuming that the online casino is using an aptly programmed unspecific extent a iterate up generator, announce games like blackjack enthral into an established column edge. The payout suitableness track of these games are established into done with the rules of the game.
Assorted online casinos sublease or mould their software from companies like Microgaming, Realtime Gaming, Playtech, Worldwide Trick Technology and CryptoLogic Inc.