Thursday, March 19, 2009

သီချင်း Quiz: Exam

သူများတွေလို ၀တ္ထူကောင်းကောင်းလေးလည်း မရေးတတ် ကဗျာ လှလှလေးတွေ လည်းမဖွဲ့တတ်တော့ လာလည်တဲ့ သူငယ်ချင်းမိတ်ဆွေတွေကို အားနာမိပါတယ်။

ကဲအားလုံး အပျင်းပြေ အောင်သီချင်းQuiz လေးဖြေကြည့်ပါ။

၁။ စာမေးပွဲ နီးခါနီးကျောင်းသားတွေ ဆိုလေ့ရှိတဲ့သီချင်း (စည်သူလွင် ဆိုထားတာ)
၂။ စာမေးပွဲ ဖြေနေတဲ့အချိန်ကျောင်းသား/သူ တွေ ဆိုကြတဲ့သီချင်း (တင်ဇာမော် ဆိုထားတာ)
၃။ ဆပ်ပလီ လာဖြေတဲ့ ကျောင်းသားကို ဆရာမ က ဆိုပြတဲ့သီချင်း (alex ဆိုထားတာ)

အဖြေတွေကို အဖြူရောင်နဲ့အောက်မှာရေးထားလို့ Select လုပ်ပြီးတိုက်ကြည့်ပါ။ ကိုယ့်ဘာသာကိုယ် စဉ်းစားမိတဲ့ တိုက်ဆိုင်တဲ့သီချင်းလေးတွေ ရှိခဲ့ရင် ကောမန့်မှာ ရေးပေးခဲ့ပါဗျာ။

၁။ မပိုင် ဘာတစ်ခုမှ ကို့မှာမပိုင် (စကားလေးတစ်ခွန်းပါတဲ့ မေ့သမီးက ပြောပြသွားပါတယ်)
၂။ဘ၀နဲ့ အချစ်နဲ့ ကျောင်းဖတ်စာကို သေချာ မကြေညက်ခဲ့တော့လည်း မှားပြန်တယ် (မှားပြန်တယ်)
၃။ဒီမေးခွန်းလေးပဲထပ်ဖြေလိုက်ပါ ချစ်သေးရဲ့လား (ချစ်သေးရဲ့လား)

24 comments:

မေ့သမီး said...

စည်သူလွင်သီချင်းက စကားလေးတစ်ခွန်း လေ။ ဟုတ်ပါ့။ သီချင်းတွေနဲ့ ဖြစ်ရပ်တွေကတိုက်ဆိုင်လိုက်တာ။ :P

yehtutnaung said...

ဟား ဟား.. သီချင်းတွေနဲ့  လိုက်ပါ့ဗျာ။
(၃) အတွက် ဒီတပုဒ်တော့ ဆိုခွင့်ပြုပါ "နင်ကြိုက်သလိုလုပ်ပါ ငါ့ကို အသုံးချတော့"..... ဟီ

mabaydar said...

၃ပုဒ်လုံး ခေါင်းထဲရောက်လာတာနဲ့ မတူဘူး.. အဟိ.. အားလုံးမှားသွားတယ်.. ဘာမှားလဲတော့ ပြောတော့ဘူးနော်..

Phyo Maw said...

:D
lol...

နွေးနေခြည် said...

၁။ မသိပါ

၂။ သိပ်မမှတ်မိ

၃။ ခေါင်းစဉ်နှင့် စာသားစဉ်းစားလို့ မရသေး

Htoo Aung Lwin said...

ကောင်းမှကောင်း

သဇင်ဏီ said...

နောက်စ်တယ်...

မိုးခါး said...

ဟီးဟီး ကောင်းပ မစဉ်းစားဘဲ အဖြေပဲတန်းကြည့်လိုက်တယ် .. တယ်တော် :D

juli said...

သုံးခု စလုံးနဲ့ ကိုက်တဲ့ သီချင်းဆိုပြမယ်..

" ဖြည်းဖြည်းသတ်ပါ..ငါ့ကို..ဖြည်းဖြည်းသတ်ပါ..
ဖြည်းဖြည်းသတ်ပါ..ငါ့ကို..ငါ့ကို.."

(ဟန်ထူးလွင်)

may16 said...

ကြံကြံဖန်၂ စဉ်းစားတတ်တယ် ကိုသီဟသစ် ကျွန်မတော့ တစ်ခုမှစဉ်းစား လို့ကိုမရဘူး ဟီး၂

မမသီရိ said...

ဒီစာမေးပွဲ .. ကျပြီ
ဘာမှ မဖြေနိုင်..း(..

:P said...

စာမေးပွဲဖြေခါနီး စာမေးပွခြန်းပြင်မှာ စာအသကုန်ဖတ်နေတဲ့သူကို
ဆိုတဲ့သီချင်း ဖြေပါ....။

'ပါမယ်ထင်လို့လး... ပါမယ်ထင်ထားလားးးး....'

Unknown said...

၁။ အချစ်ရေခိုးချ ( ဆရာစံ )
၂။ ကြိုးစားထားသမျှအရာထင်လာပါရစေ ( ကိုင်ဇာ )
၃။နောက်နှစ်ကိုလည်းဆီးလို့ကြိုမယ် ( ဇော်ဝမ်း )

( မေးခွန်းနှင့်တော့မကိုက်ညီပါ။ အဖြေတော့မှန်၏ )

တီချမ်း said...

ကဲအားကျမခံ တီလဲမန့် မယ်

အားလုံးကိုခြုံမန့် ရရင်တော့
ငါနင့် ကိုသတ်ချင်တယ်
ငါနင့် ကိုသတ်ချင်တယ်
ငါနင့် ကိုသတ်ချင်တယ်
သီဟသစ်

ဟိဟိ
စည်မ ဆိုတာက “ညအပြင်းစား” စာတွေကျက်နေရလို့
ဒီနေရာမှာ ဒေါ်ရီတာစကားခဏယူပြောချင်တယ်
“ညအပျင်းစား” လို့ အဟိ

ပြီးတော့ တင်ဇာမော် က
အိုးဟိုး အချစ်ကျောင်းသူလေးလေ
ခစ်ခစ် ကျောင်းစာမလုပ်ပဲ ရည်းစားစာထိုင်ရေးနေလို့

နောက်ဆုံးကတော့
အဲလက်စ်
မ မှမချစ်ရင်ရူးလို့သွားနိုင်တယ်
ဆယ်တန်းအောင်ရင်အဖြေပေးမယ်လို့ပြောထားတဲ့ ဂိုက်မမကြောင့်
ခိခိခိ

သီဟသစ် said...

တစ်ခုရှိတာက ကျွန်တော်နာမည်ပေးထားတာ Quiz:Exam ဆိုတာ Exam နဲ့ပတ်သက်တာလို့ပြောချင်တာပါ။
>>မေ့သမီး
သီချင်းနာမည်ဖော်ပေးသွားလို့ ကျေးဇူးပါ
>>ကိုနေညိုရင့်
အဲဒီသီချင်းလေးလည်းမဆိုးဘူး
>>mabaydar
ဘာတွေစဉ်းစားမိလဲဆိုတာ ပြောပြအုံးလေ
>>Phyo Maw
မောင်ရှောက်သီးလေး ရီရုံပဲ ရီသွားတာပေါ့လေ
>>နွေးနေခြည်
သေချာလိုက်တာကွယ်
>>ခရောင်းလမ်း
:P
>>သဇင်ဏီ
အကျင့်ပါနေလို့ပါ
>>မိုးခါး said...
:D
>>myo said...
ကောင်း၏ ထပ်ဖြည့်ထားမှပဲ
>>may16
သူငယ်ချင်းတွေက ပြောပြထားတာလေးတွေပါ
March 19, 2009 1:12 PM
>>မမသီရိ
မမက အတည်တွေ စဉ်းစားလို့နေမှာပေါ့
>>sin dan lar
နောက်တစ်ခါထည့်ရေးမယ် ဒီမေးခွန်းလေးကို
>>cyan said...
တကယ်ကို အဖြေမှန်တယ် ပိုတောင်မိုက်နေသေး
>>အန်တီချမ်း
တီချမ်းမိုက်တယ်ဗျာ ဂယ်ပဲ

khin oo may said...

အန်တီချမ်း
တီချမ်းမိုက်တယ်ဗျာ ဂယ်ပဲ

ရင်တွေ ခုန်ပါတယ်။ မရဲ့မောင်လေး....အသည်းတွေ တုန်တယ်..မရဲ့မောင်လေ.။။။။ဒီမှာ ချစ်နေပြီဟေ..ူး..........
(တီချမ်း ကိုယ်စား သီဆိုသွားသည်။။)

သီဟသစ် said...

မမကွမ်းရေ
အလုပ်နဲ့ I ကြောက်တယ်။

khin oo may said...

20 Mar 09, 01:15 AM
ksg: ဘာအခုမှ ကြောက်ပါပြီလဲ

သက်ဝေ said...

၂။ ဘယ်လိုဖြေဖြေ မရတော့ဘူး... (မေဆွိ)

သီဟသစ် said...

မမသက်ဝေ
Good တယ်။ အဲဒီသီချင်းလည်းကွက်တိပဲ

Moe Cho Thinn said...

ပို့စ်ရော ကွန်မန့်တွေရော ဖတ်ပြီး ရီလိုက်ရတာ။

♥ Acacia ♥ said...

မိုက်တယ်

Rita said...

အင်း ဖြေပြီးလို့ အခန်းပြင်ရောက်တဲ့အခါ ဆိုရမယ့် သီချင်ေးလးရောသိလား

ဆောင်းဦးလှိုင်ရေးပြီး ဇော်ဝင်းထွဋ်ဆိုတာ
"မှန်မယ်ထင်တာတွေ ဒီချိန်မှာ အကုန်မှားတော့..."

သီဟသစ် said...

>>Moe Cho Thinn
:D

♥ Acacia ♥ said...
တကယ်လား

>>Rita said...
ဒီသီချင်းလေးလည်းမှတ်ထားရမယ်