Tuesday, March 3, 2009

လေဟုန်ကိုဆန် အဝေးဆုံးကိုပျံ

ကျွန်တော့်ကို အားအင်တွေ ဖြစ်စေခဲ့တဲ့ စာစုလေးတွေ အကြောင်း ပြောပြချင်ပါတယ်။ ဆရာ ဖေမြင့် ရဲ့ နှလုံးသား အာဟာရ ထဲကပါ။
လူတစ်ယောက်ဟာ တောထဲသွားရင်း လင်းယုန်ငှက်သိုက်တွေ့တော့ ၀င်နှိုက်ပြီး အိမ်ကိုယူလာပါတယ်။ အိမ်ရောက်တော့ ကြက်မ ၀ပ်ကျင်းထဲမှာ ကြက်ဥလေးတွေနဲ့ ရောထားလိုက်ပါတယ်။ အချိန်တန်လို့ ဥတွေပေါက်လာတော့ လင်းယုန်လေးလဲ ပေါက်လာပါတယ်။ သူ့ကိုယ်သူ ကြက်လို့ပဲ ထင်ပြီး ကြက်လိုပဲ နေပါတယ်။ အစာရှာစားပါတယ်။ ပျံကြည့်ဖို့ မကြိုစားဘူးပေါ့လေ။
တနေ့ သူနဲ့ ကြက်ကလေးတွေ အစာရှာစားနေတုန်း ကောင်းကင်မှာ လင်းယုန်ငှက်တွေ ပျံနေတာတွေ့တော့ သူကမေးကြည့်ပါတယ်။ သူ့သူငယ်ချင်းတွေက "အဲဒါ လင်းယုန်ကွ၊ ဘယ်လောက်ကျက်သရေရှိလဲ ၊ တို့လို ကြက်တွေနဲ့ ဘာမှ မဆိုင်ဘူးကွ" လို့ ပြန်ပြောတယ်။ သူလည်း အဲဒါကိုလက်ခံပြီး ဒီအတိုင်းပဲ နေလိုက်တယ်တဲ့။
တကယ်ဆို သူက လင်းယုန်ပါ။ သူ့ကိုယ်သူကြက်ကလေးလို့ပဲ သဘောထားတော့ သူမကြိုးစားဘူးပေါ့လေ။

ဒီပုံပြင်နဲ့ ကျွန်တော်က ဘယ်လိုဆိုင်နေလဲဆိုတော့ ကျောင်းပြီးလို့ သူငယ်ချင်းတွေ အားလုံးနီးပါး အပြင်ကိုထွက်ကြတဲ့အချိန်မှာ ကျွန်တော်က မြန်မာပြည်မှာပဲ ကွန်ပြူတာသင်တန်းလေး ဖွင့်နေပါတယ်။ မြန်မာပြည်ရဲ့ ထုံးစံအတိုင်း မီးကမလာ၊ အဲဒီအခါက ဆီဈေးကလည်းကြီး၊ နှစ်စေ့လို့ အိမ်ရှင်လာရင် တစ်နှစ်လုံးစုထားသမျှပေးလိုက်ရပြန်ရော။ သူငယ်ချင်း လင်းယုန်လေးတွေကတော့ ပျံသန်းနေကြပြီပေါ့လေ။

အဲဒီအခါကျ ကိုယ့်ကိုယ်ကို ဘယ်လိုသဘောထားမလဲလို့ သေချာပြန်မေးပါတယ်။ ကြက်ကလေးလိုပဲ နေမလား၊ လင်းယုန်လေးဖြစ်အောင် ကြိုးစားမကြည့်ချင်ဘူးလား။ အဲဒါနဲ့ ပျံသန်းကြည့်မယ်ဆိုပြီး ရောက်လာ အလုပ်ရ ၊ တည်ငြိမ်အောင် ကြိုးစားနေပါကြောင်း။

မှတ်ချက်။ ။ ဒီရောက်ပြန်တော့လည်း ပျံနေသမျှငှက်အားလုံးဟာ လင်းယုန်တွေချည်း မဟုတ်ကြောင်း သိလိုက်ရပါသည်။

8 comments:

Phyo Maw said...

lol ပဲပြောရမလား... မသိ
လူအမျိုးမျိုး အကြောင်းအဖုံဖုံနဲ့ လာကြတာတွေချည်းပဲလို့ သတ်မှတ်လိုက်တာပဲ ကောင်းပါတယ်လေ :D

သီဟသစ် said...

အဲသလို သတ်မှတ်လိုက်တာပဲ အေးပါတယ်လေ။

khin oo may said...

ကျီးကန်းပါတယ။် ဇီးကွက်ပါတယ်။ ဇင်ယောင်္ပါတယ်။ လဒ ပါတယ။် စာကလေးပါတယ်။ ခိုဖြူလေးတွေ ပါတယ်။ တိုဲ့က ငြိမ်းချမ်းရေးခိုဖြူလေး တစ်ကောင်ပေါ့။

သီဟသစ် said...

မမကွမ်း
Really?

Rita said...

အောက်က မှတ်ချက်လေး သဘောအကျဆုံးပါပဲ
comment page ရောက်တော့ မမkom ရေးထားတာဖတ်ပြီး ရီမိပါရော
ကိုယ်ကတော့ ကိုယ့်ကိုကိုယ် ဘာကောင်မှန်း ခုထိ သိသေးပါဘူး

သီဟသစ် said...

ဟုတ်ပါ့ Rita ရေ
မမ kom တို့များ ရေးတတ်လိုက်တာ။

Ko Boyz said...

ရုပ်ဆိုးလွန်းလို့ နာမည်စာလုံးပေါင်းတာတောင်မှ မြန်မာအက္ခရာထဲက ရုပ်အဆိုးဆုံး ဠ ဆိုတာနဲ့ ပေါင်းရတဲ့ ဠင်းတငှက်....။

သီဟသစ် said...

ကိုဘ လာမန့်သွားတာကို။