Tuesday, March 17, 2009

Diary ထဲမှာ သီဟကို ထားရစ်ခဲ့



Credits to
http://www.cartoonstock.com/newscartoons/cartoonists/dbr/lowres/dbrn519l.jpg

Please also see
http://www.beno.be/blog/media/blogs/blog/blogCartoon.jpg

အဆောင်မှာ နေတုန်းက သူငယ်ချင်း အရင်း တစ်ယောက် အကြောင်း သတိရမိသည်။ သူက ဒိုင်ယာရီ ရေးကျင့်ရှိသည်။ သီဟသစ်တို့ စာကျက်ပြီး ခေါင်းပူရင် (ဦးနှောက် အညောင်းပြေ စေရန်၎င်း၊ program ရေးလျှင် logic ကောင်းရန်အတွက်၎င်း စကားလုံးကြီးများ သုံးပြီးသကာလ)PC ကစားလေ့ရှိသည်။ Personal Computer မဟုတ် Playing Cards ဖဲ ဖြစ်သည်။ သူက ဒိုင်ယာရီ ထဲမှာ ရေးသည်။ ဒီနေ့ သီဟသစ်တို့ နဲ့ ဖဲရိုက် နောက်နေ့ လာတော့လည်း ဒီနေ့ သီဟသစ်တို့ နဲ့ ဖဲရိုက် ကြာလာတော့ ဒီကောင် စိတ်တိုလာသည်။ တော်ပြီ ဒိုင်ယာရီထဲမှာ ဒါကို ထည့်မရေးတော့ဘူးတဲ့။

လတ်တလော ခံစားချက်များ
(၁) ရုံးမှာ ကိုယ့်ဘလော့ကိုယ် ပြန်ချောင်းရသည်မှာ လူပျိုပေါက်ဘ၀ ကိုယ်ကြိုက်တဲ့ ကောင်မလေးအိမ်နားသွားသလို ခံစားရသည်။ ချောင်းကြည့်ပြုံးပြန်ပဲ လုပ်နိုင်သည်။

(၂) တစ်ခါတစ်ရံ အိမ်ထဲက ကောင်မလေးလိုလည်း ခံစားရသည်။ ကိုယ့်ဆီလာသူကို ပြန်နှုတ်ဆက် ချင်သော်လည်း လူကြီးများ သိမှစိုး၍ မနှုတ်ဆက်ဝံ့သော ခံစားချက်ဖြစ်သည်။

တွဲဖက်ရန် အမှတ်တရလေးများ: ဘလော့ဂါ ဖတ်စာ
လတ်တလော ဆိုဖြစ်တဲ့သီချင်း
"လေယာဉ်သံလေးများ ကြားရင် အိမ်ပြန်ချင်တဲ့စိတ်ကလေး တားမရဘူး" ရုံးက Eunos မှာဖြစ်သောကြောင့် Changi နှင့် သိပ်မဝေး သဖြင့် လေယာဉ်သံ ခဏခဏ ကြားရလေသည်။

ဒါပါပဲကွယ်....

23 comments:

JulyDream said...

Eunos ကတော့ မပြောချင်လောက်အောင် လေယာဉ်သံတွေ နားငြီးလွန်းလှပါပေတယ်။ ဘယ်အချိန် ကိုယ့်ခေါင်းပေါ် ပြုတ်ကျလာမလဲ ဆိုတာတောင် လန့်နေရတယ်။ တ၀ီးဝီးနဲ့ တစင်းပြီး တစင်း အတော်ကို့ ပျံပဲ ပျံနိုင်တဲ့ လေယာဉ်တွေ။

Unknown said...

နာက အဲဒီလေယာဉ်ပျံကြီးနဲ့ စနေနေ့ကျ ကြန်မှာ :P

Unknown said...

နာက အဲဒီလေယာဉ်ပျံကြီးနဲ့ စနေနေ့ကျ ကြန်မှာ :P
(ပီတိ)

Dr Phyo Wai Kyaw said...

အိမ်ရေးတဲ့ ဘလော့ဂါတို့၏ ဒုက္ခကိုရှာဖတ်ဗျိုး.. အဲဒါ Reference ပဲ။
အဆင်ပြေချမ်းမြေ့..ပါစေ။

တီချမ်း said...

dear diary
i met this little cute boy on blog
called thiha
his name is funny, came with a history
coz everytime he try something he is always
သီသီကလေးနဲ့ ဟပြီးကျန်
hihihihi
LOL
anyway
he is such a nice guy
and i started notice him from teh name that he mentioned from my favourite novelist taryarminwai
the character name joker
and also as joker in the novel
he is also very sweet and charming
and the other day i bumped into him at the corridor
what a BIG bump
there are spark between US and i saw stars and moons hihihi
anyway i will tell u more about him in coming day
DO U HEAR my heart beat
dote dote dote dote dote dote dote dote
ဒုတ် ဒုတ် ဒုတ် ဒုတ် ဒုတ် ဒုတ် ဒုတ် ဒုတ် ဒုတ် ဒုတ် ဒုတ် ဒုတ် ဒုတ် ဒုတ် ဒုတ် ဒုတ် ဒုတ် ဒုတ် ဒုတ် ဒုတ် ဒုတ် ဒုတ် ဒုတ် ဒုတ် ဒုတ် ဒုတ် ဒုတ် ဒုတ်

Unknown said...

တီချမ်း မရိုး (ပီတိ)

သီဟသစ် said...

>>Ko July
ဟုတ်ပါ့ဗျာ။ တစ်ခါတစ်လေဆို လန့်စရာ
>>ပီတိရေ
လုပ်ထားပါအေ။ အပြန်မှသာမုန့်ဝယ်ခဲ့နော်
>>အလှတရား
Link လေးရှိရင်ပေးပါအုံးဗျ
>>တီချမ်း
ထော်လာဂျီကြီးလာမောင်းသွားပါလား
>>ပီတိရေ
I လည်း ကြောက်စ်တယ်

ကောင်းကင်ပြာ said...

ချောင်း ကြည့်ပြုံး ပြန်သွားတယ်

မိုးခါး said...

:D .. လာချောင်း လက်ပြ ပြန်မပြ ၀မ်းနည်း ၀မ်းနှုတ်ဆေးသောက် ပြန် (တီချမ်းရေးသလို ရေးကြည့်တာ အဟဲ) သီဟသစ်နေတဲ့နေရာနဲ့ နာတို့နေတဲ့နေရာ သိပ်မဝေးဘူး .. ဒါပေမယ့် လေယာဉ်ပျံသံတော့မကြားရဘူး .. ကားသံကတော့ တ၀ီဝီပဲ ..

WWKM said...

လတ်တလောခံစားချက်များက မိုက်တယ်.. :D

အိမ် ကလဲ ဘလော့ဂါဒုက္ခရေးထားတယ်လေ.. အစ်မအိမ်မှာ လင့်ရှိတယ်.
အစ်မလဲရေးထားတယ် ..လင့်ခ်ပေးမယ် ဖတ်ကြည့်.. ဟဟ.
စီဘုံးမှာ လာထည့်ပေးသွားမယ်.း)

:P said...

ကာတွန်းထဲက သီဟသစ်လား...။

နွေးနေခြည် said...

"လေယာဉ်သံလေးများ ကြားရင် အိမ်ပြန်ချင်တဲ့စိတ်ကလေး တားမရဘူး"
ဒါလေးကြိုက်တယ် ခံစားချက်ခြင်းတူနေပြီ..

လေယာဉ်သံတော့ မကြားရဘူး ရုံးပေါ်ကကြည့်ရင် သဘောင်္တွေတော့ မြင်နေရတယ်.. Work Pass Service Centre အနီး Tangong Pagar(စာလုံးပေါင်းသည်းခံပါ..နေ့တိုင်းသွားနေရသည့်နေရာမို့ မမှတ်မိပါ) မှာပါ..

juli said...

ဂျူးရဲ့ ရာဇဝင်ထဲမှာ မော့င်ကိုထားခဲ့နဲ့ နင်လားငါလားပဲ.... :P

ဟိတ်..တို့ကိုလာချောင်းကြည့်မနေနဲ့နော်..

poemflower said...

ကိုသီဟသစ် ကောင်မလေးကို ချောင်းကြည့်ပြီးသွားပြီပေါ့ဒီနေ့ ဟီး

သီဟသစ် said...

>>ကောင်းကင်ပြာ
သူလည်းတို့လိုပါပဲလားကွယ်
>>မိုးခါးရေ
ပြန်နှုတ်မဆက်တာခွင့်လွှတ်ပါကွယ်။ မနက်က အိပ်ရာ ထထချင်း 7:50 a.m ကပဲပြန်နှူတ်ဆက်ဖြစ်တာ ။ 9:15 a.m ရုံးရောက်သွားတော့ ချောင်းကြည့်ပြုံးပြန်ပဲလုပ်နေရတာ။
>>နန်းဝါ၀ါမောင်
မမ၀ါရေ ဘလော့ဖတ်စာ ဖတ်ပြီးပြီ link ထည့်ထားပြီ
>>ဆင်ဆင်
ရက်စက်ပါ့ကွယ်။ အဲဒါ ဒိုင်ယာရီရေးတဲ့သူငယ်ချင်းထားလိုက်လေ
>>နေခြည်
သင်္ဘောတွေမြင်ရင်ရော အိမ်ပြန်ချင်စိတ်မဖြစ်ဘူးလား
>>myo
သူကဂျူး တို့က ဟျူးလေ ဘာမှမ မဆိုင်တာကွယ် :P
>>ပန်းကဗျာ
လစ်တိုင်းချောင်းဖြစ်ပါတယ် :D

Phyo Maw said...

:D ခံစားချက်တွေ ပြင်းပြနေပါလား...
ခံစားချက်တွေကို စာစီကုံး ဘာလီပုံးနဲ့ ရေခဲရေသောက်ရသလိုလို ချမ်းစိမ့်စိမ့်နဲ့ တွေးမိတယ်... လွမ်းပါရဲ့ တို့မြိုငယ်လေး...။

ဘလော့ကို ချောင်းကြည့်ပြုံးပြီး အလွမ်းဖြေရတာ ကောင်မလေးအိမ်သွားချောင်းရသလိုပဲတဲ့... ရေးတတ်လိုက်တာ။
မြင်ယောင်ကြည့်ရတာနဲ့တင် တီချမ်းနီးပါး ရင်ခုန်နိုင်တယ်။

khin oo may said...

ဒိုင်ယာရီရေးရင် ညဘက် ဘလော့ဖတ်သည်.လည်သည်.ရေးသည်။ အိမ်မရှင်းပါ။ညဘက် ဘလော့ဖတ်သည်.လည်သည်.ရေးသည်။ အိမ်မရှင်းပါ။ညဘက် ဘလော့ဖတ်သည်.လည်သည်.ရေးသည်။ အိမ်မရှင်းပါ။ညဘက် ဘလော့ဖတ်သည်.လည်သည်.ရေးသည်။ အိမ်မရှင်းပါ။

ရုံးမှာ ရံဖန်ရံ့ခါ ခိုးဖတ်သည်။ ဘယ်သူများမြင်သွာမလဲလို့ လှည့်လှည့်ကြည့်ရသေးသည်။ဘယ်သူမှ ယုံမည်မထင်. kom ဘလော့ရေးသည်ဟု. ဒီလောက်ပေါမည်ဟုလည်းထင်ကြမည်မထင်..

သီဟသစ် said...

ကိုpm
ကဗျာလိုလိုစာလိုလိုတောင်ဖွဲ့သွားသေး။ ကိုယ့်လူကတော့.

မမကွမ်း
ကျွန်တော့်ပို့စ်ထက်တောင်မိုက်သွားပြီ။

yehtutnaung said...

တော်သေးတာပေါ့ဗျာ။ ဖဲရိုက်တာပဲ ဒိုင်ယာရီထဲမှတ်လို့ ။ :P

ရုံးမှာ ကိုယ့် blog ကိုကိုယ်ချောင်း ရတာတော့ မန်နေဂျာအလစ်မှာ ကောင်မလေးနဲ့  အီစကလီ လုပ်ရသလိုပဲဗျ။ :P

သီဟသစ် said...

ကိုနေညိုရင့်ရေ
ဟုတ်ပါ့ဗျာ
:P

မမသီရိ said...

မမ ကတော့.. ကွန်ပျူတာကို.. ၀င်ဝ တံခါး ကျောခိုင်းထားတယ်ကွ
ဘယ်သူဝင်လာလာ ကိုယ် အရင် မြင်ရတော့.. ပုန်းနိုင်တာပေါ့...း)
ဒါနဲ့
မောင်လေး က.. ဥပမာတွေ ပေးလိုက်ရင် ကောင်မလေးပဲ ပါနေတာပါပဲ လား..

သီဟသစ် said...

ကျွန်တော်ထိုင်ရတဲ့နေရာက လမ်းဘက်ကိုကျောပေးထားသလိုဆိုတော့ မရဘူးဗျ
ဥပမာကတော့ :P

စိုးဇေယျထွန်း said...

ထူးအိမ်သင်သီချင်းကို ပြင်ဆိုလိုက်ပေါ့။ လေယဉ်သံလေးများကြားရင် အိမ်ပြန်ချင်တဲ့ စိတ်လေးတားမရဘူး ......