Sunday, May 24, 2009

T For Thiha Thit

သမီးလေးမမွေးလို့ သားမက်မတော်လိုက်ရတဲ့ ညီလေး နေညိုရင့်၊ ချွေးမလောင်းလေးများ ဖြစ်ကြတဲ့ ခခ(မလိခ) နဲ့ ကြည်ဖြူပိုင် တို့က တဂ်လိုက်တာရယ်၊ ကျွန်တော်က ရေးချင်တာကြောင့်ရယ် ရေးလိုက်တာပါ။







တာရာမင်းဝေ - ရွှေဖိနပ်မှာ အစိမ်းရောင် ကြက်ခြေခတ်နဲ့ကောင်မလေး

သီဟသစ်ဆိုတာ အဲသလို နောက်တီးနောက်တောက် နေတတ်တဲ့ စွယ်စုံရတဲ့ ဇာတ်ကောင်တစ်ယောက်ပါ။ ရွှေဖိနပ် ၀တ္ထူကို စဖတ်ပြီး ကြိုက်ခဲ့တာ လွန်ခဲ့တဲ့ ၁၀ နှစ်ကျော် မဂ္ဂဇင်းထဲမှာ အခန်းဆက်ပါကတည်းကပါ။

အဲဒီဇာတ်ကောင်စရိုက်ကို သဘောကျပြီး နာမည်လေးကို သဘောကျတယ်။ သူ့လောက်မစွမ်းပေမယ့် သူ့လိုဖြစ်ချင်ခဲ့တယ်။ အဲဒါကြောင့် ဘလော့ရေးတော့ သူ့နာမည်ကို ယူခဲ့တာပါ။ thihathit.blogspot.com က သူများယူထားပြီးသားဖြစ်နေတယ်။ အဲဒါနဲ့ နာမည်တွေ စဉ်းစားကြည့်တယ်။

အားမာန်သစ်ဆိုတာ သီဟသစ် စာအုပ်ငှားဖတ်နေကျ မန္တလေးတက္ကသိုလ်နား တပ်ဈေးက စာအုပ် အငှားဆိုင်လေးရဲ့နာမည်ပါ။ တစ်ချို့ဂန္တ၀င် စာအုပ်တွေကို မငှားရမှန်း သိရက်နဲ့ ၀ယ်ပြီး သိမ်းထားတတ်တဲ့ ဆိုင်ရှင်အကိုကြီးက လေးစားစရာပါ။ မန်းလေးမှာရှိတုန်းက နေ့တိုင်းသွားငှားဖြစ်ပါတယ်။ အဲဒါလေးကို သတိတရနဲ့ ဘလော့လေးကို အားမာန်သစ်လို့ နာမည်ပေးခဲ့တာပါ။ (အားမာန်သစ် စာပေ ဆိုပြီး စာအုပ်တိုက်ရှိတာကတော့ နောက်မှသိတာပါ။)

ကွန်ပြူတာ တက္ကသိုလ်မှာ တက်တုန်းက မိန်းဆောင်ဘက်က ရီလိုက်ရင် Extension ဆောင်တွေကနေ ကြားရမလောက်ရီတတ်လို့ ၀ါးဟားဟား လို့ နာမည်တွင်ခဲ့ဖူးတယ်။ ကျောင်းမှာ နာမည်တူ နှစ်ယောက်ရှိလို့ ရှေ့ကနေ မြို့နာမည်တပ်ခေါ်တာခံရဖူးတယ်။ ကံကောင်းလို့ သူကြီးသေနတ် တို့၊ ချိန်ဘာ တို့၊ ရာမ တို့နာမည် မတွင်ခဲ့တာတော့ နှင်းဆီဖြူလေးရဲ့ ကျေးဇူးကြောင့်ပေါ့ဗျာ။

ခုတော့ ဘလော့လေးထဲမှာ သီဟသစ်လို့နာမည်မှည့်ထားတော့ လာလည်တဲ့ ညီအစ်ကို မောင်နှမတွေက

သီဟ
ကိုသစ်
သဟသ
ကိုကိုကာကာ
ကိုဂျိုကာ
...

စသည်ဖြင့် စသည်ဖြင့် ခေါ်ကြတာပေါ့ဗျာ။ သားလေးမွေးထားတော့လည်း တစ်ချို့ညီမတွေက ယောက်ခမကြီး ခေါ်ကြသေးတယ်လေ။ နစ်လေးတွေကတော့ ဒီလောက်ပါပဲဗျာ။ နေညို၊ ခခ၊ ချိုမာတို့ ရေ ကျေနပ်ပါကွယ်နော်။

Bonus:
၁) ကြိုက်တာသာပေး
ကိုချူချာ အရောင်းသမကို ပြောသည်။

"ကျွန်တော့်ကို ငါးသေတ္တာ နှစ်ဘူးပေးပါ"
"စပိန်၊ မော်ရိုကို၊ ပေါ်တူဂီ၊ ဘယ်နိုင်ငံက ထွက်တာ ယူမလဲ"
"ကြိုက်တာသာပေးဗျာ၊ အထဲက ငါးနဲ့ ကျွန်တော် စကားပြောမှာမှ မဟုတ်တာ"

၂) မေ့မှာစိုးတယ်

ရဲသင်တန်းကျောင်းမှ ပူပူနွေးနွေးဆင်းလာသော ရဲသား ကိုချူချာသည် ပထမဆုံးအကြိမ် လူဆိုးတစ်ယောက်ကို ဖမ်းမိသည်။

"လက်မြှောက်၊ နို့မဟုတ်ရင်"

လူဆိုးက ပြန်မေးသည်။

"နို့မဟုတ်ရင် ဘာဖြစ်မှာလဲ"
"စကားကို ဖြတ်မပြောနဲ့၊ ဘာဆက်ပြောရမယ်ဆိုတာ ငါမေ့သွားဦးမယ် ဟင်း"

24 comments:

yehtutnaung said...

သီဟသစ်နဲ့ အားမာန်သစ်ရဲ့  Relationship က ဂလိုကိုး..။ အခုလို ရေးပေးတာ ကျေးဇူးတင်ပါတယ်ဗျာ။ နောက်များလဲ ကြုံရင် tag မယ်ဗျာ။ ကိုချူချာ ကတော့ တကယ်ရီရတယ်။
ဒါနဲ့  သမီးလေးမွေးဖို့  အားထုတ်ဦးနော်..ဟီဟီ။

Anonymous said...

နေရာတော့ ဦးတာပဲ ဒါမယ့်က ၂ ဖစ်တွားပီ ... အဟွင့် ( ကိုဖိုးစိန် ဆီမှ ယူသည် ) :D

Anonymous said...

သီဟသစ်ရာဇဝင်က ဂလိုဂိုး ..... :D

mysterysnow said...

ကိုသီဟသစ်ရေ
ဘလော့နာမည်လေးရဲ့ သမိုင်းလေးက
အဲလိုလေးလား...
ဟာသလေးတွေက အရမ်းဖတ်လို့ကောင်းတယ်..

flowerpoem said...

ကိုသီဟနာမည်က ဒါကြောင့်ကိုး နာမည်အရင်းထင်လို့

ကြည်ဖြူပိုင် said...

သြော်...ယောက္ခမကြီးရဲ့ ရာဇ၀င်က ဂလိုကိုး။။။ သိပါဘူး။ ချွေးမက သူလေးကိုများမွေးခါနီးလို့ သူ့ကိုရည်ညွှန်ပြီး အားမာန်သစ်လို့ပေးလေသလားထင်မိတာ။ ခုတော့သိသွားပြီ။ ရေးပေးတာ ကျေးဇူးပါ ယောက္ခမရေ။

:D :P

MrDBA said...

တို့ကတော့ ဝါးဟားဟားဘဲ ကြိုက်တယ်။

ကောင်းကင်ပြာ said...

သီဟ အကြောင်းလေး လာဖတ်တယ်၊ ဘောနပ်စ် လဲ သဘောကျတယ်:)

နွေးနေခြည် said...

စာအုပ်ဆိုင်နာမည်ကတော့ ခုမှသိတယ်။ သစ်ဆိုတဲ့ စာလုံးကိုတော့ ကြိုက်တယ်။

Phyo Maw said...

သားလေး အာဗြဲသစ် ကိုလည်း သတိရပါတယ်လို့
သီဟ ဆိုတော့ ခြင်သေ့ ပါးစပ်ကြီးကပြဲပြဲနဲ့

:) pm ဘာဆိုဘာမှမသိပါ။

ကလူသစ် said...

သားနာမည်ကော ဘယ်လိုပေးထားလဲ

စိတ်စမ်းရေ said...

နှင်းဆီဖြူလေးရဲ့ ကျေးဇူးတွေက တယ်ကြီးသကိုး......

JuneOne said...

ဂလိုကိုး။

တောင်ပေါ်သား said...

အဟား ဇာတ်ကောင်လေးကတော့ စွယ်စုံပဲ ငါ့ အကိုလဲ စွယ်စုံရတာပဲနော့် လုပ်ထားပါဗျာ ယောက္ခမ တော်ချင်တယ် အဟဲ


လေးစားလျက်
တောင်ပေါ်သား

Rita said...

တိုလိုက်တာနော် post က။ တို့ဆို အရှည်......ကြီး ရေးပစ်လိုက်တာ........

တလနွန် said...

ကိုဝါးဟားဟား
ကိုဂျိုကာ
ကိုကာ
နာမည်လေး သဘောကျတယ်ဗျာ....
နောက်ခေါ်မယ်နော် အဟဲ
ပျော်ရွှင်ပါစေ

ခင်မင်ခြင်းနှင့်
တလနွန်

မလိခ said...

ရေးပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်.. အစ်ကို ယောက္ခမရေ... :)...
ရွှေဖိနပ်ဝတ္ထုကိုတော့ ညီမလည်းကြိုက်တယ်...

ပြီးတော့ သူများတွေသိချင်ကြသလို ကလေးလေးရဲ့နာမည် (ချန်းချန် ဆိုတဲ့အိမ်နာမည်ကို ပြောတာမဟုတ်ဘူးနော်..)ကို ဘယ်လိုပေးထားလဲဆိုတာ သိချင်ပါတယ်... ဖိတ်စာလေး ကြိုရိုက်ထားရင်ကောင်းမလားလို့... :P နောက်ဆိုဖိတ်စာတွေက ဒီထက်ဈေးကြီးတော့မှာလေ... :D...
(ကျမ်း... ချွေးမလေးကဘယ်လောက် ကြိုတင်စီစဉ်တတ်သလဲလို့...ဟဲဟဲ..)

ZT said...

ရွှေဖိနပ်မှာ အစိမ်းရောင်ကြက်ခြေခတ်နဲ့ ကောင်မလေးရဲ့ ဇာတ်လမ်း အစပိုင်းက ကျွန်တော့် ဇာတ်လမ်းနဲ့ နည်းနည်း ဆင်တယ်ဗျ။

(ရုပ်တည်နှင့် ဖောသွားသည်။ :D)

ကိုလူထွေး said...

အဲဒီစာအုပ်တော့ ကျွန်တော်လဲ ကြိုက်ခဲ့တယ်... သီဟသစ်ရယ်လို့ တော့ ကျွန်တော် သတိမထားမိဘူး...

အဲဒါပဲကောင်းပါတယ်... နော်

မိုးခါး said...

ကိုသီဟရေ .. နာမည်မစုံသလိုပဲနော် .. ကျန်နေသလားလို့ .. ဘာသီ ဆိုလား .. :P

နွေးနွေးသဲမွန် said...

ဟီး... မိုက်တယ် ... အကို ... :-P
အရင်ကလဲ အကိုရှင်းပြသလိုပဲ..အခုပိုရှင်းတာပေါ့... :-)

မြစ်ကျိုးအင်း said...

သီဟ လို့ခေါ်ရင်းနဲ့ နာမည်အရင်းကို မေ့သွားပြီ

ကြယ်သောကြာ said...

အာ အကြိုက်တွေ လာတူနေပြန်ပြီ
စာရေးဆရာနဲ့စာအုပ်ပြောပါတယ်
ကြုံတုန်းထပ်ပြောရဦးမယ် သမီးလေးအလှည့် ကို စောင့်နေတယ်နော် ဟီး

mgnge said...

သြော် ဂလို ကိုးးး