Saturday, July 25, 2009

စပျစ်သီးလေး ချဉ်သလား

ကျွန်တော်တို့ ငယ်ငယ်က စပျစ်သီးချဉ်တဲ့ မြေခွေးလေး အကြောင်းပုံပြင်ဖတ်ခဲ့ဖူးပါတယ်။ အားလုံးလဲဖတ်ဖူးကြလိမ့်မယ် ထင်ပါတယ်။ အဲဒီအခါတုန်းကတော့ ပုံပြင်လေးကပေးတဲ့ တိုက်ရိုက်အဓိပ္ပါယ်ကိုပဲ ယူခဲ့တာပါ။

အရင်တုန်းကတော့ မြေခွေးလေးကို အဆိုးမြင်သမားလေးလို့ ထင်ခဲ့မိတယ်။ တကယ်စဉ်စားကြည့်တော့ တစ်ခါတစ်လေကျတော့လည်း အဲလိုတွေးလိုက်တာပဲ ကောင်းသလိုလို ထင်မိတယ်။ ကိုယ်မရနိုင်တဲ့ဟာ၊ တန်တယ်မထင်တဲ့ဟာ တစ်ခုအတွက် စိတ်ဆင်းရဲခံ မနေတော့ဘူး။ တစ်ခုတော့ရှိတယ်ပေါ့ဗျာ။ ကိုယ့်ဟာကိုယ် ချဉ်တယ် လို့ ယူဆလိုက်ရုံအထိပဲ ကောင်းပါတယ်။ အဲဒီစပျစ်သီးက ချဉ်တယ်ကွ လိုက်ပြောနေရင်တော့လည်း မကောင်းပြန်ဘူးဗျ။ စပျစ်သီးချိုနေတဲ့သူတွေ စိတ်အနှောင့်အယှက်ဖြစ်ကုန်မှာပေါ့။

အဲဒီအတွေးလေး စတွေးမိတာ တက္ကသိုလ် စတက်တုန်းကတည်းက တိုင်ပါ။ ကိုယ်နဲ့ အဝေးကြီးက တစ်ချို့တွေကို နဂိုကတည်းကတိုင် စိတ်ကူးထဲမထည့်အောင်နေပါတယ်။ အဲဒီအတွေးလေးက အကျင့်တွေပါလာတော့ တစ်ခုခုက ဈေးမတန်ဘူး၊ ကိုယ်နဲ့မဆိုင်ဘူး ထင်ရင် auto ချဉ်တဲ့ အကျင့်ပါသွားပါတယ်။ ဥပမာ..



နောက်တော့ ...။ ... စသည်ဖြင့် စသည်ဖြင့် ပေါ့လေ။

အဲဒီလို အတွေးတွေတွေးရတာ သီဟသစ်တော့ စိတ်ချမ်းသာပါတယ်။ ငါတော့ မ၀ယ်နိုင်ဘူး၊ မသွားနိုင်ဘူး၊ မ၀တ်နိုင်ဘူး၊ စဉ်းစားမနေတော့ဘူး။ သူများတွေလုပ်နိုင်ရင် မုဒိတာပွားနိုင်တဲ့ အခါပွားလိုက်၊ မပွားနိုင်ရင် စပျစ်သီးချဉ်လိုက်ပေါ့လေ။

ဆိုင်လား မဆိုင်လားတော့မသိဘူး။ ပြောရရင် အရင်ကတည်းက ၀ထ္ထုဖတ်ရင် လွန်းထားထားတို့ ရှင်မိုးတို့ဆို လုံးဝလောက်နီးနီး မဖတ်ပါဘူး။ အစ်မတွေ စာအုပ်ဆိုင်က ငှားလာလို့ ဖတ်မိရင်လည်း ခဏဖတ်ပြီးရင် လွှင့်ပစ်ပါတယ်။ အရမ်းချမ်းသာ၊ မိုးပျံအောင်တော်၊ ရုပ်ကလည်း အရမ်းလန်ထွက်နေအောင်ချော ကိုယ်နဲ့ဘာဆိုဘာမှ မဆိုင်ကိုး။ ချဉ်ပစ်လိုက်ရောပေါ့။ အဲဒီတော့ စိတ်ကူးယဉ်ရအောင်လို့ ဆိုရင် ရှား ၀ထ္ထုတွေ ဖတ်တာများတယ်။ သူ့ဇာတ်ကောင်တွေက လူလတ်တန်းစားတွေများတော့ ကိုယ်က စိတ်ကူးယဉ်လို့ရတယ်လေ။

တစ်ခုတော့ ရှိပါတယ်။ ပုံပြင်မှာ ပြောချင်တဲ့ ဆိုလိုရင်းက လူတွေက တစ်ခုခုကို အောင်မြင်အောင်မလုပ်နိုင်ရင် ဆင်ခြေပေးစရာ ရှာလေ့ရှိတယ်တဲ့။ သီဟသစ်က တခြားတစ်နေရာဘက်က တွေးထားလို့ပါ။ နဂိုဆိုလိုရင်းလေးကိုလည်း လက်ခံသင့်ပါတယ်။ သီဟသစ်ဆိုလိုချင်တာက ကိုယ်နဲ့မဆိုင်တာ တစ်ချို့ကို နဂိုကတည်းက ချဉ်ထားလိုက်။ ကိုယ်လိုချင်တာတစ်ခုရှိရင်လည်း မရရအောင် အစွမ်းကုန်ကြိုးစား ရအောင်လုပ်။ အစွမ်းကုန်ကြိုးစားလို့မှ မရဘူးဆိုရင်တော့လည်း ချဉ်လိုက်တော့။ ထိုင်ရုံထိုင်ပြီး ချဉ်နေရင်တော့လည်း...

ခင်မင်စွာဖြင့်
အညီအမျှချစ်တဲ့ သီဟသစ်

P.S
၁) စာရေးရင်း စပျစ်သီးလေး ချဉ်လိုက် ချိုလိုက်ဖြစ်နေတတ်တဲ့ ဘလော့ဂါ ညီငယ်လေးတစ်ယောက်ကို သတိရသွားတယ်
၂) ဘလော့ဂါ ညီအစ်ကိုမောင်နှမ အားလုံးနဲ့ စာလာဖတ်ဖြစ်သူအားလုံးကို auto ခင်ပြီးသားဖြစ်ကြောင်း
၃)
Descendents ရဲ့ Sour Grapes သီချင်းလေးနားထောင်သွားပါအုံး



Hey you, new wave, come over here
You're the prettiest thing I've seen all year
Hey you, new wave, don't turn away
Close those pouty lips and listen to what I say
Why must you smoke that clove cigarette?
Why must you act like you've got a hole in you head?
Why don't you split the squares and love me instead?
You're all shiny and clean, I've seen you in my dreams
Like the Rolls Royce I can't have
Your presence makes me scream
Sour grapes - you leave such a bad taste
Sour grapes - I don't need you anyways
Sour grapes - feeding, feeding my rage
Hey you, new wave, I pity you
When you get old, what will you do?
What will you do when you turn 21?
You're cockteasing at the singles bar just for fun
What will you do when you turn 31?
What will you do when you don't know how to love anyone?
I wanted her cherry, I got sour grapes
I refuse to climb the ladder for you
I refuse to pant and paw for you
I need love, don't need no beauty queen
But still, when I look at you, I scream
Sour grapes - you leave such a bad taste
Sour grapes - I don't need you anyways
Sour grapes
Just go riding right by me on the crest of the new wave
Sour grapes - feeding, feeding my rage
Sour grapes

Bonus:
၁)ကဗျာ

ကဗျာဆရာတစ်ဦးက တခြား ကဗျာဆရာတစ်ဦးကိုပြောသည်။

"အခုအချိန်ထိ ဘယ်သူမှ မရေးဖူးတဲ့ အကြောင်းအရာကို ရေးချင်တယ်၊ ပြီးတော့ ဒီအကြောင်းအရာကို ဘယ်သူမှ နောင်မှာ မဖွဲ့စေချင်ဘူး"
"လွယ်လွယ်လေးပဲ၊ ကိုယ့်ကိုယ်ကို ဘုံမြှောက်တဲ့ ကဗျာရေးလိုက်ပေါ့"

၃)စုံထောက်ဝတ္ထူ
ရုံးအဖွဲ့မှူးက စာရေးမောင်မြကို မေးသည်။

"ဟေ့ မောင်မြ၊ ရုံးချိန်အတွင်းမှာ ဘာလို့ စုံထောက်ဝတ္ထူတွေကို ဖတ်နေရတာလဲ"
"ရုံးထဲမှာ ဆူညံလွန်းတော့ စာကြီးပေကြီးတွေကို အာရုံစိုက်ဖတ်ဖို့ မလွယ်လို့ပါ"

35 comments:

kaungkinpyar said...

တို့ စပျစ်သီးမကြိုက်ဘူး သီဟရဲ့၊ အဲ့ဒီတော့ ချိုတယ် ချည်တယ်တွေ မရှိဘူး၊ အားလုံးအေးဆေးပဲ၊

မငုံ said...

စပျစ်သီး အချိုချည်းချည်းတော့ မဟုတ်ပါဘူး။ တစ်ချို့လေးတွေလဲ ချဉ်မိတတ်ပါတယ်။ လူဖြစ်နေလို့လေ။ :))

မချိုမချဉ်ကောင် PTG said...

ခုတော့ ချဉ်ပြီပေါ့လေ။
ဆိုင်ဆိုင် မဆိုင်ဆိုင်
အမပြန်လာရင် ပြလို့ရအောင် talks at StarBuck ဆိုတဲ့ ဖိုင်နဲ့အတူတူ တွဲသိမ်းထားမယ်။

myo said...

စာတပုဒ်လုံးကောင်းချင်ရဲ့သားနဲ့ "ဝတ္ထု" စာလုံးပေါင်းတွေ အကုန်မှားနေတယ်..။

မရ ရအောင် စပျစ်သီးချဉ်သွားတယ်ဟေ့.. :P

Yu Ya said...

ကိုသီဟသစ်ရဲ့ “စပျစ်သီးလေး ချဉ်သလား” ရဲ့ idea လေးနဲ့ Presentation လေးကို သဘောကျတယ်ဗျာ။ အဲဒီလိုလေး ချဉ်နိုင်ရင် ကောင်းမယ်ဗျာ။ တစ်ခါတစ်ခါ အလိုလောဘက စိတ်ကို အင်မတန် ဒုက္ခရောက်စေတယ်ဗျ။ အခုလိုလေး ချဉ်ထားလိုက်တော့ အေးချမ်းတာပေါ့ဗျာ။

ကျေးဇူးတင်စွာဖြင့်
yu ya

ရေတမာ said...

ဖတ်ရင်ခေါင်းတွေမူးသွားတယ်...... အချဉ်လေးစားမှထင်တယ်....းP
စိတ်ထားတတ်အောင် ပြောပြပေးလို့ ကျေးဇူးအကို သတိတွေလွတ်လွတ်သွားတာစိုးတယ်

ပျော်ရွင်ပါစေ

ကိုပိုင် said...

ကြည့်ရမယ့်ရှုထောင့်တွေကတော့ များတယ်

တွေးမိတဲ့ထောင့်တခုကတော့...

ကိုယ်နဲ့ဆိုင်တဲ့ ကိစ္စမှာ ချိုလိုက် ချဉ်လိုက်ဖြစ်တာ မကောင်းပေမယ့် အများကြီး အပြစ်ဆိုစရာတော့ မရှိဘူး ဘာကြောင့်ဆိုတော့ သူ့ကိစ္စကိုး သူ့ခံစားချက်ပေါ်မှာ ချိုတဲ့အခါတွေရှိပြီး ချဉ်တဲ့အခါတွေ
ရှိနိင်လို့ လူပီသတယ်ပြောရင် အမျာားကြီးမလွဲ
လောက်ဘူးထင်ဘူး...။

အဲ..ကိုယ်နဲ့မဆိုင်ပဲနဲ့ သူများတွေကြည့်ပြီး ချဉ်လိုက် ချိုလိုက် ဖြစ်နေရင် ဒါ သိပ်မကောင်းဘူးထင်တယ်...။

အရေးကြီးတာ အကန့်တွေ ခွဲထားနိင်တဲ့ စိတ်ခံစားချက်လို့ မြင်တယ်....။

ထင်တာကိုပြောမိတာပါ မှားတာပါရင်တော့ ခွင့်လွှတ်ပါ
ဘာကြောင့်ဆိုတော့ ကျွန်တော်က ပိုငယ်တယ်လေ...။

သူငယ်ချင်းတွေကို အမြဲတမ်းခင်မင်တတ်တဲ့ ကိုပိုင်

နဒီမိုးညို said...

မြေခွေး..လို..ချဉ်တတ်တဲ့..လူတွေ..များလာရင်.
ကိုယ်ချင်းစာမူဆိုတာ..ပျောက်ဆုံးကုန်တော့မှာ..အစ်ကိုသီဟရေ

မေဇင် said...

ဟဟဟ ဟုတ်တာပေါ့...ကိုယ့်ဘာသာ ချဉ်ပြီးတော့ လူတွေကို မကောင်းဘူး ချဉ်တယ်တော့ လိုက်မပြောနဲ့ပေါ့.....။ စိတ် ထားတတ်ရင်...တော်တော် ကောင်းပါတယ်..။

tune said...

စိတ်ကူးမိတာလေးတွေ ဖြစ်မလာလဲ ချဉ်တယ်လို့ တော့ မပြောပါဘူး။
ရေးချင်တာ ရေးခွင့်၊ ပြောခွင့် ရတဲ့ ကာလတွေကိုလဲ သတိရနေမှာပါ။
ဖတ်ပြီး အများကြီး တွေးသွားပါတယ်။

ရွှန်းမီ said...

စပျစ်သီးက ချဉ်ပေမယ့် ဗိုက်တာမင်တွေ အများကြီးပါတယ်.. မစားပဲ ထိုင်ကြည့်ရရင်ကို ချစ်စရာလေးလို့ မထင်မိဘူးလား ;)

လင်းဒီပ said...

ကျွန်တော်လည်း တစ်ယောက်တည်း တိတ်တဆိတ် ချင် ပစ်လိုက်တဲ့ စပျစ်သီးတွေ များပေါ့...။

မမသီရိ said...

ချန်းချန်ရဲ့ ဖေဖေ
ဘာတွေ မကျေမနပ်ဖြစ်နေပါလိမ့်
တခုခုတော့ တခုခု ပဲနော်..း)

Phyo Maw said...

ချိုတယ်ချည်တယ် မမှတ်ပါဘူး
ကျေနပ်ပါတယ် သူ့ဥပမာက မော်တော်ကားပုံကြီးမို့ပါ
ဥပမာ Lady Gaga တို့ ရှရာဗိုပါတို့ ပုံဆို မရလဲ
မချည်ပြစ်ပါဘူး ကျေနပ်နပ်ကြီးပုံပဲ ထိုင်ကြည့်မှာပါ။
မမြင်တာ မဆုံတာကြာဘီ တာကိုး
ကမ်းခြေသွားမလား ဟဲဟဲ
စက်ဘီးစီးချင်တယ်.....

Sein Lyan Tun said...

စပျစ်သီး ချဉ်တယ်ချိုတယ် အရသာထက်

ဝိုင် အရသာကို ပိုပြီး နှစ်သက်သလိုပဲ


ချစ်ခင်လေးစားစွာဖြင့်

ဖိုးစိန်

Rita said...
This comment has been removed by the author.
Rita said...

အပေါ်ကဟာ နဲနဲ ဒီဂရီ များသွားလို့ ပြန်ဖျက်လိုက်ပြီ။ sorry ပါ blog ပိုင်ရှင်ကို အားနာတယ်။

ရွှေပြည်သူ (ShwePyiThu) said...

အညီအမျှ ချစ်တဲ့ ကိုသီဟသစ်ရေ...း) စပျစ်သီးချဉ်တာ တခါတခါ ကောင်းသလိုလို ဆိုတာလေးကို ဆက်တွေးကြည့်တော့ ဟုတ်သလိုလိုပါပဲ။ သူများကို ပုတ်ခတ်တာမျိုး မဟုတ်ရင် ပြီးတာပါပဲနော်။ (ဟာသ ၂ ပုဒ်လုံးကိုလည်း ကြိုက်တယ် အစ်ကိုရေး))

littlebrook said...

ဟဟ ဘာမှမဆိုင်ပေမယ့် ဒီပို့စ်ဖတ်ပြီးချိန်မှာ သတိရတယ့် စကားတစ်ခွန်းတော့ရှိတယ်
ချဉ်ချဉ်တူးတူး မူးရင်ပြီးရော ဆိုတဲ့စကားလေး ..
မရနိုင်တာကို ချဉ်တယ်မသတ်မှတ်ပေမယ့် စိတ်ထဲကအပြီးထုတ်ထားလိုက်တယ်ဗျ... ပြီးတော့ တန်ဖိုးကြီးတာ တစ်ခုခုကိုတက်မက်တိုင်း ပူလှောင်လာရင် .. ကိုယ့်လောက်မှ မတတ်နိုင်တဲ့လူတွေကို အားနာစိတ်လေးမွေးမိတယ်.. အဲ့ဒါဆို ပူတာလျော့သွားရော ... ချဉ်တယ်တော့ မတွေးမိဘူး

Anonymous said...

အညီအမျှချစ်တဲ့ သီဟသစ်တဲ့လား တွေ့ကြသေးတာပေါ့ကွာ။

ကိုလူထွေး said...

အညီအမျှချစ်တဲ့ သီဟသစ်တဲ့...

နောက်ထပ် ဘယ်နှစ်ယောက်တောင် ရှိနေတာလဲ...

(ဟားဟား... ရန်တိုက်ပေးသွားတယ်..)

းဝ)

Angel Shaper said...

ကိုသီဟရေ...... အရမ်းကောင်းတဲ့အတွေးလေးတွေ နဲ့ စိတ်ကလေးတွေ ထားတတ်အောင် ရေးပြပေးတာ ကျေးဇူးပါနော်။ ပျော်ရွှင်ပါစေအကိုရေ.....

ကျောပိုးအိတ် said...

ရင်ဂိုသီချင်းလဲရှိသေးတယ်လေ ယောက်ခမရဲ့ ။

ခုစပျစ်သီးတွေက မချဉ်တော့ဘူးလေ။ ချိုတာမှ ရဲနေတာဘဲ။
အဟဲ

ယောက်ခမကို ရန်စသွားပါကြောင်း
း)

ဏီ(န်)ကင်း said...

အော်....သူများတွေကတော့ချဉ်တယ်၊ချိုတယ်တွေပြောနေကြတာကျွန်တော်တောင်ပြောဖို့မကျန်တော့ဘူးဗျာ။အကိုရေးနေတုန်းသတိရတာကျွန်တော့်ကိုလားဗျ။ဟဲဟဲ.ကျွန်တော်အဲဒိကဗျာလေးရေးတုန်းကတော့အကိုတွေးသလိုမျိုးလေးတွေးမိသားပဲ။ဒါပေမယ့်အကို့လောက်တော့ရိုးသားမှုတွေ(သူ့ဘက်ကိုယ့်ဘက်ကြည့်ဖို့)မပါခဲ့ဘူး။သင်ခန်းစာယူသွားပါတယ်ဗျို့။နောင်တော်ကြီးကျန်းမာပါစေဗျာ။

မေ့သမီး said...

ကိုယ်လည်း တခါတလေချဉ်ပစ်လိုက်တာပဲ။ လူပဲနော်။ အမြဲတမ်းတော့ ဘယ်ချိုနိုင်ပါ့မလဲ။

Lu Pyo Gyi said...

အေးလေ ကိုယ့်ဟာကိုယ်ချဉ်တာ ဘာဖြစ်လဲ ချဉ်သာချဉ်လိုက် လူတွေနဲ့ မတည့်လို့ စိတ်ဆင်းရဲတယ်လို့မှ မရှိတာပဲ တည့်နေရင်သာ ကူညီနိုင်တဲ့အချိန် တစ်မျိုး မကူညီနိုင်ရင် တစ်မျိုး အလကား စိတ်ရှုပ်ရတယ်။ ချဉ်သာ ချဉ်လိုက်တော့ဗျာ။ (မြောက်ပေးလိုက်မယ် လာလေ့ရော)

ဝက်ဝံလေး said...

ဟုတ်တယ် သားသားလေးရဲ့ ပါးပါးရေ ညီမလဲ လွန်းထားထားတို့ကို မုန်းလွန်းလို့လေ အရည်မရအဖတ်မရတွေ မဖတ်ဘူး အရည်ရအဖတ်ရတဲ့ ကိုရီးယားကားပဲကြည့်တယ် အဲ ဟုတ်ပါဘူး တက္ကသိုလ် ဘုန်းနိုင်တို့ မစန္ဒာတို့ ပြောပါတယ် နောက်မှ လာဆွေးနွေးမယ် နော် ဟဟဟဟ

ဇော် said...

ဟုတ်တယ် ကိုဂျီး
ကျနော်လဲ အဲ့လိုပဲ တွေးရတော့မယ်။ နို့မို့ စိတ်ကို အတော် ဒုက္ခပေးတာနော်။ အဲ့ လိုချင်တပ်မက်မှုတွေကလေ။ ခုတော့ စပျစ်သီးပဲ လုပ်ပလိုက်တော့မယ်။ ငှဲငှဲ။
ကိုဂျီးစာတွေ ဖတ်ဖြစ်ပေမယ့် ကျနော်က မန့်ဖို့ကို မေ့မေ့သွားတယ်။ အဲ့ဒါ ဘာအကျင့်မှန်းကို မသိဘူး။ နောက်ဆို သတိထားရတော့မယ်။ မန့်တာက ရောက်ကြောင်းကို ပေးသိတာနဲ့ တူတူပဲမို့လားနော်။ =)

ဂျပန်ကောင်လေး said...

း).... ကျွန်တော်တော့ မချဉ်ချင်ဘူး... ကျွန်တော်နဲ့ မဆိုင်တဲ့ဟာ ဆိုရင် လျစ်လျူရှုရင်ရှု မရှုရင်လည်း မုဒိတာပွားနိုင်အောင်ကြိုးစားချင်တယ်... တကယ်တော့ ချဉ်ရတဲ့အလုပ်ဟာ မကောင်းပါဘူး အစ်ကိုရယ်..ကိုယ့်စိတ်ကိုပဲ ပြန်ထိတာပဲလေ....း(..

Mogok Thar said...

စပျစ်သီးတောင် ချိုမှ ကြိုက်တော့ ခက်သားလားဗျာ။
စိတ်ထားတတ် မြတ်၏ တဲ့။
ချိုသည်လဲ သဘောမထား၊ ချသ်သည်လဲ သဘေယမထား။ အရာအားလုံးက ဖြစ်ပြီးရင် ပျက်တာပါပဲ။ သစ်ပြီးရင်ဟောင်းသွားရော။
သီဟသစ် လဲ သီဟဟောင်း ဖြစ်အုံးမှာပဲ......
မဇ္ဈိမ ပရ်ပဒါ (စာလုံးပေါင်း သိခံဘာ)
အလယ်အလတ် လမ်းစဉ်လေးပဲ ကောင်းပါတယ်။

(မသိပဲ ဆရာ လုပ်သွားသည်၊ ရိုက်ချင်က အိမ်လိုက်ခဲ့ပါ)

ရွာစားရေ... တွေ့လိုက်ကြစို့။ သီဟ မသစ်မဟောင်းကြီးကို...။
ဖန်သကြိုးရေ.. ထောက်ခံမဲ ပေးတယ်ဝေ့။

ပန်းခရမ်းပြာ said...

စပျစ်သီးချဉ်တဲ့ မြေခွေးဟာ အကောင်းမြင်သမားလေးပေါ့။ ရောင့်ရဲတင်းတိမ်နိုင်တာ စိတ်ချမ်းသာစေပါတယ်။

မေသစ္စာမောင် said...

တွေးနိုင် တွေးတတ်ရင်တော့ တော်တော်လေးကို လေးလေးနက်နက်ရှိတဲ့ပို့စ်ကောင်းလေးပါဘဲ။

ဒီမှာ ရေးထားခဲ့ကြတဲ့ comments လေးတွေဖတ်ရပြီးတော့လည်း စဉ်းစားစရာတွေ ပိုတိုးသွားရပါတယ် ကိုသီဟရေ။

ဆောင်းချမ်းမိုး said...

ချိုတာတွေ ချဉ်တာတွေ..
ခါးတာတွေ..
ဟာ..
သိပ်မစဉ်းစားချင်ဘူးနော်

ကြည်ဖြူပိုင် said...

ကလေးအဖေ။။။အနော့်ယောက္ခမ ပေါက်ကွဲနေတာတော့ဟုတ်ပါဘူးနော်။

ဟုတ်ပါ့။အမှန်ပဲ။အဲလိုစိတ်ထားနိုင်ရင်အကောင်းဆုံးပဲ။ သက်ရှိတွေအပေါ်မှာထားရင်တော့သိပ်မကောင်းဘူး။
သက်မဲ့တွေအပေါ်ပိုင်ဆိုင်ချင်စိတ်များလာရင်တော့
အဲလိုထားလိုက်တာအကောင်းဆုံးပဲ။ သက်ရှိကျတော့ကိုယ်ကချဉ်တယ်လို့သတ်မှတ်လိုက်
ပေမယ့်သူ့တကယ့်စိတ်ရင်းလေးက ချိုနေရင် ကိုယ်ချဉ်တယ်လို့သတ်မှတ်မိတဲ့အတွက်အားနာစရာနော်။

အနော်ကလဲအားပဲနာနေတာပဲ။ကောင်းကိုမကောင်းဘူး
:D)

မိုးခါး said...

ချဉ်တယ်ဆိုလည်း ချဉ်တာမှာပဲရပ်ပေါ့နော်
သူများလိုက်ပြောနေတော့ ချိုတဲ့ လူက ချိုလိမ့်မပေါ့ ..း))