Thursday, July 16, 2009

ပြောချင်ခဲ့သော စကားလုံးများ

အလုပ်ထဲမှာ တစ်ခါတစ်လေ Customer က ကိုယ့်ကိုရစ်လာရင် (သို့) မန်နေဂျာက စကားလာပြောရင် ပြန်ပြန်ပြောချင်တဲ့ စကားလုံးတွေ ရှိတယ်။ တကယ်ပြောလိုက်ရင် မိတ်ပျက်သွားမှာ စိုးလို့ ဘလော့ထဲမှာပဲ ချရေးလိုက်တော့တယ်။

Customer: If I am not wrong, it should be..
ThihaThit: No you are wrong


သူတို့ ပြောတာနားလည်လား လာမေးရင်

Manager: You know where I am coming from
ThihaThit: I know, you are coming from Singapore.


သီဟသစ်ရေးထားတဲ့ Software က error တက်လို့ ဆိုပြီးပြောလာတယ်

Customer: Because of the error in your software, the users are not happy, my boss is not also happy.
ThihaThit: If so, you should tell them to drink Beer.


အထက်မှာ ရေးထားတဲ့ဟာတွေကတော့ စိတ်ထဲကပဲ ပြောခဲ့တာပါ။
မန်နေဂျာက သီဟသစ်ကို စနေ၊ တနင်္ဂနွေ ပါ အိမ်မှာ အလုပ်လုပ်ခိုင်းပါတယ်။ သီဟသစ်လည်း I am not superman like you. ဆိုပြီး ပြန်ပြောလိုက်ပါတယ်။

စာလာဖတ်ဖြစ်တဲ့ ညီအစ်ကို မောင်နှမတွေလည်း ပြောချင်ခဲ့တဲ့ စကားလုံးလေးတွေရှိရင် Comments ထဲမှာ ရေးပေးသွားကြပါဗျို့…..။

ခင်မင်စွာဖြင့်
သီဟသစ်

Bonus:

၁) မပေးရင် မပေးဘူးပြော


"ငါ့ကို ငွေတစ်ရာလောက် ချေးစမ်းပါကွာ"
"ပဲရစ်က ပြန်လာမှ ယူကွာ"

"ဘာလဲ၊ မင်းပြင်သစ်သွားမလို့လား"
"စိတ်တောင်မကူးဘူး"

၂)ကျွန်မပါပဲ

"တရားသူကြီးရှင့် ကျွန်မမှာ အပြစ်မရှိပါဘူး၊ ကျမ်းကျိန်ပြီးပြောရဲပါတယ်"

"ဒါပေမယ့် အထောက်အထား အချက်အလက်တွေက အပြစ်ရှိကြောင်း ညွှန်းနေပါလား၊ ဟောဒီမှာ သက်သေတစ်ယောက်ရဲ့ ထွက်ဆိုချက်ထဲမှာ အတိအကျ ဆိုထားတယ်၊ 'ငယ်ရွယ်နုပျိုရုံမက မည်သူမှ မတုနိုင်သော ဆင်မယဉ်သာ လျှောက်ဟန်မျိုးဖြင့် အချိုးကျန ပြေပြစ်လှသော အမျိုးသမီး' တဲ့"

"ဟုတ်ကဲ့၊ အဲဒါဆို ကျွန်မပါပဲ"

32 comments:

နဒီမိုးညို said...

ဟုတ်တယ်..တစ်ခါတစ်လေ..စိတ်ထဲမှာ..
ပြောတဲ့စကားလုံးတွေက..ထောင်သောင်းမကပဲ.
အပြင်မှာ..ပြောလို့ မှ..မရတာနော့

နှင်းနဲ့မာယာ said...

အလုပ်ထဲမှာတော့ စွာတယ်...
အတည်လိုလို နောက်သလိုလိုနဲ့တော့ ပြောဖြစ်တယ်...
ရင်ထဲမှာ သိမ်းမထားတတ်ဘူး..
ရင်ထဲမှာ ထားရတာများရင် ရောဂါရလိမ့်မယ်...

ZT said...

ကျွန်တော်တို့ ပြောနေကျ စကားလုံး ရှိတယ်ဗျ။ ဘော့စ်ကိုလည်း အလုပ်နဲ့ လူ မမျှလို့ လျှာထွက်နေတဲ့ အချိန်မျိုးဆိုရင် ပြောတယ်။ "Only Superman can fly. But I am not Superman." ဆိုတာလေ။

နေဒေးသစ် said...

ပြောချင်တာတွေ များလို့ ဘာပြောချင်လည်း ဆိုတာ ရုတ်တရက် ချပြလို့တောင် မရပါဘူး ..
ဒီလိုပါပဲ ..
ပြောချင်တာတွေ များပေမယ့် တစ်ခါတစ်လေကျတော့လည်း စိတ်ထဲမှာ အောင့်အီးနေလိုက်ရတာပဲ ..
အောင့်အီးရတာ များလာတော့ တစ်ခုခုဆို သည်းခံလိုက်ဖို့ ကိုပဲ တွေးနေမိတော့တယ် ..
တစ်ခုခုများ လွဲမှားနေပြီလား မပြောတတ်တော့ပါ ..

နေဒေးသစ်။

ကိုလူထွေး said...

မကျေနပ်တာတွေလား.. အများကြီးရှိတယ်.. ဒါပေမယ့် စလုံးရောက်မှ ဝင်ပြောတော့မယ်...

းဝ)

မေ့သမီး said...

တခါတလေပြောလိုက်ချင်တာတွေအများကြီးပေါ့။ Bonus 2 ကိုကြိုက်တယ်။

Htoo Aung Lwin said...

သီးခံ၍သာနေပါလေ.....။

မေဇင် said...

နောင့် ကတော့ ပြန်ပြောလိုက်တာပဲ....တစ်ခါ တစ်လေ..ကိုယ့်မှာလဲ အလုပ်ရှိနေရဲ့သားနဲ့ လာခိုင်းရင် မလုပ်ဘူး..ငါ မအားဘူးလို့ ပြောလိုက်တယ်..ဟဟ...။ ပြောရဦးမယ်.စနေ၊ တနင်္ဂနွေပါ အိမ်မှာလုပ်ခိုင်းရင် အိုတီ တောင်း...။ နောင့် တို့ရုံးမှာလဲ တောင်းကြတယ်...။ နောင့်က တော့ လုပ်ကိုမလုပ်တာ..ဟိဟိ

တလနွန် said...

ပြောချင်တဲ့ စကားလုံးများကို မှတ်သွားပြီး (ကြုံရင်သုံးဖို့  :) )

PTG said...

Manager: Urgent, Urgent. why? you can do that at free time.
Me: if so, do by yourself at ur free time.

Manager: ..........................
..........................,Understand?
Me : ဆိုးလိုက်တဲ့ speaking ကွာ၊ မြန်မာလို ပြောစမ်းပါ။

မေသစ္စာမောင် said...

ဟုတ်တယ် ကိုသီဟရေ...

ကျောင်းသူဘ၀တုန်းက ကျောင်းပိတ်လို့ part-time အလုပ်ဝင်လုပ်ဖြစ်တယ်။

အဲဒီက supervisor တစ်ယောက်ဆိုရင်
'"Your burmese name is very difficult for me to pronounce"
"Why don't i give you a new name" ဆိုပြီးလာပြောတယ်။ ကျမလဲ ပထမတော့ ရိုးရိုး 'စ'တယ်လို့ယူဆပြီး ဘာမှပြန်မပြောဘူး။ နောက်တော့ သူခေါ်ချင်သလို ခေါ်လာတော့ သည်းမခံနိုင်တော့ဘူး။
" If i can try my best to pronounce your name so can you"လို့ ပြန်ပြောလိုက်တယ်။

ဒါကို သူက "Hello, i'm your supervisor" လို့လာပြောသေးတယ်။
ဒါနဲ့ပဲ " Yes, you are only my supervisor and you have no right to change my name" လို့ :D

avocado said...

ကိုနေဒေးသစ်ပြောသလိုပြောချင်တာတွေများလွန်းလို့ ဘယ်ကစပြောရမယ်မသိဘူး..... urgent urgent တွေချည်းပဲ... ပြန်ပြောပြန်တော့ရိုင်း၇ာကျတယ် မကြိုက်ကြဘူး မပြောပြန်ရင်လည်း မတရားကိုခိုင်းတယ် တခါတလေစိတ်များအလွန်တိုတဲ့အခါဆို တစ်ခုခုလုပ်ချင်စိတ်တွေပေါ်ပေါ်လာတယ် အဲ့လောက်ထိ :(

မိုးတိမ်ညို said...

ဟုတ်တယ်ကိုသီဟရေ ပြေချင်တာတွေက တော့ အများကြီး။ စိတ်ထဲကပဲ ပြောပြောနေရတယ်။

Anonymous said...

ပြောချင်တိုင်းသာ ပြောလိုက်ရရင်တော့ SPass ပြုတ်တာ ကြာလှပေါ့။ မတတ်သာလို့ သည်းခံနေရတယ်။ ဒါလောက်သည်းခံတာတောင် boss ကပြောတယ်။ နင်သာ စကားတတ်ရင် လီကွမ်ယု ကိုတောင် ကွန်ပလိန်းတက်မယ့် သူတဲ့လေ။

:P

ခင်တဲ့
မရောင်

မင်းအိမ်ဖြူ Minn Eain Phyu said...

ပိုစ့်ကိုလည်းသဘောကျတယ်
ကော့မန့်တွေလည်းသဘောကျတယ်
မေThitsarမောင် ကိုထောက်ခံတယ်
မရောင်လိုပဲ ကျွန်တော့်ကိုလည်းပြောမယ်ထင်တယ်အဟ
အိမ်ကသူငယ်ချင်းတစ်ယောက်ပြောတယ် ဒီနေ့ ဘယ်နှစ်ယောက်နဲ့ ရန်ဖြစ်ခဲ့လည်းတဲ့

ကြုံလို့ပြောရအုံးမယ် ၊၊ ကျွန်တော် မြန်မာပြည် အလုပ်ခွင် မှာတခါမှ စကားမများဘူးဖူးတကယ်ပါ ၊၊ ဒီရောက်မှ စိတ်တိုတက်သလားမမေးနဲ့ သူတို့သင်ပေးတာလေ ၊၊ နည်းနည်းဆို မရတော့ဘူး ဦးအောင် အော်ပြီးသားပဲ ၊၊ တခါသားတော့ ဘယ်လောက်ဆိုးလဲဆိုတော့ ၊ အဲဒီ သူဌေးက ကျွန်တော့် သူဌေးရဲ့ ပါတနာ ၊၊ ဘယ်သူမှ မပြောရဲဘူး၊ ကျွန်တော်နဲ့သွားတွေ့တယ်လေ၊၊ ကျွန်တော်အထက် က Manager ကလူလည် ၃ ယောက်တည်းပေးတွေ့တယ် ၊၊ သူကကြားလူပေါ့ ၊၊ ကျွန်တော်ကဒီုင်ခံ စော်ရတာ ၊၊ ဘယ်ရမလဲ နောက်ဆုံ စိတ်တိုလာတော့ အစည်းအဝေး ခန်းထဲမှာ မတ်တက်တွေ ရပ်ပြီး ရန်တွေ ဖြစ်တာ ဟီဟိ
လက်ညှိုးတွေ ဘာတွေ ပါကုန်တာပေါ့ ၊၊ လက်သီး မလာခင် တစ်ယောက်နဲ့တစ်ယောက် လက်ညီုးတွေ ထိုးပြီးအော်တာလေ ၊၊ သူတို့က လက်ညှိုး ထိုးတာ တော့ နာတယ်ဗျ ၊၊ ပျော်လိုက်တာ ရန်ဖြစ်ရတာ ၀ုန်းဒီိုင်းကို ကြဲသွားတာပဲ ၊၊ အလုပ်တော့ ပြုတ်ဘူးဗျ P;
သူတို့နဲ့ ရန်ဖြစ်ရတာ သိပ်အရသာရှိတာ .. အဲဒီကောင်တွေ လူချင်းထိုးရမှာသိပ်ကြောက်တာ ပြန်သာချ မကြောက်ကြနဲ့ ဟီဟိ မြှောက်ပေးတာ ...

myo said...

မပြောဖြစ်ခဲ့တဲ့ စကားလေးတွေ မြိုသိပ်ရင်းနဲ့ပေါ့လေ..

ဘောနပ်စ်တွေကို ရယ်သွားတယ်..

မဆုမွန် said...

ပြောစရာစကားကုန်သွားရင်တော့ ကောက်ရိုက်ပစ်လိုက်တာပဲ..ဟွန်း ခြင်တို့ ယင်တို့ ပြောပါတယ်

Phyo Maw said...

တစ်ခုခု ပြောချင်စိတ် ပေါ်လာရင် ပြောခဲ့ပါဗျာ။
Thanks.

ဟုတ် welcome ပါ
ဟုတ် my pleasure ပါ
ဟုတ် ok ပါ

လင်းဒီပ said...

ကြာတော့လည်း အရေထူလာတယ်...နောက်ဆို နာအောင် လာပြောရင်တောင် နာတတ်ပါတော့မလား မသိဘူးဗျာ။

ကြည်ဖြူပိုင် said...

မင်းအိမ်ဖြူပြောသလိုပဲဆန့်ကျင်ဖက်တွေဖြစ်ကုန်တော့တာ။ အရင်ကဆိုချွေးမလေးက သိပ်အေးတာ။ အခုတော့ အရမ်းစကားများတဲ့အင်ဂျင်နီယာကစကားတွေတဗျစ်ဗျစ်လာပြောလဲမသိချင်ယောင်ဆောင်တတ်ပြီ။သူ့စကားအားနာပြီး နားထောင်နေရင်အလုပ်ကမပြီးတော့ဘူး။

သူတို့က Cho Mar !Can you finish now?ဆိုအရင်ကအားနာတတ်တော့ အတင်းကိုနင်းကန်ကြုံးရုံးပြီးလုပ်ပေးတာ။ အားနာမှန်းသိတော့ကိုယ်ဘယ်လောက်အားထုတ်ထားလဲမသိတဲ့အတိုင်းတပုံကြီးလာချတတ်တော့...
ဝန်အားမမျှတော့ဘူးလေ။အဲဒါကြောင့် ခုတော့ CAN နိုင်မှ Can တယ်။ မ CAN နိုင်ရင်တော့ Cannot ပဲ..ဟဲဟဲ။။

မေလေး said...

မကျေနပ်တာတွေလား.. အများကြီးရှိတယ်..
တကယ်ပြောလို့ ရတယ်လားးးးးးးးးးးးးးးး

၁. ယောက်ခမ အလွန် ဆိုးးးးးးး
၂. သားရှိတယ်ဆိုပြီး မာန်တက်
၃. အလှူတိုင်း လိုက်စား
၎. မရှိသေးတဲ့ သမီးကို အလွန်တို
၅.
၆.
၇.
၈.
...
...
....
တော်ပါဘီလေ။
နောက်မှဆက်ပြောတော့မယ်။အိပ်ချင်လာလို့။

mgnge said...

မသိဘူးဗျာ... ဘလွတ်ရွှတ်တွတ်တွေ မပြောတတ် ဘူး..။ :P
ပြောရမယ်ဆိုရင်တော့ thanks;
မေးချင်တာဆိုရင်တော့ တစ်ခုလောက်မေးမလို့ ..။
ခါးအောက်က ညာဘက်တင်ပါးမှာ သွေးစုနာပေါက် လို့ဆေးခန်းသွားပြတော့..လမ်းမှာအုတ်ခဲကျိုးခလုပ်တိုက်မိ တော့ ဘယ်ဘက် ခြေ ညှိုးလေး ကွဲ သွားတာ ကို အကိုတို့ ပြောတဲ့ ဘိုလို ဘယ်လိုရရေးရမလဲ... ဟီးး

သင်ပေး ပါ.. သင်ပေး ပါ :((

just kidding u;

good luck bro;

နွေးနေခြည် said...

customer နာမည်က Andrew တဲ့။
Andrew = အန္တရာယ် လို့ပဲဖတ်တယ်... ဟိဟိး)

နွေးနွေးသဲမွန် said...

ညီမလေးလဲ တခါတလေ Customer တွေ ကြောင်ပေါက်လာရင် စိတ်ပျက်တယ်...
ညီမ ကတော့ပြောလိုက်တာပဲ .... I'm still checking with JPN or I'm still checking with MENA side လို့  US ကလူတွေ က အိပ်နေတုန်းကို ကိုယ်တွေ အလုပ်လုပ်နေတဲ့ အချိန်..ဟိ...

ဝက်ဝံလေး said...

ဝေးးး သားသားလေးရဲ့ ပါးပါးကြီးရေ ညီမလည်လည်လာတယ်နော် သားသားလေးကိုပြောပေးပါ အန်တီတော်မယ်လို့ တီတီလို့ခေါ်လဲ ကျေနပ်တယ်လို့နော် ခိခိ ဟာသလေးတွေဖတ်သွားတယ် သိလား
လင့်ခ်သွားပါကြောင်း လာအော်ပါတယ်နော် ဘိုင် ဘိုင်

စိုင်းစိုင်းလားရှိုး said...

သီဟရေ ငါ့ရင်ဘတ်ထဲက အသံတိတ် စကားလုံးတွေ မင်းနှလုံးသားနဲ့ နားထောင်ကြည့်စမ်းပါ....

Apprenticeship said...

အော် အပြစ်တွေကလဲ ကြီးတတ်သားနော်....

Angel Shaper said...

အကိုပြောချင်ခဲ့တဲ့ စကားလုံးလေးတွေ နားထောင်သွားတယ်..အဲ ဟုတ်ဘူး...လာဖတ်သွားတယ်။ ဟာသလေးတွေရော ဖတ်သွားပါတယ်လို့ ....

kaungkinpyar said...

သီဟ သားက တို့ အတွက်ပါ၊(ပြောချင်တာ ပြောသွားတယ်)

မငုံ said...

ပြောချင်တာ များလွန်းလို့ ဘာပြောရမယ်မှန်း မသိတော့ပဲ ဖြစ်နေပြီ။ :) တခါတလေကျတော့လဲ ရူးသလိုလို ပေါသလိုလိုနဲ့ ပြန်ပြောလိုက်ပေမဲ့ ဒူဘိုင်းရောက်မှ မငုံလဲ အင်မတန် ရွတ်တတ်တဲ့သူ ဖြစ်မှန်းမသိဖြစ်နေပြီ။
အခုတော့ ပြောချင်တဲ့စကားရသွားပြီ။
I am not superman like you.

မိုးခါး said...

ဟီးဟီး
ပြောတော့ပါဘူး
ခွင့်လွှတ်လိုက်ပါတယ် :P

tg.nwai said...

စိတ်ထဲက ပြောချင်တဲ့ စကားလုံးတွေလား ကိုသီဟရယ်..
တို့ကတော့ ဘယ်လိုမပြောပဲနေရရင်ကောင်းမလဲ စဉ်းစားနေတာ..