Thursday, July 9, 2009

ခိုင်မာခြင်း

ချန်းချန်လေးရဲ့ Photo တွေကို ဟိုက ပို့ပေးလိုက်လို့ရပါပြီ။ အရင်က သားလေးရဲ့ နာမည်ပေးတဲ့ပို့စ်မှာ နာမည်ပေးသွားခဲ့တဲ့ ညီအစ်ကိုမောင်နှမတွေကို ကျေးဇူးတင်ကြောင်း ထပ်ပြောပါရစေ။ သားလေးရဲ့ နာမည်က မောင်လင်းသန့်ပိုင် လို့ပေးထားပါတယ်။ ကျွန်တော်နှင့် နှင်းဆီဖြူလေး တို့ရဲ့ နာမည် တစ်လုံးစီပါပါတယ်။

ချန်းချင်လေးက သီဟသစ်ရဲ့ ဖေဖေ နှင့် မေမေ တို့ အတွက် မြေးဦးပါ။ သီဟသစ်က အစ်မသုံးယောက်နဲ့ သားအငယ်ဆုံးဆိုတော့ နဂိုကတော့ အိမ်မှာ VIP ပေါ့။ ခုတော့ အဲဒီနေရာက ချန်းချင်လေး အတွက် ဖြစ်သွားပါပြီ။ အမေကတော့ သားအတွက်တင်မက မြေးအတွက်ပါ အဓိဋ္ဌာန် ပိုလုပ်ပေးနေရပြီပေါ့။

နှင်းဆီဖြူတို့ အိမ်အတွက်တော့ ဒုတိယမြေးပေါ့။ နှင်းဆီဖြူလေးရဲ့ အစ်မက သမီးလေး မွေးထားတာ၊ အဲဒီကလေးလေး အိမ်နာမည်က စိမ်းစိမ်းတဲ့။ သူတို့က တရုတ်လို ပေးထားတာ။ မြန်မာလိုက “အစစ်” တဲ့။ အဲဒါနဲ့ ချန်းချင်လေး ကိုယ်ဝန်ရှိလာတော့ သူတို့က အိမ်နာမည်ကြိုပေးတယ်။ ကျားကျာတဲ့။ အဲဒါ ဘာအဓိပ္ပါယ်လဲလို့ နှင်းဆီဖြူကို မေးကြည့်တော့ “အတု”တဲ့။ သီဟသစ်ကတော့ ဘယ်ရမလဲ ငါ့ကလေးကျမှ ဒီနာမည်ကြီးပေးရတယ်လို့ အဲဒီရက်ပိုင်းက နှင်းဆီဖြူ သူ့အမားဆီ ဖုန်းခေါ်ရင် စကားဝင်မပြောဘူး။ နောက်တော့မှ နှင်းဆီဖြူလေးက ချန်းချင်ဆိုတဲ့ အိမ်နာမည်လေး စဉ်းစားပေးတယ်။ တည်ကြည်ခြင်း ခိုင်မာခြင်းလို့ အဓိပ္ပါယ်ရတယ်လို့ ပြောပါတယ်။

သားလေးမွေးဖို့ နေ့ရွေးတော့ သီဟသစ်က တနင်္ဂနွေဆို စိတ်ကောက်တတ်တယ် မကောင်းဘူး ဆိုပြီး နှင်းဆီဖြူကို စပါတယ်။ သူကတနင်္ဂနွေ သမီးကိုး။ သူကလဲ သောကြာဆို စကားများတယ် အကောင်းကြိုက်တယ် ဆိုပြီး မရွေးဘူး။ အဲဒါနဲ့ သားလေးက ကြာသာပတေးသား ဖြစ်လာတာပေါ့။ ကြာသာပတေးက သီဟသစ်ရဲ့ lucky dayလေ။

သားလေးက သီဟသစ်နဲ့ တော်တော်တူတယ် ပြောကြတယ်ဗျ။ နှင်းဆီဖြူရဲ့အမားကဆို ကလေးဓါတ်ပုံပို့စရာ မလိုပါဘူး၊ ကိုယ့်ကိုယ်ကိုသာ မှန်ထဲပြန်ကြည့်တော့တဲ့။ နှင်းဆီဖြူရဲ့ သူငယ်ချင်းတစ်ယောက်ကလဲ သူ့ကလေး ဟုတ်လား မေးသွားဆိုပဲ။ အဲဒါနဲ့ နှင်းဆီဖြူကတောင် သူနဲ့သိပ်မတူလို့ အဖေဖြစ်သူ မရိုးသားဘူးဆိုပြီး (မင်းလူရဲ့ လှထုံလို) စနေသေးတယ်။

သားလေးက မျက်နှာအရမ်းချိုတယ်တဲ့ဗျ။ မနက်အိပ်ရာနိုးလာလို့ သူ့ကိုလှမ်းခေါ်ရင် ပြုံးပြတယ်တဲ့။ နေ့နဲ့ညကိုလဲ ခွဲသိသွားပြီတဲ့။ တော်တော်လည်းထွားလာပါတယ်။

ကဲလေ စကားတွေ မရှည်တော့ပါဘူး။ သားလေးရဲ့ Photos တွေကို ကြည့်ပေးပါအုံး။


ဘာတွေကြည့်နေလဲ ကိုယ့်လူ



ခင်မင်စွာဖြင့်
သီဟသစ်

Bonus:
၁) တက္ကသိုလ် ၀င်ခွင့်ဖြေတဲ့ အားပန်

အားပန်တစ်ယောက် ၀င်ခွင့်စာမေးပွဲတွင် ကောင်းကောင်းမဖြေနိုင်ခဲ့ပေ။ ပါမောက္ခက လူတွေ့အင်တာဗျူးတွင် အားပန်ကိုပြောသည်။

Professor: မောင်ရင်ဖြေထားတာတွေ သိပ်အားမရဘူးကွ။ အဲဒီတော့ ခုအင်တာဗျူးမှာ မေးခွန်း ၃ ခုမေးမယ်။ တစ်ခုဖြေနိုင်ရင် မင်းကျောင်းဝင်ခွင့်ရပြီ။ ကဲပထမမေးခွန်းမေးမယ်။ တစ်နှစ်မှာ seconds ဘယ်လောက်ရှိလဲ
Ah Beng: လွယ်ပါတယ် ဆရာ 12 seconds ပါ။

Professor: ဆောရီး အားပန်၊ မင်းမှားတယ်ကွ၊ ဒါနဲ့ တစ်နှစ်မှာ 12 seconds ဘယ်လိုရသလဲ
Ah Beng: Jan 2nd , Feb 2nd, March 2nd ….

Professor: ထားပါတော့လေ။ မင်းတွေးတာ သူများနဲ့ မတူဘူးပဲ။ ကနောက်တစ်ခုမေးမယ်။ Rudolf and the Rednose reindeer(ခရစ်စမတ်သီချင်း) မှာ D ဘယ်နှစ်လုံးပါလဲ။

အားပန် ခဏစဉ်းစားပြီး သီချင်းကို ညည်းကြည့်သည်။ ထို့နောက် လျင်မြန်စွာဖြေသည်။

"D 56 လုံးပါပါတယ်ဆရာ"

ပါမောက္ခ အံ့အားသင့်စွာမေးသည်။

Professor: ဘယ်လို ရသလဲကွ

အားပန်က သံစဉ်အတိုင်းဆိုပြီးပြောသည်။

Ah Beng: Deee, deee, deee, deee, deee.deeee, ddeee………
Professor: အေးပါလေ ထားပါတော့၊ မင်းအတွက် နောက်ဆုံးအခွင့်အရေး ရှိသေးတယ်။ တစ်ပတ်မှာ T ဘယ်နှစ်လုံးပါသလဲ။

အားပန်ပြန်ဖြေသည်။

Ah Beng: ရိုးရိုးလေးပါဆရာ၊ T နှစ်လုံးပါပါတယ်။
Professor: အင်း…၊နောက်ဆုံးတော့ မင်းမှန်သွားပြီပဲ။ ဆရာတို့ကျောင်းကို ၀င်ခွင့်ရပါပြီ။ ဒါနဲ့ T နှစ်လုံးဘယ်လိုရသလဲ

Ah Beng: “Oh. Vely simple only. Today and Tomorrow lah”


၂) ပေးသင့်တာပေါ့

လေယာဉ်ပျံကို ပထမဆုံးအကြိမ် စီးလာသော ခရီးသည်က လေယာဉ်မယ်ကို ပြောသည်။

"ခရီးသည်တွေကို လေထီးထုတ်မပေးဘူးလား"
"မပေးပါဘူး"

"သင်္ဘောတွေမှာ ခရီးသည်တွေကို သက်ကယ်အိတ် ထုတ်ပေးထားတာပဲ"
"ဒါသင်္ဘောမှ မဟုတ်ဘဲ"

"ထူးဆန်းတယ်နော်၊ ပျံတတ်တဲ့လူတွေထက် ရေကူးတတ်တဲ့လူက ပိုများတယ် မဟုတ်လားရှင့်"

49 comments:

မငုံ said...

ကလေးလေး ချစ်စရာလေး။

Sein Lyan Tun said...

ကလေးက အဖေလဲတူတယ်

အမေလဲတူတယ်

ချစ်စရာလေးး


အဖေတော့ သားမျက်နှာနဲ့ မျက်နှာပွင့်အုံးမှာ မြင်ယောင်သေး....


ချစ်တဲ့

ဖိုးစိန်

နဒီမိုးညို said...

ပျော်စရာကြီးနော်..
ကလေးလေးကလဲ..ချစ်ဖို့ ကောင်းတယ်..
ပျော်ရွှင်သော.ဘဝကို..ပိုင်ဆိုင်..ပါစေလို့ 
ဆုတောင်းပေးတယ်..နော်

sonata-cantata said...

သူများအမေတွေများ မွေးတတ်လိုက်ကြတာ...
အမမွေးထားတဲ့ နှစ်ယောက်စလုံးမလှလို့၊ သူတို့ကြည့်ပြီး ကိုယ်ဖာသာကိုယ် လူချောလေးတွေလား လူလှလေးတွေလား..လုပ်နေရတယ်...း)

နွေးနွေးသဲမွန် said...

သားလေးကချစ်ဖို့ ကောင်းလိုက်တာကွယ်...း-)
ငါ့ကိုကြီး ကံကောင်းပ..

စိတ်စမ်းရေ said...

ဟုတ်တယ်ဗျ...။ အဖေတူသားလေးပဲ...။

မေလေး said...

တူတို့လျှောက်ပြောနေတာ။တကယ်တူတာ မမနှင်းဆီနဲ့။ဒါကြောင့်ချောတာ(ဟိဟိ)
ယောက်ခမ ..အဲလေ...ကိုကြီးသီဟ..
ဟဲဟဲ နေကောင်းတယ်နော်။
သားသားလေးလာရင် ပြောနော်။
ဝိုင်းထိန်းပေးချင်လို့။

Anonymous said...

နဖူးရယ် နှာခေါင်းရယ် မျက်လုံးရယ် ဟားဟားဟား ရယ်တာ တွေတူပါတယ်။

သမီးလေးကျ မနှင်းဆီဖြူနဲ့တူပေးနော်

မိုးကောင်းသူ said...

ကိုသီဟသစ်
သားသားလေးကတော့ ကိုသီဟသစ် ပုံစံခွက်ထဲ ထည့်နှိပ်ထားသလားထင်ရတယ်။ ကိုသီဟသစ်နဲ့ တူလွန်းလို့။ သားအမိနှစ်ယောက် ကျန်းမာတယ်ဆိုလို့ ၀မ်းသာပါကြောင်း။

ကျောပိုးအိတ် said...

သားလေးက ပါးဖောင်းဖောင်းလေး
နဲ့ တော်တော်ချစ်စရာ ကောင်းတယ်။

ယောက်ခမတော်မယ့်စာရင်းထဲကို နောင်တိုးအနေနဲ့  မန်ဘာဝင်လိုက်ပြီနော်။
အဟဲ
း)

နှင်းနဲ့မာယာ said...

အကိုရေ
ကလေးလေးက ချစ်စရာလေးနော်..
နာမည်လေးကလဲ ကောင်းတယ်...
သုံးယောက်ထဲမှာ
အမက ပိုချောတယ်နော်...
အချောဆုံးပဲ...

MrDBA said...

ကလေးလာကြည့်သွားတယ်ဗျို့။

နွေးနေခြည် said...

Baby Thiha Thit ပါလားနော်....
ပုံနှိပ်ထားသလားထင်ရတယ်...

ချစ်ချာလေး ချစ်ချာလေး ဟိဟိး)

မေဇင် said...

ယောက်ခမ တော်မလား ဟင် ။း) မျက်လုံးလေး ၀ိုင်းနေတာပဲ...။ အရမ်း ချစ်စရာကောင်းတယ်...။

:P said...

နှင်းဆီဖြူက အလှဆုံးပဲ
ကလေးလေးက ချစ်စရာကောင်းတယ်..။

ရေတမာ said...

ဝေး.... ဘလော့ဂါအသစ်လေး ရောက်လာပြီဟေ့ ဘလော့ပေါ်ကို..

ချန်းချန်လေး
ကိုယ့်ကျင့်တရားတွေ ခိုင်မာပါစေ

P.Ti said...

သားလေးက ချစ်စရာလေး...
ဒီမိသားစုမှာ ပျော်ရွှင်ခြင်းတွေ ခိုင်ခိုင်မာမာရှိနေပါစေ။

တောင်ပေါ်သား said...

ကလေးလေး က ချစ်စရာ သူ့အဖေနဲ့များ တခြားစီပဲ တမျိုးမထင်နဲ့ အဖေက ရုပ်ဆိုးတယ် အဟီးးးးးးးး)

အကိုရေ မိသားစု အမြန်ခေါ်တော့ဗျာ တွေ့ချင်တယ် အဲ့ခါကျမှ ရှောင်မပြေးနဲ့း) တိုင်စရာတွေ အများကြီးနော် သိနေတယ်ဟုတ်း)


လေးစားလျက်
တောင်ပေါ်သား

မီးမီးချစ် said...

မျက်လုံး က အမေ နဲ့  တူတယ်... ဝိုင်းစက်နေတာပဲ..
ချန်ချန် လေးက ချစ်ဖို့ ကောင်းတယ်..း))

ကောင်းကင်ပြာ said...

အဖေနဲ့ မတူဘူး သားလေးနဲ့ နှင်းဆီဖြူက ချစ်ဖို့ကောင်းတယ်:P

Mogok Thar said...

ချန်းချန်လေး အဖေ၊အမေတို့ရဲ့ လိမ္မာ အားကိုးရသော သားလေး ဖြစ်ပါစေခင်ဗျာ။
ချန်းချန်အဖေကြိးကတော့ ခုကတည်းက မျက်နှာ ပွင့်နေဘီ။ သားကို လုတဲ့ ချွေးမလောင်းတွေ ၇ှိတယ် မဟုတ်လား။
ခုကတည်းက ကလေးအဖေ အူတိုနေရဘီ။ :-D
ငြိမ်းချမ်း ပျော်ရွှင်ဖွယ် ဘ၀လေးနဲ့ မိသားစု အတူ ရာသက်ပန် ချစ်ခင်ကြင်နာနိုင်ကြပါစေ။
နောက်ထပ် သျွိးချောချောလေးတေါလဲ မွေးဦးးး။ ( :-P )

မမသီရိ said...

ချစ်ဖေဖေ ကြီး..
ကြွား ချက်တွေများ ပြီ ကွ..
လူပျိုကြီး တွေ ကြိတ်ပြီး နှာကစ်နေပြီနော်

သားကတော့ အဖေတူ
အသေအချာ ပဲ..း)

နှင်းဆီဖြူလေး ကလဲ ချစ်စရာပါ ..း)

Htoo Aung Lwin said...

ဟိတ်ဖိုးသားရေ ဘာတွေ လုပ်နေတာလဲ ဦးဦးခေါင်း လာကြည့်တယ်နော်

rose of sharon said...

ခလေးလေးကချစ်စရာလေး... အမေကလဲအချော

rose of sharon said...

ခလေးလေးကချစ်စရာလေး... အမေကလဲအချော

Phyo Maw said...

ဟယ် ဖအေ တူလေးတော့ O.o
ဘွားတော်က အတု လို့ပေးရက်တယ် ကြည့်ရတာ တစ်ခုခုတော့ တစ်ခုခုပဲ
:D
pm ဘာဆိုဘာမှ မသိပါ။ :)

ဆောင်းချမ်းမိုး said...

ကိုသီဟ
သားသားလေးက ချစ်စရာလေးဗျ
အေးမယ့်ပုံပဲ
ကိုသီဟနဲ့ချွတ်စွတ်ပဲ..ဖအေတူသားကိုး။

ကိုသီဟလဲနာမည်ပြောင်းထားတယ်ဆို
ယောက်က္ခမကြီး ဆိုလား..
ဟားဟား..

ပျော်ရွှင်သောမိသားစုလေးပါ...ကြည်နူးရပါ၏။

လင်းဒီပ said...

မိဘမေတ္တာ ဆိုတာ ဒါပါပဲလေ...

(ဒီစာလုံးကြီးက မကြာခဏတွေ့နေရတော့ ဘတ်စကားလိုလို စတိုးဆိုင်နာမည်လိုလို ဖြစ်နေတတ်ပေမယ့် အဓိပ္ပာယ်ကတော့ အတော်လေးနက်တယ်ဗျ..)

မယ့်ကိုး said...

သားလေးက ချစ်ဖို့ ကောင်းလိုက်တာ။

tune said...

:)

တလနွန် said...

ကလေးလေး လင်းသန့် ပိုင် နာမည်နှင့် လိုက်တယ်ဗျ။ ချစ်စရာလေးပါ။ နောက်ကျရင် ကိုသီဟသစ် တို့  မနှင်းဆီဖြူ တို့ ကို ယောက္ခမတော်ချင်တဲ့သူတွေ ဝိုင်းဝိုင်းလည်နေမှာ မြင်ယောင်သေး။ အခုတောင် ဘလော့ကာ မမတွေ ဝိုင်းဝိုင်းလည် နေတာကြည့်တော့ :)
ကျန်းမာပျော်ရွင်ပါစေ

သက်ဝေ said...

သားလေးက ချစ်စရာ...
ငယ်တုန်းက သား...
ကြီးလာတော့ အား ပေါ့...
မိသားစုတွေ အမြန်ဆုံး အတူတူနေနိုင်အောင် ဆုတောင်းပေးတယ်နော်...

ကြည်ဖြူပိုင် said...

လင်းသန့်ပိုင်တဲ့...........ဘာပဲဖြစ်ဖြစ်တို့နာမည်တစ်လုံးပါတယ်။ အဲဒါကြောင့်ယောက္ခမကြီးကို အရမ်းခင်တာပေါ့။...ဟဟ။

ဘာတွေဘယ်လိုပဲပြောပြော ...ကလေးလေးက ချစ်ဖို့ကောင်းပြီး ...ကလေးမေမေကချောတယ်။ ကိုသီဟအရမ်းကံကောင်းပါကြောင်း ..မှတ်ချက်ချသွားပါတယ်ရှင့်

တီချမ်း said...

ကိုကိုကာကာ
သာမီးကလည်း တနင်္ဂနွေသမီး ပဲနော်
ဟွန့် စာရေးတာကြည့်ရေးပါ
“နာ” မယ်
သားလေးဆိုတဲ့ မျက်နှာနဲ့ကြည့်နေတာ အကောင်းမထင်နဲ့ ခိခိ
ဖေဖေကြီး ဖေဖေကြီး ဖေဖေကြီး ကို...တယ်
ဘာလုပ်ရရင်ကောင်းမလဲ ...???

JulyDream said...

ဖိုးစိန် ပြောသလိုပဲ... ကလေးက အဖေနဲ့ တူတယ်။

အဖေနဲ့ အကုန် တူတယ်ဆိုရင်တော့

အင်း............ ဆိုပြီး သက်ပြင်းရှည်ကြီးသာ ချသွားပါတော့တယ်လေ။

yehtutnaung said...

မိသားစု တူတူနေဖို့  မြန်မြန်လုပ်ဗျာ..။ :)

ရွှေပြည်သူ (ShwePyiThu) said...

ဟုတ်တယ် သားလေးက ကိုသီဟသစ်နဲ့ တော်တော်ကို တူတယ်နော်။ မနှင်းဆီဖြူ မျက်နှာလေးကလည်း အေးချမ်းလိုက်တာ။ သမီးလေးမွေးလို့ မနှင်းဆီဖြူနဲ့သာတူရင်... အင်း ကိုသီဟသစ် ဒီကနေ ပြောင်းပြေးချင်တယ်ဆိုလည်း ပြောင်းပြေးချင်စရား)))

kiki said...

ဟယ် ..သားချောလေးပါလား ကွယ် ...
အမေနဲ့ တူလို့ ချောတာ ပါ ။
အဖေ နဲ့ တူရင်တော့ ပေါ ..အဲ ..

ကိုသီဟ တို့ မိသားစုလေး ပျော်ရွှင်ချမ်းမြေ့ ကြပါစေ။။

ခင်တဲ့ 
မကိ

Ree Noe Mann said...

ဟေ့ တောင်ပေါ်ပြောသွားသလိုပဲ

အမြန်ခေါ်တော့ ဒီရောက်မှ တိုင်းအုံးမှာ။

ထွက်ပြေးဖို့ မကြိုးစားနဲ့

ဟဲ ဟဲ အဲ့လိုကို မရယ်ချင်တော့ပါဘူး

ရီနို

WWKM said...

ချစ်စရာကလေးလေး အသက်ရာကျော်ရှည်ပါစေ.း)

moekhar said...

သားလေးက ချစ်ချာလေး
စောင့်မယ်နော်
ယောက်ခမဂျီးးးးးးးးးးးးးးးးးးးးးးးးးးးးး
:D

မိုးခါး

ဘာတွေတုန်း said...

ကလေးလေးက တော်တော်ထွားလာတယ်နော်..

ဒါနဲ့ ကိုသဟသကို ယောက္ခမခေါ်တဲ့လူတွေ အတော်များနေပါရောလား
ဘာဘာတောင် ဘွတ်ကင်လုပ်ဖို့ နောက်ကျနေပီထင်တယ် :D

ဇော် said...

အဟီး
ယောက္ခမကြီး
နေကောင်းလားဂျ။ အဟီး =P

စန္ဒီမိုးမြင့် said...

ဘမျိုးဘိုးတူတဲ့ ....
သူ့ အဘွားပြောသလို ဘဲ ကိုကြီးသီဟသစ်နဲ့တူတယ်
မမ နှင်းဆီဖြူ မျက်နှာက အေးချမ်းလိုက်တာ

mgnge said...

ကြွားပေါ့...သူက ကြွားစရာရသွား ပြီကိုးးးး

ဝက်ဝံလေး said...

ဝိုးးးးးးး သားလေးကချစ်စရာလေး မဟေသီနဲ့ တူတာထင်ပါ့ ဟုတ်လား အခုလိုလာခေါ်တာကျေးဇူးနော် အဟက်
မဟေသီကလဲ ချစ်ဖို့ကောင်းတယ်
ပျော်ရွှင်ပါစေရှင့်
ညီမက ကလေးဆိုရင် အရမ်းချစ်တာ ကလေးလေးက နမ်းချင်စရာလေး ဟဟဟဟဟဟ အနားရှိရင်တော့ ကလေးကိုကောက်ချီ မိမှာပဲ ဗျိုးးး

Anonymous said...

Wooo......မောင်လေးက So Coolll...:)
ကြော်ငြာ ကပ်ဝင်တာ မဟုတ်ပါ။ အရမ်းကို
ချစ်စရာကောင်းတဲ့ ဖတ်တီးလေး။ :)

Lu Pyo Gyi said...

ကိုသီဟရယ် Red Alert ထဲက Clone လုပ်တဲ့ စက်များရှိနေသလား အကြီးအငယ်ပဲ ကွာတယ် ချွတ်စွပ်ပါလားဗျ။

သူများတွေများ ရေးစရာတွေများများတာ ကလေးအကြောင်းတွေကလည်း ရေးမကုန် ကျွန်တော်လည် ရေးစရာရအောင် ကလေးတစ်ယောက် မွေးဦးမှာပါပဲ။ :P

Angel Shaper said...

ခုမှပဲတွေ့မိတယ်။ အကိုက ချစ်စရာကောင်းတဲ့ ကလေးတွေရထားတာပဲ။ ယောက္ခမတော်မယ်နော်...ဟီးဟီးး