Monday, June 29, 2009

မလိုသည်များကို ခြစ်ပစ်ပါ

အရင်က စုံထောက် စာအုပ်တွေ ဖတ်ဖြစ်တော့ သတိရမိနေတာလေး တစ်ခုရှိတယ်။ ဇာတ်လိုက်စုံထောက်ကို သူ့အဖော်က မဆိုင်တာတစ်ခုခု လာပြောပြီဆို ခက်တာပဲဗျာ၊ ခေါင်းထဲမှတ်နေရတော့မှာပဲ ဆိုတာမျိုး ပြန်ပြောလေ့ရှိတယ်။ (အတိအကျ မမှတ်မိတော့ပါ၊ မှတ်မိသူရှိရင် ၀င်ပြောနိုင်ပါသည်။)

ဟိုအရင်လပိုင်းလောက်က အဖြူရောင်သံစဉ်မှာ သီတဂူဆရာတော် တရားထဲမှာလည်း နာရသေးတယ်။ များသောအားဖြင့် ပရိသတ်တွေက ဘုရားဇာတ်တော်တွေအကြောင်း ပြောလိုက်ရင် ပေါရိသာဒတို့၊ စိဉ္စမာန တို့ကျတော့ တန်းသိတယ်၊ ကျန်တဲ့ ကောင်းတဲ့သူတွေကျတော့ တန်းမသိလို့ ဆရာတော်ကပြောတာ။ အေးနင်တို့ခေါင်းထဲမှာ အမှိုက်တွေပဲ ထည့်ထား နေကြတာကိုးတဲ့။

သီဟသစ် သေချာစဉ်းစားကြည့်တော့ ခေါင်းထဲမှာ ရှိနေတာတွေက မသိရင်လည်း မဖြစ်တာတွေ များနေသလိုပဲ။ အဲမသိမဖြစ် တွေကျတော့ရော..အရင်က သိသလိုပဲ၊ ခုတအား မမှတ်မိတော့ဘူး။ ဘရူနိုင်းစော်ဘွားကြီး ဘယ်လောက်ချမ်းသာ၊ UAE က လူလုပ်ကျွန်းတွေ ဘယ်လိုလှ၊ ဘယ်သူနဲ့ ဘယ်သူဘာဖြစ် …..စသည်ဖြင့် စသည်ဖြင့် အရေးမပါတာတွေ အများကြီး မှတ်ထားမိပါလား။

တက္ကသိုလ်တက်တုန်းက သူငယ်ချင်းတစ်ယောက်ကို သတိရမိသေးတယ်။ ၁၀ တန်း ဘယ်နှစ်မှာ Top 10 က ဘယ်သူက ဘယ်နှစ်မှတ်ရ၊ သူငယ်ချင်းထဲမှာ ဘယ်သူတွေက ၁၀ တန်း အမှတ် ဘယ်လောက် စတာမျိုးတွေ အမြဲမှတ်မိတယ်။ ပညာရေးနဲ့ ပတ်သက်ပြီး ဘာမှ လုပ်နေတာ မဟုတ်ဘဲ အဲဒီအချက်တွေ မှတ်မိနေတာ သူ့မှတ်ဥာဏ်တွေ နှမြောစရာလို့ ထင်မိတယ်။ သူ့စိတ်ဝင်စားမှုနဲ့ သူပေါ့လေ။

Computer မှာတော့ Memory မနိုင်ရင် စက်လေးသွားမှာ (သို့) ရပ်သွားမှာဖြစ်နိုင်ပါတယ်။ လူကတော့ အဲလိုဖြစ်စရာ အကြောင်းမရှိပေမယ့် လိုအပ်တဲ့ information တွေမှတ်ထားတဲ့နေရာမှာ မလိုအပ်တာတွေ overwrite လုပ်သွားရင် မခက်ဘူးလား တွေးမိတယ်။

“A little knowledge is a dangerous thing.” သီဟသစ်တော့ အဲဒီစကားရပြီး ကတည်းက ဆင်ခြေပေးစရာကိုရလို့။ လျှပ်စစ်နဲ့ပတ်သက်တာ မပြင်တတ်ဘူး။ သူများပြင်ရင်လည်း ကြည့်မနေဘူး။ မလုပ်တတ်လုပ်တတ်လုပ်ရင် အန္တရာယ်များတယ်လေ။ အစကတည်းက ကြည့်ပြီး မှတ်မနေဘူး။ ပြင်တတ်တဲ့ဆီ ပို့လိုက်တယ်လေ။

ဘာတွေမှတ်သင့်တယ် မမှတ်သင့်ဘူး ဆိုတာကတော့ တစ်ယောက်ချင်းစီရဲ့ရေချိန်နဲ့ဆိုင်မယ် ထင်တယ်ဗျ။ ကိုယ့်စိတ်ဝင်စားမှုတွေ ၀ါသနာတွေနဲ့လည်း ဆိုင်မှာပေါ့ဗျာ။ သီဟသစ်လည်း ရေးသာရေးနေတာ။ ခုထိဆန်းစစ်နေတုန်းပါပဲ။ ဘာတွေသိမ်းထားရမလဲ ဆိုတာကိုလေ။ တစ်ခါတစ်လေ တစ်ယောက်ယောက်က တစ်ခုခုပြောလာရင်လည်း ဘာမှစဉ်းစားမနေဘဲ လက်ခံမိတတ်နေတုန်းပါပဲ။ ကြိုးစားရပါအုံးမည်ပေါ့ဗျာ။

စာကြွင်းအနေနဲ့ပြောရရင် မလိုအပ်သည်များကို ခြစ်ပစ်ပါ ဆိုလို့ စာဖတ်ဖြစ်တဲ့ ညီအစ်ကိုမောင်နှမတွေက သီဟသစ် နင့်ကိုလည်း မလိုဘူးကွာဆိုပြီး ချစ်ပစ် အဲလေ ခြစ်ပစ်လိုက်ရင်လည်း ကိုယ့်စကားနဲ့ကိုယ်မို့ “ကိုယ်ဘာများ တတ်နိုင်မှာလည်းကွယ်” သီချင်းလေး ဆိုရုံမှ တစ်ပါး အခြားမရှိပါကြောင်း… :P

ခင်မင်စွာဖြင့်
သီဟသစ်

P.S
၁) အရင်ပို့စ်တုန်းက ကျပ်၅၀ စေ့ဆိုတာ အဲဒီနှစ်ပိုင်းလောက်က ၁၀၀ ကျပ်စေ့၊ ၅၀ ကျပ်စေ့ တွေ ထုတ်လိုက်သေးတယ်။ (ရီတာပြောသလို ကြိုရှင်းမပြလိုက်မိလို့) ရှားသွားမယ်ဆိုတာ သိလို့ ပိုက်ဆံအိတ်ထဲ သိမ်းထားတာ။ အမှတ်တရပေးလိုက်တာက လွဲရင် ဘာအဓိပ္ပါယ်မှ မပါပါဘူး။ မမ tg တွေးသလို ဘယ်သူမှ လိုက်မတွေးကြဘူး။ (အင်း အဲဒါကြောင့် လူပျိုကြီး အပျိုကြီးတွေ ဖြစ်နေတာ နေမှာ၊ အဲလို ပြောလိုက်ရင် ၀ိုင်းဆဲခံရမှာစိုးလို့၊ မပြောတော့ပါကြောင်း)

Bouns:
၁) နံပါတ်ပြောင်းပြန်

အပျော်စီးလှေများ ငှားရမ်းသော စခန်းတွင်ဖြစ်သည်။ ကယ်ဆယ်ရေးလုပ်သားက မိုက်ကရိုဖုန်းက တဆင့် လှမ်းအော်သည်။
"လှေနံပါတ် 99 ကမ်းဘက်ကို ပြန်လှော်ခဲ့ပါ၊ ခင်ဗျားရဲ့ အချိန်ကုန်သွားပါပြီ"

အချိန်အနည်းငယ်ကြာသွားသည်။ လှေကမ်းဘက်ပြန်မလာချေ။
"လှေနံပါတ် 99၊ အမြန်ဆုံး ကမ်းပြန်ကပ်ပါ၊ ဒါမှမဟုတ်ရင် ခင်ဗျားဆီက အချိန်ပိုခ ထပ်တောင်းရလိမ့်မယ်"

ကယ်ဆယ်ရေးသမား၏ အကူချာတိတ်က သူ့ဆရာကို ပြောသည်။
"ကျွန်တော်တို့ စခန်းမှာ လှေ 75 စီးပဲ ရှိတယ်၊ ဘယ်က နံပါတ် 99 ရောက်လာတာလဲ"

ကယ်ဆယ်ရေးသမား ခေတ္တမျှ မင်သက်မိသွားသည်။ ထို့နောက်ရေထဲ ပြေးဆင်းသည်။ ပါးစပ်မှလည်း အော်သည်။
"လှေနံပါတ် 66 ခင်ဗျားပြဿနာပေါ်နေလား"

၂) ဒီတစ်ယောက်နဲ့ကို စိတ်ညစ်လှပြီ

ကျောင်းမှ ပြန်လာသော ပီတာလေးက အမေကိုပြောသည်။

"မေမေ၊ ဒီနေ့သားကို ကျောင်းအုပ်ဆရာမကြီးက ခေါ်ပြီးမေးတယ်၊ မင်းမှာ ညီအစ်ကို မောင်နှမတွေ ရှိသလားတဲ့၊ ကျွန်တော်တစ်ဦးတည်းသောသား လို့ဖြေလိုက်တယ်"

"ဒါမှန်တာပေါ့၊ ဒီစကားကြားတော့ ဆရာမကြီးက စိတ်ပျက်သွားလို့လား"

"ဟင့်အင်း၊ 'တော်ပါသေးရဲ့'လို့ သူကပြောတယ်"

38 comments:

YoungGun said...

ကိုသီဟသစ်ရေ ဒီပို့စ်ကို လုံးဝထောက်ခံပါတယ် နည်းနည်းသိတွေ ဖြီးဖြန်းသိတွေကြောင့် ဒုက္ခဖြစ်ရတာလည်း မနည်းပါဘူး။ ဒီတော့နားလည်တတ်ကျွမ်းသူကို ဆရာတင်၊ မေးမြန်းအကူညီတောင်းတာကမှ အဆင်ပြေမှာပါ။ အောက်ဟာ ဘောနပ်စ်ဟာသတွေကလည်း အတော်ကောင်းပါတယ်။ လှေနံပါတ် ၆၆ ကို စီးတာ ကျနော်မပါဘူးနော်။ ဟဲဟဲ။

Phyo Maw said...

ဟင်း...
ဟူး...
ဟဲ...
ဘာဘာ ဘာမှမသိပါ။
လူပျိုကြီး ဖြစ်မဖြစ် နောက် ထပ် ၅ ၆ နှစ်လောက် စောင့်ကြည့်ပါ။
အချစ်ရဲ့အရသာကို ကြာရှည်ခံစားလိုလျှင် ဘယ်တော့မှ အိမ်ထောင်မပြုပါနှင့် ဆိုတဲ့စကားကို နားဝင်နေလို့ ညိမ်နေတာ။

မငုံ said...

မလိုအပ်တာတွေ မှတ်တာများသွားတာ သေချာတယ်။ ရှင်းထုတ်နေဆဲပါ။

ZT said...

လိုတာတွေကို ပဲ လိုက်ချစ် လိုက်ပါတော့မယ် နှင်းဆီဖြူရဲ့ မကွေးကလူကြီး ကိုသီဟသစ်ရေ။ :P

နေဒေးသစ် said...

တစ်ခုခုတော့ သဘောကျစရာ အမြဲတွေ့နေတာချည်းပဲ ....
ဟုတ်တယ် ခြစ်တယ်ကွာ ... arrmathit ဘလော့လစ် :D
စတာ အဲလိုလုပ်ပါ့မလား တော်ကြာ အိမ်မှာ သီချင်းလာဆိုပြ နေဦးမယ် :D

နေဒေးသစ်။

Moe Cho Thinn said...

ဟုတ်ပါ့
တို့ခေါင်းထဲမှာလဲ မလိုတာတွေ အပူအပန်လွန်တာတွေ များနေသလိုပဲ။ ဒီပို့စ်ဖတ်တော့ delete လုပ်ဖို့ သတိရသွားတာပေါ့။ တခါတခါ delete all လုပ်လိုက်မိလို့ အကုန်မေ့သွားတာမျိုး ရှိသေး။

ဟားဟားဟား လှေနံပါတ် ၆၆ သနားပါတယ်။

kaungkinpyar said...

ကိုကြီးသီဟ ၊ ကိုကြိးသီဟ မီးမီး သေချာဖတ်ပီး ချစ် ပစ်လိုက်တာ လွန်ကုနပီထင်တယ်၊ delete တင်မက shut down ပါဖြစ်သွားတယ်:P၊ တော်ပါသေးရဲ့ တော်ပါသေးရဲ့

ရွှန်းမီ said...

မလိုအပ်တာတွေရှင်းရင်း လိုအပ်တာတွေ ပါသွားတတ်လို့ ခဏခဏ စိတ်ညစ်ရပါကြောင်း..

နဒီမိုးညို said...

အေ၇းကြီးတဲ့ဟာတွေ.ကိုသေချာမှတ်တယ်.
တစ်ခို့ ကိုတော့..မေ့ထားလိုက်တယ်
အကုန်လုံးသာလိုက်မှတ်နေ၇င်..
ဘာမှ.မမှတ်မိတတ်တော့လို့ ပါ..
ပျော်ရွှင်ပါစေ

Anonymous said...

အဲ့ဒါကြောင့် ကိုသီဟသစ် သမီးလေးမွေးပါလို့ ကိုတောင်ပေါ်သားကပြောတာဗျ

MrDBA said...

မလိုတာတွေ မှတ်တာများလွန်းလို့ မဒမ့်ကိုတောင် အကူခိုင်းရသေးတယ်။
ဟုတ်တယ်ဗျ။ မလိုတာတွေ ဖျက်ပစ်ရမယ်။

တလနွန် said...

မလိုသည်များကို ခြစ်ပစ်နိုင်အောင် ကြိုးစားရပါအုံးမည်.
လိုသည်များကို ကြိုးစားပြီး စုဆောင်းရပါအုံးမည်.
အတွေးတစ်ခု ကျန်စေတဲ့အတွက် ကျေးဇူးပါဗျ။

ခင်မင်ခြင်းနှင့်
တလနွန်

မေဇင် said...

သိပ်မှန်တာပဲ...။ ဒါပေမယ့် ဘာတွေ မလိုပြီး...ဘာတွေ လိုတယ်ဆိုတာကို စဉ်းစား နေတာနဲ့တင် ခေါင်းတော်တော် စားသွားပြီ...မလိုတာတွေကို ခြစ်ပစ်ဖို့ ကြိုးစား ရမှာပေါ့လေ..။း))

နွေးနေခြည် said...

Delete နဲ့ဖျက်ရမှာလား
Shift+Delete နဲ့ဖျက်ရမှာလားးP
လိုအပ်တာပဲ ခေါင်းထဲထည့်ထားရမယ်ဆိုတာ ကောင်းပါတယ်။ ဒါပေမယ့် မလိုအပ်တာလေးတွေလည်း သိထားသင့်တယ်(အရမ်း မစူးစိုက်မိဖို့ပဲလိုမယ်ထင်တယ်)။ တချိန်ချိန်မှာတော့ အသုံးဝင်ပါတယ်

လူပျိုကြီး အပျိုကြီး ကိစ္စ၊ လူပျိုကြီးကို သွားတိုင်မယ်...

မေလေး said...

မလိုအပ်တာတွေ မှတ်တာများသွားတာ သေချာတယ်။ မလိုတာတွေမှတ်ထားမိလို့ ခေါင်းတွေလဲကိုက်နေရပြီ။
ကိုကြီးပြောမှသတိထားမိတယ်။ delete all လုပ်လိုက်တော့မယ်။ကျေးဇူးပါ ယောက်ခမ။

Mogok Thar said...

မလိုသည်များကို ခြစ်ရင်း၊ ခြစ်ရင်း... ခုတော့ ဘာကျန်တော့ဘူး သီဟရေ...။ လုပ်ပါအုံးးး။ :-P

တောင်ပေါ်သား said...

အင်း ယောက္ခမကြီးပြောတော့ ဟုတ်သလိုလိုး) မလိုတာတွေကို ထုတ်ပစ်လိုက်ဦးမယ် ပြောတာလွယ်တယ်နော့် လုပ်ရခက်တဲ့ အဖြစ်ဗျာ..


လေးစားလျက်
တောင်ပေါ်သား

စိုင်းစိုင်းလားရှိုး said...

မလိုအပ်တာတွေကဘလည်း....?
လိုအပ်တာတွေကဘာလည်း....?
သေချာဆန်းစစ်လို့ သိခဲ့ရင် ခြစ်ပစ်လိုက်မယ်နော်....။

Ko Boyz said...

အေးကွယ်။
ဖတ်လာတာတော့ ကြာပြီ။
အမှန်အတိုင်း ပြောလိုက်ရင် ရိုက်ပေါက် ဖြစ်မလား မသိဘူးကွယ်။
တစ်ကယ်က ဘောနပ်စ်ထဲက ဟာသတွေ ဖတ်ချင်လို့ အသစ်တင်တိုင်း လာလာဖတ်နေတာ။
ဒါ့ကြောင့် ဘောနပ်စ် မပါရင် ကော်မန့်ရေးရေး ဖြစ်နေတာ...။
ဒီနေ့ ဘောနပ်စ်က တစ်ကယ် ရင်ထဲ ထိလို့ပါ။ လှေနံပါတ် ၆၆ ခမျာ သနားပါတယ်။ မှောက်နေတာကို မန်နေဂျာ မသိဘူး။ ရီလရီ သနားလဲ သနားသွားတယ်။

နောက်ကို ဘောနပ်စ်များများ ထည့်ပေးနော်။ ပို့စ်တွေက မဖတ်ရလဲ ကိစ္စ မရှိဘူး။ ဘောနပ်စ်သာ ကောင်းရင် ကျေနပ်တယ်။

(အဲလို ရေးလိုက်မလို့ပါပဲ.. မကောင်းတတ်လို့ ပြန်ဖျက်လိုက်တယ်ကွယ်။)

Rita said...

မှန်တယ်။ စာမျက်နှာ ဘယ်လောက်က ဘယ်ပုစ္ဆာက အဖြေဘယ်လောက်ဆိုတာ အလွတ်ရအောင် တွက်ကြတဲ့ လူတွေ အများကြီး ကြုံဖူးတယ်။

myo said...

မလိုဘူးထင်ပြီး ဘာမှ ယူမထားမိတော့ ခြစ်ပစ်စရာဘာမှ မရှိဘူး ဖြစ်နေတယ်..
ဘယ့်နှယ့်လုပ်ရပါ့..။

နွေဆူးလင်္ကာ said...

ဦးစံရှားဝတ္တုထဲမှာပြောတာထင်တယ် ဦးသိန်းမောင်က ကမ္ဘာကြီးက အလုံးကြီးတဲ့ဗျ ဆိုတော့ ဦးစံရှားက ကမ္ဘာလုံးတာ ကျုပ်အလုပ်နဲ့မဆိုင်ဘူးတဲ့ ကျုပ်ဦးနှောက်ထဲမှာ ကျုပ်အတွက် မလိုတာတွေ မှတ်မထားနိုင်ဘူးလို့ ပြန်ပြောတာ ဖတ်ဖူးပါတယ် ...

မင်းအိမ်ဖြူ said...

ကောင်းတဲ့ ပိုစ့်လေးပါ ၊၊

ကိုယ်တက်နိုင်သလောက် လိုမယ်ထင်တာလေး မှတ်ထားပေါ့ ၊၊ ကိုယ့်အတွက် အမြဲလိုအပ်မယ် ထင်တာလေး ကျန်တာတော့ ခေါင်းလေးပါတယ်

နောက်ကျွန်တော်ကတော့ နဂို မှတ်ဥာဏ်နည်းသူမို့ Source တွေ ပဲ မှတ်ထားလိုက်တယ် ၊၊ နည်းနည်းတော့ အချိန်ပေးရတယ် ၊၊ အဆင်ပြေပါတယ်

လေးစားစွာဖြင့်
မင်းအိမ်ဖြူ

mgnge said...

သုံးပိုင်းခွဲပြီူး မှတ်ပေါ့ဗျာ...။
လိုအပ်တာ ရယ်..။
လိုအပ်မှုရဲ့နောက်ဆက်တွဲ ရယ်...။
သိသင့်ယုံသက်သက်ရယ်...။

မြစ်ကျိုးအင်း said...

စက်ထဲကလို ဖျက်ပြစ်လို့ရရင်လဲ ကောင်းပါ့ဗျာ
ဖျက်ချင်တာတောင်ဖျက်လို့ မပျက်တဲ့အရာတွေ ရှိနေတာ
ခက်တယ်ဗျာ...။

ရေတမာ said...

ထောက်ခံပါတယ် အကို...Empty box ထဲကိုဘာထည့်ထည့်ရသလိုပေါ့....မေ့သွားရင်
တခေါက်ပြန်လာဖတ်မယ်

ကလူသစ် said...

မိန်းမဖုန်းနံပါတ်တောင် မှတ်မထားဘူး ခွိခွိ

နွေးနွေးသဲမွန် said...

မိုက်တယ်ကွာ.... ကိုသီဟသစ်ကိုတော့ မခြစ်ရက်ပါဘူး...ဟီး..ခြစ်သင့်တာတချို့ ခြစ်နိုင်ဖို့ အရေး လိုပြီ ထင်သည်လေ.... :-P

ပန်းခရမ်းပြာ said...

ဘာတွေကို ခြစ်ပစ်ရမှန်း မသိသေးလို့ လောလောဆယ် အကုန် သိမ်းထားမိတယ်။

ဇော် said...

ဟုတ်
ကျနော်လဲ ကိုဂျီးသီဟ ပြောသလိုပဲ လုပ်တယ်ဗျ။ အဟီး။ =)

မိုးမောင်(HappyCloud) said...

မလိုတာတွေချည်း ဖျက်ရရင် ကျုပ်ခေါင်းထဲ သိပ်ကျန်မှာ မဟုတ်ဘူး နောင်ကြီး... :)

ကြည်ဖြူပိုင် said...

မလိုအပ်တာတွေကို ခြစ်ပစ်နိုင်တဲ့ စိတ်လေးတစ်ခုတော့လိုချင်သား။ အနော်ကလိုတာတွေရော မလိုတာတွေရော မှတ်ထားတတ်တဲ့ အစွဲအလမ်း အပူအပင်များသူတစ်ယောက်လားမသိ။ ဒီပို့စ်လေးကောင်းတယ်

ဖိုးသင်္ကြန် said...

ဘယ်သွားသွား
"ခခွေး"တွေချည်းပါလား။
ဒုက္ခ ဒုက္ခ
:(

နှင်းနဲ့မာယာ said...

တခါတရံမှာ မလိုတာတွေ ဖျက်ပစ်ရင်း လိုတာတွေပါပါသွားလို့ ခဏခဏ ငိုရတယ်....
ကကြီး ခခွေး ကစလို့ ရိုက်သွင်းလာတဲ့ မှတ်တမ်းတွေကို တစ်နှစ်တစ်ခါလောက် C cleaner နဲ့ ရှင်းသင့်ပါတယ်....
ကိုသီဟရေ ဒီတစ်ခါတော့ ဘောနပ်စ်လေး ဖတ်ရလို့
ကျေးဇူးနော်...

တီချမ်း said...

တော်ပြီ ကိုကိုကာကာ
နောက်ကိုကျမလင်အကြောင်းဘာမှမပြောပြတော့ဘူး ရှင့်ကို
တော်ကြာမလိုတာတွေ ရှင့်ခေါင်းထဲရောက်ပြီး
ခေါင်းထဲအထိပါ သွားမစိုးလို့

Sein Lyan Tun said...

မလိုသည်များကို တကယ်ခြစ်ပစ်ခဲ့ပါတယ်


ကိုကိုသစ်ကိုလဲ တကယ် ချစ် ပြစ်ခဲ့ပါတယ်း)


မှတ်သားစရာတွေ အများကြီးပါ

ချစ်တဲ့
ဖိုးစိန်

Dream said...

ဦးသစ်ကိုလဲ ခြစ်ပစ်ခဲ့တယ်...အဟတ်...

(ဘောလ်ပင်နဲ့)

အဟတ်..... :P

မိုးခါး said...

ဟုတ် မှတ်သွားပါတယ်
ဘောနပ်ကလည်း ရီရတယ် .. :D