Monday, June 15, 2009

ဒီအချိန် ကျောင်းတော်ကြီး ရဲ့ အလယ်မှာ (၁)

သီဟသစ်လည်း ကျောင်းတော်ကြီးကို လွမ်းလိုက်အုံးမယ်ဗျာ။ ကျောင်းသားဘ၀ အမှတ်တရလေး တွေ ရေးမယ်ဗျာ။

သီဟသစ်တို့ မန္တလေး ကွန်ပျူတာ တက္ကသိုလ် တက်တော့ ၁၉၉၈ နိုဝင်ဘာမှာပါ။ တကယ်တော့ အဲဒီအချိန်က အဲဒီကျောင်းကို စရောက်ခဲ့သူတွေရဲ့ ရည်မှန်းချက်ထဲမှာ ကွန်ပျူတာတက္ကသိုလ် ဆိုတာ ရှိခဲ့ကြတာ မဟုတ်ပါဘူး။ ကျောင်းတွေ ပိတ်ထားတဲ့အချိန် ဖွင့်တဲ့ တစ်ခုတည်းသော တက္ကသိုလ် ဆိုပြီး လာတက်ခဲ့ကြတာပါ။ နောက်ပိုင်း ကျောင်းတက်ရင်းနဲ့ ကျောင်းတော်ကြီးကို သံယောဇဉ် ဖြစ်သွားကြတာပါ။ ကျောင်းသူကျောင်းသားတွေက နယ်တော်တော်စုံပါတယ်။ အထက်ပိုင်း မြစ်ကြီးနားကနေ အောက်ပိုင်း မော်လမြိုင်၊ မြ၀တီ၊ အရှေ့ပိုင်း တောင်ကြီးကနေ အနောက်ပိုင်း မြောက်ဦး စသည်ဖြင့် နယ်အစုံက လူတွေ အတော်များများဆုံကြပါတယ်။

ကျောင်းသားဘ၀ စစချင်းတုန်းကတော့ တော်တော်ချွေတာခဲ့ဖူးသဗျ။ ဟင်းတစ်ပွဲမှာပြီး သူငယ်ချင်းသုံးယောက် ခွဲဝေစားတာမျိုးတို့၊ မန္တလေး စက်မှုတက္ကသိုလ်ဝင်းထဲက အဆောင်ကနေ ဈေးချိုထိ စက်ဘီးနဲ့သွားပြီး ထမင်းဆိုင်မှာ မစားပဲ ပေါင်မုန့်တစ်လုံး ၀ယ်ကာ ခွဲဝေစားတာမျိုးတို့ပေါ့လေ။ အဲဒါတွေ အိမ်ကို ရေးတဲ့စာထဲ ထည့်ရေးတော့ အစ်မတွေများ မျက်ရေတွေကျဆိုပဲ။ တကယ်ကတော့ ကျောင်းတက်ခါစ ၂ လ၊ ၃ လ လေးပါပဲ။ နောက်တော့လည်း လိမ္မာချင်ယောင် မဆောင်တော့ဘူး။

ကျောင်းသားဘ၀ အဆောင်အတူတူနေ စကားတွေပြောကြရင်း ခေါင်းစဉ်တစ်ခုကို စတည်မိတယ်။ ဘာလဲဆိုတော့ အသက်ငယ်ငယ်နဲ့ အိမ်ထောင်ကျခြင်း ဆိုတာပါ။ သီဟသစ်တို့ သူငယ်ချင်းတစ်စုလည်း ငယ်ငယ်နဲ့ အိမ်ထောင်ကျတယ်ဆိုတာ တော်တော်ဆိုးတဲ့ဖြစ်ရပ်၊ လူညွန့်တုံးစေမယ့် ဘ၀ ဘာဖြစ် ညာဖြစ်ပေါ့လေ အလွန်ကြီးတွေ လျှောက်ပြောနေတာပေါ့ဗျာ။ အဖွဲ့ထဲက သူငယ်ချင်းတစ်ယောက် မျက်နှာတွေပျက်နေတာ ဘယ်သူမှ သတိမထားမိကြဘူး။ နောက်သီဟသစ်နဲ့ အဲဒီသူငယ်ချင်း နှစ်ယောက်ထဲ ဆုံမှ အဲဒီသူငယ်ချင်းက ပြောတယ် “ဟေ့ကောင် သီဟ၊ ဘ၀မှာ မပြင်နိုင်တော့တဲ့ အမှားကြီးတစ်ခု ကို ငါကျူးလွန်ခဲ့မိတယ်” ဆိုပြီး ယူကျုံးမရလေသံနဲ့ ပြောပါတယ်။ သီဟလည်း နားမလည်သလို ဖြစ်နေပေမယ့် ဘာမှဆက်မမေးခဲ့ဘူး။

နောက် ၄၊၅ လလောက်နေမှ သူကပြောတယ်။ သူ ဆယ်တန်းအောင်ပြီးပြီးချင်း မိန်းမယူထားလို့ ကလေးလေး တစ်ယောက်ရှိနေပြီ ဆိုတဲ့အကြောင်းပါ။ အဖွဲ့ထဲမှာ အအေးဆုံးသူငယ်ချင်း ဆိုတော့ အဲဒီအချိန်က အဖွဲ့ထဲမှာ Hot Topic ဖြစ်သွားတာပေါ့ဗျာ။ သီဟသစ်တို့လည်း စကားကျွံထားတဲ့ ငယ်ငယ်နဲ့ အိမ်ထောင်ကျရင် ဘာဖြစ်ညာဖြစ်ဆိုတာ နောက်မပြောကြတော့ပါဘူး။ နေ့ပြောနောက်ကြည့်ဆိုတာ တယ်မှန်ပါလား။ (အခုတော့ စိတ်ဓါတ်မကျဘဲ ကြိုးစားတတ်တဲ့ အဲဒီသူငယ်ချင်းတို့ မိသားစုလိုက် စင်္ကာပူမှာ ရောက်နေပါပြီ)

ကျောင်းသားဘ၀တုန်းက ထုံးစံအတိုင်း သူငယ်ချင်းတွေက ညီကြပါတယ်။ အတန်းက ကင်းကို စချင်တာနဲ့ သီဟနဲ့ နောက်သူငယ်ချင်းတစ်ယောက်က စာတွေစီ၊ မိန်းကလေး လက်ရေးနဲ့ တူတဲ့ သူငယ်ချင်းက ရေးပြီး ကင်းကိုကြိုက်နေတဲ့ ကောင်မလေးပုံစံနဲ့ စာရေးပြီး ပို့ကြပါရော။ ကျောင်းစာတိုက်ကတဆင့် စာတွေရောက်တော့ ငကင်းခဗျာ ပီတိတွေဖြာလို့။ သီဟတို့လည်း ကျိတ်ရယ်ကြရောပေါ့လေ။ ဒါတင်မကသေးဘူး။ ငကင်းရယ်၊ ကြည့်မရတဲ့ နောက်နှစ်ယောက်နာမည်လောက်ရယ် အဲဒီတုန်းက Top English Magazine က လုပ်တဲ့ Top Pen Friend List ကိုပို့ကြသေးတယ်။ ဒီကောင်တွေက စာအုပ်မဖတ်တော့ မသိကြဘူး။ နောက်မှ ဟိုကစာတွေရောက် ဒီကစာတွေရောက်နဲ့ ဒီကောင်တွေ ပဟေဠိတွေ ဖြစ်နေကြတာပေါ့။ ခုထိ ဒီကောင်တွေကို သီဟတို့လုပ်ထားတယ် မပြောပြဖူးဘူး။(သူငယ်ချင်းတွေကို နာမည်ကြီးပြီး မိတ်ဆွေပေါစေချင်တဲ့ စေတနာနဲ့လုပ်ခဲ့တာပါကွယ် :P)

သီဟသစ်တို့ ပထမနှစ်တုန်းက Minor မှာ Physics, Chemistry ပါတယ်။ Physics ပါတာ နားလည်နိုင်ပေမယ့် Chemistry ပါတာတော့ ခုထိနားမလည်သေးဘူး။ Chemistry ဆရာမကြီးကို ကျောင်းသားတွေက နာမည်ပေးထားတာ ချစ်စနိုးနဲ့ “ဘာလာရတီ” ဆရာမကြီးတဲ့။ ဘာဖြစ်လို့လဲ ဆိုတော့ သူက စာသင်ရင် “ဘာလာလတီလဲဟေ့” “မိုလာရတီ(Molarity) မှာ ဆရာမ” အဲလို အတိုင်အဖောက်နဲ့သင်လို့လေ။

Physics ဆရာကြီးကတော့ အသေချောက်တယ်။ အစပိုင်းတော့ သူ့ဆီမှာ ကျူရှင်တက်ဖို့ရာ အိမ်က ပိုက်ဆံတောင်းထားပြီးသား။ သူက ဖိန့်တာလွန်သွားတာနဲ့ မသွားတော့ဘူး။ သူက ဘယ်လိုပြောလဲဆိုတော့ နင်တို့ ၀န်ကြီးက ကျောင်းဆင်းတုန်းက Best Cadet ရထားတာတဲ့။ မိုင်နာဘာသာမှာ စာမေးပွဲကျရင်လည်း ချမှာပဲတဲ့။ သူ့ဘာသူ ဘက်စ်ကတွတ် ရတာ ကိုယ်က ဘာလုပ်ရမှာတုန်း။ အမြင်ကတ်တာနဲ့ သွားမတက်တော့ဘူး။ ကျူရှင်လခလည်း ကက်ဆတ်တိတ်ခွေတွေ စာအုပ်တွေ ၀ယ်တာနဲ့ကုန်ရော။

ဆက်ရန်မျှော်နေမယ် ရေးကြမယ်လို့ မထင်သော်လည်း ဆက်ရန် ရေးခွင့်ပြုပါကွယ်။

P.S : တောင်းဆိုချက်တွေ အရ Bonus ထည့်လိုက်ပါတယ်။ ခုဏက မရိုက်ရသေးလို့ပါ။

Bonus:
၁)ဒီတစ်ခါ ကျွန်တော်ပဲ

အဝေးပြေးရထား၏ လေးယောက်အိပ်ခန်းတွဲတွင် ပြင်သစ်၊ အင်္ဂလိပ်၊ ရုရှား နှင့် အမျိုးသမီး တစ်ဦးတို့ လိုက်ပါလာကြသည်။

မမျှော်လင့်ဘဲ အမျိုးသမီးသည် အသံထွက် လေလည်လိုက်သည်။ ပြင်သစ်က ချက်ချင်းပြောသည်။

”တောင်းပန်ပါတယ်။ အဲဒါကျွန်တော်ပါ။”

အချိန်အနည်းငယ် ကြာသွားသည်။ အမျိုးသမီးထံမှ လေလည်သံထွက်လာပြန်သည်။ အင်္ဂလိပ်က ၀င်ပြောသည်။

”ခွင့်လွှတ်ပါ လူကြီးမင်းတို့၊ အဲဒါ ကျွန်တော်ပါ”

အချိန်အနည်းငယ် ကြာသွားသည်။ အပေါ့အပါးသွားချင်သည်နှင့် ရုရှား အခန်းပြင်သို့ ထွက်သည်။ အခန်းဝ အရောက်တွင် နောက်ပြန်လှည့်ပြီး ပြင်သစ်နဲ့ အင်္ဂလိပ်ကို ပြောသည်။

“ခင်ဗျားတို့ကို ကျွန်တော်မှာပါရစေ၊ နောက်တစ်ခါ သူလေလည်ရင် ကျွန်တော်ပါ လို့ ပြောပေးပါ”

၂) သက်သေ

အတန်းထဲတွင် ဖြစ်သည်။ ဆရာမက မေးသည်။

“ငါးဖယ်ဟာ ဘာဖြစ်လို့ ပြားပြားကြီး ဖြစ်နေတာလဲ၊”

ပီတာလေး လက်ညိုးထောင်ပြီး ဖြေသည်။

”ဝေလငါးနဲ့ အိပ်လို့”
”ပီတာ၊ နင် အခန်းထဲက ခုထွက်သွားစမ်း”

အမိန့်ပေးပြီးနောက် ဆရာမက စာဆက်မေးသည်။

”ကျောက်ပုဇွန်ရဲ့ မျက်လုံးတွေက ဘာဖြစ်လို့ ပြူးထွက်နေတာလဲ၊ ဘယ်သူသိကြလဲကွယ်”

ပီတာလေး နောက်ပြန်လှည့်ပြီး အော်ပြောသည်။

”အဲဒါတွေ အားလုံးကို သူမြင်လိုက်မိလို့”

27 comments:

Ko Boyz said...

စည်းဖေါက်တဲ့ ပို့စ်ပဲ။
ဘောနပ်စ်မပါတော့ဘူး။
မနေ့က ပြောတာ စိတ်ခုသွားလို့လား...။
ခုပဒုပေါ့....။
ငွားငွားငွား...။
နာတို့ ကျောင်းရိပ်ကို ခိုခဲ့သော ဧည့်မြောင်ပါလား...။

tz said...

ဆက်ရန်မျှော်နေပါတယ်
တကယ်ပါ

ဟုတ်တယ် ဘောနပ်စ်လည်း ပါဘူး

Anonymous said...

ဆရာ။ ။ ဟေ့ တပည့်တို့ .. ဘာလာရတီလည်းဟေ့ ...
ကျောင်းသားများ။ ။ မိုလာရတီပဲဟေ့ ..
ဆရာ။ ။ ဟေ့ ဘာရာဝတီမြစ်လဲဟေ့ ...
ကျောင်းသားများ။ ။ ဧရာဝတီမြစ်ပဲဟေ့ ....
:D
ဟာသမထင်ပါနဲ့ တကယ်ကို ၁၀ တန်းကျူရှင်တုန်းက အဲလိုသင်ခဲ့ရတာ ... ဟဟ
ကျောင်းသားဘဝ ပြန်သတိရသွားပြီ ကိုသီဟရာ ...
နေဒေးသစ်။

kaungkinpyar said...

တို့ကတော့ ဘောနပ်စ်ပါ ဖတ်ရတယ်၊ ကျောင်းသားဘ၀ရော ဘောနပ်စ်ရောကြိုက်တယ်၊ ဆက်ပါ ၊ စောင့်ပါတယ်

မိုးစက်အိမ် said...

လွမ်းစရာဘေးတွေ ကျန်ခဲ.ပြီနဲ.တူတယ်..
တက္ကသိုလ် ကျောင်းသား ဘ၀မှာ...ဟဲဟဲ

ဖိုးသင်္ကြန် said...

မြန်မြန်ဆက်ပါ။
မနှင်းဆီဖြူအကြောင်းပါ ပါအောင်ရေးပါ။
မပါလျှင် တွေ့မည်။
ဟင်း ဟင်း ဟင်း
(ဦးကျောက်လုံးလို ရယ်သွားသည်)

မောင် said...

ဆက်၇န် မျှော်နေပါတယ်.....

Ree Noe Mann said...

ကိုသီဟရေ ဆက်ရေးပါအုံး

ရီနို

နွေးနေခြည် said...

တော်ပါသေးရဲ့ နေခြည်တို့နှစ်မှာ Physics Chemistry မပါတော့လို့ ဟဲဟဲး)
ပထမနှစ် နှင်းဆီဖြူနဲ့ တွေ့သေးဘူးလား ကိုသစ်ရဲ့

Anonymous said...

ကိုသီဟသစ်ရေ

ဖိုးသင်္ကြန်တော့ နည်းပညာလာခိုးနေပြီဗျ သတိနော်

Phyo Maw said...

အမှားအကြီး အကြောင်း နှင်းဆီဖြူ မသိသေးဘူးထင်တယ်။
ခက်သကွယ်
ခက်သကွယ်
ကိုကိုသစ်တို့ ပွင့်လင်းတယ်ပြောပြီး...

Taungoo said...

ဒီဦးလေးကြီး ကုမ္ပဏီထောင်ရင်တော့ ဝန်ထမ်းတွေ တော်တော်မြဲမှာပဲ။ ဘောနပ်စ် အမြဲပေးနေလို့။
ကျောင်းက ပုံလေးဘာလေး တင်တာမဟုတ်ဘူး ကိုသီဟကြီးကလဲ။

ဒါနဲ့ ကြောင်က ကျွန်တော်မဟုတ်ဘူးဗျ နော်။

တလနွန် said...

ကျောင်းသားဘဝက အမှတ်တရလေးတွေ လာဖတ်ပါတယ် ကိုသီဟ ။ မနှင်းဆီဖြူ ကို
ဘယ်လိုစတွေ့ တာကလည်း သိချင်တယ် :)
ကုလားကား ကြည့်တာတို့  ပါအောင်ရေးနော် :)
ဆက်ရန်မျှော်နေသည်......ပျော်ရွှင်ပါစေ

ခင်မင်ခြင်းနှင့်
တလနွန်

Htoo Aung Lwin said...

ဂယ်ပဲနော် အလွန်ပျော်
ခုများ လွမ်းနေပါသနော်............

Rita said...

ဆက်ရန်မျှော်နေပါတယ်။ တကယ်ပါ

မေလေး said...

ကိုကြီးသီဟ
ခုမှလာဖတ်ဖြစ်တယ် ကိုကြီးရ..ဆက်ရန်မျှော်နေမယ် နော်..မေလေးကကျောင်းသားဘဝ ပျော်စရာတွေ မရခဲ့လို့ သူများ ပျော်ပျော်ရွှင်ရွှင် နဲ့ ဖြတ်သန်းခဲ့ရတဲ့ ကျောင်းသားဘဝကို ကြားရရင် ဝမ်းသာမိတာ...
မမနှင်းဆီဖြူနဲ့ တွေ့တဲ့ အကြောင်းလေးရေးအုန်းလေ ..နော်

ပျော်ရွှင်ပါစေနေုာ်
ညီမလေး

နွေးနွေးသဲမွန် said...

ကျောင်းကိုလာလွမ်းသွားတယ် အကိုရာ..သူငယ်ချင်းတွေကိုရော...

မင်းအိမ်ဖြူ Minn Eain Phyu said...

ကျောင်း အကြောင်းလေးလာဖတ်သွားပါတယ်........

Sein Lyan Tun said...

လွမ်းမိပါတယ်..တစ်ချိန်တုန်းက ပျော်စရာနေရက်တွေကို
ဆက်ရေးပါ ဆက်လွမ်းမယ်လေ
ချစ်ခင်စွာဖြင့်
ဖိုးစိန်

ကိုလူထွေး said...

တီဟတစ်က မန်းလေးရလား...

ကြယ်သောကြာ said...

အော် ကိုသစ်ကြီးက မန်းဒလေးကွန် ဆင်းကိုး။ တကယ် ကျနော်က ရန်ကုန် ကထင်နေတာ။ ဟီးဟီး ဒါကြောင့် စဉ်းစားမရတာ။ အဲ မဟာ ကိုရော ???? ရန်ကုန်ရောက်လာပြီထင်တယ် ဟုတ်တယ် ဟုတ်။

Dream said...

အမယ်.... ဦးသစ်ကြီးကလဲ ကျောင်းတုန်းက ကွင်းဖြစ်ခဲ့မယ် ထင်ပါတယ်နော်... အဟဲ

ကောင်မလေးတွေ ကွင်းကွင်းသွားကြလို့.... ဟိဟိ

:P


ကျောင်းတတ်တုန်းက အမှတ်တရ လေးက အခုချိန်မှာ
ပြန်လည် စဉ်းစားရင် ကြည်နူးစရာ တစ်ခုပါပဲ။

ဦးဦးအလယ်လွန်ပြောသလိုပဲ ဦးသစ်ရေ..

ဦးသစ်နဲ့ တီတီနှင်းဆီဖြူ အကြောင်းကို ဘယ်လို တွေ့ခဲ့လဲ ဆိုတာ ရေးပါဗျို့.... အဟဲ
စောင့်မျှော်နေမည်....
ပုံ။။ တူမတော်
မက်မက်

mysterysnow said...

ကိုသီဟရေ
သတိရစရာ တစ်ခု ထပ်တိုးသွားပြီ...
ကျောင်းသားဘဝဆိုတာ မေ့လို့မရတဲ့
အိပ်မက်လှလှလေးတစ်ခုပဲလေနော်...

ZT said...

ကင်း ဘယ်သူလဲ သိနေလို့ မျက်စိထဲ မြင်ယောင်ပြီး ရယ်မိတယ်။ :D

မိုးခါး said...

“ဘာလာလတီလဲဟေ့” “မိုလာရတီ(Molarity) မှာ ကိုသီဟသစ်” မှတ်သွားတယ်နော် .. :P

မမသီရိ said...

း)

Anonymous said...

Yeah.. Ko Thi Ha is Kween in UCSM. All the girls avoid him but unfortunately Hnin C Phyu slips and landed on his heart. Since then he grab her permanently.