Tuesday, June 16, 2009

လွမ်းရယ်မပြေ : ဒီအချိန် ကျောင်းတော်ကြီး ရဲ့ အလယ်မှာ (၂)

“မင်းလေး ရယ်လိုက်ရင် ကိုယ့်ဘ၀ တစ်ခုလုံးဟာ အရာရာမှန်သမျှ အေးချမ်းသွားတယ် သိပ်ချစ်တဲ့ အကြောင်းတွေ ပြောပြချင်ပေမယ့်လည်း ကိုယ်မဆိုရဲ မင်းစိတ်ညစ်မှာစိုး”

အဲဒီ သီချင်းလေးက ပထမနှစ် Fresher Welcome မှာ သူငယ်ချင်းတွေကို အသံနဲ့ တက်နှိပ်စက် ခဲ့တဲ့ မျိုးကျော့မြိုင် သီချင်းလေးပါ။ ဒါတင်မကဘူး ဘိုဘို ရဲ့ တစ်နေ့နေ့ သီချင်းလည်းဆိုခဲ့သေးတယ်။ ခေတ်ကာလ သားသမီးများတော့ အဲဒီသီချင်းတွေ သိချင်မှ သိမယ်။ Welcome လည်းပြီးရော သီချင်းဆိုကောင်းတယ် ဆိုပြီး နာမည်ကြီးသွားတာပေါ့။ ဟာဟ သီဟသစ်တော့ မဟုတ်ပါဘူး။ အင်္ဂလိပ်သီချင်း အဆိုကောင်းတဲ့ ပဲခူးသား သူငယ်ချင်းပါ။ သီဟသစ်ကတော့ ထုံးစံအတိုင်း Stage စင်ပေါ်မှာ စည်းချက်လိုက်တဲ့ ပုံစံက ဟာသ ဖြစ်သွားလို့ ခဏခဏ ပြန် အစခံရတယ်။

သီဟသစ်က အနေအထိုင်အေး စကားလည်းနည်းတော့ သူငယ်ချင်းနည်းပါတယ်။ ယောက်ျားလေး ၁၇ ယောက် ပါတဲ့တစ်ဖွဲ့၊ မိန်းကလေး ၁၁ ယောက်လောက်နဲ့ ယောက်ျားလေး ၂ ယောက်ပါတဲ့ အဖွဲ့ သူငယ်ချင်းလေး ၂ ဖွဲ့ပဲရှိတာပါ။ မိန်းကလေး သူငယ်ချင်းထဲမှာ နှင်းဆီဖြူပါမယ် ထင်တယ် ဆိုရင် မှားပါတယ်။ အဲဒီအခါတုန်းက သူနဲ့ ခင်တောင်မခင်သေးပါဘူး။ သီဟသစ်က သူငယ်ချင်းအရင်းဆိုရင် ဘယ်လိုမှ ချစ်သူမထားဘူး လို့ ကိုယ့်ဘာသာကိုယ် သတ်မှတ်ထားလို့ နှင်းဆီဖြူကို စတွေ့ချင်းကတည်းက သူငယ်ချင်း တစ်ဝမ်းကွဲလောက်ပဲ ထားခဲ့တာပါ။

စာဖတ်တဲ့ ညီအစ်ကို မောင်နှမ တွေက နှင်းဆီဖြူလေးနဲ့ ဘယ်လိုဆုံခဲ့လည်းဆိုတာ ရေးခိုင်းကြတယ် ဆိုတော့ ဒုတိယ နှစ်ကို ကျော်ရေး ရမလို ဖြစ်နေပါတယ်။ ခဏစောင့်ကြပါ။ ပထမနှစ်ကတော့ သီဟသစ် ပညာရေးကလွဲရင် ဘာမှ စိတ်မ၀င်စားပါဘူး။ အဲလိုပြောလိုက်ရင် မယုံမှာ သိနေလို့ မပြောတော့ပါဘူး။ ပထမနှစ်ကတော့ ထုံးစံအတိုင်း သူကြီးသေနတ်လုပ်နေတာပါ။ ယောက်ျားလေး ၁၀၀၊ မိန်းကလေး ၂၅၀ ရှိတဲ့ အတန်းဆိုတော့ ဆင်ဖြူကျွန်းက သူငယ်ချင်းက အချိုးချလိုက်တာ၂.၅ : ၁ ရတယ်ပေါ့လေ။ စိုင်းစိုင်းထက်တောင် .၅ ပိုသေး။ (အင်းပွင့်လင်းမိပြန်ပြီ၊ ပြီးရင်ပြန်ဖျက်ထားမှ :P)

စကားမစပ်ပြောရရင် သီဟသစ်က မျက်လုံးတွေကို စိတ်ဝင်စားပါတယ်။ လူတစ်ယောက်ရဲ့ နှလုံးသားကို လေ့လာရင် မျက်လုံးတွေက တဆင့်ပဲ လေ့လာရမယ်လို့ထင်တယ်။ ပထမနှစ်မှာ အဆောင်တွေဘက်မှာ စက်ဘီးစီးလာရင်း “ငယ်စဉ်အခါက အသည်းကို ညှိ့ယူဖမ်းစားတယ် ရွှေသမင်မျက်လုံးပိုင်ရှင်ရယ်” လို့ ဆိုရလောက်အောင် (သီဟသစ်အတွက်ပြောပါတယ်) မျက်လုံးလှတဲ့ကောင်မလေး တစ်ယောက်ကို ဆုံခဲ့တယ်။ ကျောင်းက ကောင်မလေး မှန်းတော့ သိတယ်။ ဘယ်သူမှန်းမသိဘူး။ သူလေးကတော့ နှင်းဆီဖြူလေးပေါ့။ အဲဒီအခါက မှတ်မှတ်ထင်ထင်ရှိသွားခဲ့တာပဲ ရှိတာ။ ဘာမှဆက်မလုပ်ဖြစ်ခဲ့ပါဘူး။ ပထမနှစ်မှာတော့။

သီဟသစ်တို့ ပထမနှစ်ကျောင်းတက်ခါစက ကျောင်းကလည်း မန္တလေး စက်မှုတက္ကသိုလ် ၀င်းထဲမှာပဲ ဖွင့်ထားခဲ့တာပါ။ အဆောင်ကလည်း အဲဒီကျောင်းဝင်းထဲမှာ နားလည်မှုနဲ့ နေခွင့်ရသေးတယ်။ အဲဒီကျောင်းဝင်းကလဲ မြွေတယ်ပေါကိုးဗျ။ တစ်ရက်လားဟာ သူငယ်ချင်းသုံးယောက်သား ညဘက်ကြီး ၀န်ထမ်းအိမ်ယာဘက်ကို ခြေကျင်စာအုပ်သွားငှားရင်း အပြန်ကျ မြွေတွေ့လို့ဆို အဆောင်ကို ပြန်ပြေးခဲ့တာ လုံးနေတာပဲ။ နောက်တော့လည်း အဲဒီဝင်းထဲမှာ နေခွင့်မရလို့ မန္တလေး တက္ကသိုလ် မိန်း နားမှာ အဆောင်သွားနေကြတာပေါ့ဗျာ။

ဒီလိုနဲ့ First Term စာမေးပွဲကြီးဖြေတဲ့အချိန်ရောက်လာခဲ့ပြန်တယ်။ အဆောင်မှာ စာကြည့်လို့ ခေါင်းပူလာရင် မိန်းနားက ယူနီဆန်ကို သွားထိုင်ကြတယ်။ စာတွေထဲမှာ ထည့်ထည့်ဖွဲ့ခဲ့ကြတဲ့ ရေနီမြောင်း၊ ရေနီမြောင်းနဲ့ ဟာက သူတို့ခေတ်ကတော့ လှခဲ့သလားမသိ။ သီဟသစ်တို့ခေတ်မှာတော့ မြောင်းသေးသေးလေးပါပဲ။ ယူနီဆန်ဆိုင်က အဲဒီမြောင်းပေါ်မှာ ခွဆောက်ထားတာဆိုတော့ တံတားပေါ်မှာထိုင် လက်ဖက်ရည်သောက် ဗန်ဒါရွက်လေးတွေ ကြွေလာတာကြည့်၊ စပယ်ပွင့်လေးတွေ လေလွင့်လာတာကြည့် အဲလိုနဲ့ First Term စာမေးပွဲကြီး ပြီးတဲ့နေ့ ရောက်လာပါရော။ စာမေးပွက မတ်လဆိုတော့ သင်္ကြန်နဲ့လည်းနီးနေပြီလေ။ ကျောင်းဝင်းထိပ်မှာကလည်း ဆည်တော်ကြီးကလာတဲ့ ရေမြောင်းကြီးရှိတယ်။ သူငယ်ချင်းတွေနဲ့ စာမေးပွဲပြီးပြန်လာတဲ့ကားတွေကို တားပြီး ရေတွေကို ပုံးလိုက်လောင်းကြတာပေါ့ဗျာ။

ဆက်ရန်..

P.S ကျောင်းရဲ့ပုံကို တင်ပေးဖို့ရာ လိုက်ရှာနေပါတယ်။ မန္တလေး စက်မှုတက္ကသိုလ်ဝင်းထဲက တုန်းက ကွန်ပျူတာ တက္ကသိုလ်ရဲ့ပုံကို ရှာမတွေ့သေးပါဘူး။ တွေ့ရင်တင်ပါ့မယ်။

Bonus
၁) နားထောင်မိတာ မှားပြီ

ပြဇာတ်ရုံ၏ ၀င်ပေါက်ရှေ့တွင် ဖြစ်သည်။
ယောက်ျားက မိန်းမကိုပြောသည်။

"မိန်းမရေ၊ မင်းငါ့ကို ၀တ်စုံသစ် ၀တ်ခိုင်းတာ မှားပြီထင်တယ်"
"ဘာဖြစ်လို့ မှားရမှာလဲ၊ ဒီဝတ်စုံက ရှင်နဲ့သိပ်လိုက်တာပဲ"
"ဒါပေမယ့် ပြဇာတ်လက်မှတ်က ကုတ်အင်္ကျီ အဟောင်းထဲမှာကွ"

၂) ပြိုင်ပွဲ

"ရှင်ဘာဖြစ်လို့ အိမ်ပြန်နောက်ကျရတာလဲ"
"ရုံးက အဖွဲ့သားတွေနဲ့ ဘီယာသောက်ပြိုင်ပွဲ ကျင်းပနေလို့ဟေ့"
"သြော်ဟုတ်လား ဘယ်သူ ဒုတိယ ရလဲတော်"

26 comments:

kaungkinpyar said...

သီဟသစ်ရဲ့ကျောင်းတော်ကြီးကို လာလွမ်းပေးပြီး ပြဇာတ်ပါကြည့်သွားတယ်

ကြယ်သောကြာ said...

ဒုတိယနှစ် မြန်မြန်ဖွင့်ပါတော့ဗျို့

Moe Cho Thinn said...

ပို့စ်ရော Bonus ရော ကြိုက်ပါ့ရှင်။
ပထမနှစ်တုန်းက လူလိမ်မာလေးမို့ ဖေဖေရယ်၊ မေမေရယ် ကျောင်းစာရယ်ပဲ စိတ်ဝင်စားတယ် ပြောမလား အောက်မေ့တာ။ သူကြီးသေနတ် လုပ်နေတာ တဲ့။ အားလုံးကို ချိန်ပြီးမှ သူငယ်ချင်း တ၀မ်းကွဲလေးနဲ့ အိုကေသွားတာကိုး။
Bonus မှာ ဘယ်သူ ဒုတိယ ရလဲ ဆိုရင် ရိုးရိုးပဲ ရီရအုံးမယ်။ ဘယ်သူ ဒုတိယ ရလဲတော် လို့ တော် ထည့်လိုက်တဲ့အတွက် ပို သရုပ်ပေါ်သွားတာ။ သဘောကျလိုက်တာ။

mysterysnow said...

အပိုင်း၂ ကို လာချောင်းတယ်နော်....
မင်းသမီးက အရိပ်လေးပဲ မြင်လိုက်ရတယ်...
အပိုင်း ၃ ကို စောင့်မယ်နော်....

tg.nwai said...

ကျောင်းတော်ကြီးရဲ့ အလယ်..အလွမ်းခန်းလေးတွေက ပျော်စရာလေးတွေပါပဲလား..

ညှို့မျက်ဝန်းပိုင်ရှင်နဲ့ တွေ့ဆုံခန်uး ဘယ်တော့လောက် မှ လာမှာလဲ.. အမှတ်တမဲ့ မဟုတ်ဘူးလေ..:)

ပွင့်မြုးဇင် said...

Very nice post. I love it. I'll be waiting for No. 3.

Anonymous said...

ကိုသီဟသစ်ရေ
တစ်ခုတော့ တူသွားပြီ
ကျနော်လည်း တုတ်ထိုးစားရင် မျက်လုံးကြိုက်တယ်ဗျ :P

တရုတ်အချစ်ဇာတ်လမ်းတွဲက အခုမှစမှာနော်။ မျှော်ပေါ့....

မြစ်ကျိုးအင်း said...

အချစ်မှာမျက်စိမရှိဘူးဆိုဗျ...။
ကိုယ့်လူနော် ဘောနပ်လေးခံနေလို့ နော် ...ဟင်းးးးးး
ဖတ်ရတာ အရှိန်ရပြီဆို ရပ်ရပ်သွားတယ်..။

အဆိပ်ခွက် said...

စာလာဖတ်ပါတယ် ဆက်ရန်ဆိုတော့မျှော်ပေါ့နော်..

ခင်မင်လျှက်
အဆိပ်ခွက်

နွေးနေခြည် said...

စိတ်ဝင်စားစရာပဲ...
ဆက်ရန် စောင့်နေပါတယ်

နွေးနွေးသဲမွန် said...

ကိုယ်တိုင်လဲ ပြန်တွေးမိ..ပြန်လွမ်းမိရင်းနဲ့ စောင့်ဖတ်နေတယ်..
ကိုကြီးရေ....

pm said...

အဆိုကောင်းပဲကို ဟဲဟဲ
မျက်လုံးတွေ သဘောကျတယ် ဆိုပြီး
မျက်လုံးတွေလိုက်ကြည့်ရာကနေ
ပြန်ကြည့်တဲ့ မျက်လုံးနဲ့ဆုံသွားလို့
အချစ်တွေ ဖြစ်သွားတယ်တော့ မဟုတ်ပါဘူးနော်...
ဟူး... ခုချိန် ဘယ်လိုပြောပြော သူတို့က
ကလေးတစ်ယောက်တောင် ရနေပြီဆိုတော့ ခက်တယ်။ :D

pm ဘာမှမသိပါ။

myo said...

အယ်လွန်းဝါရဲ့ မျက်ဝန်းသီချင်းလေးရော မဆိုခဲ့ဘူးလား။

'အကြိမ်ကြိမ်ရင်ခုန်မိသော မင်းမျက်ဝန်း အာရုံမှာရေးတဲံ့မျက်ဝန်း....'

မင်းအိမ်ဖြူ said...

တခါတလေ အဲဒီမျက်လုံးတွေ က ဒုက္ခပေးတက်တယ် ဆိုတာ ကိုသစ်သိသေးဘူးထင်ပ...
နောက်တာပါ .....
အမှန်တိုင်းပြောရရင်တော့ အခုလို ကျောင်းတော်ကြီးက သူတွေ ရည်းစားမှသည် အိမ်ထောင်သည် ဘ၀ဆီသို.အောင်မြင်စွာ ချီတက်သွားတာတွေ.ရရင် အင်မတန်မှ ပီတီဖြစ်ရပါတယ်...
ကျွန်တော့်အတွက်တော့ ကျောင်းတော်ကြီးက အလွမ်းတွေ ပဲ ထားခဲ့တယ်.....

may16 said...

လွမ်းမပြေကို လာဖတ်ပါတယ် ..

Anonymous said...

အချစ်ကလေးနဲ့ ဘယ်လိုများတွေ့ဆုံကြသလဲ သိချင်စမ်းတယ် ... မြန်မြန် မြန်မြန် ... :D

မေလေး said...

ကိုကြီးသီဟရေ
မြန်မြန်ဆက်ပါဗျို့ ..မမနဲ့ မျက်လုံးချင်းဆုံ ရင်တွေခုန်...အဲ ပြီးတော့ ဘာဆက်ဖြစ်လဲဟင်...တိချင်တယ်ဗျိုးးးးးးးး
ရည်းစားစာလေးတွေ ပါ စကင်ဖတ်ပြီးတင်ပါနော်........
ယောက်ခမကြီးပျော်ရွှင်ပါစေ
ခင်တဲ့
မေလေး

တလနွန် said...

ကိုသီဟ...ဖတ်လို့ ကောင်းတုန်း မီးပျက်သွားပြန်ပြီး။ :)
“ရွေသမင် မျက်လုံးပိုင်ရှင်” နှင့် ဇာတ်လမ်း လေးက...???? သူကြီးသေနတ် လည်း လုပ်ခဲ့သေးတာ
ပေါ့နော် :)

ခေါင်းစဉ်ဖတ်တိုင်း လွမ်းရယ်မပြေ သီချင်းတောင် ညည်းမိတယ်။

ပျော်ရွင်ပါစေ ကိုသီဟ

ခင်မင်ခြင်းနှင့်
တလနွန်

Sein Lyan Tun said...

နှင်းဆီဖြူက ရွှေသမင်မျက်လုံးပိုင်ရှင်တဲ့လား...
ဘယ်သူဒုတိယ ရလဲတော်...
ချစ်ခင်စွာဖြင့်
ဖိုးစိန်

သီဟသစ် said...

KNDA: hay kaung so free izit? haha , nice job man. keep it up

kom: အပိုင်း ၄၀

a nam: ကိုးရီးယားကားလို အပိုင်းတွေခွဲပြ အဲခွဲရေးမှာလားဟင်။ :P


ဇောက်ထိုး: အချက်အလက်ကိုမှန်အောင်ရေးပါ
17 Jun 09, 01:13
ဇောက်ထိုး: စုစုပေါင်းကျောင်းသားကျောင်းသူ ၂၄၀ ခန့်ပါ။ ငါ့နံမယ်က Z ဆိုတော့ ခုံနံပါတ် ၂၂၁ ပါ
17 Jun 09, 01:12
ဇောက်ထိုး: မှားနေတယ် ကျား ၄၀ မ ၁၆၀ ကျော် ၁:၄ပါ

စန္ဒီမိုးမြင့်: :P)\
17 Jun 09, 01:12
စန္ဒီမိုးမြင့်: ဒုတိယနှစ်ကို စိတ်ရှည်၇ှည်နဲ့ စောင့်ဖတ်ပါ့မယ်
17 Jun 09, 01:12
စန္ဒီမိုးမြင့်: :P
17 Jun 09, 01:12
စန္ဒီမိုးမြင့်: အစ်ကို မမနှင်းဆီဖြူရဲ့ မျက်လုံးကို လေ့လာလိုက်တာ နှစ်နဲ့ချီကြာသလား

မိုးခါး said...

အင်း
နှင်းဆီဖြူအကြောင်းပဲပါတယ်
အရင့်အရင် လောင်းလောင်းအဂိုးကဟာတွေမပါဘူး
ဟီး
ဘာလဲ
ဖွမှာစိုးလို့လား
ဖွပါဘူး .. ကြုံမှပါ ..
pss လို့ပြောဦးမှာလား
ပြောချင်ပြောပေါ့
ကိုယ့်ယောက်ခမပဲ ကြောက်ပါဘူး :P

Lu Pyo Gyi said...

ကျောင်းကိုသူများ လွမ်းတာကြည့်ပြီး ပြန်တောင်သတိရသွားပြီ ဒို့များကတော့ ဆည်တော်ကြီးမြောင်းဆိုပေမယ့် ရန်ကင်းတောင်တော့ မှီဘူးလေ အဲဒီဘက်က အကြောင်းတော့ သိတော့ဘူး ဒဟတ်တော အစဆုံး ပဲသိတယ်။

JuneOne said...

ဘိုဘိုရဲ့တနေ့နေ့ကိုကြိုက်တယ်။

Saing Khan Tun said...

ကိုသီဟ ရေ အလည်လာတယ်ဗျာ ...

ဖိုးဂျယ် said...

ကိုသီဟသစ်ရဲ့ bonus ကတော့
ပြောဖွယ်ရာ မရှိ :)

Taungoo said...

ယူနီစန်..
အင်း ထိုင်ဖူးတယ်။ မန္တလေးတက္ကသိုလ်ထဲလည်းရောက်ဖူးတယ်။ စကားနည်းတယ် အေးတယ် အပေါင်းအသင်းသိပ်မရှိရှာဘူး ယုံလိုက်တော့မယ်း)